သင်နဲ့တူတဲ့ အခင်းအမျိုးအစားအလိုက် သင်ရဲ့ပေါင်းသင်းဆက်ဆံရေးကို ပြောပြမယ်
lotaya.mpt.com.mm
|
2023-06-01

ဒီပဟေဠိလေးကလည်း ထုံးစံအတိုင်းမေးခွန်းလေးတွေဖြေခိုင်းပြီး သင်နဲ့တူတဲ့ အခင်းအမျိုးအစားကို ပြောပြပေးသွားမှာပါ။ ဒီမေးခွန်းလေးတွေကို ဖြေဆိုပြီးရင်တော လူတွေကို သင်ဘယ်လို ပြောဆိုဆက်ဆံသင့်လဲ ဆိုတာကို သိသွားရမှာပဲဖြစ်ပါတယ်။ ဒီမေးခွန်းလေးတွေက ရိုးရှင်းပေမယ့် သင်ရဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာ အထောက်အကူပြုနိုင်ပါတယ်။ မေးခွန်းလေးတွေ ဖြေကြည့်လိုက်ရအောင်ပါ။

(၁) သင့်အကြိုက်ဆုံးအရောင်ကို ပြောပြပါ။


(က) အသားရောင်

(ခ) မီးခိုးရောင်

(ဂ) အနက်ရောင်

(ဃ) အညိုရောင်

(၂) သင့်ဘဝကို ဘယ်လိုပုံစံနဲ့ ဖြတ်သန်းနေလဲ။


(က) ငြီးငွေ့ဖွယ်ကောင်းစွာနဲ့ ဖြတ်သန်းနေတယ်။

(ခ) အေးအေးဆေးအေးပါပဲ။

(ဂ) ဘာဆက်ဖြစ်မလဲဆိုပြီး ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဖြတ်သန်းနေရတယ်။

(ဃ) အဖြစ်အပျက်တွေက မြန်ဆန်လွန်းနေတယ်။

(၃) လူတစ်ယောက် သင့်ရှေ့မှာ လဲကျသွားရင် ဘာလုပ်မလဲ။


(က) သူ့ကို ကူညီမယ်

(ခ) ဒီတိုင်းထွက်သွားလိုက်မယ်

(ဂ) သူလဲကျသွားတဲ့ပုံစံကို ကြည့်ပြီး ရယ်နေမိမယ်ထင်တယ်။

(ဃ) တစ်ယောက်ယောက်ကို အော်ခေါ်ပြီး သူနဲ့အတူ ရယ်မယ်။

(၄) ဒီထဲကဘာကို သောက်ရတာကြိုက်လဲ။


(က) ဘီယာ

(ခ) နွားနို့

(ဂ) လက်ဘက်ရည်၊ ကော်ဖီ

(ဃ) ကိုကာကိုလာ

(၅) ဘယ်တိရိစ္ဆာန်လေးကို ချစ်လဲ။


(က) ဝက်ဝံ

(ခ) ကြွက်၊ ဟမ်းစတား

(ဂ) ခွေး

(ဃ) ကြောင်

(၁) ကော်ဇောအခင်း


(က) အရွေးများတဲ့ သင့်ကို လူအများက ချစ်ခင်ကြပါတယ်၊ သင်နဲ့ပြောဆိုဆက်ဆံပေါင်းသင်းရတာက စိတ်သက်သောင့် သက်သာဖြစ်ပေမယ့် တစ်စုံတစ်ယောက်က သင့်ကို နာကျင်အောင် လုပ်ရင်တော့ အဲ့ဒါကို သေချာမှတ်ထားတတ်ပါတယ်။ ပြီးရင်တော့ ပုံစံမျိုးစုံနဲ့ နာကျင်အောင်လုပ်တဲ့သူကို ပြန်ပြီး တုံ့ပြန်တတ်ပါတယ်။ ဒါပေမဲ့ သင့်အတွက် စစ်မှန်တဲ့သူတွေအပေါ်မှာတော့ ကြင်ကြင်နာနာဆက်ဆံပြီး သူတို့နားမှာ အချိန်အကြာကြီး လည်း နေနေတတ်ပါတယ်။ ကိုယ့်အပေါ်ကိုမကောင်းတဲ့သူတွေအနားကနေထွက်သွားဖို့လိုတယ်ဆိုရင်လည်း စိတ်ရှုပ် မခံဘဲ ဒီတိုင်းထွက်သာလာခဲ့လိုက်ပါ။ သင့်အတွက် စစ်မှန်တဲ့တချို့သောသူတွေက သင်ဟာအကောင်းဆုံး မိတ်ဆွေသူငယ်ချင်းတစ်ယောက်လို့တောင် သတ်မှတ်ထားကြတာပါ။

