
၁၉ ရာစု စိတ်ပညာရှင် ကားလ်ဂျွန်းဟာ အိပ်မက်တွေကို အထူးပြုလေ့လာခဲ့သူတစ်ဦးဖြစ်ပြီး သူက အိပ်မက်ဆိုတာ လူတွေရဲ့ မသိစိတ်ကို ဖော်ပြတဲ့တံခါးလို့ ဆိုပါတယ်။ လူတစ်ဦး လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေနဲ့ စိတ်ခံစားချက်တွေက အိပ်မက်တွေအပေါ် ကြီးမားတဲ့လွှမ်းမိုးမှုရှိတယ်လို့ ကားလ်က ပြောခဲ့ပါတယ်။ သူက လူတွေအများဆုံး မက်လေ့ရှိတဲ့ အိပ်မက် ၁၀ မျိုးနဲ့ အဲဒီအိပ်မက်တွေက ဖော်ပြနေတဲ့ အဓိပ္ပါယ်တွေကို ဖော်ပြခဲ့ပါတယ်။ သင်ရဲ့ အိပ်မက်တွေက ဘယ်လိုလိုအဓိပ္ပါယ်တွေ ဖော်ပြနေလဲဆိုတာ စမ်းစစ်ကြည့်လိုက်ပါဦး။
၁။ ပျံသန်းခြင်း

လူတွေအများဆုံး မက်တတ်တဲ့ အိပ်မက်တစ်ခုကတော့ မိုးပေါ်မှာပျံသန်းနေတဲ့ အိပ်မက်ပါ။ မိုးပေါ်ပျံနေတဲ့ အိပ်မက်က သင်ရဲ့ တစ်စုံတစ်ခုမှာ အောင်မြင်ပြီးမြောက်ဖို့ စိတ်အားထက်သန်မှုကို ဖော်ပြနေပါတယ်။ ဒါ့အပြင် လွတ်မြောက်လိုမှုနဲ့ အသစ်အဆန်းတွေ စူးစမ်းလိုမှုကိုလည်း ဖော်ပြတယ်လို့ ကားလ်က ဆိုပါတယ်။
၂။ ရေတံခွန်

အိပ်မက်ထဲမှာ ရေကိုမြင်မက်တာက ပုံမှန်အားဖြင့် သန့်စင်မှုနဲ့ တည်ငြိမ်မှုကို ကိုယ်စားပြုပါတယ်။ ရေတံခွန်ကို အိပ်မက်တာက ဘဝလမ်းကြောင်းမှာ ပိတ်ဆို့ကာဆီးနေတဲ့ အဟန့်အတားတွေကို ရှင်းလင်းဖို့ စိတ်အားထက်သန်နေတာကိုလည်း ဖော်ပြပါတယ်။ အိပ်မက်ထဲမှာ ရေအများအပြားကို မြင်မက်တတ်သူ နောက်တစ်မျိုးကတော့ ဘာသာရေးကိုင်းရှိုင်းသူတွေ ဖြစ်ပါတယ်။
၃။ သွား

အိပ်မက်ထဲမှာ သွားတွေကို မြင်မက်တာက အိုမင်းရင့်ရော်ခြင်းနဲ့ သက်ဆိုင်တယ်လို့ ကားလ်က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေ၊ စိတ်အနှောက်အယှက်ဖြစ်ရတာတွေ ကြုံတွေ့နေရရင်လည်း သွားတွေကို အိပ်မက်တတ်ပါတယ်။ သွားတွေကျွတ်ထွက်တယ်လို့ မြင်မက်တဲ့ အိပ်မက်တွေကတော့ ခံစားချက်တွေ မျိုသိပ်ထားရတာ များပြားတာကို ဖော်ပြနေပါတယ်။
၄။ သေဆုံးခြင်း

သေဆုံးခြင်းကို မြင်မက်တာက တစ်စုံတစ်ခု အဆုံးသတ်ခြင်းကို ဖော်ပြပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာတော့ ချစ်ခင်နှစ်သက်ရသူ တစ်ဦးဦးနဲ့ အဆက်အသွယ်ရဖို့ စိတ်အားထက်သန်နေချိန်မှာလည်း သေဆုံးခြင်းကို မြင်မက်တတ်တယ်လို့ ကားလ်က ဖော်ပြခဲ့ပါတယ်။
၅။ ကိုယ်ဝန်

