
ကိုယ့်ရဲ့ချစ်သူက ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာကို လူတိုင်းသိချင်ကြပါတယ်။ အထူးသဖြင့် ချစ်သူမရှိသေးတဲ့သူတွေ ဒီမေးခွန်းကို ပိုပြီးမေးဖြစ်ကြမှာဖြစ်ပြီး ချစ်သူရှိပြီးသူတွေကလည်း ကိုယ့်ရဲ့ချစ်သူကောင်လေးပုံစံမျိုးနဲ့ ထပ်တူကျမကျကို အဖြေရှာကြည့်လို့ရပါတယ်နော်။ ရိုးရှင်းပြီးပျော်စရာကောင်းတဲ့ မေးခွန်းလေးတွေဖြေရင်း သင့်ရဲ့ချစ်သူကောင်လေးပုံစံ ဘယ်လိုမျိုးဖြစ်မယ်ဆိုတာကို ရှာဖွေကြည့်လိုက်ပါ။
သင့်ချစ်သူကောင်လေးရဲ့ ဘယ်လိုဖက်ရှင်ပုံစံမျိုး ရှိမယ်ထင်လဲ။
သူ့ရဲ့အသွင်အပြင်တွေထဲမှာ ဘယ်အရာကို သင်သတိထားမိဆုံးလဲ။
A. အပြုံး C. အရပ်အမြင့်
B. မျက်လုံး D. အသံ
သင်တို့ရဲ့ first date ကိုဘယ်လိုမျိုး ဖြတ်သန်းချင်လဲ။
သူ့ရဲ့ချစ်စရာအကောင်းဆုံးအချက်က ဘာဖြစ်မလဲ။
A. ချိုသာပြီး ဂရုစိုက်တတ်တယ် C. ချစ်စရာကောင်းတယ်
B. လူကြီးလူကောင်းဆန်တယ် D. အားပေးဖေးမတတ်တယ်
သူ့ရဲ့အရပ်မမြင့်က သင်နဲ့ယှဉ်ရင် ဘယ်လိုမျိုးလဲ။
A. သင့်ထက်ပိုပုမယ် C. သင်နဲ့အတူတူ
B. သင့်ထက်ပိုရှည်မယ် D. ဘယ်လိုပဲဖြစ်ဖြစ် အရေးမကြီးဘူး
ချစ်သူများနေ့မှာ သင်သူ့ဆီက အလိုချင်ဆုံးလက်ဆောင်က ဘာဖြစ်မလဲ။
သူသင့်ကို ဘယ်လိုနာမည်လေး ခေါ်စေချင်လဲ။
A. သဲလေး C. ကိုယ့်နာမည်တစ်လုံး
B. ချစ် D. မ
သင်သူ့ဆီမှာ မကြိုက်တဲ့အချက်က ဘာဖြစ်မလဲ။
A. တွယ်ကပ်ပြီး စိတ်ခံစားလွယ်တာ C. အလုပ်တွေအများကြီး လုပ်တာ
B. ကလေးအမူအရာတွေ D. ခေါင်းမာပြီး တစ်ခြားသူတွေနဲ့ အူတိုတတ်တာ
သူ့ရဲ့ဝါသနာက ဘာဖြစ်မလဲ။
A. အနုပညာ C. ဓာတ်ပုံရိုက်တာ
B. အချက်အပြုတ် D. စကိတ်စီးတာ
ကဲ...မေးခွန်းတွေကတော့ ပြီးသွားပါပြီ။ ကိုယ်ဖြေခဲ့တဲ့အဖြေတွေထဲမှာ A,B,C,D ထဲမှာ ဘယ်ဟာ အများဆုံးဖြေခဲ့ပါသလဲ။ အများဆုံးအဖြေနဲ့လိုက်ပြီး အောက်မှာသင့်ချစ်သူပုံစံကို ဖတ်ကြည့်လိုက်တော့နော်။
A
တကယ်လို့သင်က A ကို အများဆုံးရွေးချယ်မိမယ်ဆိုရင်တော့ သင့်ရဲ့ကောင်လေးဟာ နူးညံသိမ်မွေ့တဲ့ ချစ်သူကောင်လေးမျိုး ဖြစ်မှာပါ။ သူက သဘောထားပြည့်ဝပြီး သိစ္စာရှိတဲ့သူတစ်ယောက်ဖြစ်သလို သူ့ရဲ့ဦးစားပေးမှုက အမြဲတမ်းသင်ဖြစ်နေတတ်ပြီး သင့်ကိုအမြဲတမ်းပြုံးရယ်လာအောင် ဖန်တီးပေးတတ်တဲ့ ကောင်လေးမျိုးပါ။ သင်က သူနဲ့အတူရှိနေတဲ့အချိန်မျိုးမှာ လုံခြုံမှုရှိတဲ့ခံစားမှုမျိုးကို ခံစားရမှာဖြစ်ပါတယ်။
B
တကယ်လို့ သင်ဟာ B ကိုသာအများဆုံးရွေးချယ်မိမယ်ဆိုရင် သင့်ရဲ့ချစ်သူကောင်လေးဟာ ရင့်ကျက်တည်ငြိမ်တဲ့ ကောင်လေးမျိုးဖြစ်မှာပါ။ အစပိုင်းမှာတော့ သင့်ကောင်လေးဟာ ခေါင်းမာပြီး အေးစက်စက်နိုင်တယ်လို့ ထင်ရပေမယ့် သင်နဲ့ပတ်သက်လာရင်တော့ အမြဲတမ်းနူးညံပျော့ပျောင်းနေတတ်သူ ဖြစ်ပါတယ်။ သင်နဲ့ သင့်ဆုံးဖြတ်ချက်တွေအပေါ် အမြဲတမ်းလေးစားမှုရှိပြီး အမြဲတမ်းလည်း အားပေးကူညီပေးတတ်တဲ့ သူမျိုးဖြစ်ပါတယ်။
C
တကယ်လို့ သင်က C ကိုအများဆုံးရွေးချယ်မိမယ်ဆိုရင် သင့်ရဲ့ချစ်သူဟာ shy introvert အမျိုးအစားမျိုး ဖြစ်မှာပါ။ သူက စကားတွေအများကြီးတော့ မပြောတတ်ပေမယ့် သင်ပြောသမျှကို နားထောင်ပေးတတ်တဲ့ ကောင်လေးမျိုးပဲ ဖြစ်ပါတယ်။ သင့်အတွက် သူဟာအမြဲတမ်းအနစ်နာခံပေးတတ်ပြီး သင်ပျော်ရွှင်ဖို့ သူတတ်စွမ်းသလောက် လုပ်ဆောင်ပေးမယ့် ချစ်သူကောင်လေးမျိုးပဲ ဖြစ်ပါတယ်။
D
တကယ်လို့ သင်ဟာ D ကို အများဆုံးရွေးမိမယ်ဆိုရင်တော့ သင့်ချစ်သူကောင်လေးဟာ ကောင်ဆိုးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူက သင့်ကိုစနောက်ရတာကြိုက်ပြီး သင့်ကိုချီးကျူးပြောဆိုမှုတွေလည်း လုပ်တတ်တာဖြစ်ကာ အကြောင်းမရှိပဲ သင့်ကိုစိုက်ကြည့်ပြီး ပြုံးစေ့စေ့လုပ်နေတတ်တာတဲ့ ကောင်လေးမျိုးဖြစ်ပါတယ်။ သူ့အချစ်တွေကို အများကြီးထုတ်မပြတတ်ပေမယ့် သူဟာသင့်ကိုဘယ်တော့မှ တစ်ယောက်တည်းပစ်ထားခဲ့မယ့် သူမျိုးမဟုတ်ပဲ သူရှင်းပြနိုင်တာထက် သင့်ကိုပိုချစ်တာ ဖြစ်ပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz