နာရီပေါ်က ဂဏန်းတွေရဲ့လျှို့ဝှက်ချက် . . .
lotaya.mpt.com.mm
|
2022-11-10

ဘယ်အချိန်ရှိပြီလဲ... ဘယ်အချိန်လာရမလဲ... ဘယ်အချိန်ချိန်းထားလဲ... စသဖြင့် အချိန်လို့သိလိုက်ရတာနဲ့ နာရီကို မဖြစ်မနေကြည့်ရတော့တာပါပဲ။ နာရီသိပ်မပတ်ကြတော့ဘူးဆိုရင်တောင် အိမ်မှာတော့ တိုင်ကပ်နာရီ၊ နံရံကပ်နာရီ ဒါမှမဟုတ် စားပွဲတင်နာရီတစ်လုံးတော့ ရှိမှာပါနော်။ အဲဒီတော့ နာရီပေါ်က ဂဏန်းတွေကို နေ့တိုင်းမြင်ဖူးနေကျ ဖြစ်မှာပါ။ သူတို့တွေအချင်းချင်း ဘယ်လိုတွေ အချိတ်အဆက်ဖြစ်နေလဲဆိုတာ သတိထားမိသူတော့ နည်းပါလိမ့်မယ်နော်။ ဘယ်လောက်သတိထားမိလဲဆိုတာ သိရအောင် အခုဖော်ပြထားတဲ့ မေးခွန်းလေးတွေကို ဖြေကြည့်ပါလား။

၁။ နာရီလက်တံတွေရဲ့ အလည်တည့်တည် ၁၂ နာရီနဲ့ ၆ နာရီကို ချန်ပြီး  ဂဏန်းတချို့ပေါင်းကြည့်တဲ့အခါ ဂဏန်း ၂ လုံးပေါင်းခြင်းဟာ အောက်ပါအတိုင်း အတူတူတွေ ဖြစ်နေတယ်။


A . 12

B . 11

C . 10

၂။ နာရီလက်တံရဲ့ မျက်နှာချင်းဆိုင် ဂဏန်းတွေ နုတ်ကြည့်တဲ့အခါ . . .


A . 2

B . 1

C . 6

၃။ နာရီလက်တံတွေရဲ့ ဂဏန်းတွေ ၂ လုံးပေါင်းချင်းဟာ အောက်ပါ ဂဏန်းတစ်ခုတည်း တူတူဖြစ်နေတယ်။


A . 16

B . 18

C . 13

အဖြေတွေကို အောက်မှာ ပုံတွေနဲ့အတူဖော်ပြထားပါတယ်။ အဖြေတိုက်ကြည့်လိုက်ပါဦး။

အဖြေများ

၁ ။ A . 12


၂ ။ C . 6


၃ ။ C .  13


MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz


#ဂဏန်း
#တိုင်ကပ်နာရီ
#စားပွဲတင်နာရီ
#နာရီလက်တံ
#နံရံကပ်နာရီ

Some text some message..