
ဒီနေ့မှာတော့ ပရိသတ်ကြီးကို ခေါင်းအနည်းငယ်ရှုပ်သွားစေမယ့် ပဟေဠိမေးခွန်းလေးတွေနဲ့ တင်ဆက်ပေးချင်ပါတယ်။ စိတ်မပူပါနဲ့ အောက်မှာရွေးစရာအဖြေလေးတွေနဲ့ ဖော်ပြပေးထားပါတယ်။ ကဲ...ဘယ်လိုပဟေဠိမေးခွန်းလေးတွေလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်နော်။
မေးခွန်း ၁ - ကျွန်တော့်မှာ အပေါက်တွေအများကြီးပါပေမယ့် ရေတွေကို သယ်နိုင်သေးတယ်ဆိုရင် ကျွန်တော်က ဘာဖြစ်မလဲ။

(က) ဆပ်ပြာ
(ခ) ရေမြှုပ်
(ဂ) ခရင်း
(ဃ) ရေဘူး
မေးခွန်း ၂ - တချို့အရာတွေက ကွဲအက်သွားရင် အသုံးမဝင်တော့ပေမယ့် ကျွန်တော်ကတော့ ကွဲအက်သွားမှ အသုံးဝင်တဲ့အရာဆိုတော့ ကျွန်တော်က ဘာဖြစ်မလဲ။

(က) မှန်
(ခ) ပုလင်း
(ဂ) ဖုန်း
(ဃ) ကြက်ဥ
မေးခွန်း ၃ - ကျွန်တော်က ကျောက်တုံးလိုမာကြောပြီး သင့်ခန္ဓာကိုယ်ပေါ်မှာ မှီခိုနေထိုင်ရပါတယ်။ ဒါတောင် သင့်ဘက်က မငြီးမငြူပဲ သင်ကိုယ်တိုင် ကျွန်တော့်ကို သန့်ရှင်းလေးလုပ်ပေးတယ်ဆိုတော့ ကျွန်တော်က ဘာဖြစ်မလဲ။

(က) ဦးခေါင်း
(ခ) သွား
(ဂ) အသည်း
(ဃ) နှလုံး
မေးခွန်း ၄ - ကျွန်တော်က အမြင်ကပ်စရာကောင်းပေမယ့် ကျွန်တော်သွားတဲ့နေရာတိုင်း လူတိုင်းက လက်ခုပ်တီးကြတယ်ဆိုတော့ ကျွန်တော်က ဘာဖြစ်မလဲ။

(က) ခြင်
(ခ) မော်ဒယ်
(ဂ) လူရွှင်တော်
(ဃ) သမ္မတ
မေးခွန်း ၅ - ခင်ဗျားက ကျွန်တော့်အရေပြားကို ခွာလိုက်ပေမယ့် ကျွန်တော်မငိုရဘဲ ခင်ဗျားပဲ နောက်ဆုံးငိုသွားရပါတယ်။ ကျွန်တော်က ဘာဖြစ်မလဲ။

(က) ခွေး
(ခ) ငရုတ်သီး
(ဂ) ကြက်သွန်နီ
(ဃ) ပန်းသီး
မေးခွန်း ၆ - လက်တွေရှိပေမယ့် လက်ခုပ်မတီးနိုင်တဲ့အရာက ဘာဖြစ်မလဲ။

(က) ဖဲချပ်
(ခ) နာရီ
(ဂ) ဘီး
(ဃ) စွန်
မေးခွန်း ၇ - လူတွေက စားဖို့အတွက် သူ့ကိုဝယ်ကြပေမယ့် တစ်ခါမှ သူ့ကိုမစားကြပါဘူး။ သူကဘာဖြစ်မလဲ။

(က) ဒညင်းသီး
(ခ) ပန်းကန်
(ဂ) ရေ
(ဃ) ဂျင်း
ကဲ....မေးခွန်းလေးတွေ ဖြေပြီးသွားရင် ဘယ်နှခုမှန်လဲ လေ့လာကြည့်လိုက်ရအောင်နော်။
*******အဖြေမှန်များ******
မေးခွန်း ၁ - (ခ) ရေမြှုပ်
မေးခွန်း ၂ - (ဃ) ကြက်ဥ
မေးခွန်း ၃ - (ခ) သွား
မေးခွန်း ၄ - (က) ခြင်
မေးခွန်း ၅ - (ဂ) ကြက်သွန်နီ
မေးခွန်း ၆ - (ခ) နာရီ
မေးခွန်း ၇ - (ခ) ပန်းကန်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz