
အခုခေတ်မှာ လူတော်တော်များများက သဘာဝရဲ့ စွမ်းအင်တွေကို ရစေဖို့နဲ့ မိမိတို့ နေ့နံအလိုက်၊ ရာသီဖွားအလိုက် လုပ်ငန်းစီးပွားကောင်းမွန်တိုးတက်အောင်၊ ကျန်းမာရေးတွေ ကောင်းအောင်၊ လူချစ် လူခင်ပေါများအောင်ဆိုပြီး အဆောင်ကျောက်လေးတွေကို ပုံစံအမျိုးမျိုးပြုလုပ်ပြီး ဆောင်ထားကြပါတယ်။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါကုစားပေးနိုင်တဲ့ သင်ဆောင်ထားသင့်တဲ့ အဆောင် ကျောက်ကို မေးခွန်းလေးတွေဖြေကြည့်ပြီး ရွေးချယ်လိုက်ပါ။
၁။ သင်ကြိုက်နှစ်သက်တဲ့ ကျောက်အမျိုးအစားကို ရွေးချယ်ပါ။

(က) Amethyst (ခရမ်းစွဲ)
(ခ) Tiger Eye (ကျားမျက်လုံး)
(ဂ) Malachite ( ကြေးဒုတ္တာ)
(ဃ) Hematite Rock (ရေသံ)
၂။ ကြိုက်နှစ်သက်တဲ့ အရောင်ကို ရွေးပါ။

(က) အဝါ
(ခ) လိမ္မော်
(ဂ) အပြာ
(ဃ) ခရမ်း
၃။ အခု သင်ဘာလုပ်ဖို့ လိုအပ်နေလဲ
(က) အားပေးစကားကြားချင်နေတယ်
(ခ) လမ်းခဏထွက်လျှောက်ချင်တယ်
(ဂ) သူငယ်ချင်းတစ်ယောက်ယောက်နဲ့ စကားပြောချင်တယ်
(ဃ) အနားယူချင်နေတယ်
၄။ အားလပ်ရက်မှာ ဘယ်နေရာကို သွားချင်လဲ

(က) မက်စီကိုနိုင်ငံက cancun ကမ်းခြေ
(ခ) အီတလီ၊ ရောမမြို့
(ဂ) ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့
(ဃ) ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့
၅။ ကြိုက်နှစ်သက်တဲ့အရောင်ကို ထပ်ရွေးပေးပါ။
(က) ပန်းရောင်
(ခ) မိုးပြာရောင်
(ဂ) စိမ်းပြာရောင်
(ဃ) အနီရောင်
၆။ နှစ်သက်တဲ့ သစ်ပင်ပုံတစ်ပုံကို ရွေးပါ။

(က) ၁
(ခ) ၂
(ဂ) ၃
(ဃ) ၄
၇။ သင်ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံးအရာက ဘာလဲ။
(က) ဟာသဉာဏ်ရှိတာ
(ခ) တီထွင်ကြံဆအားကောင်းတာ
(ဂ) ပေးကမ်းရက်ရောတာ
(ဃ) အားကစားလုပ်တာ
၈။ အခုအချိန်မှာ ဘယ်လိုခံစားချက်ဖြစ်နေလဲ။
(က) စိတ်ဖိစီးမှုဖြစ်နေတယ်
(ခ) စိတ်ရှုပ်နေတယ်
(ဂ) စိတ်ဂဏာမငြိမ်ဖြစ်နေတယ်
(ဃ) စိတ်ခံစားမှုမကောင်းဘူး၊ မပျော်ဘူး။
မေးခွန်းလေးတွေကို ဖြေပြီးပြီဆိုရင်တော့ သင်ဆောင်ထားသင့်တဲ့ အဆောင်ကျောက်က ဘာကျောက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ…။
Smoky quartz (မီးခိုးသလင်း၊ စလင်းညို)

(က) ကို အရွေးများတယ်ဆိုရင်တော့ သင်မှာ ကာလကြာရှည်စွာဖြစ်နေတဲ့ စိတ်ဖိစီးမှု ဒါမှမဟုတ် စိုးရိမ်ပူပန်မှု ရှိနေနိုင်ပါတယ်။ ဒါကြောင့် သင်ဆောင်ထားသင့်တဲ့ အဆောင်ကျောက်က မြန်မာလို မီးခိုးသလင်း (သို့) စလင်းညိုလို့ သိထားကြတဲ့ Smoky quartz ကို ဆောင်ထားသင့််ပါတယ်။ Smoky quartz ရဲ့ အစွမ်းက စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး အခက်အခဲတွေကနေ ကျော်လွှားနိုင်အောင် အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် ဘေးအန္တရာယ်အမျိုးမျိုးကနေ ကာကွယ်ပေးနိုင်တယ်လို့လည်း ယုံကြည်လက်ခံထားကြပါတယ်။
Fluorite (ဖလိုရိုက်ကျောက်)

(ခ) နဲ့ (ဂ) ကို အရွေးများတယ်ဆိုရင်တော့ သင်ဆောင်ထားသင့်တဲ့ အဆောင်ကျောက်ဟာ ဖလိုရိုက် ကျောက်ဖြစ်ပါတယ်။ ဖလိုရိုက်ကျောက်ကို လူသားဆန်တာ၊ သနားကြင်နာတတ်တာ၊ ဂရုဏာ တရားကို ဖော်ပြတာ၊ အထက်အောက် စကြာဝဠာချိတ်ဆက်ဆက်သွယ်မှုနဲ့ ကမ္ဘာရဲ့ သဘာဝ အလှတွေကိုဖော်ကျူးရာမှာ အသုံးပြုတဲ့ သင်္ကေတအဖြစ် လက်ခံထားပါတယ်။ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကနေ ကင်းဝေးစေပြီး အခက်အခဲ အတားအဆီးတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ စိတ်နဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ မကောင်းတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး တတိယမျက်လုံးလို့ခေါ်တဲ့ မိမိကိုယ်မိမိ အမှန် အတိုင်းသိမြင်တဲ့စိတ်စွမ်းအင်ကိုပါရကာ စိတ်ဝိညာဉ်ကို အေးချမ်းစေပါတယ်။
Rose quartz (သူယောင်ကျောက်)

(ဃ) ကို အရွေးများတဲ့ သင်ဟာ စိတ်ပိုင်းဆိုင်ရာဖိနှိပ်မှုတွေ ခံစားနေရတယ်လို့ ပြောပြနေပါတယ်။ သင်ဆောင်ထားသင့်တဲ့ အဆောင်ကျောက်က သူယောင်ကျောက် ဖြစ်ပါတယ်။ သူယောင်ကျောက်ရဲ့ အဓိပ္ပာယ်က မေတ္တာနဲ့ ဂရုဏာဖြစ်ပါတယ်။ အချစ်ကျောက်လို့ တင်စားခေါ်ကြတဲ့ သူယောင်ကျောက်လေးက အချစ်ရေး အိမ်ထောင်ရေးမှာ စကားအောင်မြင်တာ၊ လူနတ်ချစ်ခင်တာ၊ မိတ်ဆွေပေါများတာ၊ စိတ်ပျော်ရွှင်စေတာ စတဲ့အစွမ်းသတ္တိတွေရှိပါတယ်။ သူယောင်ကျောက်က သင့်ကိုယ်သင် ဂရုတစိုက် ချစ်တတ်လာဖို့နဲ့ လူအများက သင့်ကို ချစ်ခင်နှစ်သက်လာစေဖို့အတွက် အကူအညီပေးပါလိမ့်မယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz