
ဖဲဝိုင်းမှလူများက ဝင်လိုက်ထွက်လိုက်လုပ်နေသော
ကျွန်တော့ကို အံ့အားသင့်စွာကြည့်ပြီး လိုက်မေးနေကြသည်။ ထင်လင်းေအာင်ပြောထားသဖြင့် ကျွန်တော့ကို စိတ်ကယောင်ကတမ်းဖြစ်နေပြီဟုထင်နေ
ကြပုံလည်းရ၏။ ကျွန်တော်က၎င်းတို့စိတ်မပူရန်အထပ်ထပ်အခါခါ ရှင်းပြရင်းအိမ်မှမနဲထွက်လာရလေသည်။ ကျွန်တော်ဦးတည်သည့်နေရာကား ဦးဘမြင့်ဆိုသူ၏အိမ်သို့ဖြစ်သည်။
ဦးဘမြင့်က ဤမြို့၏ရှေးလူကြီး အသက် ၈၀ ခန့်
အရွယ်ဖြစ်ပြီး ကျောက်တုံးကိုတွေ့ဖူးသူဟု နာမည်
ကြီးသည်။ သူကြုံတွေ့ရသည်များကိုအသိမိတ်ဆွေ
အချို့ကိုပြောပြဖူးသော်လည်း လူပြောသူပြောများ
လာသည့်အခါ နှုတ်ဆိတ်သွားသူလည်းဖြစ်သည်။
ကျွန်တော်နှင့်တော့ရင်းနှီးစွာခင်မင်ခြင်းမရှိသော်
လည်းမျက်မှန်းတမ်းမိရုံတော့သိကြသည်။ ၎င်း၏
အကြောင်းကိုလည်းကြားဖူးထားသဖြင့် သွားတွေ့
ရန်ဆုံးဖြတ်လိုက်ရချေပြီ။ ဆိုင်ကယ်မောင်းနေရင်း
ကျွန်တော့ခါးကိုလှမ်းကိုင်လိုက်သည့်အထိအတွေ့
ကြောင့် လန့်ပြီးလှည့်ကြည့်မိ၏။ကျွန်တော့ဆိုင်ကယ်နောက်တွင် အမေပါလာလေပြီ။
" အမေ ဘာလို့လိုက်လာတာလဲ "
ကျွန်တော်ထိတ်လန့်စွာလှမ်းမေးမိသည်။
" သားနားမှာပဲနေဖို့ပြန်ခေါ်ထားတာလေ"
အမေ့အသံအေးစက်စက်ဖြင့်ပြန်ဖြေလာ၏။ ကျွန်
တော်ဆက်မမေးတော့ဘဲ အမြန်မောင်းလာခဲ့သည်။
ဦးဘမြင့်အိမ်ရှေ့အရောက် ဆိုင်ကယ်ရပ်ကာ အမေ့
ကိုလှမ်းပြောခဲ့ရသည်။
" အမေ ဒီမှာပဲစောင့် လိုက်မလာရဘူးနော် "
အမေကကျေနပ်ပုံမရ။ ကျွန်တော့အားစူးစိုက်ကြည့်
နေသည်။ မသိဟန်ပြုရင်း ြခံတံခါးမှခေါင်းလောင်းကို
လှုပ်ကာ အော်ခေါ်လိုက်တော့၏။
" အဘ...အဘ အိမ်ရှင်တို့ "
ညနက်သန်းခေါင် သွားမိသဖြင့် အားနာလှသော်လည်း
အခြေအနေအရမသွားကြည့်၍မဖြစ်ပေ။ အမေ့အ
ရေးကိစ္စကပိုကြီးနေသည်။ အတော်ကြာကြာအော်
ခေါ်နေသည့်ကျွန်တော့အသံကြောင့် အိမ်ထဲမှမီးများ
လင်းလာလေတော့၏။ ထို့နောက် လူတစ်ယောက်
ထွက်လာသည်။
" ဘာကိစ္စလဲ ကောင်လေး "
" ကျွန်တော် အဘနဲ့တွေ့ချင်လို့ပါ ... အရေးကြီးလို့ပါ
ခင်ဗျ "
" ဒီအချိန်ကြီးဘာကိစ္စလဲ "
ထိုလူမှာယုံကြည်ဟန်မတူပေ။ ကျွန်တော့အားသေ
ချာအကဲခတ်ကာ မေးမြန်းနေသည်။
" ကျွန်တော့နာမည် မြတ်ဘုန်းကျော်လို့ခေါ်ပါတယ်..
