
မေးခွန်းလေးတွေကို ဖြေဆိုပေးပြီး သင်ရဲ့ဖူးစာရှင်နဲ့ ဘယ်နေရာမှာ တွေ့နိုင်မလဲဆိုတာကို သိနိုင်မှာပဲ ဖြစ်ပါတယ်။ မေးခွန်းလေးတွေကို သေချာဖတ်ပြီး အဖြေကို စာရွက်ပေါ်မှာ ရေးချပြီး မှတ်ထားဖို့လည်း မမေ့ပါနဲ့ဦးနော်။
(1)ပထမဆုံးမေးခွန်းက သင့်ကိုယ်သင် ဘယ်လိုမြင်ပါသလဲ။

(a) အချစ်များသူ
(b) စွန့်စားတတ်သူ
(c) ဖော်ရွေသူ
(d) ငဲ့ညှာသနားတတ်သူ
(e) စပ်စုတတ်သူ
(f) တိကျသေချာသူ
(2) အားလပ်ချိန်တွေမှာ သင်အလုပ်ချင်ဆုံးအရာက ဘာဖြစ်မလဲ။

(a) စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ဖတ်တာ
(b) ကိုယ်တိုင် ကတာ ဒါမှမဟုတ် တခြားတွေကတာကို ကြည့်တာ
(c) မွေးထားတဲ့ ခွေးလေးနဲ့ လမ်းလျှောက်ထွက်ရင်း စကားပြောတာ
(d) သူငယ်ချင်းတွေနဲ့ တတွဲတွဲအတူရှိနေချင်တာ
(e) တွေ့ဆုံပွဲတွေကို သွားတာ
(f) ခရီးထွက်တာ
(3) ဘယ်လိုအချစ်ဇာတ်လမ်းအမျိုးအစားတွေကို ကြည့်ချင်လဲ။

(a) ဇာတ်ကောင်တွေက ရူးရူးမိုက်မိုက် မလုပ်တဲ့ ဇာတ်လမ်း
(b) ဇာတ်လမ်းအဆုံးမှာ ညားမယ်ထင်ပေမယ့် တကယ်တမ်းကျတော့ မညားသွားတဲ့ ဇာတ်လမ်း
(c) အထက်တန်းကျောင်းသားဘဝ အချစ်နဲ့ပတ်သက်ပြီး ထားခဲ့ခံရတဲ့ ဇာတ်လမ်း
(d) ကွင်းပြင်ကြီးထဲမှာ ထားခဲ့ခံရတဲ့ ဇာတ်လမ်း
(e) ချစ်သူနှစ်ယောက် ခရီးထွက် ကမ္ဘာပတ်တဲ့ ဇာတ်လမ်း
(f) Happy ending နဲ့ အဆုံးသတ်တဲ့ ဇာတ်လမ်း
(4) သင့်အခန်းက ဘယ်လိုပုံစံလဲ။

(a) ကခုန်လို့ရတဲ့နေရာလည်းရှိတယ်၊ တစ်ခန်းလုံးမှာ ကိုယ်တိုင်ဖန်တီးထားတဲ့ အနုပညာလက်ရာတွေထား ထားတယ်။
(b) သပ်သပ်ရပ်ရပ်ပါပဲ
(c) သူငယ်ချင်းတွေနဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံတွေ အခန်းအပြည့်ပဲ
(d) တစ်ခန်းလုံး စာအုပ်တွေချည်းပဲ
(e) အပြင်ပဲထွက်နေရလို့ အခန်းထဲ ဘာမှသိပ်မထားဖြစ်ဘူး
(f) အခန်းရဲ့ တစ်ဝက်လောက်က မွေးထားတဲ့ခွေးရဲ့ ပစ္စည်းတွေနဲ့ ပြည့်နေတာ
(5) နောက်ဆုံးမေးခွန်းကတော့ ချစ်ရသူနဲ့ ဘယ်လိုနေရာမှာ ချိန်းတွေ့ချင်လဲ။

(a) စွန့်စားသွားရတဲ့ခရီးတစ်ခုကို အတူသွားချင်တယ်။
(b) သူငယ်ချင်းတွေနဲ့ကော ချစ်ရသူနဲ့ပါ အားလုံးကို တစ်ပြိုင်တည်း တွေ့မယ်။
(c) အတူတူ ကရင်း ချိန်းတွေ့ချင်တယ်။
(d) စားရင်းသောက်ရင်း ချိန်းတွေ့မယ်။
(e) တောင်တက်ခရီးသွားရင်း တွေ့ချင်တယ်။
(f) ထူးခြားဆန်းကျယ်တဲ့ မှတ်တမ်းရုပ်ရှင်ကို အတူတူကြည့်ရင်း ချိန်းတွေ့မယ်။
ကဲ…ဖူးစာရှင်လေးကို ဘယ်နေရာမှာတွေ့နိုင်မလဲ ကြည့်လိုက်ရအောင်ပါ။

(၁) စာကြည့်တိုက်မှာ
(a) ကို အရွေးများတဲ့ သင်က ထက်မြက်တယ်၊ ဆိတ်ငြိမ်တယ်၊ အရာရာကို သိချင်စိတ်ရှိပါတယ်။ အကောင်းဆုံးထက် လျော့နည်းတဲ့ အရာတွေက သင်နဲ့အဆင်ပြေမှာ မဟုတ်ပါဘူး။ စာကြည့်တိုက်ထဲမှာ စာအုပ်တစ်အုပ်တည်းကို အကြည့်ချင်းဆုံရင်း သင့်ဖူးစာရှင်နဲ့ တွေ့နိုင်ပါတယ်။
(၂) မိတ်ဆွေတွေထဲမှာ
(b) ကို အရွေးများတဲ့ သင်က အေးဆေးတည်ငြိမ်သူ၊ သဘောထားကြီးပြီး စိတ်ရှည်သူတစ်ယောက် ဖြစ်ပါတယ်။ သင့်အတွက် မှန်ကန်သူတစ်ယောက်၊ သင်ယုံကြည်စိတ်ချရသူတစ်ယောက်နဲ့ အတူရှိနေလိုပါတယ်။ အဲ့ဒါကြောင့် သင်ရဲ့ဖူးစာရှင်က သင်သိပြီးသား ရင်းနှီးပြီးသားသူတွေထဲကပဲ ဖြစ်နိုင်ပါတယ်။
(၃) Dog park
(c) ကို ရွေးတာများတယ်ဆိုရင်တော့ သင်က လူတွေထက် တိရိစ္ဆာန်လေးတွေကို ပိုချစ်တတ်သူပါ။ သင့်လိုပဲ တိရိစ္ဆာန်ချစ်သူနဲ့သာ နေချင်တာကြောင့် ခွေးပန်းခြံလို နေရာမျိုးမှာ ဖူးစာရှင်တွေ့တယ်ဆိုတာ အံ့ဩစရာတော့ မရှိပါဘူး။
(၄) အလုပ် သို့မဟုတ် ကျောင်း
(d) ရွေးတာ များတယ်ဆိုရင် သင်က ဖော်ရွေပြီး တတ်ကြွသူတစ်ယောက်ပါ။ သင်ရဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေထဲက သင်နဲ့အချိန်အများဆုံးရှိနေသူက ဖူးစာဖက်ဖြစ်လာနိုင်ပါတယ်။
(၅) အားလပ်ရက်မှာ
(e) ကို ရွေးတာများတယ်ဆိုရင်တော့ သင်ဟာ စွန့်စားတတ်သူ၊ ငြီးငွေ့လွယ်သူပါ။ တစ်နေရာတည်းမှာ အတည်တကျမနေနိုင်တာကြောင့် ကမ္ဘာအနှံ့ ခရီးပတ်ထွက်ရင်း ဖူးစာရှင်နဲ့တွေ့ဆုံမယ့်သူပါပဲ။
(၆) အကသင်တန်းမှာ
(f) ကိုအရွေးများတဲ့ သင်က စိတ်အားထက်သန်တယ်၊ ဂီတကို လိုလားသူ၊ စိတ်ကူးယဉ်တတ်သူပါ။ သင်ချစ်တဲ့အရာကို လုပ်နေတာကြောင့် သင့်ချစ်သူက သူရဲ့ စိတ်ကူးအိမ်မက်တွေကို လက်လွှတ်လိုက် ရနိုင်ပါ တယ်။ ဒါကြောင့် သူရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ အလဟဿမဖြစ်ရအောင် သင်ရဲ့ အနုပညာရသကို ပြောင်မြောက်စွာနဲ့ ဖော်ပြလိုက်ပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz