
စိတ်ထဲမှာ တစ်ခုခုလေးလံနေပြီဆိုရင် ဘယ်ကိုပဲသွားသွား ဘယ်နေရာမှာပဲနေနေ ဝန်ထုပ်ဝန်ပိုးတစ်ခုကို သယ်သွားနေရသလိုပါပဲ။ တစ်ခါတရံမှာ စိတ်ဖိစီးမှုတွေ ၊ ပြောလို့မရတဲ့ လျှို့ဝှက်ချက်တွေ၊ လုပ်လို့မဖြစ်တဲ့ တချို့အခြေအနေတွေက လေးလံမှုဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကိုဖြစ်စေပါတယ်။ သင့်စိတ်ထဲမှာ ဘယ်လိုဝန်ထုပ်တွေကို သယ်ဆောင်ထားနေသလဲ ၊ ဒါတွေကိုလျှော့ချဖို့ အချိန်တန်ပြီလားဆိုတာသိရအောင် အောက်မှာဖော်ပြထားတဲ့ စမ်းသပ်ချက်တွေကို တူတူဖြေကြည့်လိုက်ရအောင်။
၁။ မိဘတွေကို ကိုယ်ရေးကိုယ်တာကိစ္စ ပြောပြရတာ အဆင်ပြေခဲ့ပါသလား။

A . မပြောဖြစ်ပါဘူး
B . တစ်ခါတလေပေါ့
C . ဘယ်တော့မှ မပြောခဲ့ဘူး
၂။ တခြားလူကို ပြောချလိုက်ချင်တဲ့စကားတွေ မကြာခဏ “ မျို ’’ ချတတ်ပါသလား။

A . ဟုတ်တယ်
B . တစ်ခါတလေပေါ့
C . ဘွင်းဘွင်းပဲ ၊ ပြောချပစ်လိုက်တယ်
၃။ သင့်ကို တစ်ခုခုဆို လမ်းပြပြောပေးနိုင်တဲ့သူတွေရှိလား။

A . မရှိ
B . ရှိတာပေါ့
C . တစ်ယောက်မှကို မရှိတာ
၄ ။ လူအများစုက သင့်ကို နှစ်နှစ်ကာကာ ခင်တယ်လို့ မှတ်ယူထားလား။

A . မထင်ဘူး
B . တစ်ချို့တော့ ခင်မှာပေါ့
C . ဘယ်သူမှ မရှိပါဘူး
၅။ သင်က အလွယ်တကူ စိတ်ပျက်တတ်သူလား။

A . ဘယ်တော့မှ စိတ်မပျက်တတ်ဘူး
B . တစ်ခါတလေတော့ ပျက်မိတယ်
C . အချိန်တိုင်းကို စိတ်ပျက်မိတာပါ
၆။ အကြောင်းပြချက်မရှိဘဲ စိတ်ဖိစီးမှုတွေ မကြာခဏခံစားရတတ်လား။

A . ဘယ်တော့မှ မခံစားရဘူး
B . တစ်ခါတလေတော့ပေါ့
C . အချိန်တိုင်းပဲ
၇။ သင် ချစ်ခင်နှစ်သက်သူက နာကျင်မှုကို မကြာခဏပေးတတ်သလား။

A . ဘယ်တော့မှ မပေးဘူး
B . တစ်ခါတလေတော့ ပေးပါ့
C . အချိန်တိုင်းကို ပေးနေတော့တာ
၈။ သင့်ကိုယ်သင် အပြစ်ရှိသူလို့ မကြာခဏ ခံစားရတတ်ပါသလား။

A . ခံစားရတယ်
B . တစ်ခါတလေ
C . မခံစားရဘူး
၉။ သည်းထိတ်ရင်ဖိုစရာ (ဒါမှမဟုတ်) ကြောက်စရာကောင်းတဲ့ ရုပ်ရှင်တွေကို ကြိုက်တတ်လား။

A . မုန်းတယ်
B . ကြည့်ပါတယ်
C . အဲလိုဇာတ်လမ်းမျိုးကိုမှ ကြိုက်တာ
၁၀။ ကြောက်စရာကောင်းတဲ့ တစ်ခုခု ဖြစ်နေပြီ (ဒါမှမဟုတ်) ဖြစ်ပေါ်လာတော့မယ်လို့ ခံစားဖူးပါသလား။

A . မခံစားရဘူး
B . တစ်ခါတလေ
C . ခံစားရတယ်
၁၁။ နာကျင်စရာ ဒါမှမဟုတ် ကြောက်လန့်စရာ အတွေးတွေကို မကြာခဏဆိုသလို ဖယ်ထုတ်နေရတယ်။

A . ခပ်ရှားရှားပါ
B . တစ်ခါတလေပေါ့
C . အချိန်တိုင်းလိုလိုပါ
၁၂။ ဖုန်း ဒါမှမဟုတ် စာအုပ်မပါဘဲ ပန်းခြံခုံတန်းလျားတွေမှာ တစ်ယောက်တည်း ဘယ်လောက်ကြာကြာ ထိုင်ဖြစ်သလဲ။

A . မိနစ်အနည်းငယ်
B . ပုံမှန်မရှိဘူး
C . နာရီနဲ့ချီပြီးကို ထိုင်ဖြစ်တာ
၁၃။ သင် မကောင်းတာတစ်ခုခုဖြစ်ပြီဆိုရင် လူတိုင်းသိလား။

A . ဘယ်သူမှမသိဘူး
B . တချို့ကတော့ သိတယ်
C . ကိုယ်နဲ့စကားပြောတဲ့သူတိုင်းသိတာပေါ့
အဖြေများ
A ရဲ့အရေအတွက်ဟာ B နဲ့ C တစ်ခုချင်းစီထက် များနေတယ်ဆိုရင်

သင်ရဲ့ရွေးချယ်မှုက A တွေများနေပြီဆိုရင် သင်ရဲ့ နှလုံးသားနဲ့ စိတ်ဟာ လျှို့ဝှက်ချက်တွေ၊ ပြောမထွက်တဲ့ စကားလုံးတွေကို သယ်ဆောင်ထားရလို့ ပင်ပန်းနွမ်းနယ်နေပါပြီ။ သင်ရဲ့စိတ်ထဲမှာ မုန်တိုင်းသဖွယ် ဝန်ထုပ် ဝန်ပိုးတစ်ခုရှိနေပြီး အဲ့ဒါကို ပေါက်ကွဲမထွက်စေဖို့ ထိန်းသိမ်းရလွန်းလို့လည်း စိတ်တော်တော်ကုန်နေပြီ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ပဲဖြစ်ဖြစ်၊ သင့်ကိုအကဲမဖြတ်ဘဲ နားထောင်ပေးမယ့်သူနဲ့ဖြစ်ဖြစ် သူတို့ဆီကနေအကူအညီရယူဖို့အကြံပေးချင်ပါတယ်။ ဒီလိုလေးလံတဲ့ဝန်ကို သင်ကိုယ်တိုင်မထမ်းပါနဲ့တော့။ စိတ်ပိုင်းဆိုင်ရာမှာ လေးလံလွန်းတဲ့ ဝန်ထုပ်ဝန်ပိုးဟာ သင့်ဘဝအရည်အသွေးကို အမှန်တကယ် ထိခိုက် စေနိုင်တယ် ဆိုတာကို သတိထားဖို့လိုအပ်ပါတယ်။ ဒီစမ်းသပ်မှုကနေ သင့်ကို အကျိုးတစ်စုံတစ်ရာရရှိစေဖို့ မျှော်လင့်ပါတယ်။
A ရဲ့အရေအတွက်ဟာ B နဲ့ C တစ်ခုချင်းစီထက် နည်းနေတယ်ဆိုရင်

သင်ရဲ့အဖြေတွေထဲမှာ A အရေအတွက်နည်းနေတယ်ဆိုရင်တော့ သင်က ပေါ့ပေါ့ပါးပါးနေတတ်သူ ဖြစ်ပါတယ်။ အတွေးထဲမှာ လျှို့ဝှက်ချက်ဆိုတာကို မသိမ်းဆည်းထားတတ်သူပါ။ ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် အရာတွေ ရှိရင်လည်း သင့်ကို နားထောင်ပေးမယ့်သူတွေရှိနေတတ်ပါတယ်။ အနေအထိုင်ရော၊ စိတ်ရော နှစ်ခုစလုံးက ပေါ့ပေါ့ပါးပါးနေတတ်ပြီး လေးလံစေတဲ့ မှတ်ဉာဏ်တွေ၊ အတွေးတွေ၊ လျှို့ဝှက်ချက်တွေ၊ စကားလုံးတွေစတဲ့ စိတ်နှလုံးထိခိုက်စေတဲ့အရာတွေကို အရေးတယူခေါင်းထဲမထည့်တတ်သူပဲ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုမရှိတဲ့ ရိုးရှင်းတဲ့ဘဝနဲ့နေထိုင်ရမှာဖြစ်သလို အဲဒါကပဲ လူသားအားလုံးအတွက် ခရီးအဆုံးမှာ လိုချင်နေတဲ့အရာဖြစ်တယ်ဆိုတာကို သင်က ကောင်းကောင်းသိတဲ့သူပဲဖြစ်တယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz