ရန်ကုန်ရှိ ကိုဗစ်ကုသရေးဌာနများသို့ တပ်မတော်မှ ၂ရက်အတွင်း အောက်ဆီဂျင်အိုးအလုံး ၂၅၀ကျော်လှူဒါန်း
myanmaplatform.com
|
2020-10-09



ရန်ကုန်၊ အောက်တိုဘာ ၉။

ရန်ကုန်ရှိ ကိုဗစ်ကုသရေးဌာနများဖြစ်သော လှိုင်သာယာဆေးရုံအပါအဝင် အောင်မြင်းမိုရ်အိမ် ယာ၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရိုးမ(၁)နဲ့ ရိုးမ(၂)တို့ကို တပ်မတော်မှ ၂ရက်အတွင်း အောက်ဆီဂျင် အိုးအလုံး ၂၆၅လုံး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အရပ်ဘက်ဆေးရုံများသို့ အောက်ဆီဂျင်အိုးများ လှူဒါန်းရန် ညွှန်ကြားခဲ့ပြီး နောက် အောက်တိုဘာလ ၇ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းရှိ ကိုဗစ်ကုသရေးဌာနများသို့ လိုက်လံလှူဒါန်းမှု များ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ထိုသို့လှူဒါန်းခဲ့ရာမှာ လှိုင်ယာသာဆေးရုံကြီးသို့ အောက်ဆီဂျင်အိုးအလုံး ၅၀အပြင် အောင်မြင်းမိုရ်အိမ်ယာမှ ကိုဗစ်ကုသရေးတာဝန်ရှိသူများက ဆက်သွယ်အကူအညီတောင်းခံမှုကြောင့် အောက်ဆီဂျင်အိုးအလုံး ၅၀ လှူ ဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် သက်ဆိုင်ရာဆေးရုံအုပ်ကြီးများနဲ့ တာဝန်ရှိသူများက ဆက်သွယ်လာသဖြင့် ဗိုလ်တထောင်မြို့နယ်ရှိ ရန် ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၅၁လုံး လှူဒါန်းခဲ့ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရိုးမ(၁)နဲ့ ရိုးမ(၂)တို့ထံသို့လည်း အောက်ဆီဂျင်အိုး အလုံး ၆၀ ထပ်မံလှူဒါန်းခဲ့ပါတယ်။


ထို့နောက် အထူးကုဆေးရုံ(ဝေဘာဂီ)သို့ အောက်ဆီဂျင်အိုး အလုံး၂၀နဲ့ ရန်ကုန်အနောက်ပိုင်းပြည်သူ့ဆေးရုံ ကြီးသို့ အောက်ဆီဂျင်အိုး ၃၄လုံးအားတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက တပ်မတော် Oxygen Plant များမှာ အောက်ဆီဂျင်များဖြည့်သွင်းပြီး ပို့ဆောင်လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။
TMA


#အောက်ဆီဂျင်
#အလုံး
#ရိုးမ
#ဆေးရုံကြီး
#ကုသရေး

Some text some message..