အတွင်းစိတ်ခရီးစဉ်နဲ့သင့်အကြောင်းဖော်ထုတ်လိုက်ရအောင်
lotaya.mpt.com.mm
|
2024-06-08

အခုဖော်ပြပေးမှာကတော့ မျက်လုံးလေးတွေကိုမှိတ်ပြီး အတွင်းစိတ်နဲ့ ငြိမ်းချမ်းရေး ခရီးစဉ်တစ်ခု စတင်ဖို့ ဖန်တီးထားပါတယ်။ ဒီစမ်းသပ်မှုဟာ အကောင်းဆုံးအပန်းဖြေနည်းနဲ့ သင့်ကို ဘယ်အရာတွေက အားအင်တွေပြန်ဖြည့် ပေးမလဲဆိုတာကို သိရှိဖို့ ကူညီပေးပါလိမ့်မယ်။ လွယ်ကူပြီး မိနစ်အနည်းငယ်အတွင်း ရလဒ်တွေကိုထုတ်ဖော်ပေးပါမယ်။ သင်လုပ်ဆောင်ရမှာက အောက်မှာ ဖော်ပြထား တဲ့ရေကူးကန် ၃ ခုကိုသေချာလေးကြည့်ပါ။ ပြီးတော့ အဲ့ဒီထဲက သင်ကြိုက်နှစ်သက် တဲ့ တစ်ခုကို မျက်လုံးလေးမှတ်ပြီးရွေးလိုက်ရုံပါပဲ။ ပြီးရင်တော့ အဖြေကိုကြည့်ဖို့တိုက်တွန်းချင်ပါတယ်။

ရေကူးကန် A


ရေကူးကန် A ကိုရွေးချယ်လိုက်တဲ့သင်ကတော့ အမိုးအကာအောက်မှာ အေးအေး ဆေးဆေးရေကူးချင်နေပါလိမ့်မယ်။ သိပ်လည်းမကျယ် ၊ လိုအပ်တဲ့အချိန်မှာ အပေါ်ကိုအချိန်မရွေး တန်းတက်နိုင်တဲ့နေရာမျိုးမှာ စိတ်ချလုံခြုံစွာနေချင်သူပါ။ ခမ်းနားထည်ဝါတဲ့ လူနေမှုပုံစံကို ရှာဖွေတတ်ပြီး ဘဝရဲ့အကောင်းဆုံးအရာတွေကိုပဲ ရှာဖွေနေထိုင်တတ်သူဖြစ်တယ်။ ဇိမ်ကျကျ နေချင်ကြပြီး သက်တောင့်သက်သာရှိတာကို နှစ်သက်သူတွေဖြစ်ပါတယ်။ အသေးစိတ်လုပ်ရတာကို သဘောကျပြီး အေးဆေးလုံခြုံတဲ့နေရာမှာ အနားယူရင်း ပျော်ရွှင်စရာအချိန်တွေကို ခံစားတတ်သူ ဖြစ်ပါတယ်။ တိတ်ဆိတ်ငြိမ်းချမ်းတဲ့ နေရာဟာ သင့်အတွက်စွမ်းအင်တွေတိုးလို့ စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ နေရာပဲဖြစ်ပါလိမ့်မယ်။ ပေါင်းသင်းဆက်ဆံရေးပြေပြစ်ပြီး စတိုင်ကျတဲ့သူလို့ မကြာခဏရှုမြင်ခံစားရသူလည်းဖြစ်တယ်။ Spa တွေမှာ အပန်းဖြေအနားယူခြင်း၊ ဒါမှမဟုတ် ကောင်းမွန်တဲ့ စားသောက်ဖွယ်ရာတွေမှာပျော်မွေ့လေ့ရှိကြပါတယ်။ ဒါ့ကြောင့် အဲဒီလိုနေရာမျိုးကို ရှာဖွေရင်း စမ်းသပ်လိုက်ပါ။
 
ရေကူးကန် B
 


ရေကူးကန် B ကိုရွေးချယ်တဲ့သင်ကတော့ ရေကူးကန်အကျယ်ကြီးမှာ လူတွေအများကြီး လာရောက်ကူခတ်နိုင်တဲ့နေရာကိုရွေးထားထားတာဖြစ်တယ်။ တစ်ယောက်တည်းအတွက်ဆို ကျယ်လွန်းတဲ့နေရာကို သင်ကရွေးတာကြောင့် သင်က တစ်ယောက်တည်းနေတာထက် သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစု စသဖြင့် သူတို့တွေနဲ့နေရတာကိုနှစ်သက်ပါလိမ့်မယ်။ ပြီးတော့ သင်က ဘွင်းဘွင်း သမားပဲဖြစ်ပါတယ်နော်။ ပွင့်လင်းသူပေါ့။ အပြင်သွားရတာကိုလည်းနှစ်သက်သူဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ခြင်း၊ လူမှုရေးအလုပ်တွေကို စိတ်ဝင်စားခြင်း၊ အဖွဲ့လိုက် အားကစား လုပ်ခြင်းစတဲ့ လှုပ်ရှားမှုမျိုးစုံကို နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် သင့်အတွက် စိတ်စွမ်းအင်တွေတိုးစေတဲ့ နည်းလမ်းကတော့ သင့်ပတ်ဝန်းကျင်ကသူတွေနဲ့ အပန်းဖြေရန်ခရီးထွက်တာ ၊ သူတို့ကိုအချိန်ပေးရတာ တွေပဲဖြစ်ပါတယ်။ မိသားစုကတော့ သင့်အတွက်အရာရာပဲဖြစ်နေပါလိမ့်မယ်။ သူတို့အတွက် ရှင်သန် ရင်း ခွန်အားတွေရနေတာဖြစ်တယ်ဆိုရင် သင်ငြင်းနိုင်မယ်မထင်ပါဘူးနော်။ ပေါင်းသင်းဆက်ဆံရေး ကောင်းပြီး မိတ်ဆွေသစ်တွေရရှိဖို့ အခွင့်အလမ်းတွေအမြဲရှာဖွေနေတတ်သူဖြစ်တယ်။ သင့်ကို လူတွေက တက်ကြွပြီး ပွင်းလင်းတဲ့သူလို့ ရှုမြင်ကြပါတယ်ရှင်။  

ရေကူးကန် C


ဟိုး . . အဝေးကြီးကို ငေးကြည့်ရင်း ရေကူးရတာကို ကြိုက်တဲ့သင်ကတော့ သဘာဝကို နှစ်သက်သူပါပဲ။ တစ်ကိုယ်တည်း တိတ်တဆိတ်နေရတာကို တန်ဖိုးထားပါတယ်။ စာအုပ်တွေ ဖတ်နေတတ်တယ်။ သဘာဝတောလမ်းတွေကို မညည်းမညူလျှောက်လှမ်းချင်ကြတယ်။ တစ်ကိုယ် တည်းဝါသနာပါတာကို လုပ်လေ့ရှိတယ်။ အတွေးကောင်းပြီး အားလပ်ချိန်တိုင်း တစ်ခုမဟုတ် တစ်ခု တွေးနေတတ်သူဖြစ်တယ်။ အဲဒါကပဲ သင့်အတွက် စိတ်စွမ်းအားတွေရရှိပြီး အမြဲအေးဆေး တည်ငြိမ်နိုင်သူဖြစ်နေရတာပါပဲ။  သင်က ဘယ်လိုလဲလို့ပြောပါဆိုရင် တွေးခေါ်မြော်မြင်တတ်သူ၊ စဉ်းစားတွေးခေါ်တတ်သူ၊ ဘဝမှာ ရိုးရိုးရှင်းရှင်း ပျော်ရွှင်တတ်သူဖြစ်ပြီး ရောင့်ရဲတတ်သူဖြစ်ပါတယ်လို့ ပြောရမှာပါပဲရှင်။ သင့်စိတ်စွမ်းအင်ကိုမြှင့်တင်ပေးတဲ့အရာတွေကတော့ တရားထိုင်ခြင်း၊ စာဖတ်ခြင်း၊ ယောဂကျင့်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း၊ စိတ်တည်ငြိမ်စေတဲ့ တေးဂီတကို နားထောင်ခြင်းနဲ့ သဘာဝ တရားတွေကို ခံစားရင်းအချိန်ဖြုန်းခြင်း စတာတွေပဲဖြစ်ပါတယ်နော်။  

ဒီစမ်းသပ်ချက်ကို ဖြေဆိုရတာ ဘယ်လိုလဲ။ သင့်ရဲ့ အပန်းဖြေစတိုင်ကို ဖော်ထုတ်ပြီး အတွင်းစိတ်တွေကို စူးစမ်းရတာ နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ ပါဝင်ဖြေဆိုပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်နော်။ သင့်စိတ်ကြိုက်နေထိုင်ရင်း စိတ်စွမ်းအင်တွေ စုဆောင်းနိုင်ပါစေလို့ ဆုမွန် ကောင်းပို့သအပ်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz


#မိတ်ဆွေ
#မိသားစု
#စွမ်းအား
#ရေကူးကန်
#ဘဝ

Some text some message..