ခရက်ခ်က ကိုယ့်ကို စိတ်ဝင်နေတာများလား စမ်းသပ်ကြည့်ရအောင်
lotaya.mpt.com.mm
|
2023-05-23

ဒါကို ဝင်ဖြေတယ်ဆိုရင်တော့ သင့်မှာ ကိုယ်တိတ်တခိုး ကြိတ်ပိုးနေရတဲ့ ခရက်ခ်တစ်ယောက် ရှိနေတယ်ဆိုပါတော့လေ။ ပြီးတော့ သူကလည်း ဘယ်လိုနေမလဲဆိုတာ သိပ်သိချင်နေမှာပဲပေါ့။ တစ်ခါတလေမှာ ကိုယ်နဲ့ ခံစားချက်တွေ ထပ်တူနေတာမျိုး ရှိတတ်ပါတယ်။ သင့်ရဲ့ခရက်ခ်နဲ့ သင့်ရဲ့ မေတ္တာလမ်းကြောင်းကရော ဘယ်လိုရှိနေနိုင်တာလဲဆိုတာ အောက်ကမေးခွန်းလေးတွေ ဖြေရင်း ရှာဖွေကြည့်ရအောင်။ (မေးခွန်းတစ်ခုချင်းစီမှာ ကိုယ်ရွေးလိုက်တဲ့ အဖြေရဲ့အမှတ်ကို ဂဏန်း‌ပေါင်းစက် သို့မဟုတ် စာရွက်တစ်ခုခုပေါ်မှာ ချမှတ်သွားနိုင်ရင်တော့ ပိုကောင်းတာပေါ့နော်)

ပထမဆုံးမေးခွန်းကတော့ သင် သူ့ကို တကယ်ကြိုက်တာဟုတ်ရဲ့လား။

(က) သေချာတယ်

(ခ) သိပ်တော့မသေချာသေးဘူး

(ဂ) သိပ်မထင်ပေမဲ့ သိချင်ယုံပါ

က= ၃  ခ= ၂     ဂ= ၁

သင် စိတ်ဝင်စားနေတယ်ဆိုတာ သူသိသွားပြီလား။

(က) သိတာပေါ့

(ခ) သိတယ်ထင်တာပဲ

(ဂ) မသိသေးဘူး

က= ၃  ခ= ၂     ဂ= ၁

သူလည်း သင့်ကို စိတ်ဝင်စားနေလောက်တယ်ဆိုတဲ့ အရိပ်အမြွက်လောက် ထင်ရမယ့် စာမျိုး၊ မက်ဆေ့ချ်မျိုး ရဖူးလား။

(က) တစ်ခေါက်တော့ ရဖူးတယ်

(ခ) ခဏခဏရတယ်

(ဂ)မရဖူးဘူး

က= ၂   ခ= ၃    ဂ= ၁

သူနဲ့ အပြင်မှာ ဘယ်လောက် ဆုံလေ့ရှိလဲ။

(က) တစ်ခါတလေမှ

(ခ) အွန်လိုင်းမှာပဲ မြင်ဖူးတာ

(ဂ) အပြင်မှာ အမြဲတွေ့နေတာ

က= ၂   ခ= ၁    ဂ= ၃

သင့်ရဲ့ ပုံစံကိုလည်း တစ်ချက်ပြောပြပါဦး။

(က) အနေအေးပြီး ရှက်တတ်တယ်

(ခ) ပွင့်လင်းပြီး ပျော်တယ်တတ်

(ဂ) အလိုက်အထိုက် နေတတ်တယ်

က= ၂   ခ= ၃    ဂ= ၂

ဆိုင်တစ်ဆိုင်ကို ဝင်သွားတုန်း သူလည်း ရှိနေတာကို လှမ်းမြင်လိုက်ရတယ်။ သင်ဘာလုပ်မလဲ။

(က) မမြင်ယောင်ဆောင်ပြီး ပြန်ထွက်မယ်

(ခ) မမြင်ယောင်ဆောင်ပြီး ဝင်သွားမယ်

(ဂ) သူ့ဆီသွားပြီး နှုတ်ဆက်မယ်

က= ၂   ခ= ၃    ဂ= ၁

သူငယ်ချင်းတွေကြားမှာဆို သင်က ဘယ်လိုပုံစံလဲ။

(က) ခေါင်း‌ဆောင်

(ခ) ပျော်တော်ဆက်

(ဂ) အုံ့ပုန်းသမား

က= ၂   ခ= ၃    ဂ= ၁

ထားပါတော့။ သင်က သူ့ရှေ့မှာ ရောက်နေတဲ့အခါမျိုးပေါ့။ သင်က ဝမ်းနည်းစိတ်ပျက်စရာ ကိစ္စတစ်ခုခုကြောင့် စိတ်မကောင်းဖြစ်နေတာကို မြင်ရင် သူဘာလုပ်မယ်ထင်လဲ။

(က) လာပြီး နှစ်သိမ့်လောက်တယ်

(ခ) အကျိုးအကြောင်း မေးရုံလောက်ပဲနေမှာ

(ဂ) ဘာမှလုပ်လောက်မယ် မထင်ဘူး

က= ၃  ခ= ၂     ဂ= ၁

ကဲ....‌မေးခွန်းတွေလည်း ဖြေပြီးပြီဆိုတော့ ရင်ခုန်စွာနဲ့ပဲ အောက်မှာ အဖြေကို ဖတ်ကြည့်လိုက်ပါနော်။

၈ - ၁၃ မှတ်

ဒါဆိုရင်တော့ စိတ်မကောင်းပါဘူး။ ကြည့်ရတာ သူ သင့်ကို ပြန်ကြိုက်နိုင်ခြေ အလွန့်အလွန်ကို နည်းပါတယ်။ ဒါပေမဲ့လည်း ဇွဲမလျော့ပါနဲ့ဦး။ အခုအဖြေတွေက ကိုယ့်ဘက်ကအမြင်နဲ့ပဲ ဖြေထားတာဆိုတော့ သူ့ဘက်မှာလည်း ကိုယ်မသိနိုင်တဲ့ ခံစားချက်တွေ၊ အတွေးတွေ ရှိနေနိုင်လောက်တာပဲလေ။

၁၄ - ၁၇ မှတ်

သူဘက်ကနေ တုံ့ပြန်လာနိုင်ခြေ ရှိပါတယ်။ သင့်ဘက်ကလည်း တုံဏှိဘာဝေ နေတာမျိုးမဟုတ်ဘဲ သူသတိထားမိအောင် ဆက်ကြိုးစားသင့်ပါတယ်။

၁၈ - ၂၁ မှတ်

သူ့ဘက်ကလည်း စိတ်ဝင်စားနေတာမျိုး ဖြစ်နိုင်ခြေများပါတယ်။ ဆိုတော့ ဆက်ကြိုးစားပြီး ခံစားချက်တွေကို ဖွင့်ဟပြဖို့ ပြင်ဆင်ထားသင့်ပါတယ်။

၂၂ - ၂၄ မှတ်

သေချာပေါက် သူလည်း သင့်ကို စိတ်ဝင်စားနေတာပါ။ ဒါမျိုးက လက်နှေးရင် ခွက်ဆေးရတတ်တာမို့ လုပ်စရာရှိတာဆက်လုပ်ရင်း ကံကောင်းပါစေပေါ့နော်....။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz


#ခံစားချက်
#မေးခွန်း
#သူငယ်ချင်း
#စမ်းသပ်ချက်
#အွန်လိုင်း

Some text some message..