အိပ်မက်ထဲမှာ ကိုယ်ဝန်ဆောင်သူကို မြင်မက်တာက သင့်ဘဝမှာ သိသာထင်ရှားတဲ့ တိုးတက်မှုရရှိတာ၊ ရရှိဖို့ စိတ်အားထက်သန်တာကို ဖော်ပြပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ကိုမြင်မက်တာက အချိန်ကြာမြင့်စွာ လိုလားတောင့်တနေတာတွေ အကောင်အထည်ပေါ်လာတာကိုလည်း ဖော်ပြပါတယ်။
၆။ အိမ်

အိမ်တွေကို အိပ်မက်မက်တာက ကိုယ့်ရဲ့ ပုဂ္ဂလိကခံစားချက်တွေကို ကိုယ်စားပြုပြီး အဓိပ္ပါယ်အမျိုးမျိုး ဖြစ်နိုင်တယ်လို့ ကားလ်ကဆိုပါတယ်။ အိမ်ရဲ့ ထပ်ခိုးအခန်း၊ အိပ်ခန်း စတာတွေက အမှတ်တရအဖြစ်အပျက်တွေကို သတိရနေတာကို ဖော်ပြပြီး မြေအောက်ခန်းတွေကို မြင်မက်တာက အဖြစ်အပျက်တွေအပေါ် နားလည်သိရှိမှုကို ရည်ညွှန်းနေပါတယ်။
၇။ ငွေ

အိပ်မက်ထဲမှာ ငွေကြေးကို မြင်မက်တာက အမြဲလိုလို ကြွယ်ဝချမ်းသာမှုကို ရည်ညွှန်းလေ့ရှိပါတယ်။ အိပ်မက်ထဲမှာ ထီပေါက်တာလို ငွေအလုံးအရင်း ရရှိတာက ဘဝမှာ ကြီးမားတဲ့ပြောင်းလဲမှု ကြုံတွေ့နေတာကို ဖော်ပြပါတယ်။ ငွေကြေးဆုံးရှုံးရတာကို မြင်မက်တာကတော့ ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ အောင်မြင်မှုတွေ ဆုံးရှုံးမှာကို စိုးရိမ်နေတာကို ရည်ညွှန်းပါတယ်။
၈။ ဖောက်ပြန်ခြင်း

ဖောက်ပြန်တာကို အိပ်မက်တာက အိမ်ထောင်ရေး၊ အချစ်ရေးမှာ စိတ်မလုံခြုံတာ၊ စိတ်ဖိစီးမှုများနေတာကို ဖော်ပြပါတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုလျော့နည်းတာ၊ ယုံကြည်မှုလျော့နည်းတာတွေကလည်း အိပ်မက်ထဲမှာ ဖောက်ပြန်တာတွေကို မြင်မက်စေတတ်ပါတယ်။
၉။ မီး

မီးကိုမြင်မက်တာကလည်း အခြေအနေပေါ်မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ မီးကို အဝေးကမြင်တွေ့ရတာက ပြုပြင်ပြောင်းလဲဖို့ စိတ်ဆန္ဒကို ဖော်ပြနေပြီး အနီးကပ်မြင်တွေ့ရတာကတော့ အန္တရာယ်များတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာကို ဖော်ပြပါတယ်။ မီးကို ကိုယ်တိုင်အစပြုတဲ့ အိပ်မက်ကတော့ ဒေါသကို ကိုယ်စားပြုပါတယ်။
၁၀။ ဝတ်လစ်စလစ်

အိပ်မက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဝတ်လစ်စလစ်ဖြစ်နေတာကို မြင်မက်တာက မလုံခြုံမှု စိတ်ခံစားချက်ကို ရည်ညွှန်းပါတယ်။ ဒါ့အပြင် အားနည်းချက်၊ လိုအပ်ချက်တွေကို အမှန်အတိုင်းလက်ခံဖို့ စိုးရွန့်နေတာကိုလည်း ဖော်ပြပါတယ်။ တကယ်လို့ တခြားသူတစ်ဦးဦးကို ဝတ်လစ်စလစ်ပုံစံနဲ့ မြင်မက်ရင်တော့ လေးစားမှုလျော့နည်းတာကို ရည်ညွှန်းတယ်လို့ ကားလ်က ဆိုပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz