
သင်ရဲ့မျက်ခုံးက ထူလား၊ ပါးလား၊ စင်ရော်တောင်မျက်ခုံးလား၊ မျက်ခုံးနှစ်ဘက်က ဆက်နေလား၊ မဆက် ဘူးလား စသဖြင့် ဘယ်လိုပုံစံပဲဖြစ်နေပါစေ သင့်မျက်ခုံးကိုကြည့်ပြီး သင်ရဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်းကို စိတ်ပညာနည်းလမ်းတွေအရ ခန့်မှန်းသိနိုင်ပါတယ်။ ဒီစမ်းသပ်ချက်ကတဆင့် သင်ရဲ့ အကြိုက်နဲ့ မကြိုက်တဲ့ အရာတွေ၊ တွေးခေါ်တဲ့ပုံစံတွေ၊ ကိုယ်တိုင်မမြင်တဲ့ အားသာချက်တွေကို ပြောပြပေးသွားမှာပါ။ မျက်ခုံးကို ကြည့်ပြီးပြောပြပေးမယ့် သင့်အကြောင်းက ကိုက်ညီမှုရှိ၊ မရှိကို စမ်းစစ်ကြည့်လိုက်ရအောင်ပါ။
(၁) မျက်ခုံးမွေးထူသူ

သင့်မှာမျက်ခုံမွေးထူထူလေးရှိတယ်ဆိုရင်တော့ လွတ်လပ်မှုကို ချစ်မြတ်နိုးသူပါ။ စိတ်ခံစားချက် လွတ်လပ်စွာနဲ့ လောကရဲ့သဘာဝအလှတရားတွေကို ရှာဖွေပါတယ်။ ဘယ်သူက ဘယ်လိုမြင်မြင်သိပ်ပြီး ဂရုစိုက်တတ်သူမျိုး မဟုတ်ပါဘူး။ ကိုယ့်စိတ်နဲ့ကိုယ် အလုပ်ရှုပ်နေပြီး သူများအကြောင်းကိုလည်း စိတ်မဝင် စားပါဘူး။ စေ့စပ်သူတစ်ယောက်ဖြစ်ပေမယ့် ဘယ်အရာအပေါ်မှာမှ တွယ်တာစိတ်မရှိပါဘူး။ သိချင်တဲ့ အရာတစ်ခုကို သိအောင်လုပ်ပြီး လုပ်နိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်မြင့်မားသူတစ်ယောက် ဖြစ်ပါတယ်။ လွတ်လပ်မှုကိုမြတ်နိုးပေမယ့် ခံစားချက်ကိုလိုက်ပြီး ဆုံးဖြတ်ချက်ချတတ်သူမဟုတ်ဘဲ ရှေ့ရေးကို ကြိုတင်တွက်ဆပြီး ပြင်ဆင်တတ်သူတစ်ယောက်ပါ။ တိကျသေချာတဲ့ အစီအစဉ်မရှိဘဲနဲ့လည်း သင်လိုချင်တဲ့ အရာတွေကို ရအောင်ယူနိုင်ပါတယ်။ ဒါပေမဲ့ သင်လုပ်နေတဲ့အရာတွေက သင်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာတဲ့ အခါမှာတော့ အားမလိုအားမရဖြစ်ပြီး စိတ်တိုတာမျိုးတော့ ရှိပါတယ်။
(၂) မျက်ခုံးမွေးပါးသူ

