အထည်ချုပ်စက်ရုံမှာ ခြောက်တဲ့သရဲ
lotaya.mpt.com.mm
|
2020-04-10

ဒီအဖြစ်အပျက်လေးက ၂၀၁၃ ခုနှစ်လောက်က ဖြစ်သွားခဲ့တာပါ။ လှိုင်သာယာ စက်မှုဇုန်ထဲက စက်ရုံတစ်ရုံမှာ ဖြစ်သွားခဲ့တာပေါ့လေ။ ဒီအဖြစ်အပျက်လေးကို မက်ဆေ့ခ်ျဘောက်စ်ကနေ ချစ်ရတဲ့သူငယ်ချင်းမိတ်ဆွေတစ်ယောက်က သူ့ကိုယ် တွေ့ အဖြစ်အပျက်လေးကို လာပြောပြထားတာပါ။




မင်မင်က ပြန်လည်ခံစားရေးဖွဲ့ ပေးလိုက်ပါတယ်နော်။

လှိုင်သာယာ မှာရှိတဲ့အဲဒီအထည်ချုပ်စက်ရုံကြီးက အတော်လေးကိုကြီးမားပါတယ်။ အထပ်သုံးထပ်ရှိတဲ့ စက်ရုံကြီးပါ။ ဒီစက်ရုံကြီးကို အဓိက တည်ထောင်အုပ်ချုပ်သူ တွေကတော့ တရုတ်လူမျိုးတွေပဲဖြစ်ပါတယ်။ အဲဒီသုံးထပ်စက်ရုံမှာ မကြာခဏ ဆို သလို အလုပ်သမားတွေက ဆန္ဒပြကြလေ့လည်းရှိပါတယ်။

စက်ရုံကြီးနဲ့ ပတ်သက်ပြီး အလုပ်လုပ်တဲ့လူတိုင်းကြားဖူးကြတဲ့ တကယ့်အဖြစ်အပျက် လား ကောလာဟလ လားမသိတဲ့ ဇာတ်လမ်းတစ်ပုဒ်လည်းရှိခဲ့ဖူးပါတယ်။ အဲဒါက တော့ ဒီစက်ရုံကို စဆောက်နေတဲ့အချိန်မှာ အပေါ်ဆုံးထပ်ကနေ အင်ဂျင်နီယာ တစ်ယောက်အောက်ကိုပြုတ်ကျပြီး သေဖူးတယ်ဆိုတဲ့ ဇာတ်လမ်းပါပဲ။

ဒီနေရာမှာ ဇာတ်လမ်းသဘောကို ပေါ်လွင်စေဖို့အတွက် စက်ရုံကြီးရဲ့ တည်ဆောက် ထားတဲ့ပုံစံကို နည်းနည်းလောက်ပြောပြပါ့မယ်နော်။ စက်ရုံက သုံးထပ်ရှိပြီး အောက် ဆုံး အလွှာက အထည်တွေကို ညှပ်တဲ့ အပိုင်းပါ။ အလယ်ပိုင်းမှာကျတော့ ရှပ်အင်္ကျ ီ တွေချုပ်တဲ့ အပိုင်းဖြစ်ပြီး၊ အပေါ်ဆုံးထပ်မှာကြတော့ ဘောင်းဘီတွေ ကို သီးသန့် ချုပ် လုပ်ပါတယ်။ အထပ်တိုင်းကို သက်ဆိုင်ရာ QC( အရည်သွေးစစ်ဆေးသူ) ၊Supervisior၊ တွေနဲ့ တရုတ်လူမျိုးတစ်ယောက်စီ စသဖြင့် အဆင့်ဆင့် အုပ်ချုပ် ပါ တယ်။


စက်ရုံကြီးရဲ့ ထမင်းစားဆောင်တွေဆိုလည်းအလုပ်သမားများတဲ့အတွက် စက်ရုံ ဝန်းထဲမှာပဲ သီးသန် လုပ်ပေးထားပါတယ်။ စက်ရုံမှာ သန့်ရှင်းရေးအလုပ်သမားနဲ့ လုံခြုံရေးဝန်ထမ်းတွေလည်းအများကြီးရှိပါတယ်။
စက်ရုံဝန်းကြီးထဲမှာ ပင်မစက်ရုံတံခါးကို ထမင်းစားချိန်ဆို ပိတ်ထားတတ်ပြီး တံခါးပိတ် ထားတဲ့အချိန်မှာ အလုပ်သမားတွေ အပေါ့အပါးသွား ချင်ရင် သွားလို့ရအောင်လို့ ထမင်းစားဆောင်ရဲ့ အနောက်ဖက်မှာ အိမ်သာခန်းတွေ ဆောက်ထားပေးပါတယ်။

ဒီစက်ရုံထဲမှာ သင်းသင်းတစ်ယောက်အလုပ်ဝင်တာလည်း သိပ်မကြာသေးပါဘူး။ နေ့ဆိုင်းညဆိုင်းဆင်းပြီး အိုတီဆင်းရတာ တွေ အလှည့်ကျရှိပြီး စက်ရုံကပေးထား တဲ့ အဆောင်မှာပဲ နေပါတယ်။

ဒီစက်ရုံရောက်ကတည်းက သတိထားမိတာက ခဏခဏ အလုပ်သမားတွေဆန္ဒပြ လေ့ရှိတာကိုပါပဲ။ သင်းသင်းတို့က အလယ်ထပ်မှာ အလုပ်လုပ်ရတာပါ။ လှေကားတွေ က လူနှစ်ယောက်လောက်တော့ ယှဉ်ဆင်းလို့ ရပြီး သိပ်ပြီး အကျယ်ကြီးတော့ မဟုတ် ပါဘူး။ ထောင့်ချိုးလေးတွေ တစ်ခုချင်းစီရှိပြီးတော့ အောက်ထပ်အထိဆို ထောင့်ချိုး သုံးခုရှိပါတယ်။

သင်းသင်းတို့လည်း စက်ရုံကြီးမှာ ပုံမှန်အတိုင်းအလုပ်ဆင်းရင်းနဲ့ပဲ တစ်နေ့ကြတော့ အလယ်ထပ်မှာ မော်တာ ရှော့ခ်ဖြစ်ပါရော။

“ဟယ်လုပ်ကြပါဦး.. မီးလောင်နေပြီ..မီးလောင်နေပြီ… မီးသတ်ဆေးဗူးမြန်မြန်ယူလာ ပါ”

သင်းသင်းတို့တွေလည်း ချက်ချင်းဆိုသလို ထပြေးတဲ့သူကပြေး..တစ်ချို့ကြတော့ လည်း သူ့ထက် ငါအလုအယက် လှေကားက နေဆင်းပြေးကြပါတော့တယ်။ မီးသတ် ဆေးဗူးနဲ့ ဖြန်းလိုက်တဲ့ အရှိန်ကြောင့် စက်ရုံအလယ်ထပ်မှာ မီးခိုးမွှန်သွားပြီး မီးသတ် ဆေးရဲ့ အဖြူရောင် အမှုန့် တွေလည်း ပတ်ဝန်းကျင်ကို ပြန့်နှန့် သွားတဲ့အတွက် ကြောင့် အပေါ်ဆုံးထပ်က လူတွေကလည်းပြေးဆင်းလာနဲ့ ဝရုန်းသုန်းကားတွေ ဖြစ်ကုန် ပါတော့တယ်။

ဝါယာရှော့ခ်ကြောင့် မီးလောင်ပြီထင်ပြီး လူပေါင်းရာချီ ကြောက်အားလန့်အားနဲ့ ပြေး ဆင်း လိုက်တဲ့အခါမှာတော့ အောက်ဆုံးထပ်ကို တာဝန်ယူရတဲ့ တရုတ်တစ် ယောက် က ခါတိုင်းလို ဆန္ဒ ပြတယ်ထင်ပြီး အောက်ဆုံးထပ်လှေကား အဆင်းက တံခါးမကြီး ကို ပြေးပြီး ပိတ်ချလိုက်ပါတော့တယ်။

လှေကားထစ်လေးတွေက ကွေ့ချိုးတွေ ဆိုတော့ လူတွေ အများကြီးထောင့်ချိုး မှာ ပိတ်မိသွားသလိုဖြစ်ပြီး အရှိန်တန့်သွားပေမယ့်နောက်ကဆက်ပြေးဆင်းလာတဲ့ လူ တွေရဲ့ အရှိန်နဲ့ အကုန်ဖရိုဖရဲ ပြိုလဲ ကုန်ကြပါတယ်။ လူတွေပေါ်လူတွေထပ်ပြီး ပိကုန် ကြပါတယ်။

လူတွေဟာ သူတို့ဘာဖြစ်လို့ ဘာဖြစ်နေမှန်းမသိပဲ ရှေ့တိုးမရ၊ နောက်ဆုတ်မရတွေ ဖြစ်ကုန်ပါတယ်။ အောက်မှာ လူတွေ နင်းမိကုန်ပြီး မချိမဆံ့ အော်ဟစ်သံတွေလည်း ဆူညံ ပွက်လောရိုက်ကုန်ပါတယ်။ နောက်ဆုံးမှာ တော့ တံခါးလည်း ဖွင့်လူတွေကို လည်း ယောက်ျားလေးတွေက အားနဲ့ ဆောင့်ဆောင့်ပြီး ဆွဲထုတ်တာ အရင်းစစ်လိုက် တော့ ရန်ကုန်ဆေးရုံကြီးကို ရောက်ကြပါတော့တယ်။ ကျိုးပဲ့တဲ့ သူတွေလည်း အများ ကြီးပဲရှိပြီး အဆိုးဆုံးကတော့ ကောင်မလေးတစ်ဦး တက်နင်းခံရတဲ့ ဒဏ်ရာနဲ့ ဆီးအိမ် ကွဲပြီး သေဆုံးခဲ့ရပါတယ်။

အဲဒီကောင်မလေးက နယ်ကလာပြီး အလုပ်လုပ်တာလည်းမကြာသေးပါဘူး။ နောက် ပိုင်းမှာ စက်ရုံကလူကြီးတွေအချင်းချင်း ဘယ်လို ညှိနှိုင်းပြီးပြေလည်သွားသလဲ မသိ ပေမယ့် ဒီကောင်မလေးအတွက် စက်ရုံမှာ ဆွမ်းသွပ်ပေးတာ၊ တရားနာတာတွေ မလုပ် ပေးခဲ့ပါဘူး။ သင်းသင်းတို့ သိရသလောက် ကောင်မလေးဟာ လျော်ကြေးလည်း မရရှာ ပါဘူး။ စက်ရုံမှာဖြစ်တဲ့ပြသနာကို ဘယ်သူ့ကိုမှ ပေးမသိပဲနဲ့ငွေနဲ့ ဖုံးအုပ်ထား လိုက်ပါပြီ။

ဒီကောင်မလေးသေဆုံးပြီးတဲ့အချိန်က စပြီးသင်းသင်းတို့ စက်ရုံမှာ အလယ်ထပ်က အိမ်သာကို တစ်ယောက်ထဲ မသွားရဲ ကြတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် လူမရှိတဲ့ အိမ်သာထဲကနေ ရေနဲ့လှမ်းပက်တာမျိုး၊ ရေစင်သွားလို့ ဘယ်သူများပက်သလဲလို့ လိုက်ရှာတဲ့အခါမှာ ဘယ်သူမှမရှိတာမျိုး၊ တစ်ခါတစ်လေ မှာဆိုရင်တော့ အထဲမှာလူ လည်း မရှိပဲနဲ့ တံခါးပိတ်ထားတတ်ပါတယ်။ ပြီးမှတံခါးက သူ့ အလိုလို ပြန်ပွင့်တာ မျိုးတွေဖြစ်လာတာကြောင့်ပါ။

စက်ရုံမှာ သရဲခြောက်တယ်ဆိုတဲ့ သတင်းစကားတွေကလည်း တစ်စတစ်စပြန့်လာ ခဲ့တော့ အပေါ့အလေးကို အဖော်နဲ့စုသွားကြတာမျိုးတွေလုပ်ရပါတောတယ်။ သေသေ ချာချာ နဖူးတွေ့ ဒူးတွေ့လိုမျိုး တွေ့တာတော့ မဟုတ်ပေမယ့် သတင်းစကားကို ကြား ပြီး ကြောက်နေကြတဲ့ပုံဖြစ်ပါတယ်။

ဒါပေမယ့် သင်းသင်းတစ်ယောက် ကတော့ဖြင့် ဘဝတစ်သက်တာမှာ ဘယ်တော့မှ မေ့လို့ မရတဲ့ နဖူးတွေ့ ဒူးတွေ့ကိုကြုံခဲ့လိုက်ရတဲ့ နေ့ကိုကြုံလိုက်ရချိန်မှာတော့..။

စက်ရုံက တနင်္ဂနွေနေ့တိုင်းပိတ်ပေးပါတယ်။ အဲဒီနေ့က စနေနေ့ညဆိုတာ သင်း သင်းမှတ်မိနေပါတယ်။ အိုတီဆင်းထားရတော့ ပင်ပန်းလွန်းလို့ ခါတိုင်းလို တစ်ထပ် ချင်း အလှည့်ကျ လွှတ်ချိန်ကို မစောင့်နိုင်တော့ပဲ အောက်ဆုံးထပ်က လွှတ်တဲ့လူ တွေ နဲ့ ရောလိုက်သွားဖို့ ဖယ်ရီမှာ မှေးပြီးအိပ်လိုက်သွားလို့ ရအောင် နေရာ ကောင်းရဖို့ ပြေးဆင်းလိုက်ပါတယ်။

ဒီလိုပြေးဆင်းလိုက်တဲ့အချိန်မှာ လှေကားမှာ သင်းသင်းတစ်ယောက်ထဲရှိနေတာပါ။ ဘာလို့ဆိုတော့ အပေါ်ဆုံးထပ်နဲ့ အလယ်ထပ်က မလွှတ်ကြသေးလို့ပါပဲ။ သီချင်းလေး ညီးရင်းပြေးဆင်းလာတဲ့ သင်းသင်းတစ်ယောက် အလယ်ထပ်ကျော်ကျော်နားလေးမှာ သူ့ရှေ့က အရင်ဆင်းနှင့်နေတဲ့ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။

သင်းသင်းက သူ့ကိုမြင်လိုက်တာနဲ့ ဘာကြောင့်ရယ်မသိ ဆက်မဆင်းမိပဲ ကြောင် ပြီး ရပ်ကြည့်နေမိပါတယ်။ သူဝတ်ထားတာက ဝမ်းဆက်တော့ မဟုတ်ပေမယ့် အင်္ကျ ီအပွင့် ခါးရှည် ကိုဝတ်ထားပြီး အပေါ်တစ်မျိုး၊ အောက်တစ်မျိုး ဝတ်ဆင် ထားတာပါ။


အဲဒီကောင်မလေးရဲ့ လက်ထဲမှာလည်း ကြွပ်ကြွပ်အိတ်လေးကိုင်ထားတယ်။ သင်းသင်း သေချာလေးကြည့်လိုက်တော့ အိတ်ထဲမှာ ဝန်ထမ်းကတ်လေးရယ်။ လက်ကိုင်ပုဝါ အမွှေးပွအဝါလေးတစ်ခုရယ်ကိုင်ထားတယ်။
ဒါနဲ့ ကောင်မလေးနောက်ကဖြေးဖြေးချင်း လိုက်ဆင်းလိုက်တဲ့အခါ သင်းသင်းနဲ့ သူ့ အကွာအဝေးက လှေကားသုံးထစ် လောက်ပဲ ကွာပါတော့တယ်။ ကောင်မလေး မျက်နှာကို ဘေးတစ်စောင်းလေးမြင်လိုက်ရပါတယ်။


သူ့မျက်နှာလေးက တစ်ခုခု ကို ဝမ်းနည်းနေတဲ့ပုံပေါက်နေပါတယ်။
“ဟယ် သူဘာလို့ ဝမ်းနည်းနေတဲ့ပုံပေါက်နေပါလိမ့်..စူပါတွေ ဘာတွေကများ ဆူထား လို့လားမသိဘူး။” ကိုယ့်ဖာသာကိုယ်တွေးနေတုန်း သူက လမ်းကို သင်းသင်း ဆက် ဆင်း လို့ရအောင် နံရံ ဖက်ကို ကပ်ပေးလိုက်ပါတယ်။

သင်းသင်းဘေးက နေသူ့ကို ယှဉ်မိသလိုဖြစ်ပြီး အဲဒီကောင်မလေးနဲ့ မျက်လုံးချင်း သွားဆုံမိလိုက်တဲ့ အခါမှာတော့ ကောင်မလေးဟာ ပုံမှန်မဟုတ်မှန်းသိသွားပါတော့ တယ်။

ကောင်မလေးကို မြင်လိုက်တဲ့ အချိန်မှာ တစ်ကိုယ်လုံးအေးစက်ပြီးတော့ ဆတ်ဆတ် တုန်လာပါတယ်။ ပြီးတော့ခေါင်းကြီးက အဆမတန်အကြီးကြီးဖြစ်သွားတယ်။ ဘာများ ဖြစ်နေလို့ လဲ ဆိုပြီးသေချာအောင်ကြည့်လိုက်တော့ လားလား…့ကောင်မလေး ရဲ့ မျက်နှာက ပါးစပ်တစ်ဖက်ကရွဲ့ စောင်းနေပြီးပြီး မျက်လုံးကြီးကလည်း အပြင်ကို ပြူးထွက်နေတာတွေ့လိုက်ရပါတယ်။


သူက သင်းသင်းကို မျက်လုံးလှန်ပြီးတော့ကြည့်လိုက်တော့ ပိုဆိုးသွားသလိုဖြစ်ပါတယ်။ တအားလန့်သွားတဲ့သင်းသင်းဟာ အသံကုန်ခြစ်အော်ဟစ်ပြီးတော့ အပေါ်ဖက်ကို ပြန် ပြေးတက်လိုက်ပါတယ်။
အဲဒီလိုပြေးတက်တဲ့ အချိန်မှာပဲ သူငယ်ချင်းတွေကော စူပါတွေ သူငယ်ချင်းတွေက သင်းသင်းနား ကိုဝိုင်းလာကြပြီး ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ ဆိုပြီး မေးကြပြီး ရေတိုက်သူတိုက် သတင်းမေးသူမေးနဲ့ ရှုပ်ရှက်ခတ်သွားပါတော့တယ်။

နောက်ဆုံးတော့ သင်းသင်းတွေ့ခဲ့ကောင်မလေးဟာ ဆီးအိမ်ကွဲသေသွားတယ်ဆိုတဲ့ ကောင်မလေးရဲ့ သေဆုံးစဉ်က ပုံစံဖြစ်တယ်ဆိုတာကို လူကြီးတွေက လက်ခံသွားပါ တယ်။ ဒီတော့ ဒီကောင်မလေးသရဲသတင်းက ပိုကြီးလာတော့တာပေါ့လေ။ နောက်ပိုင်း မှာ သရဲကောင်မလေးက အရိပ်အယောင်ပြခြောက်တာမဟုတ်တော့ပဲ မျက်နှာပြပြီး လိုက်ခြောက်ပါတယ်။

သင်းသင်းအနေနဲ့လည်း အရမ်းကြောက်လန့်ပြီး တစ်ယောက်ထဲဆိုရင် ဘာမှမလုပ် ရဲလောက်အောင်ဖြစ်နေပြီးအမြဲ ထိတ်လန့်နေပါတော့တယ်။ ဒါကြောင့်အလုပ်ထွက် မလို့ အကြိမ်ကြိမ်ကြိုးစားပါတယ်။ ဒီလိုဖြစ်နေချိန်မှာပဲ ကောင်မလေးဟာ အလယ် ထပ်က ဝန်ထမ်းအမျိုးသမီးကို ပူးကပ်ပါတော့တယ်။

“ဟဲ့ နင်ဘယ်သူလဲ ဘာလိုချင်လို့လဲ အခုထွက်”

သင်းသင်းတို့တွေသွားကြည့်တော့ သန့်ရှင်းရေးအန်တီကြီးက အဲဒီပူးခံရတဲ့ မိန်းက လေးကို မေးမြန်းနေတာပါ။

