
လူတွေရဲ့စိတ်ထဲမှာ အကြောက်တရားဆိုတာ ကိုယ်စီရှိနေတတ်ပါတယ်။ ဘာကိုကြောက်သလဲဆိုတာကတော့ကွဲပြားမှာပေါ့လေ။ ပင့်ကူတစ်ကောင်တွားသွားနေတဲ့မြင်ကွင်းကတောင် ထိုင်ရာကနေ ခုန်ပေါက်ထပြေးနိုင်လောက်တဲ့အထိ မသိစိတ်ထဲမှာအကြောက်တရားဆိုတာ ကိန်းအောင်းနေတတ်ပါတယ်။ အခုဖော်ပြထားတဲ့ပုံကိုရွေးပြီး သင့်ရဲ့မသိစိတ်ထဲမှာ သင် ဘာကိုကြောက်တာလဲဆိုတာဖော်ပြပေးသွားပါ့မယ်။ အောက်မှာဖော်ပြထားတဲ့ပုံကို တစ်ချက်ကြည့်ပြီး လိုက်ပါဖြေဆိုကြည့်လိုက်ပါနော်။ ဒီပုံမှာ သင် ဘယ်အရာကို အရင်ဆုံးမြင်ပါသလဲ။
၁။ လိပ်ပြာ

ပထမဆုံးအကြည့်တစ်ချက်မှာတင် သင်က လိပ်ပြာကို အရင်မြင်တယ်ဆိုရင်တော့ တစ်ယောက်ယောက်က သစ္စာဖောက်မှာကို ကြောက်တဲ့သူဖြစ်ပါလိမ့်မယ်။ လုပ်ငန်းခွင်မှာလည်း လုပ်ဖော်ကိုင်ဖက်တွေကို ဂရုစိုက်တတ်ပြီး စိတ်နှလုံးနူးညံ့တဲ့သူပါပဲ။ သင့်ရဲ့အပြုအမူ၊ လုပ်ဆောင်ချက်တွေကြောင့် တစ်ခုခု ငြင်းပယ်ခံရမှာကို နာနာကျဉ်ကျဉ်နဲ့ကို ကြောက်တတ်တဲ့ စိတ်ထားဖြူစင်သူလေးတစ်ဦးဖြစ်ပါတယ်။
၂။ ပန်းသီး

ပန်းသီးကိုအရင်မြင်တဲ့သင်က သေခြင်းတရားကိုကြောက်ရွံ့ပါတယ်လို့ အဓိပ္ပါယ်ဖွင့်နိုင်ပါတယ်။ ဒါပေမယ့်လူတိုင်း ဒီအကြောင်းအရာကိုတော့ ရင်ဆိုင်ရမှာဖြစ်သလို အနည်းနဲ့အများကြောက်ကြမှာ ဓမ္မတာပါ။ ဒါပေမယ့် သင့်ရဲ့ကြောက်ရွံမှုကတော့ တစ်စုံတစ်ယောက်ကို ဆုံးရှုံးရမှာကြောက်ရွံ့တာဖြစ်ပြီး တကယ်လို့ဆုံရှုံးခဲ့မယ် ဆိုရင်လည်း တစ်သက်လုံးဖြတ်မရတဲ့ အမာရွတ်တစ်ခုသဖွယ် နှလုံးသားမှာစွဲ ကျန်ရစ်နေတော့မှာဖြစ်တယ်။
၃။ ပိုးကောင်

ပုံထဲက ပိုးကောင်လေးကိုအရင်မြင်ရင်တော့ Phasmophobia ဆိုတာကို ကြားဖူးပါသလား။ သရဲတစ္ဆေနဲ့ခြောက်ခြားစရာတွေကို စိတ်ထဲမှာ ထိတ်လန့်ကြောက်ရွံနေတာကိုခေါ်တာပါ။ သဘာဝလွန်အကြောင်းအရာတွေကို စကားလုံးအနေနဲ့ကြားလိုက်ရရုံနဲ့ပဲ ဦးနှောက်က အချက်ပေးလိုက်သလို တုန်လှုပ်တတ်ပါတယ်။ သင့်ရဲ့စိတ်မှာ ဒါဟာ အမှန်မဟုတ်ပါဘူးဆိုတာသိနေရင်တောင် ရုတ်တရက်လန့် တတ်တဲ့စိတ် သင့်မှာရှိနေပါတယ်။
၄။ ဓား

ဓား ဆိုတာကတော့ ခြိမ်းခြောက်မှုရဲ့ သင်္ကေတဖြစ်ပါတယ်။ ရောဂါ အနာတရဖြစ်မှာကြောက်တတ်တဲ့ သူဖြစ်တယ်။ ဒါ့ကြောင့် ကျန်းမာရေးကို ဂရုစိုက်တဲ့သူဖြစ်တယ်။ ကူးစက်ရောဂါတွေကို ကြောက်တတ်တယ်။ ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့ ခံယူထားသလို နာမကျန်းဖြစ်ပြီး အသက်အရွယ်ကြီးရင့်ရမှာကို အလွန်ကြောက်သူဖြစ်ပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz