မြန်မာစာလုံးပေါင်းသတ်ပုံနဲ့ပတ်သက်ပြီး သင်ဘယ်လောက်ဆရာကျလဲစမ်းကြည့်မလား
lotaya.mpt.com.mm
|
2019-07-12


Shutterstock/ By ArtFamily

မြန်မာလူမျိုးတစ်ယောက်အတွက်တော့ မြန်မာစာလုံးတွေက နေ့စဉ်မြင်တွေ့နေကြဖြစ်လို့ ဒါလေးများ ဆိုပြီး စိတ်ထဲမှာ ထင်မိမသွားနဲ့နော်။ တကယ်တော့ ကိုယ်နေ့တိုင်း မြင်နေကြစာလုံးတွေကိုမှ တကယ်တမ်းစဉ်းစားလိုက်တဲ့အခါ ဘယ်ဟာအမှန်၊ ဘယ်ဟာအမှားလဲ မရွေးတတ်အောင် ဖြစ်သွားတတ်ကြပါတယ်။ ဒီမေးခွန်း(၇)ခု စလုံးကိုသာ သင်မှန်အောင်ဖြေရင်တော့ သင်ဟာ မြန်မာစာလုံးပေါင်းတွေနဲ့ ပတ်သက်ရင် တကယ့်ကို ဆရာကြီးပဲလို့ လက်ခံလိုက်မယ်။ ကဲ…ဖြေကြည့်မလား…။



Shutterstock/ By Elnur

(၁) ။ ဒီ(၄)ခုထဲမှာ ဘယ်ဟာကအမှန်ဖြစ်မလဲ?

(က) ကပျာကယာ

(ခ) ကပြာကယာ

(ဂ) ကပျာကရာ

(ဃ) ကပြာကရာ



Shutterstock/ By ultramansk

(၂)။ ဒီထဲကနေ မှန်တဲ့တစ်ခု ရွေးပါဆိုရင်ရော?

(က) လူကူးမျဉ်းကျား

(ခ) လူကူးမျဉ်းကြား

(ဂ) လူကူးမြင်းကြား

(ဃ) လူကူးမြင်းကျား



Shutterstock/ By Yevlakhov Stanislav

(၃)။အမြဲတမ်းကြားနေကြဖြစ်ပေမယ့်၊ တကယ့်အဖြေမှန်က?

(က) ခဲရမ်းမီးကျောက်

(ခ) ခဲယမ်းမီးကြောက်

(ဂ) ခဲယမ်းမီးကျောက်

(ဃ) ခဲရမ်းမီးကျောက်



Shutterstock/ By Technicsorn Stocker

(၄)။ (၃)ခုဆက်တိုက်ဖြေခဲ့ပြီးတဲ့နောက် ယုံကြည်မှုမရှိတော့ဘူးမို့လား? ဒီတစ်ခုကရော?

(က) ဆူးညှောင့်ခလုတ်

(ခ) စူးညှောင့်ခလုတ်

(ဂ) ဆူးငြောင့်ခလုတ်

(ဃ) ဆူးငြောင့်ခလုပ်



Shutterstock/ By Kitti Tantibankul

(၅)။ ပိုပြီးခက်တာတွေ ရောက်လာပါပြီ။ ဒီတစ်ခုရဲ့အဖြေမှန်က?

(က) တခမ်းတနား

(ခ) တစ်ခမ်းတစ်နား

(ဂ) တခန်းတနား

(ဃ) တစ်ခန်းတနား



Shutterstock/ By G-Stock Studio

(၆)။ ဦးနှောက်တွေပေါက်ထွက်တော့မှာလား။အေးဆေးပေါ့။ ဒီတစ်ခုကိုစဉ်းစားကြည့်ပါဦး။

(က) ပါးရေနပ်ရေ

(ခ) ပါးရည်နပ်ရေ

(ဂ) ပါးရည်နပ်ရည်

(ဃ) ပါးရေနတ်ရည်



Shutterstock/ By ShotPrime Studio

(၇)။ ဒီတစ်ခုက နောက်ဆုံးပါပဲ။ မှန်အောင်ဖြေကြည့်လိုက်ပါဦး။

(က) ရိုးတိုးရိပ်တိပ်

(ခ) ရိုးတိုးရိတ်တိပ်

(ဂ) ရိုးတိုးရိတ်တိတ်

(ဃ) ယိုးတိုးရိတ်တိတ်

အဖြေမှန်များ

(၁) ကပျာကယာ

(၂) လူကူးမျဉ်းကျား

(၃) ခဲယမ်းမီးကျောက်

(၄) ဆူးငြောင့်ခလုတ်

(၅) တခမ်းတနား

(၆) ပါးရည်နပ်ရည်

(၇) ရိုးတိုးရိပ်တိပ်

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#တိပ်
#ဆူး
#မျဉ်း
#ကျောက်
#ခဲ

Some text some message..