“ကျွန်မအရမ်းပျင်းလို့ပါ။ ကျွန်မနဲ့ အတူနေပေးမယ့်အဖော်တစ်ယောက်ကို ကျွန်မလို ချင်ပါတယ်။ ကျွန်မကို လူစာတစ်ယောက်လောက် ပေးပါလားဟင်”

“ဟယ်ရာရာစစ နင့်ကိုပေးစရာလား..။ နင်အခု ဘယ်မှာနေတာလဲ။ ဘာလုပ်ချင်တာလဲ”

“ကျွန်မဒီနေရာမှာသေသွားတော့ ကျွန်မအရင်သေနှင့်တဲ့ ဦးလေးတစ်ယောက်က စက်ရုံ ထဲမှာ ပဲ ခေါ်ထားတယ်။ ဒီမှာ တရားခွေတွေဖွင့်ထားရင် နေလို့မရလို့ ထမင်းစား ဆောင်က အိမ်သာထဲမှာ သွားနေတယ်။ လူများရင်ပူလို့ လူနည်းတဲ့နေရာတွေ မှာ လှည့်နေတယ်။ အခု ကျွန်မပျင်းလို့ အဖော်လိုချင်တယ်” လို့ ပြောပြီး ထွက်သွားပါ တယ်။

အဲဒီလိုတွေ ဖြစ်လာပေမယ့်လည်း တရုတ်တွေက သရဲ မကြောက်ကြပါဘူး။ ပြီးတော့ သူတို့ကိုယ်တိုင် အလယ်ထပ်မှာ လူတွေအားလုံးအလုပ်ဆင်းတဲ့အချိန် မီးတွေ စက်တွေ လိုက်စစ်တဲ့ အခါမှာ ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။ နောက်တော့ လိုက်ရှာတဲ့အခါ အိမ်သာထဲကိုဝင်သွားတာကိုတွေ့လိုက်ပါတယ်။ သူတို့ လိုက်ရှာကြည့်တော့ အိမ်သာထဲမှာ ဘယ်သူမှရှိမနေခဲ့ပါဘူး။

ဒီတော့သရဲခြောက်တယ်ဆိုတာ သိတဲ့အပြင်၊ သရဲကိုကိုယ်တိုင်လည်းမြင်ရပေမယ့် လုံးဝမကြောက်တတ်တဲ့ အတွက် ပိုမို လင်းထိန်စေဖို့ ကော်ရစ်တာမှာ မီးချောင်းတွေ ထွန်းပေးတာမျိုးတို့ကိုသာ လုပ်ပေးပြီး အလှူအတန်းတော့လုပ်မပေးပါဘူး။

နောက်ဆုံးမှာတော့ သင်းသင်းတစ်ယောက် ဘယ်လိုမှ ကြောက်စိတ်ကို ဖြေဖျောက်လို့ မရတာကြောင့် ဒီစက်ရုံမှာ ဘယ်လိုမှမလုပ်နိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ရိုးရိုး အလုပ်ထွက်လို့ မရတဲ့အခါ ခွင့်ရက်ရှည်ယူလိုက်ပြီး နောက်ဆုံးမှာ ခွင့်ကနေပြန်ပြီး ရုံး မတက်တော့ပဲ နယ်ကိုပြန်သွားတဲ့အထိ အဲဒီစက်ရုံနဲ့ မကျွတ်သေးတဲ့ ကောင်မလေးကို ကြောက်သွားပါတယ်။

စက်ရုံကလွတ်မြောက်ခဲ့တာ ကြာပေမယ့်လည်း အဲဒီကောင်မလေးကို တစ်နေ့မှမေ့မရပါ ဘူး…သူအခုချိန်ဆို ကျွတ်လွတ်သွားပြီလား..သူ နေ့တိုင်းအလုပ်ဆင်းနေတုန်းပဲလား။ သူပြောခဲ့သလိုပဲ တရားခွေတွေဖွင့်ရင် ပူတယ်ဆိုပြီး ထမင်းစားဆောင်နားမှာ ရှောင်ပုန်း နေတုန်းပဲလား လို့….တွေးနေမိပါတော့တယ်။

#lotaya_shortstory

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#စက်ရုံ
#အလယ်
#လှေကား
#သရဲ
#အိမ်သာ

Some text some message..