Alissa Kumarova
/Shutterstock
လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ပင်ကိုစိတ်နေစိတ်ထားဆိုတာ ရှိတတ်ကြစမြဲပါ။ သဘောကောင်းခြင်းကိုအခြေခံမလား၊ ထက်မြက်မှုကိုလား၊ ဒါမှမဟုတ် အနစ်နာခံတတ်တဲ့ စိတ်ထားလား၊ ကြင်နာသနားတတ်တာလား စသဖြင့် ကွဲပြားခြားနားတတ်ကြပါတယ်။ ဒါဆို သင့်ရဲ့ပင်ကိုစိတ်နေစိတ်ထားပေါ်လိုက်ပြီး တစ်ဖက်သားအပေါ် ဘယ်လိုတွေတောင် ဆွဲဆောင်မှုအားတွေ ကောင်းနေသလဲ၊ ဘာကြောင့်လဲဆိုတာ မေးခွန်းလေးတွေကိုဖြေရင်း အဖြေရှာလိုက်ကြပါစို့လား။ သင်လုပ်ဆောင်ရမှာကတော့ မေးခွန်းတိုင်းအတွက် အဖြေတစ်ခုကို ရွေးပေးရမှာဖြစ်ပြီး အဲဒီအဖြေရဲ့သက်ဆိုင်ရာ အမှတ်လေးတွေကို ပေါင်းပေါင်းပေးသွားရင်း နောက်ဆုံးထွက်လာတဲ့ ရမှတ်အလိုက် ရလဒ်တွေကို တိုက်ကြည့်ရမှာပါ။ စလိုက်ကြရအောင်..
(က) ဆိုရင် ၁ မှတ်၊ (ခ) ဆိုရင် ၂ မှတ် နဲ့ (ဂ) ဆိုရင် ၃ မှတ်ပါနော်။
မေးခွန်း (၁) ဗေဒင်ဆရာတစ်ယောက်က သင့်အနာဂတ်မှာ အောင်မြင်ကိန်းရှိတယ်လို့ဟောလိုက်ရင် သင့်အနေနဲ့ယုံကြည်နိုင်မှာလား။
(က) ဗေဒင်တွေမယုံဘူး
(ခ) ယုံတယ်၊ မယုံဘူးရယ်လို့တော့မဟုတ်ပေမယ့် အောင်မြင်မယ်ဟောတော့ သဘောကျတာပေါ့
(ဂ) အကြွင်းမဲ့ကိုယုံပစ်မှာ
မေးခွန်း (၂) လူအများကြီးကြည့်နေတဲ့အချိန် စင်ပေါ်တက်ကဆို ကမှာလား။
(က) လုံးဝကိုမကဘူး
(ခ) ကရင်လည်းကမိမှာ
(ဂ) ကပစ်မှာပဲ
မေးခွန်း (၃) ကိုယ့်ကိုယ်ကို ဘာနဲ့တူတယ်လို့ထင်လဲ။
(က) ကြယ်တာရာ
(ခ) လမင်း
(ဂ) နေ
Look Studio
/Shutterstock
မေးခွန်း (၄) ပိုလှတာရွေးမလား၊ ပိုထက်မြက်တာကိုရွေးမလား။
(က) ပိုလှတာ
(ခ) ပိုထကျမွကျတာ
(ဂ) အရှိအတိုင်းလေးပဲလိုချင်တယ်
မေးခွန်း (၅) ကိုယ့်စိတ်ထားအပျော့အမာကို ဒီသုံးခုနဲ့ယှဉ်ပြပါဆိုရင်..
(က) လိုလီပေါ့လိုခပ်မာမာပဲ
(ခ) ဂျယ်လီလေးကို စိတ်ထားပျော့
(ဂ) ပီကေလိုအနေတော်
မေးခွန်း (၆) ကိုယ့်ကိုယ်ကိုနဲ့သူများဆိုရင် ဘယ်သူ့ကိုပိုဦးစားပေးလေ့ရှိသလဲ။
(က) ကိုယ့်ကိုယ်ကိုပဲပေါ့
(ခ) မိသားစုနဲ့မိတ်ဆွေအရင်းချာတွေကိုပဲ ပိုဦးစားပေးဖြစ်မယ်
(ဂ) သူများတွေကိုပိုပြီးဦးစားပေးတယ်
မေးခွန်း (၇) သင့်ဘဝအတွက်အမှတ်ရနေတဲ့ မှတ်ဉာဏ်တွေ၊ အမှတ်တရတွေဟာ ဘယ်လိုပုံစံမျိုးရှိသလဲ။
(က) ဝမ်းနည်းစရာအတိတ်တွေ
(ခ) ရယ်စရာအမှတ်တရတွေများတယ်
(ဂ) ပျော်စရာလေးတွေများပါတယ်
Dean Drobot
/Shutterstock
မေးခွန်း (၈) ကိုယ့်ကိုယ်ကို လူသိများတယ်လို့ထင်လား။
(က) မထင်ဘူး
(ခ) အပေါင်းသင်းမိတ်ဆွေတွေတော့ ကျယ်ပြန့်ပါတယ်
(ဂ) ဒါပေါ့
မေးခွန်း (၉) အောက်က အကျင့် ၃ ခုထဲက သင်နဲ့ဘယ်အကျင့်က ထပ်တူညီနေလဲ။
(က) သေသပ်စီစဉ်တတ်သော
(ခ) ပျင်းရိသော
(ဂ) စိတ်ခံစားချက်လွယ်သော
မေးခွန်း (၁၀) နေ့မှာပိုတက်ကြွလား ဒါမှမဟုတ် ညမှာလား။
(က) ည
(ခ) နေ့
(ဂ) နှစ်ခုစလုံးပါပဲ အိပ်ရေးဝနေရင်ပေါ့
WAYHOME studio
/Shutterstock
ဒါဆိုရလဒ်လေးတွေ တိုက်ကြည့်ကြမယ်။
၁၀ မှတ်မှ ၁၄ မှတ်- ပြဿနာတိုင်းကို ကောင်းကောင်းဖြေရှင်းနိုင်တဲ့ လိမ္မာပါးနပ်ခြင်းကို ပိုင်ဆိုင်ထားပါတယ်။ ကိုယ့်အားကိုယ်ကိုးတတ်ပြီး လွတ်လပ်ပေါ့ပါးတဲ့သူ၊ ကိုယ့်တက်လမ်းကိုယ်ဖောက်တတ်တဲ့သူမလို့ တခြားလူတွေရဲ့စိတ်ထဲ သင်ဟာ တော်တော်လေးကိုဆွဲဆောင်မှုရှိနေပါသတဲ့။
၁၅ မှတ်မှ အမှတ် ၂၀- သင်ဟာ ခန့်မှန်းရခက်သူ၊ လျှို့ဝှက်နက်နဲသူတစ်ယောက်ပါ။ လူတွေရဲ့ဉာဉ်အရ ဘာမှန်းသေချာမသိတဲ့အရာ၊ အဖြေရှာလို့မရတဲ့အရာတွေကို ကြိုက်တတ်တာကြောင့် သင့်ရဲ့ လျှို့ဝှက်နက်နဲတတ်တဲ့ ပုံစံဟာ သူတို့အတွက် ဆွဲဆောင်မှုအပြည့်ဖြစ်နေတတ်ပါတယ်။
၂၁ မှတ်မှ ၂၅ မှတ်- သင့်ရဲ့ပင်ကိုစိတ်နေစိတ်ထားနဲ့စွမ်းရည်ကတော့ ဟာသဉာဏ်ရွှင်တာပါတဲ့။ ဘေးကလူတွေကိုပျော်အောင်လုပ်ပေးနိုင်တယ်၊ အကောင်းမြင်စိတ်ရှိပြီး ဖြတ်ထိုးဉာဏ်လည်းကောင်းတယ်။ ဒါကြောင့်လည်းလူတိုင်းကချစ်ခင်နေတာဖြစ်ပြီး သင့်ရဲ့ဆွဲဆောင်မှုရှိတဲ့ပုံစံလေးဖြစ်နေတာပါပဲ။
၂၆ မှတ်မှ အမှတ် ၃၀- ဒီလူတွေကတော့ ဘာပဲလုပ်လုပ် ဆွဲဆောင်မှုကို အမြဲတမ်းရှိနေတာပဲတဲ့။ အပေါင်းသင်းများတယ်၊ ကိုယ့်ရဲ့စစ်မှန်တဲ့ပုံစံမျိုး ချပြရင်တောင်မှ ယုံကြည်မှုရှိနေတတ်တယ်၊ ဖန်တီးမှုစွမ်းအောင်းကောင်းတယ်၊ အကောင်းမြင်ပြီး ပျော်ပျော်နေတတ်တယ်၊ ကြင်နာစာနာတတ်တဲ့နှလုံးသားပိုင်ရှင်လးတွေပါပဲ။
အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။