တားရော့ကတ်တွေက ပြောပြမယ့် သင့်ရဲ့ အချစ်ရေးကံကြမ္မာ
lotaya.mpt.com.mm
|
2023-01-25

တားရော့ကတ်တွေကို ဥရောပမှာ လွန်ခဲ့တဲ့နှစ် ၅၀၀ ကျော်ကတည်းက လူသားတွေရဲ့ ကံကြမ္မာကို စစ်ဆေးတွက်ချက်ရာမှာ အသုံးပြုခဲ့ပါတယ်။ အခု သင့်ရဲ့အချစ်ရေးကံကြမ္မာနဲ့ ပတ်သက်ပြီး တားရော့ကတ်တွေနဲ့ စမ်းစစ်ကြည့်ရအောင်။ အောက်က တားရော့ကတ် ၈ ခုထဲက တစ်ခုကိုရွေးချယ်ပြီး ဘာတွေပြောထားလဲဆိုတာ ကြည့်လိုက်ပါ။

၁။ The Fool


အရူးတစ်ယောက်ရဲ့ပုံနဲ့ The Fool ကတ်ကတော့ မရင့်ကျက်တာ၊ တည်ငြိမ်မှုမရှိတာတွေကို ကိုယ်စားပြုပါတယ်။ ဒီကတ်ကိုရွေးချယ်ခဲ့ရင်တော့ သင်ဟာ တစ်စုံတစ်ယောက်ကို အရူးအမူးစွဲလမ်းနေတယ်ဆိုတာ ဖော်ပြနေပါတယ်။ ဒီလိုအချစ်ရေးမျိုးဟာ တစ်ခါတစ်ရံမှာ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ၊ တောင်းဆိုမှုတွေကြောင့် ထိခိုက်ခံစားရမှုတွေ ကြုံလာနိုင်ပါတယ်။ ဒါကြောင့် အခြေအနေတွေကို အမှန်အတိုင်း ရှုမြင်နိုင်ဖို့ သတိပြုရမှာ ဖြစ်ပါတယ်။

၂။ The Lovers


ချစ်သူနှစ်ဦးပုံပါဝင်တဲ့ The Lovers ကတ်က အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်စားပြုပါတယ်။ ဒီတားရော့ကတ်က ပေါင်းစည်းခြင်းတွေ၊ လက်ထပ်မှု၊ အချစ်နဲ့ စိတ်ပိုင်းဖြတ်မှုတွေ သင့်ဆီ ယူဆောင်လာပေးပါလိမ့်မယ်။ သင့်အတွက် အဆင်မပြေတဲ့သူနဲ့ လမ်းခွဲပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် လျှောက်လှမ်းနိုင်မယ်လို့လည်း ဆိုနိုင်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ရင်တော့ The Lovers ကတ်ဟာ ကောင်းခြင်းတွေကြုံတွေ့ရမယ် အမှတ်အသားဖြစ်ပါတယ်။

၃။ The Devil


The Devil ကတ်ကတော့ ရမ္မက်နဲ့ တက်မက်ခြင်းတွေကို ဖော်ပြပါတယ်။ ဒီကတ်ကို ရွေးချယ်ခဲ့ရင်တော့ သင့်ရဲ့အချစ်ရေးဟာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ အပြည့်ရှိနေမယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီတားရော့ကတ်က ခံစားချက်နဲ့ စိတ်ဆန္ဒကိုပဲ ဦးစားပေးပြီး ဆုံးဖြတ်ချက်အမှားတွေ လုပ်မိတာကိုလည်း ကိုယ်စားပြုတဲ့အတွက် တစ်ခုခုမဆုံးဖြတ်ခင်မှာ အသေအခြာစဉ်းစားဖို့တော့ သတိပြုရပါမယ်။

၄။ Five of Wands


သင်ရွေးချယ်လိုက်တဲ့ တားရော့ကတ်က ယှဉ်ပြိုင်မှုတွေ၊ အငြင်းပွားမှုတွေနဲ့ တိုက်ခိုက်အားပြိုင်မှုတွေကို ကိုယ်စားပြုတဲ့ Five of Wands ကတ်ဖြစ်နေရင်တော့ ခက်ခဲတဲ့ကာလတစ်ခုကို ကြုံတွေ့ရဖို့ ရှိနေပါတယ်။ လက်ရှိလက်တွဲဖော် ရှိနေသူတွေအနေနဲ့ နှစ်ဦးကြား ပဋိပက္ခတွေ ကြုံတွေ့နိုင်ပြီး သတိထားဖို့ လိုပါတယ်။ လက်တွဲဖော်မရှိသူတွေ အနေနဲ့လည်း အချစ်ရေးမှာ အပြိုင်အဆိုင်၊ အတိုက်အခိုက်တွေ ကြုံတွေ့နိုင်တာကြောင့် ရင့်ကျက်မှုနဲ့ ရင်ဆိုင်ဖို့ လိုပါတယ်။

