
bimbimkha/Freepik
ကျောင်းတုန်းက သင်္ချာဆိုရင် ကြောက်ခဲ့ရသူလေးတွေရှိလား? ဒါဆိုရင်တော့ သင်္ချာကိုမကြောက်ဖို့အကြံပေးချင်ပါတယ်နော်။ ဘာကြောင့်လဲဆိုရင် သင်္ချာဘာသာရပ်ဟာ ကျွန်တော်တို့ရဲ့ ကိန်းဂဏန်းဗဟုသုတတွေ၊ တွက်ချက်မှုတွေကိုသာအထောက်အကူပြုတာမဟုတ်ဘဲ မှတ်ဉာဏ်စွမ်းအား၊ ဖြတ်ထိုးဉာဏ်၊ တီထွင်ကြံဆမှု၊ စီမံခန့်ခွဲနိုင်စွမ်းတို့ကိုပါအားကောင်းလာအောင် တစ်နေ့တစ်ခြားကူညီထောက်ပံ့ပေးနေတဲ့အံ့ဖွယ်ဘာသာရပ်တစ်ခုပါ။ ဒါတင်မကသေးဘဲ ဉာဏ်ရည်သွေးဖို့ဆိုရင်လည်း သင်္ချာဉာဏ်စမ်းလေးတွေ ဖြေပေးဖို့ လိုအပ်တာကြောင့် ပရိတ်သတ်ကြီး ဦးနှောက်စားဖို့ ရယ်ဒီပဲလား။ စိတ်မပူပါနဲ့ လူကြီးဖြစ်လာတဲ့အခါအမြဲတမ်းလိုလို တွက်ချက်နေတဲ့ပုံစံမျိုးလေးတွေပဲ မေးမှာပါ။ ဒါနဲ့ ဂဏန်းပေါင်းစက်မသုံးကြေးနော်။
rawpixels.com/Freepik
မေးခွန်း (၁) စားသောက်ဆိုင်ဆိုင်တစ်ဆိုင်မှာ စားသောက်ပြီးလို့ ဘေရှင်းပြီဆိုပါစို့။ သင်က စားပွဲထိုးလေးအတွက် မုန့်ဖိုးကို စုစုပေါင်းကျသင့်ငွေ ဒေါ်လာ၃၀ ထဲက ၂၀% ကို ပေးခဲ့မယ်ဆိုရင် စားပွဲထိုးလေးရသွားတဲ့ဒေါ်လာတိတိကျကျဘယ်လောက်ရှိမလဲ?
(က) ၆ဒေါ်လာ (ခ) ၂ဒေါ်လာ (ဂ) ၃.၂ဒေါ်လာ (ဃ) ဒေါ်လာ၂၀
jeshoots/Freepik
မေးခွန်း (၂)အလုပ်ရောက်ဖို့အတွက်အသွားအပြန်တစ်နေ့ကိုကား မိုင် ၂၀ တိတိမောင်းရမယ်ဆိုရင် ၅ ရက်အလုပ်လုပ်ရတဲ့သင့်ရုံးကိုသွားဖို့ တစ်ပတ်စာ ဘယ်နမိုင်သွားရသလဲ?
(က) မိုင် ၈၀ (ခ) မိုင် ၁၀၀ (ဂ) မိုင် ၂၀၀ (ဃ) မိုင် ၁၄၀
Pressfoto/Freepik
မေးခွန်း (၃)အလုပ်က လဘက်ရည်သောက်နားချိန် တစ်ရက်ကို ၁၅ မိနစ်ပေးတယ်ဆိုပါစို့။ ဒါဆိုရင် ၅ ရက်အလုပ်မှာ သင့်ရတဲ့လက်ဘက်ရည်နားချိန်ကို နာရီနဲ့ရှာပါ။
(က) ၁ နာရီ (ခ) ၁ နာရီနဲ့ ၁၅ မိနစ် (ဂ) ၁ နာရီနဲ့ ၄၅ မိနစ် (ဃ) ၁ နာရီခွဲ
pn28/Freepik
မေးခွန်း (၄) တီဗီကို ဒေါ်လာ ၃၀၀ နဲ့ဝယ်လိုက်တယ်ကွာ၊အခွန်က ပစ္စည်းတန်ဖိုးရဲ့ ၄% ဆောင်ရမှာဆိုတော့ စုစုပေါင်းရှင်းရမယ့်ပိုက်ဆံက ဘယ်လောက်ဖြစ်သွားမလဲ?
