သင့်သူငယ်ချင်းအုပ်စုထဲမှာ သင်ဟာ ဘယ်လိုလူမျိုးဖြစ်နေလဲ
lotaya.mpt.com.mm
|
2019-11-03



Free-Photos / Pixabay

အမြဲတမ်းသွားလာနေတတ်တဲ့ သူငယ်ချင်းအုပ်စုထဲမှာဆိုရင် ကလေးဆိုးကြီးကတစ်ယောက်၊ အမြဲတမ်းပြဿနာရှာ ဂဂျီဂဂျောင်ကျနေတတ်တာတစ်ယောက်၊ ဘယ်အရာမဆို သူပဲအကုန်ဦးဆောင်အနစ်နာခံပေးနေတာတစ်ယောက် စသဖြင့် တစ်ယောက်တစ်မျိုးမရိုးနိုင်အောင် ရှိတတ်ကြတယ်မဟုတ်လား။ ဒါဆို သင်ကရော သူငယ်ချင်းအုပ်စုထဲမှာ ဘယ်လိုလူမျိုးဖြစ်နေမလဲဆိုတာ မသိချင်ဘူးလား။

ဒါကိုသိရဖို့အတွက် မေးခွန်း ၁၀ ခု ပြင်ဆင်ပေးထားပါတယ်။ မေးခွန်းတစ်ခုချင်းဆီတိုင်းမှာ (က) (ခ) (ဂ) (ဃ) (င) ဆိုပြီး အဖြေ ၅ ခု ပေးထားမှာပါ။ မေးခွန်းတစ်ခုမှာ ပေးထားတဲ့အဖြေ ၅ ခုထဲက တစ်ခုကိုရွေးပြီး အက္ခရာတွေကိုမှတ်ထားရမှာပါ။ အဆုံးမှာတော့ ကိုယ်ဘယ်အက္ခရာကို အရွေးအများဆုံးလဲဆိုတာ ပြန်ကြည့်ပြီးတော့ ရလဒ်တွေကိုတိုက်ကြည့်ရမှာပဲဖြစ်ပါတယ်။ စလိုက်ကြရအောင်။

မေးခွန်း (၁) ကိုယ့်ကိုယ်ကို ဘယ်စိတ်ဓာတ်ရှိတာကို ဂုဏ်အယူဆုံးလဲ။

(က) တာဝန်ယူတတ်မှု (ခ) အမှီအခိုကင်းခြင်း (ဂ) ကူညီတတ်တဲ့စိတ်ထား (ဃ) ဟာသဥဏ်ရွှင်ခြင်း (င) ထက်မြက်မှု




Pexels/Pixabay

မေးခွန်း (၂) ဘယ်တိရိစ္ဆာန်နဲ့ကိုယ်နဲ့ ဉာဉ်ချင်းတူတယ်လို့ ခံစားမိလဲ။

(က) စွန်ရဲ (ခ) ဝံပုလွေ (ဂ) ခွေး (ဃ) မျောက် (င) ဘဲငန်းဖြူလေး

မေးခွန်း (၃) သင့်စတိုင်လ်ပုံစံကိုပြောပါဆိုရင်..

(က) ပုံနည်းနည်းတုံးပြီးသန့်သန့်ပြန့်ပြန့် (ခ) လမ်းသရဲပုံစံခပ်မိုက်မိုက် (ဂ) ရိုးရိုးသားသားပါပဲ (ဃ) ဆန်းဆန်းပြားပြားထွင်ဝတ်တတ် (င) အထက်တန်းကျကျ

မေးခွန်း (၄) သူငယ်ချင်းတွေနဲ့အတူတူ ရုပ်ရှင်ကြည့်ရမယ်ဆိုရင် အခုဘယ်လိုကားမျိုးကြည့်ချင်နေလဲ။

(က) သဘာဝလွန်ဇာတ်လမ်းမျိုး(ခ) သရဲကားပဲကြည့်ချင်တယ် (ဂ) အချစ်ကား (ဃ) ဟာသ (င) သုတရသပေးတဲ့ဇာတ်ကားမျိုး




Free-Photos /Pixabay

မေးခွန်း (၅) သင်အဖြစ်ချင်ဆုံးအလုပ်က..

(က) ဆရာ သို့မဟုတ် စိတ်ပညာရှင် (ခ) သရုပ်ဆောင်၊ ဒါရိုက်တာတို့လို အနုပညာဖန်တီးသူတစ်ယောက် (ဂ) ဆရာဝန် (ဃ) မီဒီယာလုပ်ငန်းဆိုင်ရာ ဘလော့ဂါဖြစ်ဖြစ်၊ ရုပ်သံရှိုးတင်ဆက်သူဖြစ်ဖြစ်ပေါ့ (င) စာရေးတာ ဒါမှမဟုတ် ပန်းချီဆရာ

မေးခွန်း (၆) ကိုယ့်ရဲ့အကြီးမားဆုံးအားနည်းချက်၊ ပြစ်ချက်ကြီးဟာ ဘာများဖြစ်မလဲ။

(က) သူများအပေါ်နိုင်စားတတ်လွန်းတာ (ခ) ရေရှည်မစဉ်းစားဘဲဒဲ့တိုးစကားပြောတာ (ဂ) ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတာ (ဃ) မှားမှန်းသိလည်းဝန်မခံတတ်တာ (င) ဘဝကိုလက်တွေ့ကျကျမဖြတ်သန်းနိုင်တာ

မေးခွန်း (၇) အကြိုက်ဆုံး လူမှုကွန်ယက်က..

(က) လူမှုကွန်ယက်သိပ်မသုံးဘူး (ခ) Instagram (ဂ) Facebook (ဃ) Twitter (င) တခြားဟာ

မေးခွန်း (၈) သူငယ်ချင်းတွေသင့်ဆီလာပြီဆိုရင် ဘာကြောင့်ဖြစ်နိုင်သလဲ။

(က) အကူအညီတောင်းဖို့ (ခ) အကြံဉာဏ်လိုချင်လို့ (ဂ) တိုင်ဖင်ဖို့ (ဃ) ပျော်ဖို့ (င) ဘာလုပ်ရမှန်းမသိလမ်းပျောက်နေကြလို့




florentiabuckingha/Pixabay

မေးခွန်း (၉) ဘော်ဒါတွေကြားထဲရောက်ရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထင်လဲ။

(က) အမြဲပြုံးနေသူ (ခ) ခပ်တည်တည် (ဂ) မျက်နှာပိုးသတ်မရသူ (ဃ) အရယ်သန်သူ (င) ချစ်စရာကောင်းသူ

မေးခွန်း (၁၀) သူငယ်ချင်းတွေနဲ့ ပါတီအကြီးကြီးမှာရောက်နေတယ်ဆိုပါစို့၊ သင် ဘာလုပ်နေတတ်လဲ။

(က) သူငယ်ချင်းတွေကို ငြိမ်ငြိမ်လေးစောင့်ကြည့်နေမယ် (ခ) ကမှာပေါ့ (ဂ) စားမှာပဲ (ဃ) တစ်ချောင်ချောင်မှာထိုင်ပြီး သူငယ်ချင်းတွေနဲ့ပျော်ပါးနေမယ် (င) ပါတီသွားမယ်လို့တောင် ကိုယ့်ကိုယ်ကိုမသေချာဘူး

မေးခွန်း ၁၀ ခုလည်းပြီးသွားပြီဆိုတော့ သင်ရွေးချယ်လိုက်တဲ့အဖြေတွေထဲ ဘယ်အက္ခရာများနေလဲဆိုတာ ကြည့်လိုက်ရအောင်။




StockSnap / Pixabay

(က) များနေမယ်ဆိုရင်တော့ သင်ဟာ အုပ်စုထဲက မိခင်ကြီးပါတဲ့။ တာဝန်ယူတတ်တယ်၊ အစီစဉ်နဲ့လှုပ်ရှားတတ်သူဖြစ်ပြီး ဘယ်နေရာပဲရောက်ရောက် သူငယ်ချင်းတွေ ဘေးကင်းပါ့မလား၊ ဘာဖြစ်နေမလဲဆိုတာ အမြဲတွေးပူတတ်တဲ့သူပါတဲ့။

(ခ) ကိုအရွေးများခဲ့မယ်ဆိုရင်တော့ သင်ဟာအဖွဲ့ထဲကသူပုန်ပါတဲ့လေ။ သူငယ်ချင်းတွေနဲ့ပျော်မယ်ပါးမယ်၊ လျှောက်လုပ်မယ်၊ လွတ်လွတ်လပ်လပ်နေမယ်။ ဒါကြောင့်လည်း ပျော်စရာပါတီပွဲလိုမျိုးဆို သင်မပါရင်ဘယ်သူငယ်ချင်းမှ မသွားချင်ကြတာပေါ့။

(ဂ) ဟာ အဖြေထဲမှာ အများဆုံးဖြစ်နေရင်တော့ သင်ဟာအဖွဲ့ထဲက ငြိမ်းချမ်းရေးသံတမန်ပါတဲ့လေ။ အားလုံးပြောတဲ့စကားတွေကို နားထောင်ပေမယ့်လို့ ဘယ်သူကတော့ ဘာပြောတယ်ဆိုပြီး ပြန်ဖောက်သည်မချတတ်တဲ့အတွက် လျှို့ဝှက်ချက်တွေအားလုံး ထိမ်းသိမ်းထားတဲ့သေတ္တာကြီးလည်း ဖြစ်နေတတ်ပါတယ်။ ငြိမ်းချမ်းရေးသံတမန်ဆိုတော့ ဘယ်သူနဲ့ဘယ်သူရန်ပဲဖြစ်ဖြစ် အရင်ဆုံးသင့်ကိုဦးအောင်လာတိုင်တတ်ပါသတဲ့။ ကြင်နာတတ်ပြီး ကူညီတတ်တဲ့စိတ်ထားလေးကြောင့်လည်း အချစ်ပိုရတဲ့လူပေါ့။

(ဃ) သာ သင့်အဖြေတွေထဲ များနေမယ်ဆိုရင် သင်ဟာ ဂျိုကာပါ။ စုရပ်ကိုသင်ရောက်လာတာနဲ့ တဟားဟားဖြစ်ပြီး ပွဲကျတော့တာပဲတဲ့။ ဟာသဉာဏ်ရွှင်ဟာ သင့်ရဲ့ပါရမီထူးတစ်ရပ်ဖြစ်သလိုပဲ အပေါင်းသင်တွေရဲ့ ချစ်ခြင်းကိုခံရဖို့ ပီရဆေးတစ်လုံးဆိုလည်း မမှားပါဘူးနော်။

(င) သမားတွေကတော့ ကလေးဆိုးကြီးတွေပါတဲ့လေ။ ရိုးသားပြီး ဖြူစင်ပေမယ့်လို့ ဂဂျီဂဂျောင်ကျတယ်၊ ဘာမဆိုဆိုသွားချင်၊ စားချင်ပြီး ရွယ်တူသူငယ်ချင်းတွေရဲ့ အတွေ့အကြုံတွေ၊ ဗန်းစားတွေကြားမှာ ပါးစပ်အဟောင်းသားလေးဖြစ်နရတဲ့သူလေးပေါ့လေ။ အုပ်စုထဲကသူငယ်ချင်းတိုင်းရဲ့ ဂရုစိုက်ခြင်းကိုလည်း ခံနေခဲ့ရသူလေးမလို့ တစ်ခါတစ်လေ ဆိုးချင်တာလေးလည်းရှိတာပေါ့။

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#သူငယ်
#မေးခွန်း
#ဘယ်
#အက္ခရာ
#အဖြေ

Some text some message..