သင်သတိမထားမိသေးတဲ့ သင်ရဲ့အကြီးမားဆုံး အားနည်းချက်ကြီးကို ဖော်ထုတ်ပေးမယ်
lotaya.mpt.com.mm
|
2023-04-11

ဒီနေ့မှာတော့ သင်သတိမထားသေးတဲ့ သင့်ရဲ့အကြီးမားဆုံး အားနည်းချက်ကြီးကို ဖော်ထုတ်ပေးသွားမှာပါ။ ပေးထားတဲ့ ပုံလေးထဲက နှစ်သက်ရာတစ်ခုကိုရွေးချယ်ပြီး အဖြေလေးတွေ လေ့လာကြည့်လိုက်ရအောင်။

နံပါတ် ၁


ဖြစ်မလာသေးတဲ့အရာတွေကို ကြိုတွေးပြီး အမြဲစိုးရိမ်နေတတ်တာက သင့်ရဲ့အကြီးမားဆုံးအားနည်းချက်ပါ။ ဒီလိုတွေးပူတက်တဲ့အကျင့်ကြောင့် သင်ဟာ သင့်ဘဝမှာ အဖက်ဖက်က အမြဲသာယာပြီး အဆင်ပြေအောင် ကြိုးစားလုပ်ယူလေ့ရှိပါတယ်။ ဒီလိုအလွန်အကျွံလုပ်ယူနေတာက သင့်အတွက် ကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူး။ အရာရာကို ကိုယ်တက်နိုင်သလောက်ကြိုးစားလုပ်ပေးပြီး ဖြစ်လာသမျှက ကိုယ့်ကံတရာကြောင့်လို့မှတ်ယူထားပြီး ဘဝကို တွေးမပူပဲပျော်ပျော်ရွှင်ရွှင်နေသင့်ပါတယ်။

နံပါတ် ၂


သင်ဟာ လူတွေကို ခေါင်းဆောင်နိုင်စွမ်းရှိပြီး သင့်ဘဝက အမြဲစိန်ခေါ်မူတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါပေမဘ့် ဒီစိန်ခေါ်မူတွေကို သင်ဟာမကြောက်မရွံ့ရင်ဆိုင်ရဲတဲ့သတ္တိရှိပါတယ်။ ဒါပေမယ့် သင့်အတွက်အကြီးမားဆုံး စိန်ခေါ်မှုကြီးကတော့ မိမိရဲ့တာဝန်တ္တရားတွေနဲ့ မိမိချစ်ရတဲ့သူတွေကြားမှာ သင့်တင့်လျှောက်ပတ်တဲ့ဘဝလေးတစ်ခုကို တည်ထောင်နိုင်ဖို့ပါ။ ဘာလို့လဲဆိုတော့ တစ်ခါတစ်လေသင်ဟာ ဒီနှစ်ခုကြားမှာ ယှဉ်ပြီးရွေးရတဲ့အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ရတတ်လို့ပါပဲ။ ဒီအခြေအနေကတော့ သင်စိတ်အညစ်ရဆုံးအချိန်ပေါ့။ ဘာလို့လဲဆိုတော့ နှစ်ခုစလုံးက သင့်အတွက် အရေးပါတဲ့အရာတွေ ဖြစ်နေလို့ပါပဲ။

နံပါတ် ၃


သင်ဟာ အလုပ်တစ်ခုကို ပြီးဆုံးအောင်မလုပ်ပဲ ဟိုစပ်စပ်ဒီစပ်စပ် လုပ်နေမိတဲ့အတွက် တစ်ခါတစ်ရံ တစ်ကယ်အရေးကြီးတဲ့အရာတွေမှာ မပြီးဘဲ လက်လွှတ်လိုက်ရတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒါ့အပြင် သင်ဟာ မိမိရဲ့အနာဂတ်ကို တွေးပြီးကြောက်နေတတ်ပါတယ်။ အနာဂတ်ကိုတွေးပြီး ကြောက်နေတာမျိုးထက် လက်ရှိအချိန်မှာပဲ ကောင်းအောင်ကြိုးစားသင့်ပါတယ်။ သင့်စိတ်ကို ငြိမ်ငြိမ်ထားပြီး သင့်မှာရှိတဲ့အရည်အချင်းတွေကို စဉ်းစားကြည့်ပါ။ သင်ပိုင်ဆိုင်ထားတဲ့ အရည်အချင်းတွေကို သေချာသိပြီး အသုံးချနိုင်အောင် ကြိုးစားရင် အနာဂတ်မှာ အောင်မြင်တိုးတက်လာမှာ မလွဲမသွေပါပဲ။ 

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz


#အနာဂတ်
#ဘဝ
#အားနည်းချက်
#တာဝန်
#အလုပ်

Some text some message..