
အခုဆိုရင် နိုင်ငံခြားဘာသာစကားတွေ လေ့လာသူတွေ အရင်ထက်ပိုများနေပါပြီ။ အဲဒီအချိန်မှာ ကိုယ့်ရဲ့မိခင်ဘာသာစကားမှာရှိတဲ့ စကားလုံးတွေ စာလုံးပေါင်းတွေကိုရော ဘယ်လောက်ထိကြေညက်နေပြီလဲ စမ်းကြည့်ရအောင်လား။
အောက်မှာမေးခွန်း (၁၀)ခု ပေးထားပါတယ်။ စာလုံးပေါင်းအမှန်ရွေးရတာ ပါသလို၊ အမှားကို ရွေးထုတ်ရတာလည်း ပါပါတယ်။ အဖြေမှန်တွေကိုတော့ အောက်ဆုံးမှာပေးထားတယ်နော်။
စလိုက်ကြစို့...
(၁) ဘယ်စာလုံးပေါင်းက အမှန်ဖြစ်မလဲ။
(က) မြှားပစ်
(ခ) မြားပစ်
(ဂ) မြှားပြစ်
(၂) ဘယ်စာလုံးပေါင်းက အမှန်ဖြစ်မလဲ။
(က) နဖာချီး
(ခ) နဖာချေး
(ဂ) နားဖာချေး
(၃) ဘယ်စာလုံးပေါင်းက အမှားဖြစ်မလဲ။
(က) ချောမောခန့်ငြား
(ခ) ယူကျုံးမရ
(ဂ) ကိုယ်စားလှယ်
(၄) ဘယ်စာလုံးပေါင်းက အမှားဖြစ်မလဲ။
(က) အကျွေးထူ
(ခ) မချိတင်ကဲ
(ဂ) ကျူးကျော်
(၅) ဘယ်စာလုံးပေါင်းက အမှန်ဖြစ်မလဲ။
(က) ကြိမ်းမောင်း
(ခ) ကျိန်းမောင်း
(ဂ) ချိန်းမောင်း
(၆) ဘယ်စာလုံးပေါင်းက အမှန်ဖြစ်မလဲ။
(က) ချွေတာ
(ခ) ခြွေတာ
(ဂ) ချွေသာ
(၇) ဘယ်စာလုံးပေါင်းက အမှားဖြစ်မလဲ။
(က) အကျမ်းဖျင်း
(ခ) ချိပ်ပိတ်
(ဂ) ဆံပင်ဖားလား
(၈) ဘယ်စာလုံးပေါင်းက အမှန်ဖြစ်မလဲ။
(က) ခူးစွတ်
(ခ) ခူးစွပ်
(ဂ) ခူးဆွတ်
(၉) ဘယ်စာလုံးပေါင်းက အမှန်ဖြစ်မလဲ။
(က) ကတုန်ကယင်
(ခ) ကတုန်ကရင်
(ဂ) ကတုံကယင်
(၁၀) ဘယ်စာလုံးပေါင်းက အမှန်ဖြစ်မလဲ။
(က) ခလုပ်ဆူးညှောင့်
(ခ) ခလုတ်ဆူးညှောင့်
(ဂ) ခလုပ်ဆူးငြောင့်
(ဃ) ခလုတ်ဆူးငြောင့်
ကဲ....ဒါဆိုရင်တော့ မေးခွန်းတွေပြီးသွားပါပြီ။ ကိုယ့်ရဲ့အဖြေတွေကိုလည်း မှတ်မိမယ်လို့ ထင်ပါတယ်နော်။ ဘယ်နှခုထိ မှန်သွားလဲဆိုတာ အောက်မှာအဖြေတိုက်ကြည့်လိုက်ပါဦး။
၁။ (ခ) မြားပစ်
၂။ (ဂ) နားဖာချေး
၃။ (က) ချောမောခန့်ငြား
၄။ (က) အကျွေးထူ
၅။ (က) ကြိမ်းမောင်း
၆။ (က) ချွေတာ
၇။ (က) အကျမ်းဖျင်း
၈။ (ဂ) ခူးဆွတ်
၉။ (က) ကတုန်ကယင်
၁၀။ (ဃ) ခလုတ်ဆူးငြောင့်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz