
လူနည်းစုသာပြောဆိုကြသဖြင့်မည်သူမျှအလေးအနက်မထားကြပေ။မြသင်းနွယ်၏ ရိုးရိုးယဉ်ယဉ်ပုံလေးကို တွေ့လျှင် ချစ်ခင်သွားပြန်စမြဲ။ ကိုတင်ထွန်းတို့မှာမချမ်းသာ
ကြသော်လည်း လူတန်းစေ့တော့နေနိုင်ကြသည်။ မိဘ
အမွေအနှစ်လယ်လေး၌ ထွန်ယက်စိုက်ပျိုးပြီး မတောင့်
မကြောင့်မကျတော့နေနိုင်သည်။
အခြားသူများအထွက်နှုန်းမကောင်းခြင်း၊ ပိုးကျခြင်းများ
ရှိကြသော်လည်း ကိုတင်ထွန်း၏လယ်တော့မပါခဲ့။ ဤ
သည်မှာထူးခြားသည်ဟုဆိုရပေမည်။ ထို့ကြောင့် မချမ်း
သာသော်လည်း အိမ်စရိတ်အတွက်ပူပင်ရသည်ဟူ၍မရှိ
ချေ။
ထိုညက ကိုတင်ထွန်းပြန်ရောက်လာသောအခါ မြသင်းနွယ်က ထူးဆန်းသော စကားကိုပြောလာတော့သည်။
"" အဖေ... သမီး တစ်နေရာသွားရမယ်အဖေ ""
"" ဟေ... ဘယ်ကိုသွားရမှာလဲ... ဘယ်သူနဲ့လဲ ""
"" သမီးတစ်ယောက်ထဲသွားရမယ်အဖေ... ""
"" အဖေလိုက်ပို့ပေးမှာပေါ့...ငါ့သမီးဘယ်သွားချင်လဲ
ပြော ""
"" အဖေလိုက်လို့မရဘူး... သမီးလုပ်စရာတာဝန်တစ်ခုရှိလို့ပါ ""
"" ဘာတာဝန်တုန်း... ဘယ်သူခိုင်းတာတုန်း ""
"" နောက်တော့ပြောပြပါမယ်အဖေ... မနက်ဖြန်သမီးသွားရမယ်...၂ရက်ကြာမယ်... အဖေနားနားနေနေလည်းနေဦး... လယ်ထဲချည်းဆင်းမနေနဲ့နော်... ထမင်းလည်းအချိန်မှန်စား... သမီးအကြာကြီးမနေဘူး...ပြန်လာမှာ...""
ကိုတင်ထွန်းမှာ မြသင်းနွယ်ကိုပါးစပ်အဟောင်းသားဖြင့်သာကြည့်နေရလေ၏။ တားရမည်လား၊ ခွင့်ပေးရမည်လား မဝေခွဲနိုင်ခဲ့ပေ။
"" အဖေ စဉ်းစားဦးမယ်သမီး... သမီးကအသက်ငယ်သေးတယ်...ဘယ်သွားမယ်မှန်းလဲအဖေမသိရဘူး... မဖြစ်သေးပါဘူးကွယ် ""
မြသင်းနွယ်မှာမည်သို့မှမပြောဘဲ မျက်နှာလေးငယ်ကာ အခန်းထဲဝင်သွားလေသည်။ ကိုတင်ထွန်းလည်း စိတ်မသက်သာစွာဖြင့် သက်ပြင်းချရင်း မြသင်းနွယ်မွေးဖွားစဉ်က နဂါးမကြီးကို တောင့်တလိုက်၏။
"" ကျွန်တော်ခွင့်ပြုပေးသင့်လားပြောပါဦး... ဟူး ""
ထိုညက ကိုတင်ထွန်းသည် အိပ်မက်မက်လေသည်။ အိပ်မက်ထဲတွင်နဂါးမကြီးသည် လူအဆင်းသဏ္ဍာန်ဖြင့်ကိုတင်ထွန်းထံရောက်လာသည်။
"" မြသင်းနွယ်ကို ခွင့်ပြုပေးလိုက်ပါ... သူ့တာဝန်ကိုသူကျေအောင်လုပ်ခွင့်... ပေးပါငါ့မောင် ''''
"" သူ့ကိုကျွန်တော်စိတ်မချဘူးဗျာ... ကျွန်တော်လိုက်သွားလို့မရဘူးလား ''''
