သင်ရဲ့ဘဝအမြင်ကို ဖော်ပြနေတဲ့ လမ်းကြောင်းများ
lotaya.mpt.com.mm
|
2024-01-07

ဖော်ပြထားတဲ့ပုံမှာ မတူညီတဲ့ လမ်းကြောင်း ၆ ခု ပါဝင်ပါတယ်။ အဲဒီထဲက သင်အကြိုက်ဆုံး လမ်းကြောင်းပုံတစ်ခုကို ရွေးလိုက်ပါ။ သင်ရွေးချယ်လိုက်တဲ့ပုံက သင်ရဲ့ဘဝအမြင်နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာအချက်တွေ ဖော်ပြနေပါတယ်။

၁။


ပထမဆုံးပုံကတော့ တခြားကမ္ဘာတစ်ခုကို သွားရောက်တဲ့လမ်းကြောင်းဖြစ်ပါတယ်။ ဒီပုံကို ရွေးချယ်ခဲ့ရင်တော့ သင်ဟာ လက်ရှိဘဝအခြေအနေကနေ လုံးဝကွဲပြားခြားနားတဲ့ ဘဝသစ်တစ်ခုကို တောင့်တနေတယ်လို့ ဆိုနိုင်ပါတယ်။ သင်ဟာ ငယ်စဉ်ကတည်းက ထူးခြားဆန်းကြယ်တဲ့ ဇာတ်လမ်းတွေကို နှစ်သက်သူဖြစ်ပြီး သာမန်ရိုးရှင်းတဲ့ ပုံသေကားကျဘဝကို စွန့်ခွာပြီး စိတ်လှုပ်ရှားစရာတွေ အပြည့်ရှိတဲ့ ဘဝမျိုးကို ရှာဖွေဖို့ အမြဲစိတ်အားထက်သန်နေသူ ဖြစ်ပါတယ်။

၂။


နံပါတ် ၂ လမ်းကြောင်းကတော့ နတ်သမီးပုံပြင်တွေကို ကိုယ်စားပြုပါတယ်။ ဒီပုံကိုရွေးခဲ့ရင်တော့ သင်ဟာ ဘဝရဲ့ အခက်အခဲနဲ့ ဒုက္ခတွေကြားမှာတောင် အလှတရားတွေရှိနေတယ်လို့ ရှု့မြင်သူ ဖြစ်ပါတယ်။ သင်ဟာ ကဗျာနဲ့ ဂန္ထဝင်ဂီတတွေကို နှစ်သက်ပြီး အကောင်းမြင်စိတ်ရှိသူလည်း ဖြစ်ပါတယ်။ စိတ်ထိခိုက်စရာနဲ့ ထိခိုက်မှုတွေ ကြုံတွေ့ရရင်လည်း အဆုံးသတ်မှာတော့ ကောင်းမွန်တဲ့ရလဒ် ရရှိလာမယ်လို့ ယုံကြည်ချက်ရှိသူ ဖြစ်ပါတယ်။

၃။


နံပါတ် ၃ လမ်းကြောင်းကတော့ ဘာသာရေးယုံကြည်ချက်နဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ကိုယ်စားပြုပါတယ်။ တကယ်လို့သင်ဟာ ဒီပုံကိုရွေးချယ်ခဲ့ရင်တော့ ခံစားချက်နဲ့ ယုံကြည်မှုကို အလေးထားတဲ့သူ ဖြစ်ပါတယ်။ ဘဝရဲ့ အတက်အကျတွေကို နားလည်လက်ခံတဲ့အမြင်ရှိပြီး တည်ငြိမ်စွာကျော်ဖြတ်နိုင်သူ ဖြစ်ပါတယ်။ ဘဝရဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ဘာသာရေးအဆုံးအမနဲ့ အစဉ်အလာတွေကို အလေးထားသူ ဖြစ်ပါတယ်။

၄။


နံပါတ် ၄ လမ်းကြောင်းကို ရွေးချယ်ခဲ့ရင်တော့ သင်ဟာ စူးစမ်းလိုစိတ် ပြင်းပြပြီး ဘဝရဲ့အဓိပ္ပါယ်ကို အမြဲရှာဖွေနေသူလို့ ဆိုနိုင်ပါတယ်။ သင်ဟာ ရှေးဟောင်းသမိုင်းနဲ့ အယူအဆတွေ၊ ဆန်းကျယ်တဲ့ ရိုးရာအစဉ်အလာတွေကို စိတ်ဝင်စားပြီး မတူညီတဲ့အတွေးအခေါ်တွေကို လေ့လာရတာ ဝါသနာပါသူ ဖြစ်ပါတယ်။ သင့်အတွက်ကတော့ စစ်မှန်တဲ့အမှန်တရားကို ရှာဖွေမှုက အရေးအပါဆုံး အလုပ်တစ်ခု ဖြစ်ပါတယ်။

၅။


တကယ်လို့ နံပါတ် ၅ လမ်းကြောင်းကို ရွေးချယ်ခဲ့ရင်တော့ သင်ဟာ စည်းမျဉ်းစည်းကမ်းတွေရဲ့ ထိန်းချုပ်မှုက လွတ်ကင်းတဲ့ လွတ်လပ်မှုကို တန်ဖိုးထားသူဖြစ်ပါတယ်။ သင်ဟာ ဘဝမှာ ကိုယ့်စိတ်ခံစားမှုအတိုင်း နေထိုင် ရှင်သန်လိုသူဖြစ်ပြီး ဝေဖန်မှုတွေကို အလေးထားလေ့ မရှိပါဘူး။ လွတ်လပ်တဲ့အတွေးအခေါ်ရှိပြီး ပြဿနာတွေ ကြုံတွေ့ချိန်မှာ တခြားသူတွေ မမြင်တွေ့နိုင်တဲ့ ဖြေရှင်းချက်တွေကို ရှာဖွေတွေ့ရှိသူလည်း ဖြစ်ပါတယ်။

၆။


နောက်ဆုံးနံပါတ် ၆ လမ်းကြောင်းကတော့ သဘာဝတရားနဲ့ နီးစပ်မှုကို ဖော်ပြပါတယ်။ ဒီပုံကို ရွေးချယ်ခဲ့ရင်တော့ သင်ဟာ သဘာဝတရားကို မြတ်နိုးပြီး လူတွေရှုပ်ထွေးတဲ့ မြို့ပြနဲ့ ဝေးဝေးနေလိုသူလို့ ဆိုနိုင်ပါတယ်။ သင်ဟာ မိသားစုကို ခင်တွယ်တတ်ပြီး ဘဝကို တည်တည်ငြိမ်ငြိမ်နဲ့ နေထိုင်ဖြတ်သန်းလိုသူပါ။ သင့်အတွက်ကတော့ ဘဝမှာ အေးချမ်းမှုက အရေးအပါဆုံးအဖြစ် ရှုမြင်ထားသူလည်း ဖြစ်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz


#အခက်အခဲ
#ခံစားချက်
#ပုံပြင်
#မိသားစု
#ဘဝ

Some text some message..