
အိမ်ရှေ့ဆင်ဝင်၌ကားရပ်လိုက်သည်နှင့် ဒေါ်သိမ့်သိမ့်ခိုင်
အမြန်ထရပ်လိုက်မိသည်။ ကားပေါ်မှ အသက် ( ၃၀ ) အ
ရွယ်ခန့်လူတစ်ယောက်ဆင်းလာပြီး အိမ်ထဲသို့ ခပ်သုတ်
သုတ်ဝင်လာလေသည်။
" ဘယ့်နှယ်လဲ ... သိခဲ့ရလား "
ဒေါ်သိမ့်သိမ့်ခိုင်မှာ သိချင်စိတ်လောကြီးစွာ အရင်မေး
လိုက်၏။ ထိုသူကလည်း ခေါင်းကိုညိမ့်ပြရင်း ကိုယ်ကို
ညွှတ်ကိုင်းကာ ပြန်လည်ဖြေကြားလာသည်။
" ဟုတ်ကဲ့ အန်တီ ... ကောင်မလေးနာမည်က ထက်ဝတီ
ရှိန် လည်းမှန်ပါတယ်... "
ဒေါ်သိမ့်သိမ့်ခိုင်၏မျက်ခုံးနှစ်ဖက်မှာအပေါ်သို့မြင့်တက်လာကာ မျက်လုံးထဲ၌စိုးထိတ်မှုများနှင့်ပြည့်နှက်လာတော့သည်။
" ပြောစမ်းပါ မြန်မြန် "
" ဟုတ် ... ကောင်မလေးနဲ့တွဲနေတာဟုတ်တယ်တဲ့
အန်တီ "
" ငါ ထင်တယ် ငါထင်တယ် "
ဒေါ်သိမ့်သိမ့်ခိုင်သည် မျက်မှောင်ကြီးကျုတ်ပြီး အသံပင်
တုန်ယင်လာ၏။
" ကောင်မလေးအိမ်ကချို့တဲ့တာလည်းဟုတ်တယ်အန်
တီ ... တော်တော်လေးနွမ်းပါးတယ်လို့သိရတယ် "
" မဖြစ်တော့ဘူးကျော်စိုးလင်း... သူ့ကိုတစ်နေရာရာပို့
မှကိုဖြစ်တော့မယ် "
" အရေးကြီးတာက ခုမှလာမှာအန်တီ "
ကျော်စိုးလင်းထပ်မံပြောလိုက်သည့်စကားကြောင့် ဒေါ်
သိမ့်သိမ့်ခိုင် ရင်ထဲ ထိတ်ခနဲ ဖြစ်ပေါ်သွားပေသည်။
" အေ ပြော "
" ကောင်မလေးမှာ ဗိုက်ပြဿနာဖြစ်နေပြီလို့သတင်းသဲ့
သဲ့ကြားခဲ့တယ် ..."
" ဟယ် ... ဒုက္ခတော့များပြီ ... မဖြစ်တော့ဘူးဟဲ့ ...
ငါ့သားနဲ့ ရတာတော့မဟုတ်ပါစေနဲ့ဟယ် ...ဘုရား ဘုရား"
" သက်နောင်ကိုတိုးတိုးတိတ်တိတ်မေးကြည့်ရင်ကောင်း
မယ်နော်အန်တီ ... သူတို့လွန်ကျူးထားသလားဆိုတာ"
" အဲ့အကောင်ပြန်လာပါစေဦး ... ငါအခုနေလို့ထိုင်လို့
မကောင်းတော့ဘူး ... စုလှိုင်ရေ ... "
" ရှင် အန်တီ "
" အန်တီ့အခန်းခေါင်းရင်းမှာ လင်ဇီးဗူးလေးယူလာပေး
အမလေး ခေါင်းတွေမူးလိုက်တာနော် "
" အန်တီ သံပုရာရည်လေးသောက်လိုက်ပါလား "
" မသောက်ချင်ပါဘူး ... မင်းသက်နောင်ခိုင် မင်းသက်
နောင်ခိုင် နင်တော့သေဖို့ပြင်ထား ...ကျွတ် ကျွတ် ကျွတ် "
ဒေါ်သိမ့်သိမ့်ခိုင်ကြိမ်းဝါးနေစဉ်မှာပင် BMW ကားဝင်
လာလေသည်။
" လာပစေဦး ဒင်းတော့ "
မင်းသက်နောင်ခိုင်ကကားပေါ်မှဆင်းကာ ကားသော့ကို
ကောင်လေးတစ်ယောက်အားလှမ်းပေးလိုက်သည်။
" ရေဆေးဆီလိုက်ပို့လိုက် ... အတွင်းခန်းတွေရောဆေး
ခဲ့ "
ကောင်လေးလည်းကားေသာ့ကိုရိုကျိုးစွာလှမ်းယူပြီး
မောင်းထွက်သွားလေသည်။ မင်းသက်နောင်ခိုင်လည်း
အိမ်ထဲသို့ ခပ်ကျော့ကျော့ဝင်လာခဲ့သည်။
" မင်းသက်နောင်ခိုင် ... လာပါဦး ထိုင်ပါဦး "
ဒေါ်သိမ့်သိမ့်ခိုင်၏လေသံမှာ အလွန်ပင်ခက်ထန်နေသ
ဖြင့် မင်းသက်နောင်ခိုင်မှာ အသာလေးဝင်ထိုင်လိုက်၏။
" ထက်ဝတီရှိန်ဆိုတဲ့ကလေးမနဲ့ တွဲနေတယ်ဆို "
မင်းသက်နောင်ခိုင်မှာ မျက်လုံးပြူးမျက်ဆံပြူးဖြင့်
အကြောက်အကန်ငြင်းလေသည်။
" ဟာ မဟုတ်ပါဘူးမာမီ ... သူ့ကိုသားမသိဘူး ... ဘယ်
သူပြောတာလဲ "
" ငြင်းဖို့တစ်စက်လေးမှစိတ်မကူးနဲ့ သက်နောင် ...