"" မြသင်းနွယ်ဟာ ကျိန်စာပြယ်ဖို့ သူလုပ်စရာရှိတာလုပ်ရလိမ့်မယ်...မတားပါနဲ့ငါ့မောင်ရယ်... ''''
"" ကောင်းပါပြီဗျာ... ခွင့်ပေးလိုက်ပါ့မယ် ""
ထိုသို့မက်ပြီး အိပ်မက်မှလန့်နိုးလာခဲ့တော့သည်။
" ဟူး .... ဘယ်လိုလုပ်ရပါ့မလဲ ... ငါ့သမီးကိုငါစိတ်မချ
ဘူး ... ငြင်းဖို့ကလည်းခက်တော့ခက်နေပြီ "
ကိုတင်ထွန်းမှာ စိတ်မအေးနိုင်ပဲဖြစ်နေရသည်။ မနက်
ရောက်သည့်အခါ မြသင်းနွယ်၏အရိပ်အခြေကိုစူးစမ်း
ကြည့်နေသောကိုတင်ထွန်းမှာ အသာတကြည်ခွင့်ပြုပေး
ပြီး အနောက်မှမသိမသာလိုက်သွားမည်ဟုရွေးချယ်လိုက်
လေတော့သည်။
" သမီးရေ "
" ဟုတ် အဖေ ... "
" သမီးသွားစရာရှိတယ်ဆိုတဲ့နေရာ သွားမယ်ဆို "
ရုတ်တရက်ပြောချလာသောဖခင်စကားကြောင့်မြသင်း
နွယ်မှာ ခေါင်းငုံ့နေရာမှဆတ်ခနဲမော့ကြည့်လာသည်။
" အဖေ ... သမီးမသွားလို့မရ ... "
ကိုတင်ထွန်းကလက်ကာပြရင်း
" အဖေသိတယ်... သမီးသွားစရာရှိတာသွား... အဖေခွင့်ပေးတယ် ... ဟုတ်လား "
မထင်မှတ်ထားသည့်စကားကြားရသဖြင့် မြသင့်နွယ်မှာ
အံ့ဩဝမ်းသာဖြစ်သွားလေသည်။
နောက်တစ်ရက်ည သားအဖနှစ်ယောက်အိမ်ပျော်နေကြစဉ် အိမ်နောက်ဖေးမှ တရှုးရှုးမြည်လာလေသည်။ အအိပ်
ဆတ်သူကိုတင်ထွန်းက အသာနားစွင့်ကြည့်နေခိုက် မြ
သင်းနွယ်ကအခန်းထဲမှခြေသံဖွဖွနင်းကာထထွက်သွား
သည်ကိုကြားလိုက်ရတော့သည်။
သမီးဖြစ်သူကိုစိတ်ပူပန်မိလာ၍ သူသည်လည်း ခြေဖျား
ထောက်ကာ ထကြည့်လိုက်လေသည်။ မြသင်းနွယ်က
နောက်ဖေးတံခါးကိုအသံမကြားအောင်ဖွင့်လိုက်သည့်
အခါ နောက်ဖေးတံခါးတွင် ရပ်နေသောမိန်းမတစ်ယောက်
ကိုဘွားခနဲ တွေ့လိုက်ရလေတော့သည်။ ထိုမိန်းမမှာမျက်
နှာအလွန်တည်ပြီး အေးစက်စက်နိုင်လှသည်။
သူမ၏အသက်ခန့်မှန်းချေမှာ ( ၅၀ ) အရွယ်ခန့်ရှိလောက်
ပြီဖြစ်ပြီး မျက်နှာပေါ်တွင် အစက်အပျောက်များစွာရှိလေ
သည်။ ကိုတင်ထွန်းမှာ လေးအိမ်တန်းတစ်ရွာလုံးအပြင်
အခြားသောရွာများသို့တိုင်ရင်းနှီးကျွမ်းဝင်သောသူဖြစ်
သော်ငြား ၎င်းမိန်းမကိုတော့မသိနေပေ။ ထိုမိန်းမကသူမ
၏လက်ထဲမှ လက်ကိုင်ပုဝါဖြင့်ထုတ်ပိုးထားသောအထုပ်
တစ်ထုပ်ကို မြသင်းနွယ်ထံလှမ်းပေးနေသည်။ ထို့နောက်
ခပ်တိုးတိုးပြောလာသည်။