ခေတ္တာလမ်းမှာနေတာပါခင်ဗျ... ကျွန်တော့အမေ ည
နေကပဲဆုံးသွားပါတယ်ဦးလေး"
" အဲ့ဒါနဲ့ အဖေနဲ့ဘာဆိုင်လဲ "
" မဆိုင်ပါဘူးခင်ဗျ.. ကျွန်တော့အမေဆုံးပြီး ကျွန်
တော် ဆုတောင်းပြည့်ကျောက်တုံးဆီသွားခဲ့မိတယ်
ကျောက်တုံးကိုလည်းတွေ့ခဲ့ပါတယ် ကျွန်တော့အမေ
လည်းပြန်ရောက်လာတယ်ဗျာ.. ကျွန်တော့ကိုကူ
ညီပါဦး ... အဘကကျောက်တုံးအကြောင်းသိတယ်
လို့သိထားပါတယ်...ကူညီပေးပါဦးဗျာ "
ထိုလူကြီးမှာ စိတ်အနှောင့်အယှက်ဖြစ်ရသည့်ပုံရနေပြီးကျွန်တော့ကိုပြန်လွတ်နေသည်။ တွေ့ခွင့်မပေးနိုင်ဟုပြောသည်။ အိမ်ထဲပြန်ဝင်သွားလေ၏။ ကျွန်တော့
တွင် ရွေးချယ်စရာမရှိချေ။ မဖွင့်ပေးမချင်း အော်ခေါ်
နေဖို့သာတွေးမိတော့သည်။ ကျွန်တော့အသံကိုနား
မခံနိုင်သည့်အဆုံး တအိမ်လုံးနိုးလာကြတော့သည်။
ဦးဘမြင့်လည်း ြခံရှေ့ထွက်လာ၏။
" အဘ... ကျွန်တော့ကိုကူညီပေးပါဗျာ...ဒါတွေသိ
တဲ့သူဟာ အဘကလွဲပြီးမရှိလို့ပါ...ကူညီပါဗျာ "
ဦးဘမြင့်မှာ ကျွန်တော့ကိုမကြည့်ဘဲ ဆိုင်ကယ်ဆီ
သို့ကြည့်နေ၏။
" ဖွင့်ပေးလိုက်သား "
ထိုအခါမှ ခြံတံခါးဖွင့်ပေးလာသည်။ ကျွန်တော်လည်း
ကျေးဇူးအခါခါတင်ရင်း အိမ်ထဲလိုက်ဝင်သွားတော့
၏။
" ကဲ ပြောပါဦး ... ဘာတွေဖြစ်ခဲ့တာလဲ "
ကျွန်တော်လည်း အမေဆုံးသည်မှစ ယခုလာရသည့်
အချိန်ထိကိစ္စများအားလုံးကို အကျဉ်းချုံးကာပြောပြ
လိုက်တော့သည်။ ဦးဘမြင့်မှာ ကျွန်တော်ပြောသည်
များနားထောင်ရင်း မျက်နှာမကောင်းပေ။ နောက်မှ
ကျောက်တုံးအကြောင်းကိုရှင်းပြလေသည်။
" ခက်တယ်...ခက်တယ်...ဒီကျောက်တုံးဆီမသွား
ကြပါနဲ့ပြောလည်းမရကြဘူး...အင်းလေ ဖြစ်လာ
ပြီးမှတော့ဘယ်တတ်နိုင်တော့မလဲ "
" ကျွန်တော်ဘာဆက်လုပ်ရမလဲအဘ "
" ဘာဆက်လုပ်ရမလဲမပြောခင် အဘအကြောင်း
အရင်နားထောင်ဦး ... သမီးရေ ဒီကလေးအတွက်
သောက်စရာတခုခု ယူလာပေးလိုက်ပါ မောနေရော
ပေါ့ "
ဦးဘမြင့်၏ချွေးမဖြစ်သူက ရေနွေးကြမ်းလာချပေး
လေသည်။
" လွန်ခဲ့တဲ့ နှစ် ဘယ်လောက်ကြာပြီလဲဆို နှစ်ပေါင်း
၅၀ ကျော်လောက်ကဖြစ်မယ် ... အဘမှာ သမီးလေး
