သင့်ဖြတ်ထိုးဉာဏ်စွမ်းရည်ကို အကဲဖြတ်ပေးမယ့် ဉာဏ်စမ်းပဟေဠိမေးခွန်းများ
lotaya.mpt.com.mm
|
2022-12-13

Pixabay/ geralt

ဒီနေ့မှာတော့ ပရိသတ်ကြီးကို အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ ဉာဏ်စမ်းပဟေဠိကဏ္ဍလေး အစီအစဉ်လေး ကျရောက်လို့လာပါပြီ။ ဒီနေ့မှာရော ဘယ်လိုဉာဏ်စမ်းမေးခွန်းလေးတွေ တင်ဆက်ပေးမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်နော်။ တလက်စတည်း မေးခွန်းလေးတွေဖြေဆိုပြီး သင့်ဖြတ်ထိုးဉာဏ်စွမ်းရည်ကိုပါ အကဲဖြတ်နိုင်တာမို့ အရမ်းတွေ စိတ်ဝင်စားဖို့ကောင်းနေပါပြီနော်။ ကဲ....အဆင်သင့်ဖြစ်ပြီဆိုရင်တော့ အခုပဲမေးခွန်းလေးတွေ ဖြေလိုက်ကြရအောင်။

မေးခွန်း ၁ - နှလုံးသား ၁၃ စုံရှိပေမယ့် တခြားကိုယ်တွင်းအင်္ဂါနဲ့ အစိတ်အပိုင်းတွေမရှိတဲ့အရာက ဘာဖြစ်မလဲ။


Pixabay/ GraphicMama-team

(က) ဝေလငါး

(ခ) ဖဲချပ်

(ဂ) လင်းပိုင်

(ဃ) ရေဘဝဲ

မေးခွန်း ၂ - အဲဒီဂဏန်းက “၁၁၀” ထက်ကြီးပြီး “၁၂၀” အောက်ငယ်တဲ့အပြင် သူတို့အားလုံးပေါင်းလိုက်လို့ “၉” ရတယ်ဆိုရင် အဲဒီဂဏန်းက ဘယ်လောက်ဖြစ်မလဲ။

(က) ၁၂၆

(ခ) ၁၁၉

(ဂ) ၁၁၇

(ဃ) ၁၀၈

မေးခွန်း ၃ - သစ်သားနဲ့လုပ်ထားပေမယ့် လွှနဲ့ဖြတ်လို့မရတဲ့အရာက ဘယ်အရာဖြစ်မလဲ။

(က) စားပွဲ

(ခ) ပုဆိန်

(ဂ) မီးရှူးမီးပန်း

(ဃ) လွှစာမှုန့်

မေးခွန်း ၄ - တိုက်တန်းနစ်သင်္ဘော နစ်မြှုပ်ခဲ့တဲ့သမုဒ္ဒရာကို သိပါသလား။


Pixabay/ OpenClipart-Vectors

(က) ပစိဖိတ်သမုဒ္ဒရာ

(ခ) အတ္တလန်တိတ်သမုဒ္ဒရာ

(ဂ) အာတိတ်သမုဒ္ဒရာ

(ဃ) အိန္ဒိယသမုဒ္ဒရာ

မေးခွန်း ၅ - ဂဏန်းတစ်ခုထဲကို နံပါတ် “၇” ပေါင်းထည့်လိုက်ပြီး ရလဒ်ကို ၂ဆမြှောက်လိုက်တယ်ဆိုရင် “၃၄” ရတယ်ဆိုပါစို့။ ဒါဆို မူလဂဏန်းက ဘယ်လောက်ဖြစ်မလဲ။

(က) ၇

(ခ) ၁၀

(ဂ) ၁၆

(ဃ) ၉

မေးခွန်း ၆ - ဝယ်တုန်းကတော့ အမည်းရောင်ဆိုပေမယ့် အသုံးပြုလိုက်တဲ့အခါ အနီရောင်ဖြစ်သွားပြီး ခဲရောင်ဖြစ်တဲ့အချိန် လွှင့်ပစ်လိုက်ရတဲ့အရာက ဘယ်အရာဖြစ်မလဲ။


Pixabay/ AllClear55

(က) ဘောပင်

(ခ) နွယ်ချို

(ဂ) မိုးကာအင်္ကျီ

(ဃ) မီးသွေး

မေးခွန်း ၇ - “၄နာရီခွဲ” မှာမိနစ်ပေါင်း ဘယ်နှမိနစ်ရှိပါသလဲ။

(က) ၂၁၀

(ခ) ၂၇၀

(ဂ) ၃၃၀

(ဃ) ၂၂၅

မေးခွန်း ၈ - “၄,၀၉၆” ရဲ့ နှစ်ထပ်ကိန်းရင်းက ဘယ်လောက်လဲ။


Pixabay/ OpenClipart-Vectors

(က) ၂၄

(ခ) ၆၄

(ဂ) ၃၄

(ဃ) ၅၄

မေးခွန်း ၉ - “ဆိုဒီယမ်ကလိုရိုက်” ကို နောက်တစ်မျိုး ဘယ်လိုသိထားပါသေးသလဲ။

(က) ဆား

(ခ) အရောင်ချွတ်ဆေး

(ဂ) သကြား

(ဃ) အရက်ပြန်

မေးခွန်း ၁၀ - အံ့စာတုံးနှစ်ခုမှာ အစက်ဘယ်နှစက်ပါသလဲ။


Pixabay/ OpenClipart-Vectors

(က) ၄၄

(ခ) ၂၁

(ဂ) ၂၂

(ဃ) ၄၂

မေးခွန်း ၁၁ - ကမ္ဘာပေါ်မှာ တိုက်ကြီးဘယ်နှခုရှိပါသလဲ။

(က) ၆

(ခ) ၅

(ဂ) ၄

(ဃ) ၇

မေးခွန်း ၁၂ - လူ့ခန္ဓာကိုယ်ရဲ့ ဒုတိယအကြီးဆုံး အင်္ဂါအစိတ်အပိုင်းက ဘာလဲ။


Pixabay/ StartupStockPhotos

(က) အရေပြား

(ခ) အသည်း

(ဂ) နှလုံး

(ဃ) ကျောက်ကပ်

ကဲ...မေးခွန်းလေးတွေ ဖြေပြီးရင်တော့ ဘယ်နှခုမှန်လဲဆိုတာ အောက်ကအဖြေလေးတွေနဲ့ယှဉ်ပြီး လေ့လာကြည့်လိုက်ရအောင်နော်။

*******အဖြေမှန်များ*******

မေးခွန်း ၁ - (ခ) ဖဲချပ်

မေးခွန်း ၂ - (ဂ) ၁၁၇

မေးခွန်း ၃ - (ဃ) လွှစာမှုန့်

မေးခွန်း ၄ - (ခ) အတ္တလန်တိတ်သမုဒ္ဒရာ

မေးခွန်း ၅ - (ခ) ၁၀

မေးခွန်း ၆ - (ဃ) မီးသွေး

မေးခွန်း ၇ - (ခ) ၂၇၀

မေးခွန်း ၈ - (ခ) ၆၄

မေးခွန်း ၉ - (က) ဆား

မေးခွန်း ၁၀ - (ဃ) ၄၂

မေးခွန်း ၁၁ - (ဃ) ၇

မေးခွန်း ၁၂ - (ခ) အသည်း

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz


#သမုဒ္ဒရာ
#မေးခွန်း
#ပဟေဠိ
#ဖြတ်ထိုးဉာဏ်
#အစိတ်အပိုင်း

Some text some message..