မာမီ သက်သေအတိအကျရထားပြီ "
ထိုအခါ မင်းသက်နောင်ခိုင် လည်းအတော်လန့်သွား၏။
ငြင်းဆန်ဖို့ကလည်း မည်သည့်သက်သေများရထားသည်
မသိပေ။
" မာမီဘာတွေပြောနေတာလဲ ... ခေါင်းကိုက်လိုက်တာ
ဗျာ ... "
စိတ်ရှုပ်ထွေးဟန်ဖြင့်ခေါင်းကိုကုတ်ရင်း ပြောသည်။
ဒေါ်ငိမ့်သိမ့်ခိုင်၏ဒေါသများမှာ ဆူပွက်လာချေပြီ။
" မာမီဘယ်လိုသင်ထားလဲ သက်နောင်... ပေါက်လွှတ်ပဲ
စားတွေနဲ့ မပတ်သက်ပါနဲ့လို့ဒီလောက်အတန်တန်မှာထား
ရက်နဲ့ ... အဆင့်မရှိတဲ့မိန်းကလေးကိုကြိုက်ရလား ...
ဟင်... ပြောစမ်းပါဦး "
" ဟာ မာမီကလဲဗျာ .. မဟုတ်ပါဘူးဆိုနေ "
" ငါ့ကိုဘူးခံငြင်းဖို့မစဉ်းစားနဲ့ ... အဲ့ဒီကလေးမကို ငါ
သွားတွေ့ရမလား ... ပြော "
ထိုအခါမှ မင်းသက်နောင်ခိုင်သည် လေသံပျော့လာလေ
တော့သည်။
" မာမီကလဲဗျာ ... ဘာတွေလုပ်မလို့လဲ ... မာမီမကြိုက်
တာ သားဘယ်တုန်းကလုပ်ဖူးလို့လဲ ... သူ့ကိုဒီတိုင်းရိုး
ရိုးအီရုံပါ "
" အီရုံဆို ဗိုကျကိစ်စကဘာလဲ "
" ဗျာ "
" သူ့ဗိုက်ကိစ္စလေ ... ဘာဆင်ခြေပေးဦးမလို့လဲ "
မင်းသက်နောင်ခိုင်မှာ လူတစ်ကိုယ်လုံးပူထူသွားသလို
ဖြစ်သွား၏။ ထိုအရာကိုမိခင်ဖြစ်သူမည်သို့သိသည်မသိ။
ဘေး၌ထိုင်နေသော ကျော်စိုးလင်းကို ဘုဆတ်ဆတ်လှည့်
ကြည့်လိုက်သည်တွင် ကျော်စိုးလင်းမှာခေါင်းအသာငုံ့
သွားလေသည်။
" မာမီ့ကိုဘယ်သူပြောလဲမသိပေမယ့် သားနဲ့ရတာလုံးဝ
မဟုတ်ဘူးနော်... သူကအစကတည်းက ရည်းစားများ
တာ... ဘယ်သူနဲ့ရတာလဲသားမသိဘူး ... အပျိုထင်လို့
အီစီကလီတစ်ခါလေးလုပ်မိတာ ... ဒီလိုအရှုပ်ထုပ်မှန်း
သိရင် မလုပ်ပါဘူးမာမီရာ "
ဒေါ်သိမ့်သိမ့်ခိုင်လည်း မင်းသက်နောင်ခိုင် အဖြေကြောင့်
အနည်းငယ်စိတ်အေးသွားမိလေသည်။ သို့သော်စိတ်ဒုံးဒုံး
ချမယုံရဲသေးပေ။
" လင်ကောင်မပေါ်ဘဲမွေးတာသူ့အကြောင်းနဲ့သူပဲ...
သားကိုအပိုင်ဖမ်းမှာပဲမာမီစိုးရိမ်တာ "
" မဖမ်းပါဘူးမာမီရာ ... သားနဲ့အဝေးကြီး... တစ်ခါပဲ
စကားပြောဖူးတယ် ... တော်ပြီမာမီရာ ... ဘာတွေမှန်း
မသိဘူး ... စိတ်ရှုပ်လာပြီ ... နားတော့မယ် "
စိတ်ပျက်လက်ပျက်ဖြင့် ထထွက်သွားသော မင်းသက်
နောင်ခိုင်၏ကျောပြင်ကိုကြည့်ကာ ဒေါ်သိမ့်သိမ့်ခိုင် သက်
ပြင်းချမိလိုက်သည်။
" ကျော်စိုးလင်း "
" ဗျာ အန်တီ "
" ဒီကိစ္စသေချာစုံစမ်း ... ငါ့သားကိုအပိုင်ဖမ်းရင် ငါရင်
ကျိုးမှာ သတင်းတိတိကျကျယူလာခဲ့ ကြားလား "
" ဟုတ် ဟုတ် "
ကျော်စိုးလင်းထွက်သွားရာသို့ အနောက်မှလိုက်ကာ တ
တွတ်တွတ်မှာရင်း ရင်ပူနေလေတော့၏။
" ငါထင်တာမဟုတ်ပါစေနဲ့ ဘုရား ဘုရား "
ညစာထမင်းစားပြီး သက်နောင်ကသူ့အခန်းထဲသို့အမြန်
ပြန်ဝင်သွားသည်။ မိခင်နှင့်မျက်နှာချင်းဆိုင်ရမည်ကို
စိုးသဖြင့်လည်းပါသည်။ ထက်ဝတီရှိန်အကြောင်း ထပ်မံ
မေးမြန်းမည်ကို မလိုလားနေပေ။ ဒေါ်သိမ့်သိမ့်ခိုင်မှာတော့
မေးချင်သည်မှာအသည်းတယားယားဖြင့်ဖြစ်နေသော်
လည်း ယောကျာ်းဖြစ်သူ ရှေ့မပြောချင်၍ အသာငြိမ်နေ
ရခြင်းပင်။
ဧည့်ခန့်ထဲ၌ ကျော်စိုးလင်းက ထိုင်စောင့်နေသည်ကိုမျက်
ရိပ်ဖြင့်မြင်လိုက်၏။ ထို့ကြောင့် အကြံထုတ်ရပြန်သည်။
" အစ်ကိုရေ ... ခိုင်လေ ငြိမ်းတို့ဆီခဏသွားမလို့ "
" ဒီအချိန်ကြီးဘာလုပ်မှာလဲကွာ ..."
" အော် အစ်ကိုကလဲ ... ငြိမ်းကညညအိပ်မပျော်ဘူးဆို
လို့ ဆေးသွားပို့မလို့ပါ "
" အေး အေး "
ဒေါ်သိမ့်သိမ့်ခိုင်လည်းအိမ်မှအမြန်လစ်ထွက်လာခဲ့တော့
သည်။ ကျော်စိုးလင်းကိုကားမောင်းခိုင်းကာ လမ်းဘေး
တစ်နေရာ၌ရပ်ခိုင်းလိုက်သည်။
" တကယ်ဟုတ်နေပြီပေါ့ ... ငါတော့သေချင်တာပဲကျော်
စိုးလင်းရယ် "
" သူတို့အိမ်ကလည်းလိုက်ရှာနေကြတယ်ပြောတယ်အန်တီ
ကောင်မလေးက အရိုက်ခံရမှာကြောက်ပြီးပုန်းနေတဲ့ပုံပဲ "
" ပုန်းနေတယ်ဆိုတာက ဘာလို့လဲ "
" သူ့အဖေကယောကျာ်းစောစောရမှာစိုးလို့ စည်းကမ်း
တင်းကြပ်ထားတာ...ကောင်မလေးကဗိုက်ထွက်လာတော့
သတ်မယ်လုပ်လို့ဆိုလားပဲအန်တီ ... "
" နေဦး သက်နောင်ကိုဖုန်းဆက်ရမယ် ... ကလေးမရှိတဲ့
နေရာသူသိကိုသိမှာပဲ "
ဒေါ်သိမ့်သိမ့်ခိုင်သည် မင်းသက်နောင်ခိုင်အားဖုန်းခေါ်
လိုကျ၏။
" အခုထွက်လာခဲ့ ... နင့်ပြဿနာတွေလာရှင်းစမ်းပါဦး
မင်းသက်နောင်ခိုင် "
မိခင်၏ဒေါသမာန်မာနပြင်းထန်နေသည့်စကားသံကို
ကြားလိုက်ရသဖြင့် တုန်လှုပ်သွားသည်။ အိမ်မှကားတစ်
စီးကိုမောင်းထွက်လာခဲ့တော့၏။
" နင်နဲ့ရတဲ့ဗိုက်လို့ကလေးမလေးကအတိအကျပြောထား
ပြီ ... ဘယ်လိုလုပ်ကြမလဲသက်နောင် ရဲ့ "
" အား မာမီ နာတယ် "
မင်းသက်နောင်ခိုင်၏ ဗိုက်ခေါက်ကိုအားရပါးရဆွဲလိမ်
ရင်းမေးသဖြင့် မင်းသက်နောင်ခိုင်မှာမျက်နှာကြီးရှုံ့မဲ့
သွားရလေတော့သည်။
" ရှင်းစမ်း... အခုရှင်း "
" ကျွန်တော်နဲ့ရတာဟုတ်တယ် ... "
" မိုက်လိုက်တဲ့အကောင် ... ငါ့ကိုအသေသတ်နေတာလား
လမ်းဘေးနေလမ်းဘေးစားဟာတွေနဲ့မပတ်သက်ပါနဲ့လို့
မှာထားရက်နဲ့ ... ငါ့ကိုအသေသာသတ်လိုက်ပါတော့လား
သက်နောင်ရယ် "
" သားလည်းရှင်းနေပါတယ်မာမီရယ် "
" ဘယ်လိုရှင်းတာလဲပြောစမ်း "
" သူ့ကိုတနေရာပို့ထားတယ် ... ချော့မော့ပြီး ဖျက်ချခိုင်း
မလို့ပါ "
" ငါ့ကိုအခုလိုက်ပို့ "
" မာမီဘာလုပ်မှာလဲ "
" လိုက်ပို့ဆို လိုက်ပို့စမ်းပါ "
မင်းသက်နောင်ခိုင်မှာ မိခင်ကိုမလွန်ဆန်ရဲ။ ရှေ့မှမောင်း
သွားရလေသည်။
" အန်တီ စိတ်အေးအေးထားပါဗျာ လူငယ်တွေကိစ္စဆို
တော့ ဒီလိုတော့ဖြစ် ဖြစ် "
" မအေးနိုင်ဘူး ... ငါလုံးဝသဘောမတူဘူး ... အဲ့ဒီဗိုက်
ကိုလည်းအခုဖျက်ခိုင်းမယ် ... သိမ့်သိမ့်ခိုင်ဆိုတာ ဘယ်
လိုမိန်းမလဲသိစေရမယ် ဟင်း "
ဒေါသအလွန်ထွက်နေသဖြင့် သူမ၏မျက်နှာကြီးသည်
အညိုရောင်သန်းလာခဲ့သည်။ မကြာခင်မှာပင် မင်းသက်
နောင်ခိုင်သည် ခြံတစ်ခြံရှေ့၌ကားရပ်လိုက်တော့သည်။
ဒေါ်သိမ့်သိမ့်ခိုင်တို့လည်းအနောက်မှလိုက်ပါလာကြ၏။
ဒေါ်သိမ့်သိမ့်ခိုင်လည်းကားပေါ်မှဆင်းပြီးပတ်ဝန်းကျင်
ကိုစူးစမ်းကြည့်နေသည်။ အလွန်ဆိတ်ငြိမ်သည့်အစွန်အ
ဖျားနေရာဖြစ်သည့်အပြင် လူနေအိမ်ခြေခပ်ကျဲကျဲကိုပါ
မြင်တွေ့လိုက်ရသည်။
" ဒီနေရာလား သက်နောင် "
" ဟုတ်မာမီ ... အိမ်ထဲလာ "
ခြံတံခါးသော့ကိုဖွင့်ကာ ရှေ့မှဦးဆောင်ခေါ်သွားသော
မင်းသက်နောင်ခိုင်နောက်လိုက်ရင်း အခြေအနေကိုစနည်း
နာကြည့်နေပြန်သည်။
အိမ်မှထွက်လာစဉ်က အလင်းရောင်ရှိနေသေးသော်လည်း
လမ်းရောက်မှတဖြည်းဖြည်းမှောင်လာခဲ့သည်။ ယခုခြံကြီးက လမ်းမှာထက်ပိုမှောင်နေသလိုပင်ရှိလေသည်။
ခြံထဲဖြတ်ဝင်လာပြီးမြင်တွေ့ရသည်က တစ်ထပ်တိုက်ပု
လေးတစ်လုံး။ အိမ်အပြင်နံရံဆေးများပင်ပြယ်လွင့်နေ
ပြီ။
ခပ်ဟောင်းဟောင်းတိုက်လေးက ဒေါ်သိမ့်သိမ့်ခိုင်ကဲ့သို့
တောက်ပနေသောအမျိုးသမီးဝင်လာသည်ကို သိမ်ငယ်သလိုလိုဖြင့်ကြည့်နေသယောင်ယောင်။ မင်းသက်နောင်
ခိုင်က အိမ်တံခါးကိုအသာခေါက်လိုက်သည်။
" ဝတီ ... တံခါးဖွင့်ပါဦး "
မင်းသက်နောင်ခိုင်အသံကြားသည့်အခါ အိမ်ထဲမှ တရွေ့
ရွေ့လှုပ်ရှားလာသံထွက်ပေါ်လာခဲ့သည်။ အိမ်တံခါးအား
ခပ်ဖြည်းဖြည်းဖွင့်လိုက်သံအဆုံး ဖြူလျော့လျော့မျက်
နှာလေးနှင့်ခပ်ချောချောမိန်းကလေးတစ်ယောက်ထွက်
လာတော့သည်။
" ဝတီ ... မာမီလည်းပါလာတယ် "
ထိုကလေးမလေးမှာ လွန်စွာထိတ်လန့်သွားဟန်ဖြင့် မဝံ့
မရဲပြန်ကြည့်နေသည်။ ဒေါ်သိမ့်သိမ့်ခိုင်၏ ရွံ့ရှာမုန်းတီး
သည့်အကြည့်ကိုခံစားသိရှိဟန်လည်းရသည်။
" မာမီ လာ "
မင်းသက်နောင်ခိုင်လည်း မိခင်နှင့် ကျော်စိုးလင်းကို အထဲ
သို့ခေါ်ဝင်လိုက်လေသည်။ အိမ်ထဲတွင် ပစ္စည်းကောင်း
