သင်ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ပြောပြပေးမယ့် တဲရော့ကတ်အဟော
lotaya.mpt.com.mm
|
2023-07-20

လူအများစုကို ဘာလုပ်သင့်တယ်ဆိုပြီး အကြံပေးတဲ့အခါ သူတို့ကိုယ်တိုင်နားလည်ထားတဲ့ အရာမှ မဟုတ်ရင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိကြပါဘူး။ ဒီနေရာမှာ ဘာလုပ်သင့်လဲ၊ ဘယ်လိုရှေ့ဆက်သင့်လဲ ဆိုတာကို နားလည်သဘောပေါက်ဖို့ တားရော့ကတ်တွေက ပြောပြပေးနိုင်ပါတယ်။ သင့်ကံကြမ္မာကို ဖတ်ကြည့်ပြီး သင့်ကံမှာ ပါလာတဲ့ အကျိုးပေးမယ့်အရာတွေကို တဲရော့ကတ်ကတဆင့် သိနိုင်ပါတယ်။ ကိုယ်ပိုင်အရည်အချင်း တွေကို ယုံကြည်မှုမရှိလို့ မလုပ်ဘူးဆိုပြီး ထားလိုက်တာထက် ကံကသတ်မှတ်ပေးတဲ့လမ်းကြောင်းပေါ်ကို လျှောက်လိုက်တာက သင့်အတွက် အရှုံးမရှိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ သင့်အတွက် သတ်မှတ်ပြီး သား ကံတရားဖြစ်နေလို့ပါပဲ။ ပြောင်းလဲချင်နေတာကြာပြီ၊ မဝံ့မရဲဖြစ်နေတာဆိုရင်တော့ ဒီတဲရော့ကတ်တွေကို ရွေးချယ်ကြည့်ရမယ့်အချိန် ရောက်လာပါပြီ။ အပေါ်မှာ ပြထားတဲ့ ကတ် သုံးကတ်ထဲကနေ သင်ရွေးချယ်လိုက်တဲ့ သင့်ကံကြမ္မာက ဘာဖြစ်မလဲဆိုတာကြည့်လိုက်ရအောင်ပါ။ ပြောင်းလဲပစ်ဖို့ကို မကြောက်ပါနဲ့၊ ထင်သလောက် မခက်ခဲပါဘူး။ 

ပထမကတ်


ပထမကတ်ကို ရွေးချယ်ခဲ့တဲ့သင့်ကို ကြည့်လိုက်တဲ့အခါ အပြင်ပုံပန်းသဏ္ဌန်အရ ရင့်ကျက်တဲ့ ပုံစံပေါက် ပေမယ့် အတွင်းစိတ်ကတော့ တကယ့်ကို ကလေးဆိုးကြီး တစ်ယောက်လိုပါပဲ။ သင်ကမမျှော်လင့်ထားတဲ့ အရာတွေ၊ မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကို လုပ်ဆောင်ရတာ ကြိုက်နှစ်သက်သူပါ။ ဥပမာအားဖြင့် မစီစဉ်ထားဘဲ ခရီးစဉ်တစ်ခုကိုကောက်ကာငင်ကာကြီး ထသွားလိုက်တာမျိုးပေါ့။ သင့်အတွက် အိမ်တွင်းပုန်းနေရတာက ပျင်းစရာကောင်းလွန်းပြီး အပြင်မှာ အတွေ့အကြုံအသစ်တွေကို ရှာရတာကသာ စိတ်ပျော်ရွှင်မှုကို ဖြစ်စေတာပါ။

            သင်ရွေးလိုက်တဲ့ကတ် ကပြောတာကတော့ သင်ဟာ အခြေတကျနေဖို့ အသင့်မဖြစ်သေးပါဘူးလို့ ဆိုပါတယ်၊ ဒါကြောင့် အချိန်ယူပါ။ ကိုယ်ပိုင်မိသားစုလေးကို စတင်တည်ဆောက်မယ်လို့ စဉ်းစားထားတယ်ဆိုရင် အမှား လုပ်မိသလို ဖြစ်သွားပါလိမ့်မယ်။ ခဏလေးအချိန်ယူပြီး သေချာစဉ်းစားပါဦး၊ ခဏစောင့်ပါဦး။ အရာရာတိုင်းက ချိန်သားကိုက်ဖြစ်နေမှသာ မှန်ကန်တဲ့ရွေးချယ်မှုနဲ့ ကောင်းမွန်တဲ့ရလဒ်ကို ရမှာမဟုတ်လား။