မျက်ခုံးမွေးပါးတဲ့သူတွေက ယေဘုယျအားဖြင့် အတွင်းစိတ်မှာ အားငယ်တတ်တာ၊ ဆုံးဖြတ်ချက် မချ နိုင်တာ၊ အတွေးလွန်တာ၊ တစ်ပါးသူအပေါ်အယုံလွယ်သူတွေ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာ ဖို့အတွက် ကြိုးစားပြီး ပြုစုပျိုးထောင်သင့်ပါတယ်။ ဆုံးဖြတ်ချက်ကို ကိုယ်တိုင်မချနိုင်တာကြောင့် နောက်ဆုံး မှာတော့ သူများရဲ့ အကူအညီကိုယူပြီး လုပ်လိုက်ရတဲ့အရာတွေများပါတယ်။ အနာဂတ်အတွက်ဆိုပြီး အဝေးကြီး တွေ လှမ်းပြီးလိုက်စဉ်းစားနေပေမယ့် လက်တွေ့မှာတော့ လုပ်ရမယ့်အလုပ်တစ်ခုကိုတောင် သေချာ မကိုင်တွယ် နိုင်ဘူး ဖြစ်နေပါတယ်။ ဒါကြောင့် သင့်မှာ အတွေးလွန်နေတာနဲ့ပဲ စိတ်ဖိစီးမှုတွေ အများကြီး ဖြစ်လာတာပါ။ သူတစ်ပါးကိုလည်း အယုံလွယ်တတ်သူဖြစ်တာကြောင့် ဒါကိုလည်း သတိထားဆင်ခြင်သင့်ပါတယ်။ စာများများ ဖတ်ပါ၊ လိုအပ်မယ်ထင်တဲ့အရည်အချင်းတွေ ဖြည့်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတည်ဆောက်ပါ။
(၃) စင်ရော်တောင်မျက်ခုံးရှိသူ

ရည်မှန်းချက်ကြီးတယ်၊ စိတ်လောတတ်တယ်၊ ခေါင်းဆောင်မှုအရည်အချင်းရှိတယ်၊ မူယာမာယာ များတယ်၊ လူအများရဲ့ အာရုံစိုက်တာကို ခံချင်တယ်၊ သတိကြီးတယ်လို့ အကြမ်းဖျင်းယူဆလို့ရပါတယ်။ သင်ရဲ့အထက်တန်းကျတဲ့ အဆင့်အတန်းကို လူတွေသတိထားမိအောင် စကားလုံးတွေ ( ဒါမှမဟုတ်) အဝတ်အစားကတဆင့်ဖော်ပြလေ့ရှိတယ်။ သင့်ဆီမှာလည်း လူအများစိတ်ဝင်စားလောက်တဲ့ အကြောင်းအရင်း တစ်ခုမဟုတ် တစ်ခုတော့ ရှိနေတတ်ပါတယ်။ ပထမဆုံးအကြိမ်တွေ့ဖူးတဲ့ လူတွေရဲ့ အမြင်မှာ သင်က ခေါင်းမာတဲ့ လူတစ်ယောက်လို့ သတ်မှတ်ခံရတတ်ပါတယ်။ တကယ်လည်း သင်က အကဲဆတ်ပြီး သတိကြီး တဲ့သူတစ်ယောက်ပါ။ သင့်မှာလိုအပ်နေတာက ဘဝထဲကို ဝင်လာမယ့် ချစ်ရသူလိုနေတာပါ။ သင်က အရမ်းကို ချစ်တတ်ပြီး ကြင်နာတဲ့ အပြုအမူတွေနဲ့ တုံ့ပြန်မယ့်လူမျိုးပါ။ တစ်စုံတစ်ယောက်ရဲ့ အနားမှာ စိတ်လက်ပေါ့ပါး စွာနေတာက သင့်ရဲ့ အတွေးနဲ့ ခံစားချက်တွေကို ပိုကောင်းစေပြီး လန်းဆန်းတက်ကြွမှုနဲ့အတူ ခွန်အားဖြစ်စေ မှာပါ။ မျက်ခုံးတန်းတဲ့ပုံစံရှိသူတွေရဲ့ အမြင်မှာတော့ သင်က စိတ်ခံစားချက်ကို ဦးစားပေးလွန်းတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။
(၄) မျက်ခုံးမွေးတန်းသူ