" တာဝန်ကျေရင် အပြစ်ထက်ဝက်သက်သာမယ် ... သေ
ချာလုပ်ကြားလား "
ထိုသို့ပြောခဲ့ပြီးလှစ်ခနဲပျောက်သွားတော့သည်။ မြသင်း
နွယ်ကလည်းတံခါးအြန်ပိတ်နေပြီဖြစ်၍ ကိုတင်ထွန်းလည်း အခန်းထဲအမြန်ပြန်ဝင်လာခဲ့တော့သည်။ အတွေး
ထဲတွင် ထိုမိန်းမကမည်သူနည်း၊ အဘယ်ကြောင့်မြသင်း
နွယ်ထံညအချိန်မတော်ရောက်လာရသနည်း၊ အထုပ်ထဲ
မည်သည့်အရာထည့်ထားသနည်း စသဖြင့်ဆက်တိုက်
တွေးနေမိတော့သည်။ မြသင်းနွယ်ကတော့သိဟန်မတူ။
သူမ၏အခန်းသို့ ပြန်ဝင်သွားခဲ့လေသည်။
မနက်လင်းသည့်အခါ မြသင်းနွယ်သည် ကိုတင်ထွန်းထံ
သို့ ခရီးခဏသွားမည့်အကြောင်းလာပြောသည်။ ကိုတင်ထွန်းကခေါင်းညိမ့်ပြရုံပြလိုက်၏။ မြသင်းနွယ်ထွက်သွားသည်နှင့် သူသည်လည်းကပျာကယာထုပ်ပိုးပြီးအနောက်မှလိုက်သွားလေတော့သည်။
မြသင်းနွယ်မှာတော့ အရေးပေါ်ကိစ္စဖြစ်နေ၍ ဖခင်ဖြစ်သူ
သူမနောက်မှပါလာမှန်းမရိပ်မိ၊ မသိရှိချေ။ သူမသည် ရွာ
ထိပ်မှလှည်းကြုံဖြင့် ရွာနှင့်အနီးဆုံးရှိ မြို့ငယ်လေးသို့သွားခဲ့သည်။ ထိုမှတဖန် ကားကြီးကားငယ်အသွယ်သွယ်စီးကာ ဆည်တော်ကြီးမြို့သို့ရောက်ရှိလာလေတော့၏။
ထိုမြို့၌တည်းခိုးနိုင်မည့်နေရာကိုမေးမြန်းစုံစမ်းလေရာ
အေးရိပ်သာတည်းခိုဆောင်သို့ရောက်လာခဲ့ပြီးထိုနေရာ၌
စတည်းချနေလိုက်သည်။
ကိုတင်ထွန်းမှာလည်းထိုတည်းခိုဆောင်ရှိအခြားအခန်း
တွင် လိုက်တည်းကာ သမီးဖြစ်သူ၏အရိပ်အခြေကို
စောင့်ကြည့်နေခဲ့သည်။ ည ဆယ်နာရီအချိန်ခန့်တွင် မြ
သင်းနွယ်သည် တည်းခိုဆောင်မှတိတ်တဆိတ်ထွက်ခွာ
သွားသည်ကို တည်းခိုဆောင်ရှိဝန်ထမ်းကောင်လေးတစ်
ဦးမှလွဲ၍မည်သူမှမသိကြချေ။ ကိုတင်ထွန်းလည်းမသိရှိလိုက်ပေ။
သူမဦးတည်ရာနေရာကား မြို့အပြင်ရှိတောင်ကုန်း၌တည်
ထားသောစေတီတစ်ဆူသို့ဖြစ်လေသည်။ ထိုစေတီမှာနှစ်ကာလကြာပြီဖြစ်၍ပျက်စီးယိုယွင်းနေခဲ့ပြီ။ စေတီ၏
အမည်မှာ ယခင်အချိန်က ဥတ္တရစေတီဟုခေါ်ဆိုကြ
သော်လည်း ယခုခေတ်ကာလတွင်ထိုအမည်ပျောက်ကွယ်
ကာ ဘုရားပျက်ကုန်းဟူ၍သာလူသိများခဲ့လေတာ့သည်။
မြသင်းနွယ်မှာဥတ္တရစေတီသို့လမ်းလျှောက်သွားခဲ့သည်။ တစ်လမ်းလုံးလူသူဟူ၍မရှိချေ။ သူမတစ်ယောက်တည်းထီးထီးကြီးသာ။ မြသင်းနွယ်သည်မည်သူ့ကိုမှ ဂရုစိုက်ဟန်မတူသည့်အပြင်ထိုသို့သွားနေစဉ်မှာပင် သူမ၏မျက်
လုံးများက တဖြည်းဖြည်းအနီရောင်ပင်သန်း၍လာလေသည်။ သူမ၏မျက်နှာထားသည်လည်း ခက်ထန်၍နေ
သည်။ သူမကိုရုတ်တရက်တွေ့မြင်ရမည်ဆိုပါက အလွန်ပင်ထိတ်လန့်သွားမိမည်မှာအမှန်ပင်။ ယခင်မြသင်းနွယ်
နှင့်လားလားမျှမဆိုင်နေတော့ပေ။
ထိုစဉ်မှာပင် အရက်မူးနေသော လူနှစ်ယောက်မှာမြသင်း
နွယ်ကိုတွေ့မြင်သွားပြီး ရိသဲ့သဲ့လိုက်နှောင့်ယှက်လာ
သည်။ မြသင်းနွယ်မှာစကားတစ်ခွန်းမျှမဆို၊ ထိုသူတို့အား
ရှိသည်ဟူ၍ပင်မထင်ချေ။ ထိုလူနှစ်ယောက်ထဲမှရဲတင်း
လှသောတစ်ယောက်က မြသင်းနွယ်၏လက်က်ုဆတ်ခနဲ
ဆွဲကိုင်လိုက်တော့သည်။ ထိုအခါ ချက်ချင်းလှည့်ကြည့်
ပြီးတုံ့ပြန်လာသောမြသင်းနွယ်၏အပြုအမူကြောင့်မူး
နေရာမှချက်ချင်းပြေကာ တဂျိုးတည်းလစ်ပြေးကြလေ
တော့၏။
မြသင်းနွယ်မှာ သူမ၏ပါးစပ်မှရှည်ထွက်လာနေသောလျှာ
နှစ်ခွကို ပါးစပ်တွင်းသို့ပြန်သွတ်သွင်းပြီး နှုတ်ခမ်းများအားလျှာဖြင့်သပ်ချနေသည်။ ထွက်ပြေးသွားကြသော
လူနှစ်ယောက်၏ကျောပြင်ကို စိမ်းစိမ်းကြီးကြည့်ကာ
သူမဦးတည်နေရာသို့ ဆက်သွားလိုက်လေတော့သည်။
တောင်ကုန်းပေါ်ရှိစေတီပျက်ကြီးတွင် မီးရောင်မှိန်ပျပျ
လှမ်းမြင်နေရသည်။ မီးရောင်ကိုမြင်သည့်အခါ မြသင်း
နွယ်၏မျက်နှာမှာ ယခင်ထက်ပို၍ခက်ထန်မာကျော
လာခဲ့သည်။ မီးရောင်ရှိရာသို့ အလျှင်အမြန်ရောက်ရှိ
သွားတော့၏။ သူမမြင်နေရသောမီးရောင်မှာ စေတီတော်
ကြီးအား ပွဲပေးကာ ထွန်းညှိထားသော ဖယောင်းတိုင်မီး
များ၏ အလင်းရောင်သာဖြစ်လေသည်။
ပွဲပေးထားသောခုံကြီးနောက်တွင် စည်းချထား၏။ ထို
စည်းဝိုင်းထဲတွင် အသားညိုညိုနှင့် လူ ၄ ယောက်ထိုင်
နေကြလေသည်။ ၎င်းတို့အသက်အရွယ်များမှာ အလွန်
ကွာပုံမရဘဲ ၂နှစ် ၃ နှစ်ခန့်သာကွာခြားပုံရသည်။ ထိုသူ
တို့မှာအလွန်ဆုံးရှိလှ အသက် ( ၄၅ ) ကျော်ပုံမရသေး
ချေ။ မြသင်းနွယ် ၎င်းတို့နောက်ရောက်နေသည်ကိုသိ
ဟန်မရ၊ လောဘဇောတိုက်ကာ ထိုသူတို့၏မျက်နှာများ
အဆီတဝင်းဝင်းဖြစ်နေသည်ကို ဖယောင်းတိုင်မီးရောင်
၏ အလင်းဖြင့်အတိုင်းသားတွေ့မြင်နေရလေသည်။
" ၁၂နာရီထိုးတော့မဟေ့ "
" အကုန်အဆင်သင့်ပဲဆရာ "
" ဥစ္စာစောင့်ချောချောလေးဆို ကျွန်တော့်ကိုသာပေးပါ
