စကားလုံးတွေနဲ့ တောင်ဝန်ရိုးစွန်းမှာ တိုက်ခတ်တဲ့မုန်တိုင်း
lotaya.mpt.com.mm
|
2024-06-27

၁။


ကျောင်းပိတ်ရက်ဖြစ်တာကြောင့် အောင်အောင်နဲ့ ဝါဝါတို့ဟာ သူတို့အဖေကို ဝိုင်းကူဖို့ ခြံထဲကိုလိုက်သွား ကြပါတယ်။ ပုံမှာဖော်ပြထားတာကတော့ သူတို့ဖေဖေက ဂေါ်ဖီထုတ်တွေကို ရောင်းချဖို့အတွက် တူးဆွ ဖော်ထုတ်နေတာဖြစ်ပြီး ဝါဝါကတော့ ခရမ်းပင်တွေကို ရေလောင်းပေးနေပါတယ်။ အောင်အောင်က မြေကြီးသယ်နေတာကို ပုံမှာတွေ့ရမှာပါ။ ထုံးစံအတိုင်း ပုံကိုသေချာကြည့်ပါနဲ့ စလိုက်ရအောင်။ သူတို့မိသားစုအလုပ်လုပ်နေတဲ့ပုံမှာ စကားလုံး ၃ လုံးကိုရှာရမှာဖြစ်တယ်။ အင်္ဂလိပ်ဘာသာစကားနဲ့ ပုံပေါ်နေတဲ့စကားလုံးပါ။ ဥပမာ Flower, Fruit  စသဖြင့်ပေါ့။ သစ်ရွက်တွေ၊ သစ်သီးတွေကို လိုက်ကြည့်ရင်း အင်္ဂလိပ်စကားစုတွေကို ရှာလိုက်ရအောင်နော်။

အဖြေ


GARDEN

FARM

BLOOM

၂။


ပြင်းထန်တဲ့မုန်တိုင်းတစ်ခု စတင်တိုက်ခတ်နေချိန်မှာ အမျိုးသားတစ်ဦးဟာ တောင်ဝန်ရိုးစွန်းမှာရှိနေတဲ့ အချက်အလက်တွေကို လေ့လာနေချိန်ဖြစ်ပါတယ်။ သတိမထားမိလိုက်တဲ့အချိန်မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်မသိ ဖြစ်လို့နေပါတယ်။ ဝန်ရိုးစွန်းမှာတိုက်တဲ့မုန်တိုင်း ဖြစ်တဲ့ အတွက် ရေခဲတွေ၊ ရေမှုံတွေပါဝင်နေတာကြောင့်ဘာမှ သေသေချာချာ မမြင်ရတဲ့အခြေအနေပါ။ အဲဒါနဲ့ နီးစပ်ရာ ခိုနားဖို့ မြန်မြန်ဆန်ဆန် ရှာဖွေကြည့်တဲ့အခါမှာတော့ ဂူ ၂ လုံးကိုတွေ့ရပါတယ်။ ပထမဂူမှာ တော့ ဝက်ဝံတစ်ကောင်လို့ထင်ပါတယ်။ နောက်ပိုင်းကိုပဲ မြင်ရတဲ့အနေအထားပါ။ ပိုလာဝက်ဝံ တစ် ကောင် ဖြစ်နိုင်ချေရှိလို့ ထိတ်လန့်သွားရပါတယ်။ ပြီးတော့ ဂူထဲမှာမုန်တိုင်းဒဏ်ကြောင့် အစာမရှာနိုင်ဘဲ ဆာလောင်နေမှာ ကျိန်းသေပါတယ်။ ဒါကြောင့် ဂူထဲမှာ ပိတ်မိပြီး အစားခံရနိုင်တယ်လို့ သူကတွေးလိုက် မိပါတယ်။ ဒုတိယ ဂူပေါက်မှာတော့ ရေဒီယိုသတ္တိကြွစွန့်ပစ် ပစ္စည်းတွေနဲ့ ပြည့်နေပါတယ်။ ဒါလည်း အန္တရာယ်ကြီးတဲ့ကိစ္စမို့ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့သူ့ကို ကူညီပေးစေချင်ပါတယ်။

အဖြေ


ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းတွေရှိတဲ့နေရာကတော့ နေထိုင်လို့မဖြစ်နိုင်တဲ့နေရာပါနော်။ ဒါ့ကြောင့် ပထမဆုံးတွေ့တဲ့ဂူကို စဉ်းစားကြည့်ရအောင်။ တောင်ဝန်ရိုးစွန်းဒေသဟာ အလွန်အေးမြပြီး တဆယ့် နှစ်ရာသီ ကာလပတ်လုံး ရေခဲတွေဖုံးလွမ်းနေတာဖြစ်တယ်။ ပင်လယ်ရေပြင်ထက် ပေပေါင်း ၁၀၀၀၀ နီးပါးခန့်မြင့်ပါတယ်။ ဒါ့ကြောင့် ဝက်ဝံဂူထဲမှာရှိတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ ရေသတ္တဝါ တစ်ချို့သာ နေထိုင်ကြတာဖြစ်တယ်။ ဒီအမျိုးသားက အကြောက်လွန်ပြီး ဆက်မတွေးနိုင်တော့တာ ဖြစ်ပါလိမ့်မယ်။ ကြောက်နေတဲ့လူတစ်ယောက်ဟာ ထင်ယောင်ထင်မှား ဖြစ်တတ်တာ သဘာဝပါ။ တကယ်တော့ ဒီတောင်ဝန်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေမနေထိုင်နိုင်ပါဘူး။ ဒါ့ကြောင့် ဘယ်လောက်ပဲ ဝက်ဝံပုံစံပေါက်နေပါစေ မဖြစ်နိုင်ဘူးလို့ သိရမှာဖြစ်ပါတယ်။ ဒါမှ ဖြစ်နိုင်ချေရှိတဲ့ အရာတွေကို ဆက်လက်စဉ်းစားနိုင်မှာပါ။ သူတွေ့လိုက်တာက လေမုန်တိုင်းကြောင့် ရေခဲတုံးကြီးတစ်ခုဟာ နှင်းမှုံတွေ နဲ့လုံးပြီး ဂူထဲကို ရောက်ရှိနေတာဖြစ်တယ်။ နှင်းမှုံတွေဟာ ဝက်ဝံမွှေးလို့ထင်ရလောက်အောင်ဖြူဖွေးပြီး ပွပွရွရွလေးဖြစ်နေတာကြောင့် အမှတ်တမဲ့ကြည့်ရင် ပိုလာဝက်ဝံတစ်ကောင်နဲ့တူနေတာဖြစ်တယ်။ ဒါ့ကြောင့် ပထမဆုံးတွေ့တဲ့ ဂူက ရွေးချယ်သင့်တဲ့နေရာပဲဖြစ်ပါတယ်နော်။ တောင်ဝင်ရိုး စွန်းကို ‌ပထမ ဦးဆုံးရောက်တဲ့သူကတော့  အားမန်ဆင်လို့ခေါ်တဲ့  ‌နော်ဝေ လူမျိုး တစ်ဦးပဲဖြစ်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz


#အမျိုးသား
#ပိတ်ရက်
#မိသားစု
#အန္တရာယ်
#စကားလုံး

Some text some message..