ဒုတိယကတ်


လတ်တလောမှာ ဘာမှမရေရာမသေချာတဲ့ အခြေအနေထဲမှာ ရှိနေပါတယ်။ ကိုယ်ရဲ့ အရည်အချင်းတွေ၊ အစွမ်းအစတွေကို စိတ်တိုင်းကျထုတ်သုံးလို့ မရသလိုမျိုး ခံစားမိနေပါတယ်။ ဒါပေမဲ့ တစ်ချိန်ချိန်မှာတော့ သင်ရဲ့ အစွမ်းအစတွေကို ထုတ်ဖော်ပြသခွင့်ရလာမှာပါ။ သင့်စိတ်ကို သိနိုင်ဖို့အတွက် အသစ်အဆန်းတစ်ခုခုကို လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဘယ်အရာကို တကယ်စိတ်ဝင်စားလဲ၊ ဘာလုပ်ချင်နေတာလဲဆိုတာကို သေချာစဉ်းစားကြည့်လိုက်ပါ။ လူကြိုက်များတဲ့ စာပေဂီတအနုပညာလက်ရာတွေကို သင်ဖန်တီးစရာမလိုပါဘူး။ တခြားသော နယ်ပယ်တွေမှာ သင်စိတ်ပါဝင်စားတဲ့အရာကို သေချာလုပ်ပြလိုက်ပါ။ ဒါမှသာ သင် စိတ်ကျေနပ်မှု ရမှာဖြစ်ပါတယ်။ လူကြိုက်များတာက အောင်မြင်တာမဟုတ်ပါဘူး၊ ကိုယ့်လုပ်ရပ်တွေကို ကိုယ်တိုင်စိတ်တိုင်းကျ တာကသာ အောင်မြင်တာ ဆိုတဲ့စကားကို သတိရပေးပါ။

တတိယကတ်


လူတိုင်းက ဘဝမှာ အနည်းဆုံးတစ်ကြိမ်တော့ လောကဓံရဲ့ ရိုက်ပုတ်မှုကို ခံကြရသူချည်းပါပဲ၊ ဒါပေမဲ့ ဒီထဲမှာ သင်မပါပါဘူး။ မကောင်းတဲ့အရာမှန်သမျှက သင့်အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုမှ ဖြစ်စေမှာ မဟုတ်ပါဘူး။ ရွေးလိုက်တဲ့ တဲရော့ကတ်ကလည်း သင်ကအမြဲတမ်းအကောင်းတဲ့ဘက်ကို တွေးတတ်သူ တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ အကောင်းဘက်ကိုတွေးတယ်ဆိုတာ အကြောင်းကိစ္စတွေကို  ပေါ့ပေါ့ တန်တန်သဘောထားတာ၊ ဂရုမစိုက်ဘဲ အလေးမထားတာမျိုးတွေကို ပြောတာမဟုတ်ပါဘူး။ စိတ်ထား ကောင်းတယ်၊ စိတ်ထားလှတယ်၊ အပြုသဘောဆောင်တာကို တွေးတယ် လို့ ပြောချင်တာပါ။

            တဖက်မှာလည်း သင်ယုံကြည်ရာနောက်ကို အဆက်မပြတ်လိုက်နေပါတယ်။ သင်ရဲ့ ဒီလို ရိုးသား ကြိုးစားတဲ့ ပုံစံအတိုင်းပဲ ဆက်သွားပါ၊ မကြာခင်မှာ သာယာလှပတဲ့ အပြောင်းအလဲတွေ ရောက်လာတော့မှာပါ။ သင်နဲ့ ဆွေမျိုးနီးစပ်သူ ဒါမှမဟုတ် ခင်မင်ရင်းနှီးသူတစ်ယောက်က သင့်ဘဝကို အများကြီး ပြောင်းလဲသွားစေမယ့် အံ့အားသင့်ဖွယ်လက်ဆောင်ပေးဖို့ရှိနေတယ်လို့ သင့်ကံဇာတာက ပြောနေပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz


#လက်ဆောင်
#မိသားစု
#ယုံကြည်မှု
#အသစ်အဆန်း
#ဘဝ

Some text some message..