ဆရာ ... မိန်းမ မရသေးတဲ့လူပျိုနုနုလေးမို့ပါဗျာ "
" ဟား ဟား ဟား "
" အရေးထဲကြော်ငြာဝင်နေသေး... ဥစ္စာစောင့်အချောအလှ
မဟုတ်ဘဲ ဘီလူးကြီးထွက်လာမှ ဂုတ်ချိုးခံနေရမယ်ဟေ့ "
၎င်းတို့အုပ်စုမှာ သဘောကျကာ တခွီးခွီးရယ်မောနေကြ
သည်။
" ရယ်ထားကြစမ်းပါ ... ခဏနေရယ်နေနိုင်မလားကြည့်
စမ်းချင်ပါ့ "
မြသင်းနွယ်၏စိတ်ထဲ ကြုံးဝါးနေလေသည်။
ထိုစဉ်မှာပင် ည ( ၁၂ ) နာရီထိုးလာလေတော့၏။ နာရီ
လက်တံမှာ ၁၂ သို့ရောက်သည်နှင့် လေတိုက်နှုန်းသည်
တဖြည်းဖြည်းပြင်းထန်လာတော့သည်။
" ဟေ့ ... အားလုံးသတိရှိကြစမ်း ... လေတွေကြမ်းလာ
တာသိကြလား ... သွေးရိုးသားရိုးမဟုတ်ဘူးကွ "
" လာကြပြီလားဆရာ "
" ဒင်းတို့လည်းသိမှာပဲ ... လေကအရင်လာတဲ့အပြင်ဟို
မှာမြင်လား မိုးရိပ်တွေ "
" မြင်တယ်ဆရာ ''
" အေ... လေနဲ့မိုးတပြိုင်နက်လာရင် ဒါနဂါးသိုက်ပဲ "
" ဗျာ "
" ဆရာပြောတော့ ဥစ္စာစောင့်ဆို "
" သိုက်ကအမျိုးမျိုးရှိတာကိုး ... ဘာသိုက်လဲဆိုတာခွဲ
ခြားနိုင်မှ လိုချင်တဲ့ပန်းတိုင်ရမဟဲ့ "
" နဂါးသိုက်ဆို ဘယ် .... ဘယ်လို ... လုပ်ရ ...မလဲ ဆရာကြီး "
" ဘာလုပ်စရာလိုလဲ ... ဘယ်သိုက်ဖြစ်ဖြစ် ဆရာသာဇံ
နဲ့တွေ့ရင် ဝပ်ဆင်းရတာချည်းပဲကွ ... ဟား ဟား ဟား "
သိုက်ဆရာ၏စကားကြောင့် မြသင်းနွယ်၏မျက်လုံးမှာ
ပိုမိုရဲတောက်လာပြီး မျက်နှာလည်းအတော်ခက်ထန်သွား
လေတော့သည်။
" ကြည့်စမ်းတာပေါ့ သာဇံရယ် "
ဆရာသာဇံမှာ သိုက်တံခါးကိုဖွင့်ရန် စတင်လိုက်သည်။
" သိုက်တံခါးပွင့်တာနဲ့ ဘာသံကြားကြား စည်းဝိုင်းထဲက
မထွက်ကြနဲ့ ကြားလား .... အားလုံးငြိမ်သွားပြီဆိုမှ ဌာပနာ
ဖောက်ကြ "
" ဟုတ်ကဲ့ ဆရာကြီး "
ဦးသာဇံ၏တပည့်များမှာ ၎င်းတို့၏ဆရာကို အတော်လေး
ယုံကြည်ပြီး မျှော်လင့်ထားကြဟန်တူသည်။ ဦးသာဇံက
လည်းနာမည်တစ်လုံးနှင့်လူ။ သိုက်များ ၃ - ၄ သိုက်မက
ဖွင့်ဖူးသည်။ ပစ္စည်းဥစ္စာများလည်း အနည်းအကျဉ်းရဖူး
ထားသဖြင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိနေသူလည်းဖြစ်လေသည်။
ယခုနေရာ၌သိုက်စောင့်ရှိသည်ဟုကြားသိသည်နှင့် ချက်
ချင်းရောက်လာခြင်းလည်းဖြစ်သည်။ မည်သည့်သိုက်
ဖြစ်မည်ကိုမသိသော်လည်း သူ့ထံတွင် ထူးဆန်းသော
ပြီးအစွမ်းထက်သော ပစ္စည်းတစ်ခုရှိသောကြောင့် မည်
သည့်သိုက်နေနေ ဖွင့်၍ရသည်ဟု ယုံကြည်နေသူလည်း
ဖြစ်သည်။ ယခုစေတီပျက်မှာ ဟောင်းနွမ်းလွန်းသဖြင့်
မည်သူမှစိတ်ဝင်စားခြင်းမရှိကြချေ။ နယ်ခံသူများပင်
ထိုနေရာ၌မည်သည့်အရာများရှိသည်ကို မသိကြ။သိုက်
တူးဆရာကြီးဟုနာမည်ကျော်သော ဦးသာဇံပင်လျှင်
ထိုနေရာအကြောင်းကောင်းစွာမသိချေ။
" ကဲ စကြမယ်ဟေ့ "
ဦးသာဇံကအချက်ပေးပြီး အသင့်ပြင်ခိုင်းလိုက်သလို
စေတီပျက်ကြီးထဲမှ ဖြူလျော့လျော့အငွေ့လေးကလည်း
အလျှင်အမြန်ထွက်လာပြီး မြသင်းနွယ်ရှိရာသို့ရောက်
သွားလေတော့သည်။ ၎င်းအချင်းအရာအား ဦးသာဇံကို
မတွေ့လိုက်ကြပေ။ ထိုအငွေ့လေးသည် မြသင်းနွယ်ဘေး၌ရစ်ပစ်နေလေသည်။
" ဂါထာမန်းတော့မယ် အဂ္ဂ ...အသင့်ပြင်ထားကြတော့"
မြသင်းနွယ်မှာထိုသို့ဆိုလိုက်သည်နှင့် အဖြူရောင်အငွေ့
လေးသည် လေထဲတွင်ပြန့်ကျဲသွားလေသည်။ ထို့နောက်
စေတီပတ်ပတ်လည်၌ ဝေ့ဝဲကာ မြွေတွန်သံများ တရွှီးရွှီး
ပေါ်လာလေတော့၏။
" ဆရာကြီး.... သူတို့ထွက်လာကြပြီ "
" အေ ... ကြားတယ် ... မြွေတွေကိုရှေ့ပြေးလွှတ်လိုက်
တာ... မကြောက်ကြနဲ့ "
ဦးသာဇံမှာထိုသို့ဆိုပြီးသည်နှင့် လက်ထဲမှ တောင်ဝှေးကို
မြေကြီးပေါ်ထိုးစိုက်ချလိုက်သည်။
" သယ် ... ငါဆရာအမိန့် ... ဤအရပ် ဤဒေသမှာစောင့်
ရှောက်ပေးနေသူတွေ ... ငါ့ဆီဝပ်တွားခစားစေ... အသင်
တို့တစုံတရာရန်ပြုပါက ကျွန်ုပ်အဆိုးမဆိုးကြနှင့်... ငါ၏
အမိန့်ကိုမနာခံသူမှန်သမျှ ဤတောင်ဝှေးဒဏ်ခံကြလော့"
ဦးသာဇံစကားဆုံးသည်နှင့် တောင်ဝေးစိုက်ထားသော
ပတ်ပတ်လည်ရှိေမြကြီးအနည်းငယ်မှာ ပက်ကြားအက်
သွားလေသည်။ ထိုအခါ လေနှင့်မိုးအစိုးမရသကဲ့သို့
ကောင်းကင်တစ်ခွင်လုံးနက်မှောက်လာပြီး လေနီကြမ်း
ကြမ်းများတိုင်ခတ်လာလေတော့သည်။ မြသင်းနွယ်မှာ
ကောင်းကင်ကိုတစ်ချက်မော့ကြည့်လိုက်သည်။ ထို့
နောက် သူမ၏လက်နှစ်ဖက်ကိုမြှောက်ပြီး မှောင်မည်း
နေသောကောင်းကင်ယံသို့ စူးစိုက်စွာကြည့်နေသည်။
သို့သော်တစ်ချက်မျှမိုးချုံးသွားပြီးမည်သည်မှဖြစ်မလာ
သဖြင့် မြသင်းနွယ်မှာ မျက်နှာပျက်ယွင်းသွားခဲ့သည်။
သူမထင်ထားသည်က သူမကိုဤတာဝန်ပေးထားသဖြင့်
ဆွေတော်မျိုးတော် နဂါးများက အစွမ်းများပေးသနားပေ
မည်ဟုထင်မှတ်ထားရမှ သူမကျူးလွန်ခဲ့သောအပြစ်
ကြောင့် အကူအညီမပေးဘဲ မျက်နှာလွှဲနေခြင်းက ရင်ထဲ
နာကျင်သွားစေသည်။ ယခင်ဘဝဟောင်းနှင့်မတူဘဲ လူ
အဖြစ်သို့ရောက်ရှိနေသဖြင့် စွမ်းအားများမပေးခြင်းလည်းဖြစ်တန်ရာ၏ဟုသူမကိုယ်သူမစိတ်ပြန်ဖြေလိုက်
လေသည်။
" ရှိသလောက်အစွမ်းနဲ့ နှိမ်နင်းရပေမပေါ့ "
မြသင်းနွယ်တစ်ကိုယ်တည်းရေရွတ်မိနေ၏။ ထိုအချိန်
စေတီဟောင်းထဲမှ တရွှီးရွှီးမြည်သံပေးကာထွက်လာကြ
သော မြွေသိုက်ကြီးကိုလှမ်းမြင်လိုက်ရတော့သည်။ သူမ
၏အမိန့်ကိုစောင့်ဆိုင်းနေကြသော မြွေများမှာ ဆရာသာဇံ
တို့စည်းဝိုင်းပတ်ပတ်လည်၌ ဝိုင်းအုံထားကြချေပြီ။
" ဆ... ဆရာ ... မြွေတွေအများကြီးဗျ "
" မကြောက်ကြနဲ့ ... ဒင်းတို့ဒီစည်းထဲဝင်မလာရဲဘူး...
ငါ့ကိုယုံစမျးပါ "
ဆရာသာဇံမှာ တပည့်များကိုအားပေးရင်း ဂါထာကို
ရွတ်ဆိုလိုက်သည်။ ထို့နောက် ဝိုင်းအုံနေသောမြွေများ
ကို အမိန့်ပေးလိုက်သည်။
" ငါ၏အမိန့်ကိုနာခံကြစေ... အသင်တို့ကိုရန်ပြုဖို့လာခြင်း
မဟုတ်... အသင်တို့မှာသာ မလွတ်မကျွတ်နိုင်ရဘဲ ယခု
လိုသိုက်စောင့်ဘဝမှာရောက်နေကြရခြင်းသာဖြစ်တယ်...
ကျွန်ုပ်ရောက်လာခြင်းဟာ အသင်တို့အတွက်ကံကောင်း
ခြင်းဖြစ်လို့ ယခုကစပြီး ကျွတ်တန်းဝင်ကြလော့ ... အ
သင်တို့သွားလိုရာသွားကြပေလော့ ... "
ဆရာဦးသာဇံသည်ပြောပြီးသည်နှင့် လက်ထဲကိုင်ထား
သောအထုပ်လေးဆီမှ ဆေးမှုန့်အစိမ်းများကို မြွေများ
ထံဖြန့်ကျတ်လိုက်လေသည်။ ထိုဆေးမှုန့်ထိသွားသည့်
မြွေများမှာ ရွှီးခနဲ ကျယ်လောင်စွာတစ်ချက်တွန်ပြီး အ
နောက်သို့ဆုတ်ပြေးကုန်ကြသည့်အခါ ဦးသာဇံတပည့်
များသည် ဝမ်းသာအားရစွာဖြင့် အားတက်လာကြချေ
တော့၏။
ထိုအချင်းအရာကိုမြင်တွေ့နေသော မြသင်းနွယ်မှာဒေါ
သကြောင့် တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်လာသ
လို သူမ၏ခန္ဓာကိုယ်မှာလည်း ပုံသဏ္ဍာန်ပြောင်းလဲလာ
လေသည်။ ပင်ကိုယ်အသားအရည်မှာ တဖြည်းဖြည်း
မာကျောလာပြီး အကြေးခွံကဲ့သို့အကွက်အကွက်ထလာ
သည်။ မျက်လုံးနှစ်ဖက်အစွန်းသည် အပေါ်ဖက်သို့ တ
ဖြည်းဖြည်းမြင့်တက်သွားပြီး နှာတံကအထဲသို့ချိုင့်ဝင်
သွားသည်။
မျက်နှာတစ်ပြင်လုံးလည်းအကွက်အကွက်ထလာ၏။
သူမ၏လျှာမှာနှစ်ခွဖြစ်လာကာ အဆိပ်ရည်များစီးကျ
နေသည်။ ရုတ်တရက်ပုံသဏ္ဍာန်ပြောင်းလဲသွားသောသူမ
မှာ မိမိကိုယ်ကိုယ်ပင် မထင်ထားသဖြင့် အံ့ဩမှင်သက်
နေသေးသည်။ စင်စစ်သူမမှာ နဂါးအသွင်နှင့်မတူဘဲ မြွေ
တစ်ကောင်နှင့်ပို၍တူနေသဖြင့် ရင်ထဲနွမ်းလျမိသည်တော့
အမှန်။ နဂါးမျိုးနွယ်ဖြစ်နေရာမှ တစ်ဆင့်နိမ့်ကာမြွေမျိုး
နွယ်အဖြစ်ရောက်ရှိနေခြင်းကို စိတ်ထဲမကျေနပ်နေချေ။
သို့သော် အပြစ်ပေးခံရချိန်ဖြစ်၍ စောဒကမတက်ဝံ့ခဲ့။
ယခုကိစ္စကြီးအားဖြေရှင်းနိုင်ခဲ့လျှင်သူမ၏ပြစ်ဒဏ်တစ်
ဝက်ကို ရုတ်သိမ်းပေးမည်ဟု သူမမိခင်ထံစကားပါးခဲ့
သဖြင့် ကိုယ့်ကိုကိုယ်ပြန်အားပေးမိနေသည်။ ဦးသာဇံမှာဆက်လက်ပြီးဂါထာကိုမန်းမှုတ်လိုက်သည်တွင် နောက်
ဆုတ်မသွားသောမြွေအချို့ကစည်းဝိုင်းဘေး၌လူးလွန့်
နေကြချေတော့သည်။
" အခြေအနေမကောင်းတော့ဘူး သခင်မ... ကျွန်တော့်
အစေအပါးတွေထွက်ပြေးကုန်ကြပြီ "
မြသင်းနွယ်ဘေးတွင်ရုတ်တရက်ပေါ်လာသော မြွေဖြူ
လေးမှာ ထိတ်လန့်ကာပြောနေသည်။
" ငါဘာလုပ်မလဲကြည့်ထားလိုက် အဂ္ဂ... သူတို့ရဲ့ဂါထာက
သိုက်နန်းအစောင့်တွေကိုသာထိခိုက်အောင်လုပ်နိုင်တာ...
ငါ့လို လူတစ်ပိုင်း နဂါးသိုက်ဆက်တစ်ပိုင်းကို ဘယ်လို
အာခံနိုင်မလဲ စောင့်ကြည့်လိုက် "
မြသင်းနွယ်မှာထိုသို့ပြောပြီး ကျယ်လောင်သောမြွေတွန်
သံကြီးဖြင့် အော်ဟစ်ပစ်လိုက်သည်။ မြွေတွန်သံကြီးမှာ
ကြောက်မက်ဖွယ်စူးရှသလို လေပြင်းနှင့်အတူ မိုးကလည်းတချိန်တည်းကျရောက်လာသည့်အခါ တလောက
လုံးကမ္ဘာပျက်သွားသကဲ့သို့ ပွက်လောရိုက်သွားတော့
သည်။ ကျယ်လောင်သောမြွေကြီးတွန်သံကြောင့် ဦးသာ
ဇံနှင့်သူ၏တပည့်တို့မှာ ၎င်းတို့နောက်ဖက်ရှိအသံလာရာ
ကို မရည်ရွယ်ဘဲ တပြိုင်နက်လှည့်ကြည့်လိုက်ကြလေ
တော့သည်။
လူအဆင်းသဏ္ဍာန်ဖြင့်ကြောက်မက်ဖွယ်မြွေမတစ်ကောင်
ကိုမရည်ရွယ်ဘဲမြင်တွေ့လိုက်ရသည့်အခါ အကုန်လုံး
ထိတ်လန့်သွားကြလေသည်။ ထိုနေရာ၊ ထိုအချိန်မှစ၍
ကမ္ဘာမကျေသောအငြိုးအတေးတစ်ခုစတင်တော့မည်
မှန်း မည်သူမှကြိုမသိခဲ့ပေ။ တစုံတယောက်သာ ကြို
တင်သိရှိခဲ့မည်ဆိုပါက.....။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်