ကောင်းကန်းကန်းများမရှိ။
မီးရောင်ခပ်မှိန်မှိန်လေးအောက်တွင်ကွပ်ပျစ်ကြီးတစ်ခု၊
ထိုပေါ်၌ တစ်ယောက်အိပ်မွေ့ယာငယ်လေးနှင့် ခေါင်းအုံးတစ်လုံး၊ စောင်တစ်ထည်ကဝင့်ဝင့်ကြွားကြွားနေရာယူ
ထားသည်။ ကွပ်ပျစ်ဘေး၌ သစ်သားကျောမှီထိုင်ခုံလေး
တစ်လုံးမှလွဲ၍ မည်သည်မှမရှိချေ။ဘေးတွင်ချထားသော မုန့်ထုပ်အချို့ကခပ်ယဲ့ယဲ့သာ။
" မာမီ ထိုင် "
" မထိုင်ချင်ပါဘူး ... ဒါဘယ်သူ့အိမ်လဲသက်နောင် "
" သူငယ်ချင်းအိမ်လေမာမီ ... သူကဝယ်ပစ်ထားလို့သား
ခဏသုံးနတော "
" ကဲ ထားတော့ ကလေးမ ... ငါ့သားနဲ့ရတဲ့ကိုယ်ဝန်ရှိနေ
ပြီဆို "
ကောင်မလေးမှာ မထိုင်ရဲ၊ မင်းသက်နောင်ခိုင်ဘေး၌လက်
ကလေးနှစ်ဖက်ကို တစ်ဖက်မှတစ်ဖက်သို့ဆုပ်ကိုင်ရင်း
ခေါင်းငုံ့ကာရပ်နေသည်။သူမ၏ရင်ထဲ မည်မျှလောက်
ကြောက်ရွံ့နေမည်ကို ကြည့်ရုံနှင့်သိရှိနိုင်ပေသည်။
" ဟုတ် ဟုတ်ကဲ့မာမီ "
" ငါ့ကိုအဲ့လိုမခေါ်နဲ့ ... နင်ခေါ်စရာမလိုဘူး "
ဒေါ်သိမ့်သိမ့်ခိုင်မှာ မီးရောင်မှိန်မှိန်အောက်တွင်ပင်
ကြောက်မက်ဖွယ်မျက်နှာကြီးကအထင်းသားပေါ်နေ၏။
ကောင်မလေးလည်းလန့်သွားသဖြင့် မင်းသက်နောင်ခိုင်
၏ လက်မောင်းကိုအမြန်လှမ်းဆုပ်ကိုင်မိလိုက်သည်။
မင်းသက်နောင်ခိုင်ကတော့ သူမ၏လက်ကိုပုတ်ချကာ
မိခင်ဘေး၌ သွားရပ်နေခဲ့သည်။
ကောင်မလေးမှာမှင်သက်အံ့ဩသောမျက်နှာဖြင့်ကြည့်
ရင်း ချက်ချင်းပင်အားငယ်သွားသလိုမျက်နှာတစ်ခုလုံး
ဖြူလျော့သွား၏။ သို့သော် ခေါင်းလေးငုံ့ရင်း ကိုယ့်ကိုကိုယ်အားတင်းထားဟန်ရသည်။
" ငါ့သားကို ရွှေပေါ်မြတင်ထားလာတာ ညည်းလိုအနုပ်စုတ်ဂုတ်စုတ်အမျိုးနဲ့ပေးစားဖို့မွေးထားတာမဟုတ်ဘူး
... ဒီကလေးကိုလည်းငါအသိအမှတ်မပြုဘူး ... ငါ့သွေး
လို့လည်းမမှတ်ဘူး ... ငါ့သားနဲ့ပတ်သက်ဖို့စိတ်တောင်
မကူးနဲ့ "
" အဲ့လိုမလုပ်ပါနဲ့အန်တီရယ် ... သမီးတောင်းပန်ပါတယ်
ကလေးလေးကိုတော့ ငဲ့ပါနော် သမီးအိမ်လည်းမပြန်ရဲလို့
ပါ အဖေသိရင် သတ်လိမ့်မယ်ရှင့် "
" အဲ့ဒါတွေသိရင်အနေအထိုင်ဆင်ခြင်လေ ... ဒီအခြေ
အနေထိဘာလို့ရောက်လာတာလဲ "
" သမီးမှာသွားစရာလည်းမရှိလို့ပါရှင့် .. သမီးတို့ကိုမခွဲပါ
နဲ့နော် "
" ညည်းရူးနေတာလား ... မတူမတန်လို့မပတ်သက်ပါနဲ့
ပြောတာကို နားမလည်တာလား "
ကောင်မလေးက မင်းသက်နောင်ခိုင်ကို အားကိုးတကြီး
လှမ်းကြည့်လာသည်။ မင်းသက်နောင်ခိုင်က မသိကျိုး
ကျွံပြုကာနေနေသဖြင့် ရင်ထဲနာကျင်သွားခဲ့တော့သည်။
ထို့အတူ လူငယ်လည်းဖြစ်ပြန်၊ ဒေါသကြီးသူပီပီ စိတ်မထိန်းနိုင်တော့ပေ။
" အန်တီ ... ကျွန်မကနန့်နေတာမဟုတ်ဘူး ... အန်တီ့သား
က မရရင်သေရပါလိမ့်မယ်ဆိုပြီး ကျွန်မကိုအတင်းယူခဲ့
တာ ... ဗိုက်ထဲက ကလေးကလည်း သူ့သွေးသားအစစ်ပါ
အန်တီ ... အန်တီလက်မခံလည်းလက်ခံရလိမ့်မယ် ...
မပတ်သက်ချင်နေ မတော်လို့တော့မရပါဘူး ... "
" နင် မိုက်ရိုင်းလှချည်လား "
" အမှန်ပြောတော့နာကြတာလား ဟုတ်လား .. နောက်
ဆုံးအနေနဲ့တောင်းပန်ပါတယ်အန်တီ ... ကလေးလေးကို
တော့ငဲ့ညှာပါဦး ... သမီးလိမ်လိမ်မာမာနေပါ့မယ် ... ဘာ
ဝတ္တရားမှမပျက်ကွက်စေရပါဘူး "
" ငါသေတောင်လက်မခံနိုင်ဘူးဟဲ့ အုတ်ကြားမြက်ပေါက်
ကလေကချေမရဲ့ "
ဒေါ်သိမ့်သိမ့်ခိုင်မှာ ပြောရင်း သူမ၏ပါးပြင်ကိုဖြန်းခနဲ
တသ်ချက်ခပ်ပြင်းပြင်းရိုက်ချလိုက်လေသည်။ ပူခနဲဖြစ်
သွားသည့်ပါးပြင်အားလက်ဖြင့်အသာစမ်းရင်း ဒေါသများ
အလိတ်လိုက်တက်လာနေပြီဖြစ်သော ထက်ဝတီရှိန်သည်
မျက်လုံးထဲဘာမျှမမြင်တော့ချေ။
" ဒီလိုဆိုတော့လည်း ရုံးမှာရှင်းကြတာပေါ့ ... အန်တီ့သား
ကိုတရားစွဲမယ်... အန်တီ့ကိုလည်းတရားစွဲမယ်... သိပ်ပြီး
မျိုးရိုးမြင့်ပြမနေနဲ့ ... သူများသားသမီးကို ကာမလိမ်ယူ
တဲ့အကြောင်း တလောကလုံး ဟိုးဟိုးကျော်သွားအောင်
လုပ်ပြမယ် စောင့်ကြည့်လိုက် "
ထက်ဝတီရှိန်မှာပြောရင်း အိမ်ထဲမှထွက်ဟန်ပြင်စဉ် သူ
မကျောပြင်ဆီသို့ အရာဝတ္ထုတစ်ခုခပ်ပြင်းပြင်းရိုက်ကျ
လာခဲ့သည်။ နာကျင်လွန်းသဖြင့် ကုန်းကုန်းကြီးဖြစ်သွား
ရ၏။
" ဒီညတော့ နင်နဲ့ငါ သူသေကိုယ်သေပဲ "
ဒေါ်သိမ့်သိမ့်ခိုင်မှာ ဘီလူးသရဲစီးနေသလိုဖြစ်နေပြီး
ထိုင်ခုံဖြင့် တရစပ်ရိုက်ပစ်တော့သည်။ အားနည်းနေသော
ကောင်မလေးမှာ မထူနိုင် မထနိုင် တပြိုင်းပြိုင်းရိုက်နှက်
ခြင်းကို နာကျင်စွာခံစားနေရလေသည်။ မင်းသက်နောင်
ခိုင်နှင့်ကျော်စိုးလင်းကလည်းမဆွဲရဲ။ ဒေါ်သိမ့်သိမ့်ခိုင်ကို
ကြောက်ရသည်။
" မာမီ တော်ပါတော့ဗျာ "
လူကိုမဆွဲဘဲ ဘေးမှ အသံခပ်တိုးတိုးဖြင့်သာတားဆီး
နေ၏။ ထိုစဉ် ဒေါ်သိမ့်သိမ့်ခိုင်လက်ထဲမှ ထိုင်ခုံထုကြီး
သည် ထက်ဝတီရှိန်၏ နောက်စေ့တည့်တည့်အရှိန်ပြင်း
စွာ ဆင့်ကာဆင့်ကာရိုက်ချပစ်လိုက်တော့သည်။ ကောင်
မလေးမှာ သွေးများစီးကျရင်းမေ့မြောသွားလေပြီ။
" မာမီ ... သူ ... သူ ... သပွေီလားမသိဘူး "
" အန်တီဘယ်လိုလုပ်မှာလဲ လက်လွန်ကုန်ပြီထင်တယ် "
ထိုအခါမှ ဒေါ်သိမ့်သိမ့်ခိုင်အသိစိတ်ဝင်လာဟန်ရှိသည်။
သွေးအိုင်ထဲခွေခွေလေးလဲကျနေသည့် ထက်ဝတီရှိန်ကို
တွေတွေကြီးကြည့်နေသေးသည်။ ထို့နောက် မာန်မာန
နှင့်အတ္တများကတဖန်ပြန်တက်လာပြန်သည်။
" သေပလေ့စေ ... "
ကျော်စိုးလင်းက ထက်ဝတီရှိန်အနီးသို့မဝံ့မရဲတိုးကပ်
သွားပြီး စမ်းကြည့်နေသည်။
" အသက်ငွေ့ငွေ့ရှုသေးတယ်အန်တီ ... ဆေးရုံပို့ပေး
လိုကျမလား "
" ဘာလို့ပို့ရမှာလဲ ... သူရှိနေရင် ငါ့သားကိုဒုက္ခပေးဦး
မှာ ... တခါတည်းလက်စဖျောက်ပလိုက် "
" ဗျာ "
မင်းသက်နောင်ခိုင်ရော၊ ကျော်စိုးလင်းပါ ပြိုင်တူအာမေ
ဋိတ်ထွက်သွားကုန်၏။
" ကျော်စိုးလင်း ... သူ့ကိုဒီမှာပဲ မြုပ်ပလိုက် ... လိုတာအခု
သွားယူ "
ကျော်စိုးလင်းမှာ ကတုန်ကယင်ဖြင့် ဝေခွဲမရဘဲပြန်ကြည့်
နေသည်။
" ဟဲ့ ငါပြောတာမကြားဘူးလား သွားယူလေ "
" ဟုတ် ဟုတ် "
ကျော်စိုးလင်းလည်း ကြောက်ကြောင်လန့်လန့်ဖြင့် ကား
မောင်းထွက်သွားလေသည်။
" မာမီ ... တကယ် တကယ် လုပ်မလို့လား "
" မင်းသက်နောင်ခိုင် ... သားကိုမာမီက အသက်စွန့်ပြီး
ပိုးမွေးသလိုမွေးထားရတာ ... မာမီဒါတွေလုပ်တာ သား
အတွက်ပဲ ... သားကောင်းစားဖို့ ရှေ့မှာပိတ်နေတာမှန်သမျှ မာမီရှင်းမှာ ... မတရားတာတွေလာမပြောနဲ့ ...
အသက်နဲ့ရင်းပြီးမွေးထားရတဲ့သားအတွက် မာမီအကုန်
လုပ်ရဲတယ် "
မင်းသက်နောင်ခိုင်မှာ သူ၏မိခင်ကို တဖြည်းဖြည်းထိတ်
လန့်လာတော့သည်။ သို့သော်လည်း မလွန်ဆန်ရဲ။ မိခင်
အလိုကျ နေရပေတော့မည်။
သွေးအိုင်ထဲလဲကျနေသောထက်ဝတီရှိန်မှာ ဒေါ်သိမ့်သိမ့်
ခိုင်အသံအား ကြားတစ်ချက် မကြားတစ်ချက်ဖြင့် မေ့
မြောသွားလေပြီ။ သူမသတိရလာသည့်အခါ သူမသည်
ကျင်းတစ်ခုထဲသို့ရောက်နေပြီး တစ်ကိုယ်လုံး ပလက်စတစ်အကြည်ဖြင့်ထုပ်ပိုးထားသည်ကို သိလိုက်သည်။
ပါးစပ်မှအော်ဟစ်သော်လည်း ပါးစပ်၌ အဝတ်စကြီးတစ်ခုကိုဆို့ထားသဖြင့် အော်မရချေ။ လူးလွန့်ပြန်သော်လည်း
တစ်ကိုယ်လုံးနာကျင်နေသဖြင့် တစ်ချက်လှုပ်လိုက်တိုင်း
အရိုးတွင်းထိနာကျင်ခံစားနေရလေသည်။
" မြေဖို့ပစ်တော့ ကျော်စိုးလင်း "
ကျော်စိုးလင်းမှာ စွပ်ကျယ်သာဝတ်ထားသော်လည်းတစ်
ကိုယ်လုံးချွေးဒီးဒီးကျနေ၏။ မြေကျင်းတူးသဖြင့်ပူသည်
ကတစ်မျိုး၊ ဒေါ်သိမ့်သိမ့်ခိုင်အားကြောက်သည်ကတစ်ဖုံ
အလွန်စိတ်ပင်ပန်းနေရသည်။ သို့သော်လည်း ဒေါ်သိမ့်သိမ့်ခိုင်ကို ကြောက်ရသူအဖို့ လွန်ဆန်နိုင်ခြင်းမရှိခဲ့။
ထက်ဝတီရှိန်ထံသို့အကြည့်ရောက်လေလျှင်အသနား
ခံနေသည့်မျက်လုံးများက ယုန်သူငယ်ပမာ။
ကျော်စိုးလင်းမကြည့်မိအောင်မျက်နှာလွှဲနေရသည်။
မကြာခင်မှာပင် မြေဖို့၍ပြီးစီးသွားလေပြီ။ မြေပုံမို့မို့လေး
အား ကတုန်ကယင်ဖြင့် ကြည့်ရင်း အဘယ်ကြောင့်ရယ်
