သင်က အချစ်ကို ဘယ်လိုဖော်ပြတတ်သူလဲ
lotaya.mpt.com.mm
|
2024-06-19

လူတွေဟာ မွေးဖွားတဲ့အချိန်ကာလ ရာသီဖွားအလိုက် အချစ်ကို ခံယူပုံ၊ ဖော်ပြပုံတွေ မတူကြပါဘူး။ သင်ကရော အချစ်ကို ဘယ်လိုဖော်ပြတတ်သူ ဖြစ်မလဲ။ ရာသီဖွားအလိုက် အချစ်ကို ဖော်ပြပုံတွေကို အောက်မှာ ဖတ်ကြည့်လိုက်ပါဦး။

၁။ မိဿ (Aries) - မတ်လ ၂၁ မှ ဧပြီလ ၁၉


 မိဿရာသီဖွားတွေကတော့ ကိုယ်ချစ်ရသူကို ကာကွယ်မှုပေးပြီး အချစ်ကိုပြသကြပါတယ်။ သူတို့အတွက်ကတော့ ကိုယ့်ချစ်သူ ခလုတ်မထိ၊ ဘေးမငြိစေဖို့က အဓိကဦးစားပေး ကိစ္စရပ်ပါ။ သူတို့က ကြင်ကြင်နာနာစကားတွေ သိပ်မပြောတတ်ပေမယ့် ကိုယ့်ချစ်သူရဲ့ စိုးရိမ်မှု၊ ခံစားမှုတွေကို သိရှိပြီး အလေးထားတတ်သူတွေ ဖြစ်ပါတယ်။

၂။ ပြိဿ (Taurus) – ဧပြီလ ၂၀ ရက်မှ မေလ ၂၀ ရက်


ပြီဿရာသီဖွားတွေဟာ ကိုယ့်ကိုယ်ကိုယ် ထိမ်းချုပ်နေတတ်ပြီး အတွေးအမြင်တွေ ထုတ်ဖော်ပြောတာမျိုး နည်းပါးပါတယ်။ သူတို့ရဲ့ ခံစားချက်တွေ၊ အမြင်တွေ၊ အတွေးအခေါ်တွေကို စိတ်ပါလက်ပါ ထုတ်ဖော်ပြောတာဟာ သူတို့အတွက်တော့ အချစ်ကို ဖော်ပြမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒါဟာ သူတို့ရဲ့ယုံကြည်မှုကို ရရှိပြီး အတွင်းစည်းကို ဝင်ခွင့်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

၃။ မေထုန် (Gemini) မေလ ၂၁ ရက်မှ ဇွန်လ ၂၀ ရက်


ခန့်မှန်းခက်တဲ့ မေထုန်ရာသီဖွားတွေရဲ့ အချစ်ကိုဖော်ပြတဲ့ ပုံစံကတော့ သူတို့အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ကိုယ်ချစ်ရသူကို ပါဝင်စေတာပါပဲ။ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောပြတာ၊ အကြံဉာဏ်တောင်းခံတာက သူတို့ရဲ့ အလေးထားမှုကို ပြသတာ ဖြစ်ပါတဘ်။ ဒါ့အပြင် နေ့စဉ်ဘဝလှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။

၄။ ကရကဋ် (Cancer) ဇွန်လ ၂၁ ရက်မှ ဇူလိုင်လ ၂၀ ရက်


ကရကဋ်ရာသီဖွားတွေကတော့ ဂရုစိုက်တတ်သူ၊ ကြင်နာတတ်သူတွေ ဖြစ်ပါတယ်။ သူတို့က ကိုယ်ချစ်သူအပြင် လူတိုင်းလိုလိုကို စိတ်ရင်းနဲ့ ဂရုစိုက်တတ်သူတွေပါ။ ဒါပေမယ့် သူတို့ရဲ့ အားနည်းချက်နဲ့ စိုးရိမ်မှုတွေကိုတော့ ကွယ်ဝှက်ထားတတ်ကြပြီး တကယ်ချစ်ရသူတွေကိုပဲ ထုတ်ဖော်ပြတတ်သူတွေ ဖြစ်ပါတယ်။

၅။ သိဟ် (Leo)  ဇူလိုင် ၂၃ ရက်မှ ဩဂုတ်လ ၂၂ ရက်


သိဟ်ရာသီဖွားတွေဟာ လူအများကြားမှာ ထင်ပေါ်သူတွေ၊ လူမှုရေးကောင်းပြီး အပေါင်းအသင်းများသူတွေ ဖြစ်တတ်ပါတယ်။ တကယ်လို့ သိဟ်ရာသီဖွားတစ်ယောက်က တစ်ဦးတစ်ယောက်တည်းကိုပဲ သီးသန့်အချိန်ပေးခဲ့တယ်ဆိုရင်တော့ ဒါဟာ သူတို့ရဲ့အချစ်ကို ဖော်ပြတာပါ။ တခြားသောသူတွေ၊ ကိစ္စတွေထက် ပိုအလေးထားကြောင်း ဖော်ပြတာလည်း ဖြစ်ပါတယ်။

၆။ ကန် (Virgo) ဩဂုတ်လ ၂၃ ရက်မှ စက်တင်ဘာလ ၂၂ ရက်


ကန်ရာသီဖွားတွေကတော့ လူတွေနဲ့ပတ်သက်ရင် စံနှုန်းမြင့်မြင့် ထားတတ်သူတွေပါ။ သူတို့ရဲ့ ဆက်ဆံရေးက သံတမန်ဆန်တတ်ပြီး လူတွေနဲ့ အလွန်ရင်းရင်းနှီးနှီး နေတာမျိုး ရှားပါးပါတယ်။ ကန်ရာသီဖွားတစ်ယောက်က ရင်းရင်းနှီးနှီးဆက်ဆံပြီး အတူရှိနေချိန်တွေမှာ ပျော်ရွှင်ရယ်မောနေမယ်ဆိုရင်တော့ သူတို့အချစ်ကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

၇။ တူ (Libra) စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာလ ၂၂ ရက်


တူရာသီဖွားတွေကတော့ အပြောထက် လက်တွေ့ကျမှုကို အလေးထားသူတွေပါ။ သူတို့က ဂရုစိုက်အလေးထားမှုနဲ့ အချစ်ကိုဖော်ပြတတ်သူတွေဖြစ်ပြီး အပြန်အလှန်ဂရုစိုက်မှုကိုလည်း တောင်းဆိုတတ်ကြပါတယ်။ သူတို့က အချစ်ဆိုတာ ချစ်ပြနေဖို့လိုတယ်လို့ ခံယူထားသူတွေ ဖြစ်ပါတယ်။  

၈။ ဗြိစ္ဆာ (Scorpio) အောက်တိုဘာလ ၂၃ ရက်မှာ နိုဝင်ဘာလ ၂၁ ရက်


ဗြိစ္ဆာရာသီဖွားတွေကတော့ တည်ကြည်ပြီး သွေးအေးသူတွေလို့ သတ်မှတ်ခံရတတ်ပါတယ်။ သူတို့က တခြားသူတွေစိတ်ကျေနပ်အောင် နေထိုင်ပေးတာမျိုး လုပ်လေ့မရှိပါဘူး။ ဒါပေမယ့် သူတို့နှစ်သက်ချစ်ခင်သူတွေရဲ့ ခံစားချက်တွေကိုတော့ အလေးထားပြီး ဂရုစိုက်ပေးတတ်သူတွေ ဖြစ်ပါတယ်။

၉။ ဓနု (Sagittarius) နိုဝင်ဘာလ ၂၂ ရက်မှ ဒီဇင်ဘာလ ၂၁ ရက်


ဓနုရာသီဖွားတွေကတော့ လွတ်လွတ်လပ်လပ် နေတတ်သူတွေ၊ ခရီးသွားရတာ၊ အတွေ့အကြုံသစ် ရှာဖွေရတာကို နှစ်သက်သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အချစ်ကိုဖော်ပြပုံကတော့ သူတို့ဘဝစွန့်စားမှုမှာ ပါဝင်ဖို့ ဖိတ်ခေါ်တာပါပဲ။ ဒါက လူတစ်ချို့အတွက် နောက်တွန့်စရာ စွန့်စားရမှု ဖြစ်ပေမယ့် သူတို့အတွက်ကတော့ အရေးပါတဲ့ ရွေးချယ်မှုဖြစ်ပါတယ်။

၁၀။ မကာရ (Capricon) ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဇန်နဝါရီလ ၁၉ ရက်


မကာရရာသီဖွားတွေဟာ ကိုယ့်ရည်မှန်းချက်ကို အလေးထားပြီး အလွန်အလုပ်ကြိုးစားသူတွေလို့ လူသိများပါတယ်။ တကယ်လို့ သူ့ရဲ့အလုပ်ချိန်ထဲကနေဖဲ့ပြီး အချိန်ပေးတယ်ဆိုရင်တာ့ သူ့ရဲ့အချစ်နဲ့ အလေးထားမှုကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ သူတို့ဟာ အလွန်အလေးထားသူအတွက်ကလွဲရင် ရည်မှန်းချက်ကို အပေးအယူလုပ် ညှိနှိုင်းဖို့ စိတ်မကူးသူတွေ ဖြစ်ပါတယ်။

၁၁။ ကုံ (Aquarious) ဇန်နဝါရီလ ၂၀ ရက်မှာ ဖေဖော်ဝါရီလ ၁၈ ရက်


ကုံရာသီဖွားတွေကတော့ ကိုယ့်ကမ္ဘာလေးနဲ့ကိုယ် ကျေနပ်ပျော်မွေ့နေတတ်သူတွေပါ။ သူတို့က လူအများနဲ့ ရောနှောနေရမှာထက် တစ်ဦးတည်းနေရတာကို ပိုကြိုက်ကြပါတယ်။ သူတို့ရဲ့ အချစ်ကိုဖော်ပြတဲ့ ပုံစံကတော့ တက်နိုင်သမျှအချိန်များများ အတူတူရှိနေဖို့ ကြိုးစားတာဖြစ်ပြီး သူတို့ဘယ်လောက်အလေးထားတယ် ဆိုတာကိုလည်း ဖော်ပြဖို့ ကြိုးစားတတ်ပါတယ်။

၁၂။ မိန် (Pisces) ဖေဖော်ဝါရီလ ၁၉ ရက်မှာ မတ်လ ၂၀ ရက်


မိန်ရာသီဖွားတွေကတော့ ချင့်ချင်ချိန်ချိန်နဲ့ စဉ်းစားတွေးခေါ်တတ်သူတွေပါ။ အရာရာကို သတိနဲ့ နေထိုင်ပြုမူတတ်တဲ့ သူတို့က တစ်ဦးဦးကို ရင်းရင်းနှီးနှီးဆက်ဆံတယ်၊ အကြံဉာဏ်တွေ တောင်းခံတယ်ဆိုရင် ဒါဟာ အချစ်ကိုဖော်ပြမှုတစ်ခု ဖြစ်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz


#ခံစားချက်
#ဇူလိုင်
#ဖေဖော်ဝါရီ
#ဒီဇင်ဘာ
#နိုဝင်ဘာ

Some text some message..