မွေးရက်ကဖော်ပြတဲ့ သင့်ကိုယ်ရည်ကိုယ်သွေး
lotaya.mpt.com.mm
|
2024-07-18

လူတစ်ယောက်ရဲ့ မွေးနေ့ရက်က သူကိုယ့်ရည်ကိုယ်သွေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာတွေ ဖော်ပြနေပါတယ်။ ရက်အလိုက် ဘာတွေဖော်ပြထားလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။

၁။ ၁,၁၀,၁၉,၂၈ ရက်


၁ ဂဏန်းရက်တွေမှာ မွေးသူတွေကတော့ ပွင့်ပွင့်လင်းလင်း တဲ့တိုးသမားတွေပါ။ ဟန်မဆောင်တတ်ဘဲ စိတ်ထဲမှာရှိတဲ့အတိုင်း နေထိုင်သူတွေ ဖြစ်ပါတယ်။ စကားပြောရာမှာ ကွေ့ဝိုက်မနေပဲ လိုရင်းကိုပဲ ပြောတတ်ပါတယ်။ စိတ်ချယုံကြည်ရသူအဖြစ် သတ်မှတ်ခံရသူတွေလည်း ဖြစ်ပါတယ်။

၂။ ၂,၁၁,၂၀,၂၉ ရက်


၂ ဂဏန်းရက်တွေမှာ မွေးသူတွေကတော့ စိတ်ခံစားချက်ကို အလေးထားသူတွေ ဖြစ်ပါတယ်။ စိတ်ခံစားထိခိုက်လွယ်သလို တခြားသူတွေရဲ့ စိတ်ခံစားချက်ကို နားလည်းပေးတတ်သူ၊ ဂရိုစိုက်တတ်သူတွေပါ။ အချက်အလက်တွေထက် စိတ်ခံစားချက်ကို ဦးစားပေးပြီး ဆုံးဖြတ်ချက်ချတတ်သူတွေလည်း ဖြစ်ပါတယ်။

၃။ ၃,၁၂,၂၁,၃၀ ရက်


၃ ဂဏန်းရက်တွေမှာ မွေးသူတွေကတော့ ဉာဏ်ကောင်းပြီး တွက်ရချက်ရတဲ့နေရာတွေမှာ ထူးချွန်ကြပါတယ်။ ဗဟုသုတများပြီး လက်တွေ့ကျကျ စဉ်းစားအဖြေရှာတတ်သူတွေ ဖြစ်ပါတယ်။ ပြဿနာတွေ ဖြေရှင်းရာမှာနဲ့ အကြံဉာဏ်ပေးရာမှာ အားကိုးရသူတွေလည်း ဖြစ်ပါတယ်။

၄။ ၄,၁၃,၂၂,၃၁ ရက်


၄ ဂဏန်းရက်တွေမှာ မွေးသူတွေကတော့ တက်ကြွပြီး အလုပ်ကြိုးစားသူတွေပါ။ အချိန်တိုင်း တစ်ခုခုကို သင်ယူနေ၊ လုပ်ကိုင်နေတတ်သူတွေ ဖြစ်ပါတယ်။ စွန့်စားရတာ၊ ယှဉ်ပြိုင်ရတာကို နှစ်သက်သူတွေပါ။ ဘယ်အရာကိုမဆို အချိန်မဆွဲဘဲ သွက်သွက်လက်လက် လုပ်တတ်သူတွေလည်း ဖြစ်ပါတယ်။

၅။ ၅,၁၄,၂၃ ရက်


၅ ဂဏန်းရက်တွေမှာ မွေးသူတွေကတော့ လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်နေတတ်သူတွေ ဖြစ်ပါတယ်။ အလုပ်ကြိုးစားသလို အောင်မြင်မှုတွေအတွက် ကိုယ့်ကိုယ်ကိုယ် ထိုက်ထိုက်တန်တန် ဆုချတတ်သူတွေပါ။ ဖန်တီးနိုင်စွမ်းကောင်းသလို ပေါင်းသင်းဆက်ဆံရေးလည်းကောင်းပြီး အပေါင်းအသင်းများသူတွေ ဖြစ်ပါတယ်။

၆။ ၆,၁၅,၂၄ ရက်


၆ ဂဏန်းရက်တွေမှာ မွေးသူတွေကတော့ အကောင်းကြိုက်တတ်သလို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သူတွေ ဖြစ်ပါတယ်။ ခရီးသွားတာနဲ့ ပွဲလမ်းတွေကို သဘောကျပြီး လူအများကြားမှာ ထင်ပေါ်တာကို နှစ်သက်သူတွေပါ။ အလှအပနဲ့ ဖျော်ဖြေရေးဆိုင်ရာ လုပ်ငန်းတွေမှာ ထူးချွန်အောင်မြင်သူတွေလည်း ဖြစ်ပါတယ်။

၇။ ၇,၁၆,၂၅ ရက်


၇ ဂဏန်းရက်တွေမှာ မွေးသူတွေကတော့ လျှို့ဝှက်ပြီး ခန့်မှန်းရခက်သူတွေ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ဂရုစိုက်တတ်သလို စူးစမ်းရှာဖွေရတာကို နှစ်သက်သူတွေပါ။ ထူးဆန်းတဲ့ လျှို့ဝှက်ဆန်းကျယ် ကိစ္စတွေ၊ သဘာဝလွန်ကိစ္စတွေကို စိတ်ဝင်စားပြီး လေ့လာလိုက်စားတတ်ပါတယ်။ အမြဲလိုလို စဉ်းစားတွေးတောနေတတ်သူတွေလည်း ဖြစ်ပါတယ်။

၈။ ၈,၁၇,၂၆ ရက်


၈ ဂဏန်းရက်တွေမှာ မွေးသူတွေကတော့ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာတွေမှာ ထူးချွန်သူတွေပါ။ စိတ်ကူးစိတ်သန်းတွေကို လက်တွေအကောင်အထည်ဖော်ရာမှာ ထူးချွန်သူတွေလည်း ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းရာမှာ ထူးချွန်သလို အောင်မြင်တဲ့ အရောင်သမားတွေလည်း ဖြစ်ကြပါတယ်။

၉။ ၉,၁၈,၂၇ ရက်


၉ ဂဏန်းရက်တွေမှာ မွေးသူတွေကတော့ စိတ်သဘောထား နူးညံ့သိမ်မွေ့သူတွေပါ။ မိသားစုနဲ့ အသိုင်းအဝိုင်းကို သံယောဇဉ်ကြီးတတ်ပြီး ဦးစားပေး အလေးထားသူတွေ ဖြစ်ပါတယ်။ ရည်မှန်းချက်ကြီးကြီးထားတတ်ပြီး ဇွဲကောင်းသူတွေပါ။ စီမံခန့်ခွဲမှုကောင်းပြီး ခေါင်းဆောင်နိုင်သူတွေလည်း ဖြစ်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz


#ခံစားချက်
#ရည်မှန်းချက်
#ဗဟုသုတ
#မိသားစု
#ဖျော်ဖြေရေး

Some text some message..