တစ်ယောက်ရှိတယ် ... ဒီသားလေးမမွေးသေးဘူး
သမီးဦးပေါ့... ၄နှစ်အရွယ်မှာ ရေယုန်တွေပေါက်
ပြီး ဆုံးသွားခဲ့တာပေါ့လေ... မိန်းမက ယူကြုံးမရဖြစ်
ပြီး တနေ့တနေ့ မစားမအိပ်ဖြစ်လာတော့ နတ်ကြီးတယ်ဆိုတဲ့ ကျောက်တုံးကြီးဆီရောက်သွားခဲ့တာပဲ"
ဦးဘမြင့်မှာ အတိတ်ကိုပြန်လည်ပုံဖော်ရင်း ဝမ်း
နည်းကြေကွဲနေဟန်ရလေသည်။
ထိုနေ့က မိုးများသည်းထန်စွာရွာနေသဖြင့် ကျောက်
တုံးဆီရောက်ဖို့ဦးဘမြင့် ခရီးမတွင်နေချေ။ ညနေက
တည်းကထွက်လာခဲ့ပြီး မိုးချုပ်မှောင်မည်းနေသည့်
အချိန်မှရောက်သွားခဲ့သည်။ ကျောက်တုံးတွေ့ရသည့်
သူများက ညဖက်တွင်သာတွေ့တတ်ကြသည်လား
မဆိုသာပေ။ ထို့ကြောင့်လည်း ထူးခြားသည့်ကျောက်
တုံးဟု နာမည်ကြီးခြင်းလည်းဖြစ်ပေမည်။
ဦးဘမြင့်မှာ ရေအိုင်ထဲမှရေကိုခပ်ယူပြီး မျက်လုံးနှစ်
ဖက်ကိုသုတ်လိုက်သည်။ ကျောက်ဖျာကြီးရှိရာသို့
ရေနံဆီမီးအိမ်ကြီးအား ပင့်ကာပင့်ကာဖြင့်တိုးဝင်
သွားတော့သည်။ ကံကောင်းစွာဖြင့်ကျောက်တုံးကြီး
အားတွေ့ရသောကြောင့် အလွန်ပျော်ရွှင်မိသွားကာ
သမီးဖြစ်သူပြန်လာစေရန် ဆုတောင်းခဲ့တော့သည်။
၎င်းအိမ်ပြန်ရောက်ချိန်တွင် အခန်းမီးရောင်မှိန်မှိန်
အောက်ဆီမှ သမီးလေး၏ရယ်မောသံကိုကြားလိုက်
ရသဖြင့် အံ့ဩဝမ်းသာစွာပြေးဝင်သွားမိလေသည်။
ဇနီးသည်မှာတော့ ခေါင်းအုံကိုမှီကာ ငေးငိုင်နေဆဲပင်။
အိပ်ရာပေါ်၌ ထိုင်နေသည့် သမီးကိုမြင်ဟန်မရချေ။
ထိုအခါ ဦးဘမြင့်တွေဝေသွားတော့သည်။ သူ၏ဆု
တောင်းကမပြည့်သည်လား၊ သို့တည်းမဟုတ် တခုခု
မှားယွင်းနေခြင်းလား သံသယဝင်လာမိသည်။ ဇနီး
သည်အား သမီးကိုပြသော်လည်း မမြင်၊ သူတစ်ဦး
တည်းသာေတွ့မြင်နေရ၏။
သမီးကိုပြန်လာစေချင်သော ဆုတောင်းကပြည့်ခဲ့
သော်လည်း လူစင်စစ်အနေဖြင့်ပြန်လာခဲ့ခြင်းမျိုး
မဟုတ်ခဲ့ချေ။ ဤသို့ဖြင့် သမီးဖြစ်သူရှိနေကြောင်း
ကို ဇနီးသည်အားပြောပြပြီး ဇနီးဖြစ်သူကလည်းယုံ
ကြည်သွားလေသည်။ အဘယ်ကြောင့်ဆိုသော်ဦးဘ
မြင့်သည် မည်သည့်အခါမျှ မုသားမပြောတတ်သူဖြစ်
သောကြောင့်ပင်။ ဇနီးသည်ကလည်း သမီးနှင့်စကား
ပြောချင်လျှင် ဦးဘမြင့်မှတဆင့်ပြောခဲ့သည်။
ထိုသို့ဖြင့် ဝမ်းနည်းမှုကို အနည်းငယ်ဖြေဖျောက်လာ
နိုင်ခဲ့တော့သည်။ သို့သော် တရက်တွင် ဆွမ်းခံကြွလာ
သည့် ကိုယ်တော်တပါးမှ ကျင့်ကြံအားကောင်း၍လား
မဆိုသာပေ သမီးဖြစ်သူ၏ဝိဉာဉ်ကိုမြင်တွေ့သွားခဲ့
တော့၏။ ထိုအခါ ထိုသို့မလုပ်ကောင်းကြောင်း၊ သ
နားစရာကလေးလေးမှာ အသူရကာယ်ဘုံ၌ ဒုက္ခခံနေ
ရခြင်းသာဖြစ်ကြောင်း ဖျောင်းဖျမိန့်ကြားသဖြင့်
နောက်ဆုံးတွင် သမီးကိုစွန့်လွတ်ရန် ခက်ခက်ခဲခဲဆုံး
ဖြတ်လိုက်ရလေတော့သည်။
အလှူအတန်းပြုလုပ်ပေးပြီး အမျှပေးဝေပြီး ညတွင်
ကံကြမ္မာဆိုးစတင်လာခဲ့သည်။ သမီးဖြစ်သူမှာ မ
ကျွတ်လွတ်ဘဲ ရုပ်အဆင်းသဏ္ဌာန်ပြောင်းလဲသွား
ပြီး တစ္ဆေတစ်ကောင်ကဲ့သို့စတင်ဖြစ်လာတော့၏။
ထိုအချိန်မှစကာ ဦးဘမြင့်နည်းတူ ဇနီးသည်လည်း
တွေ့မြင်လာရတော့သည်။ အိမ်ထုပ်တန်းပေါ်မှ ခြေ
ထောက်တွဲလောင်းချကာ ကြည့်နေတတ်သလို၊ တစ်
အိမ်လုံးအနှံ့ သူ၏ပုံရိပ်မျိုးစုံဖြင့်စတင်ခြောက်လှန့်
လာခဲ့သည်။
အဆိုးဆုံးမှာ ဇနီးသည်ဖြစ်သူက စိတ်မူမမှန်ဖြစ်လာ
ခဲ့ခြင်းပင်။ တခါတရံတယောက်တည်းရယ်နေတတ်
၏။ တခါတရံတွင် သမီးဖြစ်သူထံလိုက်သွားတော့
မည်ဟု ပြောလာတတ်လေသည်။ ပုံမှန်မဟုတ်တော့
သည့်အခြေအနေများကြောင့် ဆုတောင်းပြည့်ကျောက်တုံးအကြောင်းကို ပိုမိုသိရှိရန် စတင်စုံစမ်း
မိတော့သည်။ ဆုတောင်းပြည့်ကျောက်တုံးဇာတ်
လမ်းကြီးမှာ ထူးဆန်းအံ့ဩဖွယ်အကြောင်းအရာများ
ဖြစ်နေသည်ကို ထိတ်လန့်စွာသိရှိခဲ့ရလေသည်။
လွန်ခဲ့သောနှစ်ရာချီအချိန်က ဗျောရွာဆိုသည့်ရွာလေး
ရှိခဲ့ဖူးသည်။ ထိုရွာငယ်လေးမှာ ညနေဝင်ပြီဆိုလျှင်
မည်သူမျှ အပြင်မထွက်ရဲကြတော့ချေ။ အကြောင်း
မှာ အနှောင့်အယှက်ပေးနေသည့်ကဝေမကြောင့်ပင်။
ထိုကဝေမမှာ ညဖက်အစာရှာထွက်တတ်၏။ မွေး
ထားသည့်ကြက်များမကြာခဏပျောက်ဆုံးကြရသည်။ ကြာလာသည့်အခါ ကြက်နှင့်မတင်းတိမ်တော့
ဘဲ ကျွဲနွားအထိပျောက်လာကြသည်။
ထိုကိစ္စအားဖြေရှင်းရန်အတွက် ရွာသူကြီးမှ အထက်
လမ်းဆရာပေါင်းစုံပင့်ဖိတ်သော်လည်းထူးမလာခဲ့