(က) ၃၀၈ ဒေါ်လာ (ခ) ၃၀၄ ဒေါ်လာ (ဂ) ၃၁၀ ဒေါ်လာ (ဃ) ၃၁၂ ဒေါ်လာ
studiogstock/Freepik
မေးခွန်း (၅)အခုမေးခွန်းကတစ်မျိုး။ ပစ္စည်းဝယ်တဲ့အခွန်က ၆% ရှိမယ်ဆိုရင် ဒေါ်လာ ၅၀၀ တန်ပစ္စည်းဝယ်တဲ့အခါ ခင်ဗျားအခွန်ဘယ်နဒေါ်လာဆောင်ရမလဲ?
(က) ၁၀ ဒေါ်လာ (ခ) ၄၅ ဒေါ်လာ (ဂ) ၆၅ ဒေါ်လာ (ဃ) ဒေါ်လာ ၃၀
mehaniq/Freepik
မေးခွန်း (၆) လူတစ်ယောက်ရဲ့ တစ်နေ့တာစားစရိတ်က ၂၅ ဒေါ်လာ ကုန်ကျပါတယ်။ ဒါဆို တစ်ယောက်ကို ၂၅ ဒေါ်လာစီနဲ့ လူ ၄ ယောက်ကိုကျွေးထားဖို့ဆိုရင် ခင်ဗျားမှာ ပိုက်ဆံဘယ်လောက်ရှိရမှာလဲ?
(က) ဒေါ်လာ ၅၀ (ခ) ဒေါ်လာ ၁၀၀ (ဂ) ဒေါ်လာ ၂၀၀ (ဃ) ၇၅ ဒေါ်လာ
jcomp/Freepik
မေးခွန်း (၇) နောက်ဆုံးပိတ်ဆိုတော့ နည်းနည်းစားမယ်နော်။ ဆီ ၁၂ ဂါလံကို မိုင်ပေါင်း ၃၆၀ မောင်းလို့ရတယ်ပဲထား၊ ဒါဆို တစ်ဂါလံမှာ ဘယ်နမိုင်သွားလို့ရမယ်လို့ယူဆသလဲ?
(က) ၁ ဂါလံကို မိုင် ၃၀၀ (ခ) ၁ ဂါလံကို ၁၂ မိုင် (ဂ) ၁ ဂါလံကို မိုင် ၃၀ (ဃ) ၁ ဂါလံကို ၁၀ မိုင်
အဖြေလေးတွေတိုက်ကြည့်ရအောင်။
မေးခွန်း (၁)အဖြေမှန်ကတော့ (က) ၆ဒေါ်လာဖြစ်ပါတယ်။
မေးခွန်း (၂) တစ်ပတ်/၅ ရက်အလုပ်ကို တစ်နေ့ မိုင် ၂၀ နှုန်းနဲ့သွားရမယ်ဆိုရင် (ဂ) မိုင် ၂၀၀ ပေါ့။
မေးခွန်း (၃)အပေါ်ကလိုပါပဲ တစ်ပတ်မှာ ၅ ရက်ရှိတဲ့အလုပ်ဆိုတော့ တစ်ရက်ကို ၁၅ မိနစ်ရတယ်၊ ၅ ရက်ဆိုတော့ (ခ) ၁ နာရီနဲ့ ၁၅ မိနစ်ပါ။
မေးခွန်း (၄) ကတော့ (ဃ) ၃၁၂ ဒေါ်လာ။
မေးခွန်း (၅) ဒေါ်လာ ၅၀၀ ကိုအခွန် ၆%ဆောင်ရမယ်ဆိုတော့ (ဃ) ဒေါ်လာ ၃၀ ပေါ့။
မေးခွန်း (၆)အတွက်အဖြေလေးကတော့ (ခ) ဒေါ်လာ ၁၀၀ ပါ။ ၂၅ ကို ၄ နဲ့မြှောက်။
မေးခွန်း (၇) (ဂ) ၁ ဂါလံကို မိုင် ၃၀ ပေါ့။
#lotaya_quiz
အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။