သင်ဘယ်လို အလှတရားကို ပိုင်ဆိုင်ထားလဲဆိုတာ ရှာဖွေကြည့်ရအောင်
lotaya.mpt.com.mm
|
2019-10-17



melancholiaphotography/Pixabay

လူတစ်ကိုယ်အလှတစ်မျိုးစီရှိကြစမြဲပါ။ ဒါပေမဲ့ ဘယ်လိုအလှမျိုးလဲဆိုတာပဲ ကွာခြားသွားတာပါ။ ဒါဆို သင့်မှာရှိနေတဲ့ ကိုယ်ပိုင်အလှတရားကရော ဘယ်လိုများဖြစ်နေမလဲ မသိချင်ကြဘူးလား။ ဒါဆိုရင်တော့ ဒီမေးခွန်းလေးတွေကို ဖြေကြည့်လိုက်ပါဦးနော်။ ထုံးစံအတိုင်းပါပဲ၊ အဖြေတစ်ခုချင်းစီမှာရှိနေတဲ့ ရမှတ်လေးတွေကို မေးခွန်းတစ်ခုဖြေပြီးတိုင်း ပေါင်းသွားကာ နောက်ဆုံးရလာတဲ့ စုစုပေါင်းရလဒ်နဲ့ ကိုက်ကြည့်ပြီး အဖြေရှာရမှာပဲဖြစ်ပါတယ်။ ကဲ..စလိုက်ကြရအောင်။




pressfoto/Freepik

မေးခွန်း (၁) သင့်ကိုလူတွေက ဘယ်လိုထင်မြင်တယ်လို့ ယူဆမိလဲ။

၁ မှတ် - သေချာတော့မသိဘူး

၂ မှတ် - သဘောကောင်းတဲ့လူတစ်ယောက်

၃ မှတ် - အရမ်းမိုက်တဲ့လူတစ်ယောက်




senlvpetro/Pixabay

မေးခွန်း (၂) အပြင်သွားရင် ဆံပင်ကို ဘယ်လိုပုံစံမျိုးနဲ့ လုပ်သွားလေ့ရှိသလဲ။

၁ မှတ် - ဦးထုပ်ကောက်ဆောင်းသွားလိုက်တာပါပဲ

၂ မှတ် - ဘာမှမလုပ်ဘူး ခေါင်းပဲဖြီးသွားတာ

၃ မှတ် - ဂျယ်လ်တွေ၊ စပရေးတွေ သို့မဟုတ် ကောက်စက်၊ ဖြောင့်စက်တွေ၊ ဆံညှပ်၊ ခေါင်းစည်းကြိုးတွေနဲ့ အမျိုးမျိုးပဲ




freeepik/Freepik

မေးခွန်း (၃) မှန်ကြည့်တိုင်း ကိုယ့်ကိုယ်ကို ဘယ်လိုထင်မိလဲ။

၁ မှတ် - မှတ်ထဲကြည့်လိုက်တိုင်းမလှလို့တော်တော်စိတ်ညစ်ရတယ်

၂ မှတ် - ပုံမှန်ပါပဲ

၃ မှတ် - အောင်မလေး.. လှလိုက်တာဆိုပြီး စိတ်ကြီးတွေဝင်လို့




ollyy/Freepik

မေးခွန်း (၄) ပုံမှန် သူငယ်ချင်းတွေနဲ့တွေ့ရင်ဘာလုပ်ဖြစ်လဲ။

၁ မှတ် - ဂိမ်းဆော့တယ်၊ ဒါမှမဟုတ် မုန့်စားပြီးစကားပြောတယ်

၂ မှတ် - ဘာလုပ်ရလုပ်ရ အပြင်မှာတွေ့ရရင်ကိုပြီးရော

၃ မှတ် - ရှော့ပင်ထွက်တယ်၊ ပါတီသွားတယ်




freeepik/Freepik

မေးခွန်း (၅) ကိုယ့်ကိုလှလိုက်တာလို့ အပြင်မှာအပြောခံဖူးတာ ဘယ်တုန်းကနောက်ဆုံးလဲ။

၁ မှတ် - မမှတ်မိတော့ပါဘူး

၂ မှတ် - အရင်အပတ်တွေလောက်ကထင်တယ်

၃ မှတ် - ခဏခဏအပြောခံရတယ်လေ လှတာကိုး




v.lvash/Freepik

မေးခွန်း (၆) သင့်ကိုသင်ရော လှတယ်လို့ထင်မိသလား။

၁ မှတ် - မထင်ဘူး

၂ မှတ် - လှတယ်လို့ထင်တာပဲ

၃ မှတ် - ဒါပေါ့




asier_relampagoestudi/Freepik

မေးခွန်း (၇) သင်ရယ်မိတဲ့ပုံစံလေးက..

၁ မှတ် - တော်ရုံပြုံးရယ်လေ့ကိုမရှိတာ

၂ မှတ် - သွားမပေါ်ဘဲ ရှက်ပြုံးလေး

၃ မှတ် - ကျက်သရေရှိပြီးလှပတဲ့အပြုံးမျိုး




freeepik/Freepik

မေးခွန်း (၈) သင့်ခန္ဓာကိုယ်အချိုးအစားကရော..

၁ မှတ် - ဂရုစိုက်လိုက်ရင် ဒီထက်ပိုလှလာမှာမလို့..

၂ မှတ် - ပုံမှန်ပါပဲ၊ ဆိုးလည်းမဆိုးရွားသလို အရမ်းကြီးလည်း မိုက်မနေဘူး

၃ မှတ် - အမြဲဂရုစိုက်တတ်တာကြောင့် လူတိုင်းအားကျရတဲ့ခန္ဓာကိုယ်မျိုး




freeepik/Freepik

မေးခွန်း (၉) ယုံကြည်မှုအရှိဆုံးနဲ့ အလိုက်ဖက်ဆုံးလို့ ထင်မိတဲ့အဝတ်အစားပုံစံက..

၁ မှတ် - သက်တောင့်သက်သာဖြစ်မယ့် အဝတ်တွေပဲ

၂ မှတ် - တီရှပ်နဲ့ဂျင်းဘောင်းဘီ

၃ မှတ် - ဖက်ရှင်ကျတာဘာမဆို




dmonka/Freepk

မေးခွန်း (၁၀) ရေချိုးတာနဲ့ပတ်သက်တဲ့အလေ့အကျင့်တွေက..

၁ မှတ် - နေ့တိုင်းရေမချိုးဘူး

၂ မှတ် - နေ့တိုင်းချိုးဖြစ်တယ် ပုံမှန်ပါပဲ

၃ မှတ် - ရေချိုးရုံတင်မဟုတ်ဘဲ ဆပ်ပြာဆီတွေဘာတွေနဲ့ အကျအနချေးချွတ်ပေါင်းတင်တာတွေပါ လုပ်လေ့ရှိတယ်

ကဲ ရွေးချယ်ထားတဲ့ အဖြေတစ်ခုချင်းဆီရဲ့ ရမှတ်လေးတွေကို ပေါင်းပြီးပြီထင်ပါတယ်။ ဒါဆို ရလဒ်လေးတွေ တိုက်ကြည့်ရအောင်..

၁၀ မှတ်မှ ၁၇ မှတ် - သင်ဟာ သိပ်အလှကြီးထဲ မပါပေမယ့်လို့ ခပ်လန်းလန်းပုံစံလေး၊ အကုန်သိအကုန်တတ် စာဂျပိုးပုံစံလေးကြောင့်ပဲ ဆန့်ကျင်ဘက်လိင်တွေကို ဆွဲဆောင်နေသူလေးပါတဲ့။ စိတ်ဓာတ်ကြံ့ခိုင်တယ်၊ ရုပ်ရည်ကိုသိပ်ဦးစားမပေးတဲ့သူမျိုးပေါ့။ ခက်တာက သင့်အနေနဲ့တစ်ခါတစ်လေမှာ ကိုယ်တိုင်သတ်မှတ်ထားတဲ့ အားနည်းချက်ဆိုတဲ့အရာကြီးကို စိတ်ရောက်ရောက်သွားပြီး ယုံကြည်မှုတွေ ပျောက်ဆုံးနေတတ်တာပါပဲ။ ဒီလိုဖြစ်လာတိုင်း အလှလေးနည်းနည်းပြင်ပြီး မှန်ရှေ့မှာထိုင်၊ ဘဝမှာလုပ်ခဲ့ဖူးတဲ့ ထက်ထက်မြက်မြက်အရာတွေကို တစ်ဖန်ပြန်စဉ်းစားလိုက်ပါ။

၁၈ မှတ်မှ ၂၅မှတ် - ရုပ်ရည်သွင်ပြင်ရဲ့အလှတရားရော စိတ်ထားလေးရောပါ လှပတဲ့သင်ပါပဲ။ စိတ်မနောကောင်းမှုကြောင့်ပဲ တွေ့သမျှလူတွေရဲ့ချစ်ခင်ခြင်းကို ခံနေရပြီး ချောမောလှပတဲ့ရုပ်ရည်လေးကြောင့်လည်း လူတော်တော်များများရဲ့ စိတ်ဝင်တစားဖြစ်ခြင်းကို ခံနေရသူလေးပါတဲ့။

၂၆ မှတ်မှ ၃၄ မှတ် - ယုံကြည်မှုအမြဲတမ်းရှိနေပြီး သင့်ကိုသင်ချစ်တယ်၊ ဒီလိုပုံစံမျိုးကြောင့်ပဲ ပတ်ဝန်းကျင်ကလူတွေက အဆွဲဆောင်ခံနေရတာပါ။ သင့်ဘဝမှာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ဖက်ရှင်ကကြီးစိုးလျက်ရှိနေပါတယ်။ အပေါင်းအသင်း၊ အသိုင်းဝိုင်းကလည်း ခပ်မိုက်မိုက်၊ သင့်နေပုံထိုင်ပုံကလည်း ခပ်မိုက်မိုက်ရယ်မလို့ လူတိုင်းကလည်ပြန်ကြည့်တာ ခံနေရတဲ့သူပါ။ ဒါပေမဲ့ တစ်ခုတော့မှတ်ထားပါ။ ရုပ်အလှနဲ့စိတ်အလှမှာ ကြာရှည်ခံတာဆိုလို့ မမြင်ရတဲ့စိတ်အလှဆိုတာပါပဲ။ ဒါကြောင့် နှစ်ခုစလုံးကို ဘက်မျှဖို့ကြိုးစားလိုက်ပါဦး။

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#မေးခွန်း
#အလှ
#ရုပ်ရည်
#ပုံစံ
#ရမှတ်

Some text some message..