ချေ။ နောက်ဆုံးစုံစမ်းရင်းဖြင့် ရွာထဲမှ ဦးစံသာ ၏
သမီး မလွန်းပို မှန်းသိသွားကြလေတော့သည်။ ထို
အခါမလွန်းပိုကို လူစုလူဝေးဖြင့် ဖမ်းဆီးပြီး ရွာပြင်
နှင်ထုတ်လိုက်ကြတော့သည်။ မလွန်းပိုက နေစရာ
မရှိသည့်အတွက် ရှာရင်းဖွေရင်းနှင့် ဆုတောင်းပြည့်
တောင်ကုန်းပေါ်ရောက်လာရတော့လေသည်။
ထိုတောင်ကုန်းတွင်နေရင်း နောက်မကြာမှီမှာပင်
ဗျောရွာတစ်ရွာလုံးရှိလူများ ပျောက်ချင်းမလှပျောက်
ဆုံးသွားကြတော့၏။ အကြောင်းရင်းမသိရဘဲ ပျောက်ကုန်ကြခြင်းဖြစ်သည်။ လူလူသူသူဟူ၍
ဦးစံသာတို့သာကျန်ရစ်ခဲ့သည်။ ဦးစံသာတို့လည်း ထို
ရွာကိုစွန့်ခွါသွားပြီး အစအနမတွေ့တော့ချေ။ အခြား
ရွာများက မလွန်းပိုစားပစ်သည်၊ သတ်ပစ်သည်၊ ဝိ
ဉာဉ်နှုတ်သည် စသဖြင့်အမျိုးမျိုးပြောဆိုကြသည်။
မကြောက်တတ်သူအချို့ကလည်း ဆုတောင်းပြည့်
တောင်ကုန်းသို့သွားပြီး ကြည့်ကြ၏။ သို့သော်လမ်း
တဝက်၌ပင် တောခြောက်ခံရခြင်းများဖြစ်လာ၍
ဆက်မသွားဝံ့ကြတော့ပေ။ ယခင်ကဆုတောင်းပြည့်
တောင်ကုန်းဟူ၍ မခေါ်တွင်သေး။ လွန်းပိုတောင်
ဟုခေါ်ကြ၏။ နှစ်ကြာလာသည့်အခါ မလွန်းပိုအ
ကြောင်းသည်လည်းပျောက်ကွယ်သွားလေသည်။
သို့သော် ဆုတောင်းပြည့်ကျောက်တုံးကြီးကိစ္စက
ပေါ်ပေါက်လာလေတော့၏။ မျက်စိလည်လမ်းမှား
ပြီးရောက်သွားသူအချို့၊ အိပ်မက်အရသွားကြည့်သူ
အချို့ကြောင့် ကျောက်တုံးကြီးအကြောင်းမှာ ထင်
ရှားလာသည်။ ကျောက်တုံးထံသို့သွားကြသော်
လည်း ယခင်ကလူပြောများသည့် မလွန်းပိုကိုမတွေ့
ခဲ့ချေ။ နှစ်ကာလကြာသဖြင့်သေဆုံးသွားခြင်းလော
ဟုပြောကြသူလည်းရှိသည်။
အချို့ကလည်း မလွန်းပိုသည်သိုက်ကလာသည်ဟု
ပြောကြပြန်သည်။သို့သော်လည်းမလွန်းပိုအကြောင်း
ကို ထပ်မကြားသိရတော့ပေ။ ကျောက်တုံးကြီးတွေ့
မြင်ရသူများက ဆုတောင်းပြည့်သဖြင့် ဆုတောင်း
ပြည့်တောင်ကုန်းဟူ၍ ပြောင်းလဲခေါ်ဝေါ်လိုက်ကြ
လေတော့၏။ မကြာချေ ကျောက်တုံးကြီး၏အ
ကြောင်းကထပ်မံထွက်လာပြန်သည်။လူတစ်ယောက်လျှင် ဆုတစ်ခုသာတောင်းရပြီး ထိုဆုအတွက် ပြောင်း
လဲရန်မည်သို့မှ မလုပ်ရဟူ၍ဖြစ်သည်။
