
လူသားတွေဟာ မွေးဖွားတဲ့ရာသီခွင်ပေါ် မူတည်ပြီး ကွဲပြားခြားနားတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ကံကြမ္မာတွေ ပိုင်ဆိုင်ထားကြတယ်လို့ အဆိုရှိပါတယ်။ အဲဒီလိုပဲ ဘဝအောင်မြင်ရေးနဲ့ ပတ်သက်ရင်လည်း ရာသီခွင်အလိုက် မတူညီတဲ့ သော့ချက်တွေ ရှိနေပါတယ်။ ကိုယ့်အတွက် ဘဝအောင်မြင်ရေး သော့ချက်က ဘာလဲဆိုတာ သိရဖို့ ရာသီခွင်အလိုက် ဖတ်ကြည့်လိုက်ပါ။
၁။ မိဿ (Aries) - မတ်လ ၂၁ မှ ဧပြီလ ၁၉

ရာသီခွင်ပြက္ခဒိန်ရဲ့ ပထမဆုံးရာသီခွင်ဖြစ်တဲ့ မိဿရာသီဖွားတွေကတော့ ကိုယ်လုပ်ချင်တာကို လုပ်ချင်တဲ့အချိန်မှာ ဘာကိုမှဂရုမစိုက်ဘဲ လုပ်တတ်သူ ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် နေထိုင်လုပ်ကိုင်ရတာကို နှစ်သက်တဲ့ မိဿရာသီဖွားတွေအတွက် အောင်မြင်ဖို့ သော့ချက်ကတော့ ကိုယ့်ရဲ့အရည်အသွေးတွေကို ချုပ်ချယ်ကန့်သတ်မထားဘဲ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်ဖို့လိုပါတယ်။
၂။ ပြိဿ (Taurus) – ဧပြီလ ၂၀ ရက်မှ မေလ ၂၀ ရက်

ပြိဿရာသီဖွားတွေကတော့ အလုပ်ကြိုးစားပြီး ဇွဲကောင်းသူတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် ကောင်းမွန်တဲ့ အစားအသောက်တွေ၊ ဖျော်ဖြေရေးနဲ့ ဝန်ဆောင်မှုတွေလို ကိုယ့်ပတ်ဝန်းကျင်ကို ပိုမိုလှပစေတဲ့ လုပ်ငန်းတွေနဲ့ အကျိုးပေးသူတွေလည်း ဖြစ်ပါတယ်။ ပြိဿရာသီဖွားတွေအတွက် အောင်မြင်ဖို့သော့ချက်ကတော့ လုပ်ငန်းတစ်ခုကို စွဲစွဲမြဲမြဲလုပ်ကိုင်ဖို့ ဖြစ်ပါတယ်။
၃။ မေထုန် (Gemini) မေလ ၂၁ ရက်မှ ဇွန်လ ၂၀ ရက်

မေထုန်ရာသီဖွားတွေကတော့ ထက်မြတ်သူတွေ၊ လူတိုင်းက နှစ်သက်သဘောကျခြင်း ခံရသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ တခြားသူတွေရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို အကြံပေး ဖြေရှင်းရာမှာ ထူးချွန်ပေမယ့် ကိုယ်တိုင်ကြုံတွေ့ရတာတွေအတွက်တော့ ခံစားချက်ကို ဦးစားပေးပြီး ဆုံးဖြတ်တတ်ကြပါတယ်။ မေထုန်ရာသီဖွားတွေအတွက် စာရေးတာနဲ့ ဟောပြောတာလို အများကို အကြံပြုရတဲ့အလုပ်တွေက အောင်မြင်ရေးသော့ချက်တွေ ဖြစ်ပါတယ်။
၄။ ကရကဋ် (Cancer) ဇွန်လ ၂၁ ရက်မှ ဇူလိုင်လ ၂၀ ရက်

ကရကဋ်ရာသီဖွားတွေကတော့ မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်းတွေကို ခင်မင်တွယ်တာသူတွေပါ။ လူတွေကို ဂရုစိုက်တတ်တဲ့ ကရကဋ်ရာသီဖွားတွေဟာ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ သင့်တော်သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အတွက် အောင်မြင်ဖို့ သော့ချက်ကတော့ တခြားသူတွေကို ဂရုစိုက်သလို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ဖြစ်ပါတယ်။
၅။ သိဟ် (Leo) ဇူလိုင် ၂၃ ရက်မှ ဩဂုတ်လ ၂၂ ရက်

သိဟ်ရာသီဖွားတွေကတော့ ဘဝရဲ့ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် အဆင်ပြေအောင် နေနိုင်သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ငြီးငွေ့စိတ်ပျက်သွားရင်လည်း စွန့်လွှတ်ထွက်ခွာဖို့ ဝန်မလေးသူတွေပါ။ သူတို့အတွက် အောင်မြင်ရေးသော့ချက်ကတော့ ဖန်တီးနိုင်စွမ်းနဲ့ စိတ်ပါဝင်စားမှုကို လှုံ့ဆော်ပေးနိုင်တဲ့ လုပ်ငန်းခွင်နဲ့ ပတ်ဝန်းကျင်ပဲ ဖြစ်ပါတယ်။
၆။ ကန် (Virgo) ဩဂုတ်လ ၂၃ ရက်မှ စက်တင်ဘာလ ၂၂ ရက်

ကန်ရာသီဖွားတွေကတော့ တွက်ချက်တာ၊ သုံးသပ်တာတွေကို နှစ်သက်သူတွေဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကအစ စေ့စပ်သူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းအဖွဲ့တွေနဲ့ အလုပ်လုပ်ရာမှာ ထူးချွန်သူတွေဖြစ်တဲ့အတွက် လုပ်ငန်းကြီးတွေမှာ အောင်မြင်သူတွေလည်း ဖြစ်ပါတယ်။ သူတို့အတွက် စာရင်းစစ်လို ငွေကြေးဆိုင်ရာ လုပ်ငန်းတွေက အခွင့်အလမ်းအကောင်းဆုံး ဖြစ်ပါတယ်။
၇။ တူ (Libra) စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာလ ၂၂ ရက်

တူရာသီဖွားတွေကတော့ ဘဝမှာ ဟန်ချက်ညီညီနဲ့ ရှင်သန်ဖြတ်သန်းရတာကို သဘောကျသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အပေးအယူလုပ် ညှိနှိုင်းရတာတွေ၊ ကြားဝင်စေ့စပ်ရတာတွေမှာ ထူးချွန်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် တူရာသီဖွားတွေအတွက် သံတမန်ရေးလုပ်ငန်းတွေလို စေ့စပ်ညှိနှိုင်းရတဲ့ လုပ်ငန်းတွေက အောင်မြင်ရေးသော့ချက် ဖြစ်ပါတယ်။
၈။ ဗြိစ္ဆာ (Scorpio) အောက်တိုဘာလ ၂၃ ရက်မှာ နိုဝင်ဘာလ ၂၁ ရက်

ဗြိစ္ဆာရာသီဖွားတွေကတော့ စေ့စပ်သေချာပြီး ဘယ်အရာကိုမဆို အခြေခံကျကျ သိနားလည်ဖို့ အားထုတ်တတ်သူတွေပါ။ လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေကို ဖော်ထုတ်ရတာ၊ အကြောင်းအရာတစ်ခုကို ရှာဖွေတာ စတာတွေမှာ လိုချင်တဲ့အဖြေမရမချင်း ဇွဲကောင်းကောင်းနဲ့ ဆောင်ရွက်တတ်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့အတွက် သုတေသနနဲ့ သတင်းမီဒီယာလို လုပ်ငန်းတွေက အောင်မြင်ရေးသော့ချက်တွေ ဖြစ်ပါတယ်။
၉။ ဓနု (Sagittarius) နိုဝင်ဘာလ ၂၂ ရက်မှ ဒီဇင်ဘာလ ၂၁ ရက်

ဓနုရာသီဖွားတွေကတော့ ပြောင်းလွယ်ပြင်လွယ်ရှိသူတွေ၊ အနာဂတ်အတွက် အမြော်အမြင်ရှိသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လုပ်ငန်းသစ်၊ အခြေအနေသစ်မှာ အလွယ်တကူ အထိုင်ကျနိုင်သူတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ အချိန်အခါပေါ်မူတည်ပြီး ဆောင်ရွက်နိုင်စွမ်းက စွန့်ဦးတီထွင် လုပ်ငန်းတွေနဲ့ အသင့်တော်ဆုံး ဖြစ်စေပါတယ်။
၁၀။ မကာရ (Capricon) ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဇန်နဝါရီလ ၁၉ ရက်

မကာရရာသီဖွားတွေကတော့ စီးပွားရေးအကွက်မြင်သူတွေ၊ အလုပ်ကြိုးစားသူတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ လုပ်ငန်းခွင်မှာ ခေါင်းဆောင်နိုင်သူတွေဘည်း ဖြစ်ပါတယ်။ မကာရရာသီဖွားတွေအတွက် အောင်မြင်ရေးသော့ချက်ကတော့ ကိုယ်ပိုင်စည်းပွားရေးလုပ်ငန်းတွေဖြစ်ပြီး တခါတရံ တဇွတ်ထိုးနိုင်တာကို ထိမ်းချုပ်ဖို့တော့ သတိပြုရပါမယ်။
၁၁။ ကုံ (Aquarious) ဇန်နဝါရီလ ၂၀ ရက်မှာ ဖေဖော်ဝါရီလ ၁၈ ရက်

ကုံရာသီဖွားတွေဟာ ဖန်တီးမှုနဲ့ အသစ်အဆန်းတွေကို စိတ်ဝင်စားပြီး ကူညီတတ်သူတွေလည်း ဖြစ်ကြပါတယ်။ နည်းပညာသစ်တွေကို လေ့လာဖို့ ဝန်မလေးတတ်ကြဘဲ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့ အမြဲအသင့်ရှိနေသူတွေ ဖြစ်ပါတယ်။ ကုံရာသီဖွားတွေအတွက် အောင်မြင်ရေးသော့ချက်ကတော့ အများအကျိုးပြုတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။
၁၂။ မိန် (Pisces) ဖေဖော်ဝါရီလ ၁၉ ရက်မှာ မတ်လ ၂၀ ရက်

မိန်ရာသီဖွားတွေကတော့ စိတ်ကူးဉာဏ်ကွန့်မြူးမှု ကောင်းသူတွေ၊ ဖန်တီးနိုင်စွမ်း ကောင်းသူတွေ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အတွေးအမြင်နဲ့ ခံစားချက်တွေကို ဖော်ထုတ်ပြသရာမှာလည်း ထူးချွန်ကြပါတယ်။ ဒါကြောင့် မိန်ရာသီဖွားတွေအတွက် အနုပညာလုပ်ငန်းတွေနဲ့ လွတ်လွတ်လပ်လပ်ဖန်တီးခွင့်ရရှိတဲ့ လုပ်ငန်းတွေက အောင်မြင်ရေးသော့ချက်တွေ ဖြစ်ပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz