မျက်လုံးအရောင်ကပြောတဲ့ သင့်အကြောင်း
lotaya.mpt.com.mm
|
2024-06-24

လူတွေမှာ အသားရောင်၊ ဆံပင်ရောင် အမျိုးမျိုးရှိကြသလို မျက်လုံးအရောင်တွေလည်း ကွဲပြားကြပါတယ်။ အဲဒီ မတူညီတဲ့ မျက်လုံးအရောင်တွေက လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုလည်း ဖော်ပြနေပါတယ်။ သင့်ရဲ့မျက်လုံးအရောင်ကရော သင်ဟာ ဘယ်လိုလူမျိုးလဲလို့ ဖော်ပြနေလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။

၁။ အညိုရောင်


အညိုရောင်မျက်လုံးက ကမ္ဘာပေါ်မှာ တွေ့ရအများဆုံးအရောင်ဖြစ်ပြီး လူဦးရေရဲ့ထက်ဝက်ခန့် ရှိပါတယ်။ အညိုရောင်မျက်လုံးပိုင်ရှင်တွေဟာ ရည်မှန်းချက်ကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး တိကျသူတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် အေးဆေးတည်ငြိမ်တဲ့ အသွင်အပြင် ရှိတတ်ကြပြီး စိတ်ချယုံကြည်ရသူတွေအဖြစ် သတ်မှတ်ခံရပါတယ်။

၂။ အပြာရောင်


မွေးကာစကလေးတွေရဲ့ မျက်လုံးအရောင်က အပြာရောင်ဘက်သန်းတယ်လို့ ဆိုကြပါတယ်။ အဲဒီလိုပဲ အရွယ်ရောက်လာချိန်မှာ အပြာရောင်မျက်လုံး ပိုင်ဆိုင်သူတွေက အမြဲနုပျိုတက်ကြွတဲ့ပုံရိပ် ရှိနေတတ်ပါတယ်။ သူတို့ဟာ ကိုယ်ရည်ကိုယ်သွေးအားဖြင့်လည်း ပျော်ပျော်နေတတ်ပြီး လူတိုင်းကို ခင်ခင်မင်မင်နဲ့ အလေးထားတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ပုံစံက ပေါ့ပါးပေမယ့် ဘေးဒုက္ခတွေ ကြုံလာချိန်မှာ လူတွေထင်တာထက် အများကြီးပိုပြီး ခံနိုင်ရည်ရှိသူတွေလည်း ဖြစ်ပါတယ်။

၃။ အစိမ်းရောင်


တကယ်လို့ သင့်ရဲ့မျက်လုံးအရောင်က အစိမ်းရောင်ဖြစ်ခဲ့ရင်တော့ ထူးခြားပြီး စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ဦးလို့ ဆိုနိုင်ပါတယ်။ အစိမ်ရောင်မျက်လုံး ရှိသူတွေဟာ လျှို့ဝှက်ပြီး ဆန်းကျယ်တဲ့ အသွင်အပြင် ရှိတတ်ပါတယ်။ သူတို့က ပုဂ္ဂလိကဘဝနဲ့ လုပ်ငန်းခွင်မှာပါ  အရာရာကို စိတ်ပါလက်ပါနဲ့ အလေးထားတတ်သူတွေပါ။ အဲဒီလို အရာရာ အလေးထားတတ်လွန်းတာကြောင့် တစ်ခါတရံမှာ လူအများရဲ့အမြင်မှာ ထူးခြားသူအဖြစ် သတ်မှတ်ခံရလေ့ရှိပါတယ်။

၄။ စိမ်းညိုရောင်


ရှားပါးပြီး ထူးခြားတဲ့မျက်လုံးအရောင်တစ်မျိုးဖြစ်တဲ့ စိမ်းညိုရောင်မျက်လုံးပိုင်ရှင်တွေကတော့ နွေးထွေးပြီး ခင်မင်တတ်တဲ့အသွင်မျိုး ရှိပါတယ်။ သူတို့ဟာ အမှန်တကယ်လည်း နွေးထွေးကြင်နာတတ်သူတွေ ဖြစ်ပြီး လူတွေရဲ့ နှစ်သက်သဘောကျမှု ခံရသူတွေပါ။ ဒါ့အပြင် စိမ်းညိုရောင်မျက်လုံးပိုင်ရှင်တွေဟာ အခက်အခဲ အန္တရာယ်တွေ ကြုံတွေ့လာချိန်မှာ အလွန်သတ္တိကောင်းပြီး စိတ်ဓာတ်ကြံ့ခိုင်သူတွေ ဖြစ်ပါတယ်။

၅။ အနက်ရောင်


တကယ်တော့ အနက်ရောင်မျက်လုံးဆိုတာ သီးခြားအရောင်ဖွဲ့စည်းမှုပုံစံနဲ့ ရှိနေတာမဟုတ်ဘဲ အညိုရောင်မျက်လုံးကို အရောင်ရင့်တဲ့ဖွဲ့စည်းမှုနဲ့ ရှိနေတာပါ။ အနက်ရောင်မျက်လုံးပိုင်ရှင်တွေက တာဝန်သိတတ်ပြီး အကောင်းမြင်စိတ်ရှိသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့အကြည့်က ဆွဲဆောင်မှုရှိသလို လွှမ်းမိုးနိုင်မှုလည်း ရှိကြပါတယ်။ ဒါ့အပြင် ဖုံးကွယ်ထားတာတွေကို ထိုးထွင်းသိမြင်နေတဲ့ အသွင်မျိုးလည်း ရှိနေတတ်ပါတယ်။

၆။ မီးခိုးရောင်


မီးခိုးရောင်မျက်လုံးက အရှားပါးဆုံးအရောင်တစ်မျိုးဖြစ်ပြီး မြင်တွေ့ရခဲပါတယ်။ ဒီလို ရှားပါးတဲ့ မီးခိုးရောင်မျက်လုံးရှိသူတွေဟာ တည်ငြိမ်ပြီး စည်းစနစ်ကျသူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေကို တည်တည်ငြိမ်ငြိမ် ဖြတ်ကျော်နိုင်သူတွေပါ။ ဒါ့အပြင် တခြားသူတွေကိုလည်း မှန်မှန်ကန်ကန် ဦးဆောင်လမ်းပြနိုင်သူတွေ ဖြစ်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz


#အခက်အခဲ
#ရည်မှန်းချက်
#အန္တရာယ်
#ယုံကြည်မှု
#လူဦးရေ

Some text some message..