
ဒီဉာဏ်စမ်းလေးမှာတော့ တစ်ရက်တာ ၂၄ နာရီအတွင်း သင်စားမယ့် အစားအစာတွေကိုကြည့်ပြီး ဒဏ္ဍာရီလာဇာတ်ကောင်တွေထဲက ဘယ်သူဖြစ်မလဲဆိုတာကို ပြောပြပေးသွားမှာပါ။ သင်က ဘယ်လို ဇာတ်ကောင်မျိုးဖြစ်မလဲဆိုတာ အဖြေရှာဖို့ မေးခွန်းလေးတွေ ဖြေကြည့်လိုက်ရအောင်ပါ။
(၁) အရင်ဆုံး မနက်စာ ဘာစားမလဲ ရွေးပေးပါ

(က) ပေါင်မုန့်ကြက်ဥကြော်
(ခ) ပန်ကိတ်မုန့်
(ဂ) စီရီရယ်
(ဃ) ဒိန်ချဉ်
(၂) မနက်ပိုင်း သောက်ဖို့ တစ်ခုခုရွေးပေးပါ။
(က) ကော်ဖီ
(ခ) နွားနို့
(ဂ) အသီးဖျော်ရည်
(ဃ) ရေ
(၃) အဆာပြေ ဘာစားမလဲ။

(က) အာလူးကြော်
(ခ) အသီးအနှံ
(ဂ) ဂျယ်လီ
(ဃ) ကွတ်ကီး
(၄) နေ့လည်စာကို ဘာစားမလဲ။
(က) အသားညှပ်ပေါင်မုန့်
(ခ) ပါစတာ
(ဂ) အရွက်သုတ်
(ဃ) ဟမ်ဘာဂါ
(၅) အချိုတည်းဖို့ အသီးရွေးပေးပါ။

(က) ပန်းသီး
(ခ) ဖရဲသီး
(ဂ) လိမ္မော်သီး
(ဃ) ဘာမှမစားတော့ပါဘူး၊ ကျေးဇူးပါ။
(၆) ညစာကို ဘာစားချင်ပါသလဲ။
(က) အမဲသားကင်
(ခ) ပီဇာ
(ဂ) ပါစတာ
(ဃ) ကင်းပုစွန်
(၇) အချိုပွဲချိန်ရောက်ပါပြီ။

(က) ရေခဲမုန့်
(ခ) ကိတ်မုန့်
(ဂ) ဂျယ်လီ
(ဃ) ချောကလက်မုန့်
(၈) ညသန်းခေါင်မှာ အဆာပြေစားမယ်ဆိုရင် ဘာကိုရွေးမလဲ။
(က) ပြောင်းဖူးပေါက်ပေါက်
(ခ) ကိတ်မုန့်ခြောက်
(ဂ) ချောကလက်
(ဃ) စပျစ်သီး
သင်ကြိုက်တဲ့အစားအစာတွေ စားပြီးပြီဆိုတော့ အဖြေလေးကို ကြည့်လိုက်ရအောင်…။
(၁) ငရဲခွေး

(က) ကိုအရွေးများတဲ့သင်က ဂရိဒဏ္ဍာရီလာစွမ်းအားရှင်တွေထဲက ငရဲပြည်ရဲ့တံခါးကို စောင့်တဲ့ ငရဲခွေးနဲ့ တူပါတယ်။ သူက ဘီလူးအမျိုးနွယ်ဝင်ဖြစ်ပြီး ခေါင်းသုံးလုံးရှိကာ အမြီးက မြွေပုံစံရှိပါတယ်။ ငရဲခွေးဆိုပေမယ့် ဆိုးသွမ်းတာမျိုးမဟုတ်ဘဲခေါင်းမာပြီး သစ္စာရှိတဲ့ပုံစံကို ဖော်ဆောင်ပါတယ်။
(၂) အမြီးကိုးချောင်းမြေခွေး

(ခ) ကို အရွေးများတဲ့သင်က ဂျပန်ရိုးရာပုံပြင်တွေထဲက အမြီးကိုးချောင်းနဲ့ လူယောင်ဖန်ဆင်းနိုင်တဲ့ မြေခွေးနဲ့တူပါတယ်။ သင်က စပ်စုတတ်ပြီး လူတွေကို သတိထားနေလေ့ရှိပါတယ်၊ ဒါ့အပြင် ဉာဏ်ကောင်းသူ တစ်ယောက်လို့ဆိုနိုင်ပါတယ်။ ရှေးခေတ်ဂျပန်ပုံပြင်တွေအရ မြေခွေးနဲ့လူတွေဟာ အတူနေထိုင်ခဲ့ကြပြီး မြေခွေးတွေဟာ လူတွေကို လှည့်ဖျားဖို့ လူယောင်ဖန်ဆင်းကြတယ်လို့ဆိုပါတယ်။ တချို့ပုံပြင်တွေမှာတော့ မြေခွေးတွေက သစ္စာရှိတဲ့သူငယ်ချင်း၊ ချစ်သူအဖြစ် ပုံဖော်ထားကြပါတယ်။
(၃) နတ်သမီး

(ဂ) ကို အရွေးများတယ်ဆိုရင်တော့ သင်က ဒဏ္ဍာရီလာနတ်သမီးလေးတစ်ပါးပါ။ ချစ်စရာအလွန်ကောင်းပြီး မှော်ဆန်ပါတယ်။ လူတွေက သင်ရဲ့ တက်ကြွရွှင်လန်းပြီး သတ္တိကောင်းတဲ့ပုံစံကို သဘောကျကြပါတယ်။ ဥရောပနိုင်ငံတွေကနေ စတင်ပျံ့နှံ့လာတဲ့ နတ်သမီးပုံပြင်တွေဟာ ကမ္ဘာအဝှမ်းမှာ မတူညီတဲ့ ဇာတ်လမ်းမျိုးစုံရှိပါတယ်။
(၄) ပါရီတန်

(ဃ) အရွေးများတယ်ဆိုရင်တော့ သင်က ဒဏ္ဍာရီလာ မျိုးစပ်တိရစ္ဆာန် တစ်မျိုးဖြစ်တဲ့ ပါရီတန်ပါ။ သူဟာ ငှက်တွေလိုမျိုး ပျံနိုင်တဲ့အတောင်ပံပါရှိတဲ့ သမင်ဖိုတစ်ကောင်ဖြစ်ပါတယ်။ ဒါကြောင့် သင်ရဲ့ ထူးခြားချက်ကတော့ လျှို့ဝှက်ဆန်းကြယ်သူတစ်ယောက်ဖြစ်ပြီး ကိုယ်ချင်းစာစိတ်အပြည့်နဲ့ နူးညံ့သိမ်မွေ့တဲ့ နှလုံးသားရှိတာပဲ ဖြစ်ပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz