သင်္ချာဆရာကြီးတွေတောင် မျက်စိလည်သွားနိုင်တဲ့ ဉာဏ်စမ်းမေးခွန်းများ
lotaya.mpt.com.mm
|
2022-10-13

ဒီတစ်ခါကတော့ သင်္ချာနဲ့ပတ်သက်တဲ့ ဉာဏ်စမ်းမေးခွန်းလေးတွေ စီစဉ်ထားပါတယ်။ အောက်ဆုံးမှာ အဖြေတွေလည်း ပေးထားတာမို့ သေချာစဉ်းစားပြီးမှ အဖြေမှန်မမှန်တိုက်ကြည့်လိုက်ပါနော်။


မေးခွန်း (၁) အောင်အောင်က သူ့ညီမဖြစ်သူ နီနီထက် အသက် ၂ ဆပိုကြီးတယ်လို့ ပြောပါတယ်။ နီနီကလည်း နောက် ၅ နှစ်နေရင် သူ့အသက်က ၂ ဆဖြစ်လာမှာဖြစ်ပြီး ‌အစ်ကိုဖြစ်သူအောင်အောင်ကတော့ အဲဒီလိုဖြစ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါဆိုသူတို့အသက်တွေက နောက် ၅ နှစ်မှာ ဘယ်လောက်တွေ ဖြစ်နေမှာလဲ။


မေးခွန်း (၂) ၁ ကနေ ၁၀၀၀ ကြားထဲမှာ အကြိမ်ရေအများဆုံးပါတဲ့ ဂဏန်းက ဘာဖြစ်မလဲ။


 မေးခွန်း (၃) ၁ ကနေ ၁၀၀ ကြားမှာရှိတဲ့ဂဏန်းတွေအားလုံးကို ချရေးလိုက်ရင် "၈" ဘယ်နှလုံးပါမလဲ။


မေးခွန်း (၄) မူကြိုကျောင်းတစ်ခုမှာ မိန်းကလေး ၁၄ ယောက်ရှိသတဲ့။ ကလေး ၈ ယောက်က အင်္ကျီအမည်းဝတ်ထားတယ်။ အင်္ကျီအဖြူဝတ်ထားတဲ့ ယောက်ျားလေးက ၂ ယောက်ရှိတယ်။ အင်္ကျီအမည်းဝတ်ထားတဲ့ထဲက ၅ ယောက်က မိန်းကလေးတွေဆိုရင် အဲဒီမူကြိုမှာ ကလေးစုစုပေါင်း ဘယ်နှယောက်ရှိတာလဲ။


မေးခွန်း (၅) ဘတ်စ်ကားတစ်စီး‌ပေါ်မှာ သင်နဲ့အတူ ခရီးသည် ၂၀ ဦး ပါလာတယ်ဆိုပါစို့။ ပထမမှတ်တိုင်မှာ ၄ ယောက်တက်လာပြီး ၃ ယောက်ဆင်းသွားတယ်။ ဒုတိယမှတ်တိုင်မှာ ၁ ယောက်တက်ပြီး ၂ ယောက်ဆင်းသွားတယ်။ တတိယမှတ်တိုင်မှာ ၃ ယောက်ဆင်းပြီး ၅ ယောက်တက်လာတယ်ဆိုရင် ကားပေါ်မှာ စုစုပေါင်း ခရီးသည်ဘယ်နှယောက်ပါလာမလဲ။


မေးခွန်း (၆) ၂၀၂၄ ခုနှစ်မှာ ၂၈ ရက်ရှိတဲ့လ ဘယ်နှလရှိမှာလဲ။

ကဲ..မေးခွန်းတွေကတော့ ကုန်ပါပြီ။ ကိုယ်ဖြေခဲ့တဲ့အဖြေတွေကို မှတ်မိဦးမယ်ထင်ပါတယ်နော်။ ဘယ်နှခုမှန်မလဲ တိုက်ကြည့်လိုက်ပါဦး။

(၁) အောင်အောင် = ၁၅ နှစ် ၊ နီနီ = ၁၀ နှစ်

(၂) ၁

(၃) ၂၀

(၄) ၁၉ ယောက်

(၅) ၂၃ ယောက်

(၆) ၁၂ လ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz


#မေးခွန်း
#ခရီးသည်
#ဉာဏ်စမ်း
#သင်္ချာ
#အဖြေမှန်

Some text some message..