မျက်ခုံးမွေးအတန်းလိုက်ပုံစံရှိနေသူတွေဟာ တိကျလွန်းသူ၊ ဉာဏ်ကောင်းသူ၊ ယဉ်ကျေးသူ၊ ဘုန်းလက်ရုံးနဲ့ ပြည့်စုံသူ၊ ရိုးသားသူလို့ သတ်မှတ်နိုင်ပါတယ်။ စိတ်ခံစားချက်ထက် လက်တွေ့ကျမှုကို ဦးစားပေးသူဖြစ်ပါတယ်။ အလုပ်တစ်ခု မလုပ်ခင်မှာ အဘက်ဘက်ကနေပြီး ချင့်ချိန်တွက်ဆပြီးတော့ လုပ်လေ့ရှိပါတယ်။ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကို ခွဲခြားတတ်တာကြောင့် လုပ်ငန်းခွင်မှာလည်း ထူးချွန် ပြောင်မြောက်တဲ့ အောင်မြင်မှုတွေ အမြဲရလေ့ရှိပါတယ်။ အချစ်ရေးမှာလည်း သင့်လို ဦးနှောက်သုံးစဉ်းစားပြီး အေးဆေးတည်ငြိမ်တဲ့လူမျိုးကိုပဲ သဘောကျတာပါ။ အားလုံးခြုံပြောရရင်တော့ သင်က စကားတွေအများကြီး မပြောဘဲ အလုပ်နဲ့သက်သေပြတတ်သူဖြစ်ပါတယ်။
(၅) မျက်ခုံးမွေးဆက်သူ

သင်က လူတွေရဲ့အမြင်ကို ဂရုမစိုက်တတ်သူပါ။ သင်တစ်ယောက်တည်းနဲ့တင် သင့်ကမ္ဘာကြီးက လုံလောက်နေပြီး ကိုယ့်အရည်အချင်းကိုယ်ယုံကြည်သူတစ်ယောက်ပါ။ သင့်အနားကို လူတွေကပ်လာအောင် လုပ်နိုင်တဲ့ ဆွဲဆောင်မှုတစ်မျိုး သင့်ဆီမှာရှိနေပါတယ်။ တိကျပြတ်သားတဲ့စိတ်ကူးစိတ်သန်းကောင်းများစွာနဲ့ တီထွင်နိုင်စွမ်းကလည်း သင်ရဲ့အရည်အချင်းပါပဲ။ လူများကို ပြသဖို့အတွက် အနုပညာလက်ရာမြောက်အောင် ဖန်တီးတာမျိုး မဟုတ်ဘဲ စိတ်ထဲမှာရှိတဲ့ အရာကို ကိုယ်တိုင်အတွက်ရည်ရွယ် ပုံဖော်ရင်း လူအများက ကြိုက်နှစ်သက်သွားတာပါ။ နေ့စဉ်နဲ့အမျှ ဘာလေးလုပ်ရင်ပျော်ရမလဲ၊ ပျော်စရာကောင်းမလဲဆိုပြီး စိတ်ကူး ယဉ်အတွေးတွေနဲ့ အချိန်ကုန်ကာ အပျော်အပါးမက်သူတစ်ယောက် ဖြစ်ပါတယ်။ နူးညံ့တဲ့နှလုံးသားရှိသူဖြစ် ပေမယ့် အခြေအနေပေါ်လိုက်ပြီး စိတ်ဆတ်သူအဖြစ် ပြောင်းလဲတတ်ပါတယ်။
(၆) မျက်ခုံးမွေးမဆက်သူ

တစ်ယောက်ဆိုတစ်ယောက်ပဲ စွဲစွဲမြဲမြဲချစ်တတ်သူ၊ နားလည်သဘောပေါက်လွယ်သူ၊ စိတ်ခံစားချက်ကို ဦးစားပေးပြီး ဆုံးဖြတ်တတ်သူ၊ သူများပြောစကားကို စိတ်ရှည်လက်ရှည် နားထောင်ပေးတတ်သူ စသဖြင့် အကြမ်းဖျင်း သတ်မှတ်လို့ရပါတယ်။ ဒါ့အပြင် အရာဝတ္ထုပစ္စည်းတွေအပေါ်မှာ စွဲလမ်းတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဖြစ်လာတဲ့စိတ်ခံစားချက်ပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချတတ်တာကြောင့် အရေးကြီးတဲ့အရာတွေကို စိတ်အေးအေး၊ ခေါင်းအေးအေးထားပြီးမှ ဆုံးဖြတ်ဖို့ အကြံပေးချင်ပါတယ်။ သင့်ဘဝကြီးက ဘာမှအစီအစဉ်တကျ မရှိဘဲ သွားနေတာမျိုးပါ။ နားထောင်ပေးတတ်သူတစ်ယောက်ဖြစ်တာကြောင့် လူအများက သင့်ဆီလာပြီး ရင်ဖွင့် နေကြတာပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz