သင် မြန်မာစာလုံးပေါင်းသတ်ပုံ ဘယ်လောက်ကျွမ်းကျင်လဲ ?
lotaya.mpt.com.mm
|
2019-06-30

Pixabay / it's me neosiam

သင်ဟာ မြန်မာလူမျိုးမှန်ရင်တော့ မိမိရဲ့ မြန်မာစာလုံးပေါင်းသတ်ပုံ မှန်ကန်ကျွမ်းကျင်မှုကို ယုံကြည်သူတစ်ယောက် ဖြစ်မှာပါ။ ဒါဆို သင်ထင်ထားသလောက် တကယ်ပဲ သတ်ပုံကျွမ်းကျင်မှု ရှိရဲ့လား..? သင့်ရဲ့ မြန်မာစာ စာလုံးပေါင်းသတ်ပုံစွမ်းရည်ကို သိရဖို့အောက်က မေးခွန်း ၁၀ ခုကို ဖြေကြည့်လိုက်ပါ။ နောက်ဆုံးမှာတော့ ဘယ်နှခုမှန်လဲဆိုတာအဖြေထွက်လာမှာနော်..။

(၁) စာလုံးပေါင်းအမှန်ကို ရွေးပါ။




(က) တက်မြောက်သည် (ခ) တတ်မြောက်သည်

(၂)

(က) ကလိမ်ကကျစ် (ခ) ကလိန်ကကျစ်

(၃)

(က)အလယ်တည့်တည့် (ခ)အလည်တည့်တည့် (ဂ)အလည်တဲ့တဲ့

(၄)

(က) စုံဆည်းမှု (ခ) ဆုံဆည်းမှု (ဂ) ဆုံစည်းမှု

(၅)

(က) ပတ်သတ်မှု (ခ) ပတ်သက်မှု (ဂ) ပက်သက်မှု

(၆)

(က) တစ်ကိုယ်ရည်သန့်ရှင်းမှု (ခ) တစ်ကိုယ်ရေသန့်ရှင်းမှု

(၇)

(က) ဖြည်းဖြည်းသွားသည် (ခ) ဖြေးဖြေးသွားသည်

(၈)

(က) ဗိုလ်ကလေးမြို့ (ခ) ဘိုကလေးမြို့ (ဂ) ဗိုကလေးမြို့

(၉)

(က) မှောင်မှောင်မဲမဲ (ခ) မှောင်မှောင်မည်းမည်း

(၁၀)

(က) ပျံ့နှံ့ (ခ) ပြန့်နှံ့ (ဂ) ပြန့်နံ့

အောက်မှာအဖြေမှန်များကို တိုက်ကြည့်နိုင်ပါပြီ။

အဖြေမှန်များ

(၁) [ခ] တတ်မြောက်သည်

(၂) [က] ကလိမ်ကကျစ်

(၃) [က]အလယ်တည့်တည့်

(၄) [ဂ] ဆုံစည်းမှု

(၅) [ခ] ပတ်သက်မှု

(၆) [က] တစ်ကိုယ်ရည်သန့်ရှင်းမှု

(၇) [က] ဖြည်းဖြည်းသွားသည်

(၈) [ခ] ဘိုကလေးမြို့

(၉) [ခ] မှောင်မှောင်မည်းမည်း

(၁၀) [က] ပျံ့နှံ့

အခုဆိုရင်တော့ သင့်ရဲ့ မြန်မာစာလုံးပေါင်းသတ်ပုံစွမ်းရည်ကို သေချာပိုသိသွားပြီလို့ မျှော်လင့်မိပါတယ်နော်..။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#စာလုံးပေါင်းသတ်ပုံ
#ဘိုကလေး
#အလည်
#ခ
#အလယ်

Some text some message..