၅။ Three of Swords


ဓားသုံးချောင်းက အသည်းကိုထိုးစိုက်ထားတဲ့ ပုံဖော်ထားတဲ့ Theree of Swords ကတ်ကတော့ ပုံထဲကအတိုင်း အသည်းကွဲမယ့်နိမိတ်လို့ ပြောရမှာပါ။ ဒီတားရော့ကတ်ကို ရွေးချယ်မိခဲ့ရင်တော့ မကြာခင်မှာ လမ်းခွဲမှုတွေ၊ ပဋိပက္ခတွေနဲ့ မျက်ရည်တွေကို ကြုံတွေ့လာရဖွယ် ရှိပါတယ်။ ဒါပေမယ့် ဒီအခက်အခဲတွေကို ကျော်ဖြတ်ပြီးရင် ကောင်းမွန်တဲ့အနာဂတ်တစ်ခု ရှိနေတာကြောင့် လဲပြိုမသွားဘို့ ဂရုစိုက်ရပါမယ်။

၆။ Five of Cups


ခွက် ၅ ခုမှာ ၃ ခုမှောက်နေတဲ့ပုံပါတဲ့ Five of Cups ကတ်ကတော့ မမျှော်လင့်တဲ့ ကံဆိုးမှုတွေ၊ စိတ်အလိုမကျမှုတွေကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ဒီတားရော့ကတ်ကို ရွေးချယ်ခဲ့မိရင်တော့ မမျှော်လင့်တဲ့ ပြဿနာတွေ အချိန်မရွေး ကြုံတွေ့နိုင်တယ်ဆိုတာ သတိပြုရပါမယ်။ တချို့အရာတွေကို လက်လွှတ်ရဖို့ရှိပေမယ့် အရာအားလုံးဟာ ပိုကောင်းဖို့ဖြစ်လာတာလို့ ဆိုရမှာပါ။

၇။ Judgement


အခုရွေးချယ်လိုက်တဲ့ Judgement ကတ်ကတော့ ဘဝမှာ အခြေခံကျကျ ပြောင်းလဲမှုတွေကို ရည်ညွှန်းပါတယ်။ အသက်မွေးဝမ်းကြောင်း အသစ်တစ်ခု ပြောင်းလဲတာမျိုးကို ဖော်ပြသလို အချစ်ရေးမှာဆိုရင် ကိုယ်သဘောကျနေသူကို ဖွင့်ပြောလိုက်တာမျိုး၊ လက်ရှိချစ်သူနဲ့ လမ်းခွဲတာမျိုးတွေကိုလည်း ကိုယ်စားပြုပါတယ်။ ကာလရှည်ကြာ ဆုံးဖြတ်ရခက်နေတဲ့ အရာတွေကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ပြောင်းလဲမှုတွေ ပြုလုပ်နိုင်မယ်လို့ ဖော်ပြနေပါတယ်။

၈။ The Star


ဒီတားရော့ကတ်ကတော့ မျှော်လင့်ချက်နဲ့ ကျန်းမာရေးကောင်းမွန်မှုကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် The Star ကတ်ကို ရွေးချယ်ခဲ့တယ်ဆိုရင် လှပပြီး ရင့်ကျက်တည်ငြိမ်တဲ့ အချစ်ရေးတစ်ခု သင့်အတွက်ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိ ချစ်သူရှိနေတယ်ဆိုရင် မှန်ကန်တဲ့လက်တွဲဖော်နဲ့ ဆုံတွေ့နေတာလို့ မှတ်ယူနိုင်ပြီး ချစ်သူမရှိသေးရင်လည်း ကိုယ့်အတွက် မှန်ကန်တဲ့လက်တွဲဖော်နဲ့ မကြာခင် ဆုံတွေ့ရဖို့ ရှိနေပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz


#လက်တွဲဖော်
#အမှတ်အသား
#အနာဂတ်
#အချစ်ရေး
#တားရော့

Some text some message..