အကယ်၍ရရှိထားသည့်ဆုအား ပြောင်းလဲရန်ကြိုး
စားခြင်း သို့မဟုတ် ပြောင်းပစ်လိုက်လျှင် ဆန့်ကျင်
ဖက် သို့သာကူးပြောင်းသွားမည်ဖြစ်ပြီး ရရှိထားသည့်
ဆုက မကောင်းသောကံကြမ္မာသို့ပြောင်းလဲသွားပေ
လိမ့်မည်။ ထိုသို့ဖြင့် ဟိုနားတစ ဒီနားတစ ကြားရ
သည့်အကြောင်းအရာများကြောင့် ဦးဘမြင့် အတော်
စိတ်ညစ်နေရသည်။
တစ်ရက်တွင်ဦးဘမြင့်၏ညီသည်အစ်ကိုဖြစ်သူဒုက္ခ
ရောက်နေသဖြင့် ကျောက်တုံးဆီသွားဖို့ဆုံးဖြတ်လိုက်
လေသည်။ ၎င်းတစ်ယောက်တည်းတိတ်တဆိတ်သွား
ခဲ့သည်။ကျောက်တုံးကြီးကိုတွေ့မြင်ရပြီး ဆုတစ်ခုတောင်းလိုက်သည်။ ၎င်းတောင်းသည့်ဆုသည် ဆု
တောင်းပြည့်ကျောက်တုံး၏ဆုတောင်းကိုပြန်ဖြည်သည့်နည်းအားသိခွင့်ရရန်ဆုတောင်းခဲ့ခြင်းဖြစ်သည်။သူ၏ဆုတောင်းပြည့်ကာ သိခွင့်ရခဲ့သည်။ ထိုနေရာ၌ သတိမေ့သလိုလိုဖြစ်ကာ မလွန်းပိုကိုတွေ့လိုက်ရတော့သည်။
မလွန်းပိုသည် ကဝေအတတ်၌ဆရာတဆူဖြစ်ပြီး
ရွာမှနှင်ခံရခြင်းကို အလွန်နာကျည်းသွားလေသည်။
ဆုတောင်းပြည့်တောင်ကုန်းသို့ရောက်လာပြီး ရေအိုင်
ကြီးနှင့်ကျောက်တုံးကို သိခွင့်ရလိုက်သည့်အခါ အလွန်ဝမ်းသာသွားခဲ့၏။ ထိုနေရာသည် နတ်ဖွက်
သောနေရာတစ်ခုလည်းဖြစ်နေသည်။ တွေ့ခွင့်ရရန်
မလွယ်ကူချေ။ မလွန်းပိုကဲ့သို့ ကဝေတစ်ယောက်က
ဦးဆုံးတွေ့ရခြင်းသည် ကောင်းသည့်နိမိတ်မဟုတ်ပေ။
မှော်ဆန်သည့်နေရာအား မလွန်းပိုမှာစိတ်ကြိုက်ပြု
ပြင်ခဲ့လေသည်။ ထိုတောင်ကုန်းကိုသူမအပိုင်ဟုသတ်
မှတ်ထားလေသည်။ သူမ၏အစွမ်းနှင့်ကျောက်တုံးစွမ်းအားကိုပေါင်းစပ်ကာ အသုံးချတော့သည်။ ထို့
ကြောင့် ဗျောရွာတရွာလုံး ပျောက်ဆုံးစေရန် ယခုကျောက်တုံးကြီးဖြင့်ဆုတောင်းခဲ့ခြင်းဖြစ်သည်။ ဦးစံသာက မလွန်းပိုမှန်းသိသွားပြီးလာရှာကာ တောင်းပန်ခဲ့သည်။
ရွာမှလူများပြန်လည်ရောက်ရှိအောင် ပြုလုပ်ပေးရန်
နှင့် အမုန်းတရားများဖြေဖျောက်ပေးရန် သမီးဖြစ်သူ
မလွန်းပိုကို နားချလေသည်။ ဖခင်၏စကားကြောင့်
စိတ်အနည်းငယ်နူးညံ့လာသည့် မလွန်းပိုမှာ ဆု
တောင်းပြေပျောက်ပြီး မူလအတိုင်းပြန်ဖြစ်စေရန်
ကြိုးစားကြည့်သည်။ သို့သော် ကျောက်တုံး၏စွမ်း
အားကအလွန်ကြီးနေသဖြင့် သူမ မစွမ်းသာတော့ချေ။
ထို့ကြောင့် သူမအပြစ်အတွက် ကိုယ့်ကိုကိုယ်စတေး
ရန်ဆုံးဖြတ်လိုက်ရလေသည်။ ထိုအရာက ဆုတောင်း
ပြည့်ရေအိုင်ထဲခုန်ချအဆုံးစီရင်ဖို့သာဖြစ်လေတော့
၏။ ဖခင်ဖြစ်သူကို နှစ်သိမ့်ပေးပြီးပြန်လွတ်ကာ ရေ
အိုင်ထဲခုန်ချပြီး သူမတောင်းခဲ့သည့်ဆုတောင်းကို
ဖြေဖျောက်ပစ်လိုက်လေသည်။ မလွန်းပို သေဆုံးပြီး
ဗျောရွာမှ လူများပြန်လည်ရောက်ရှိလာသော်လည်း
အသက်ရှင်လျှက်တော့မဟုတ်ခဲ့ပေ။
ရွာရှိအိမ်များ၌ သေဆုံးပြီးသောအလောင်းများသာ
ရောက်လာခဲ့သည်။ ထိုအကြောင်းကြောင့်ဦးစံသာ
တို့လည်း ရင်ထဲမချိဝမ်းနည်းရပြီး အားလုံးကိုသဂြိုလ်ပေးကာ ပြောင်းရွေ့ဇာတ်မြုပ်သွားလေတော့
သည်။ ဗျောရွာသည်လည်း ရွာပျက်ကြီးအဖြစ်ကျန်
ရစ်ရင်း နှစ်ကာလကြာသည့်အခါ လေဒဏ်၊ မိုးဒဏ်၊
မုန်တိုင်း၊ ငလျှင်ဒဏ်တို့ဖြင့် တဖြည်းဖြည်းပျောက်
ဆုံးသွားသည်။ မလွန်းပို၏ဝိဉာဉ်မှာတော့ ဆုတောင်း
ပြည့်တောင်ကုန်း၌ စွဲကပ်နေဆဲပင်။
ထိုသို့ သိလိုက်ရသည့် ဦးဘမြင့်ညီသည် မေ့မျောရာ
မှ သတိပြန်ရလာပြီး အမြန်ပြန်ပြေးခဲ့သည်။ ဖြစ်
ကြောင်းကုန်စင်ပြောပြသည့်အခါ ဦးဘမြင့်မှာ ပြဿ
နာတစ်ခုဖြစ်လာတော့သည်။ ဆုတောင်းများပြေစေရန်ပြန်လည်ပြုလုပ်ရသည်ကမလွယ်ကူချေ။ ရရှိထားသည့်ဆုကို ရေအိုင်ထဲသို့ပစ်ချရမည်ဖြစ်သောကြောင့်
ပင်။ သမီးဖြစ်သူ၏ ဝိဉာဉ်ကို မည်ကဲ့သို့ ခေါ်ဆောင်
ပြီး ရေအိုင်ထဲပစ်ရမည်ကို တွေးမရနိုင်တော့။
ထိုနည်းလမ်းသာရှိသည်ဆိုသဖြင့် ဆရာပင့်ကာ ဝိ
ဉာဉ်အား ချုပ်နှောင်ခေါ်ပြီး ဆုတောင်းပြည့်ရေအိုင်
ဆီသို့ ထွက်လာကြလေသည်။ ဝိဉာဉ်က သိသည့်
အလား ချုပ်ထားသည့် မြေအိုးထဲမှရုန်းကန်နေသလို
သမီးဖြစ်သူ လူ့ဘဝကအတိုင်းငိုယိုတောင်းပန်နေ
သည်။ ဦးဘမြင့်တို့မှာ နာကျင်မိသော်လည်း ထို့ထက်
မဆိုးဝါးခင် ရှင်းလင်းလိုက်သည်က အကောင်းဆုံး
ဖြစ်ပေတော့မည်။
ထို့ကြောင့် နာနာကျင်ကျင်ဖြင့် ရေအိင်ထဲသို့ မြေအိုး
ကို ထည့်မြုပ်လိုက်လေတော့၏။ ဝိဉာဉ်ထည့်ထား
သည့်မြေအိုး ရေအိုင်ထဲကျသွားသည်နှင့် ထူးဆန်းစွာ
မြေအိုးလေးမှာ ခွမ်းကနဲကွဲသွားပြီး ရေအောက်သို့
နစ်မြုပ်ကျသွားခဲ့သည်။ ထို့အတူ ရေအိုင်ဘေး၌အ
ရိပ်မည်းမည်းတစ်ခုဖြတ်ပြေးသွားသည်ကိုလည်း
ဦးဘမြင့်မြင်တွေ့လိုက်ရသည်။ အခြားသူများက
မမြင်ကြချေ။ ဆုတောင်းနှင့်သက်ဆိုင်သည့်သူသာ
ထိုအရိပ်မည်းမည်းကိုမြင်တွေ့ရတတ်သည်ဟု နောက်
မှ ဦးဘမြင့်သိခဲ့ရသည်။ အရိပ်မည်းမှာအခြားသူမ
ဟုတ်။ မလွန်းပိုဝိဉာဉ်ပင်။ထိုကိစ္စပြီးသည်နှင့် သမီး
ဖြစ်သူ၏ ဝိဉာဉ်လည်းထပ်မံမတွေ့ရတော့ချေ။
ဦးဘမြင့်သည် မောသွားသဖြင့် ရေနွေးကြမ်းပန်းကန်
ကိုမော့သောက်လိုက်သည်။
" ဒါဆို ကျွန်တော်လည်း အမေ့ဝိဉာဉ်ကို ရေအိုင်ထဲ
ပစ်ရတော့မှာပေါ့အဘ "
ကျွန်တော့အသံကတုန်ယင်နေမည်မှာအသေအချာပင်။ ကျွန်တော်ကိုယ်၌ကပင် အားယူကာပြောနေရ
သည်မဟုတ်လော။
" ဒုန်း "
အိမ်ရှေ့တံခါးကို အပြင်ဖက်မှနေ၍ ကြမ်းကြမ်းတမ်း
တမ်းထုရိုက်လိုက်သံကြောင့် အကုန်လုံးထိတ်လန့်
သွားကြတော့သည်။
" နင် ငါ့ကိုပြန်ပို့လို့ရမယ်မထင်နဲ့ မြတ်ဘုန်းကျော် "
ကျွန်တော်ခေါင်းနဘန်းချက်ချင်းကြီးလာသည်။
အမေ့အသံက အဘယ်ကြောင့် ယခုကဲ့သို့ ပြောင်း
လဲသွားရသနည်း။ ကျွန်တော့ကဲ့သို့ အမေ့အသံအား
ကြားသည့်သူရှိသည်။ ဦးဘမြင့်ပင်။ ၎င်းသည်လည်း
အမေ့အသံကိုကြား၍ ထိတ်လန့်စွာကျွန်တော့ကိုပြန်
ကြည့်နေသည်။
" အဘ "
" အဘသိတယ်...ခုနကမြေးလေးအိမ်ရှေ့မှာရပ်နေ
ကတည်းက သူ့ကိုအဘမြင်တယ်... ဘာလို့လဲဆို
အဘလည်း ကျောက်တုံးမှာဆုတောင်းခဲ့ဖူးလို့ ကျောက်တုံးနဲ့ပတ်သက်လာရင် မြင်ရတယ် ငါ့မြေး"
ကျွန်တော့မှာ စိတ်များရှုပ်ထွေးနေပြီး ရင်တစ်ခုလုံး
နွမ်းလျနေမိသည်။ ထိုစဉ် အိမ်ရှေ့၌ရပ်ထားသည့်ဆိုင်
ကယ်မှာ ဝုန်းကနဲ လဲကျသွားသံအားကြားလိုက်ရ
တော့၏။ ကျွန်တော်နှင့် ဦးဘမြင့်မှာ တယောက်ကို
တယောက်ကြည့်ရင်း ကျွန်တော်သည် ထိတ်လန့်တုန်
လှုပ်ကာ တံတွေးမြိုချနေမိနေသည်။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။