(၂) လုပ်ငန်းသုံးဗီနိုင်းကြမ်းခင်း


(ခ) ကိုအရွေးများတဲ့သင့်က ကြမ်းတမ်းတဲ့နေရာရောက်နေတာတောင်မှ တောက်ပနိုင်ပါတယ်၊ သင်နဲ့ ရင်းနှီးဖို့ ခက်တယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ သင်က ဖော်ရွေတတ်သူတစ်ယောက်ပါ။ ပုံမှန်အားဖြင့် သင်ရဲ့ အရည်အချင်းအစွမ်းအစ တွေကို ဖုံးကွယ်ပြီးနေတတ်ပါတယ်။ တကယ်တမ်း သင့်အပေါ် စစ်မှန်သူတွေနဲ့ တွေ့တဲ့အခါမှသာ သင်ရဲ့ စိတ်ရင်းအမှန်နဲ့အစွမ်းအစတွေကို ချပြတာပါ။ သင့်ကို ဦးစားပေးရွေးချယ်သူ အနည်းငယ်ပဲရှိပေမယ့် တချို့နေရာတွေမှာတော့ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်သဘောထားကို လူအများက နှစ်သက်ကြပါတယ်။

(၃) ကွန်ကရစ်ကြမ်းပြင် 


(ဂ) ကိုအရွေးများတဲ့ သင်က အကောင်းဆုံးကြမ်းပြင်အမျိုးအစားမဟုတ်တဲ့ ကြမ်းပြင်တစ်ခုပါပဲ။ သေချာတာတစ်ခုကတော့ သင်က အေးစက်ပြီး မာကြောတယ်၊ အကြမ်းခံတယ်။ သင့်မှာရှိတဲ့ တစ်ရောင်တည်း သော အရောင်ကိုသာ ချပြထားတယ်။ ကွန်ကရစ်လိုပဲ သင့်စိတ်က မာကြောတဲ့အတွက် ရည်ရွယ်ရာပန်းတိုင်ကို အရောက်သွားနိုင်တယ်။ ကွန်ကရစ်ကြမ်းပြင်ဆိုတာ အိမ်တစ်အိမ်အတွက် အကောင်းဆုံး ကြမ်းခင်းမဟုတ်ပေမယ့် လေဟာပြင်မှာတော့ တော်တော်အသုံးတည့်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်် မိသားစု အတွက် အကျိုးမများရင်တောင် အများအတွက်အသုံးဝင်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။

(၄) သစ်သားကြမ်းပြင်


(ဃ) ကို အရွေးများတဲ့သင်က လူချစ်လူခင်ပေါများသူပါ။ သင့်ကို လူအများက အသိအမှတ်ပြုပြီး လိုချင်နေကြတာပါ။ သူတစ်ပါးကို ပြုံးပျော်ရွှင်အောင် လုပ်ပေးနိုင်သူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သင့်မှာ အဆိုးဆုံးအခြေအနေတွေလည်း ရှိနေပါတယ်၊ အဲ့ဒီလို အဆိုးဆုံးတွေ ဖြစ်လာရင်တော့ သင့်အနားကို လူတွေက မလာချင်တော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ သင့်ကို ချစ်တဲ့သူတွေနဲ့ ကြာကြာနေနိုင်တာကတော့ သေချာပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz


#မေးခွန်း
#မိတ်ဆွေ
#ပန်းတိုင်
#ပေါင်းသင်းဆက်ဆံရေး
#သစ်သား

Some text some message..