မသိ အမှောင်ကမ်းပါးကြီးအစွန်းသို့ရပ်မိနေသလိုခံစား
နေရလေသည်။ မင်းသက်နောင်ရှိန်ကတော့ ဘေးတွင် ငူ
ငူကြီးသာထိုင်ကြည့်နေသည်။
" ကဲ ပြန်ကြမယ် "
ဒေါ်သိမ့်သိမ့်ခိုင်၏အသံသည် တဖြည်းဖြည်ကြောက်မက်
ဖွယ်ကောင်းလာသည်ဟု ကျော်စိုးလင်းတွေးထင်မိသည်။
ကားမောင်းနေရသော်လည်းကျောမလုံ။ မိမိရှေ့တွင်ဖြစ်
ပျက်သမျှအားလုံးကို မြင်ယောင်ရင်း စိတ်တည်ငြိမ်အောင် မနည်းထိန်းနေရလေသည်။ ဒေါ်သိမ့်သိမ့်ခိုင်မှာ
တော့လမိန်းမသားဖြစ်လင့်ကစား အလွန်တည်ငြိမ်နေသ
ဖြင့်အံ့ဩမဆုံးနိုင်ခဲ့ပေ။
မည်သည်မှမဖြစ်ခဲ့လေဟန် ဟန်မပျက်အိမ်ထဲဝင်သွား
သော ဒေါ်သိမ့်သိမ့်ခိုင်ကိုကြည့်ပြီး ကျော်စိုးလင်းကျော
ချမ်းလာမိလေသည်။ မင်းသက်နောင်ခိုင်မှာ အဆီပြန်
နေသောမျက်နှာကြီးတွင် စိုးရွံ့မှုကအထင်းသားဖြင့် အ
တော်ပင်ဟန်လုပ်ကာလိုက်ဝင်သွား၏။ အိမ်အပြင်ဖက်
တွင် ကျော်စိုးလင်းတစ်ယောက်သာကျန်ရစ်ခဲ့လေသည်။
သူသည်လည်း အိမ်ပြန်ရပေမည်။ ပြန်ရန်ပြင်လိုက်စဉ်မှာပင်။
" အစ်ကိုရယ် ... ညီမကိုကယ်ပါ "
ကျော်စိုးလင်းနားထဲ ရုတ်တရက်ကြားလိုက်ရသည့်အသံ
ကြောင့် ထခုန်မိမတတ်လန့်သွားတော့သည်။ ထိုအသံသည် ယခုမှ သူအရှင်လတ်လတ်မြေမြုပ်ခဲ့သော ကောင်မ
လေးအသံ။ ဟုတ်သည်။ အရှင်းကြီးကြားနေရသည်။
သူ၏ခေါင်းကိုခါရမ်းရင်း ကားပေါ်သို့လှမ်းတက်လိုက်
သည်။
ဒေါ်သိမ့်သိမ့်ခိုင်က နိမ့်ကျသည့်မိန်းကလေးအားရှင်းလင်း
ရသည့်အတွက် ကားရေဆေးပြီးမနက်ပြန်လာပို့ရန်မှာခဲ့
သဖြင့်သာ ကားယူလာရသည်။ သူ၏စိတ်တွင်တော့ ထို
အိမ်မှကားကိုပင်မမောင်းရဲနေချေ။ အပြန်လမ်း တ
လျှောက်လုံးထိုအကြောင်းများကမတွေးဘဲ ခေါင်းထဲ
အလိုလိုရောက်လာ၏။ ဒေါ်သိမ့်သိမ့်ခိုင်စကားများလည်း
ပြန်ကြားယောင်နေသည်။
" မင်းသက်နောင်ခိုင် သားသူငယ်ချင်းကိုဆက်သွယ်လိုက်
မာမီ အဲ့ဒီခြံကိုဝယ်ချင်တယ်လို့ ဘယ်လောက်နဲ့ရောင်း
မလဲမေးလိုက် ကြားလား "
ဒေါ်သိမ့်သိမ့်ခိုင်မှာ အဆုံးထိလက်စဖျောက်မည့်ဟန်ရှိ
သည်။
" အစ်ကိုရယ် ညီမအသက်ရှူကြပ်လို့ကယ်ပါ "
ယခုတခါတွင်တော့ ကျော်စိုးလင်း ကားဘရိတ်ကိုရုတ်
တရက်အုပ်ချလိုက်မိတော့သည်။ စီယာတိုင်ကိုင်ထား
သည့်လက်ဖဝါးနှစ်ဖက်မှ ချွေးစေးများဖြင့်စိုရွှဲလာနေ
သည်။ အဘယ်ကြောင့်ရယ်မသိ ခေါင်းနဘန်းကြီးလာ
သလိုလိုဖြစ်ပေါ်နေသည်။ ထိုကလေးမအသက်ရှင်နေ
ပါစေဟု ဆုတောင်းရင်း မြေမြုပ်ပစ်ရာခြံကြီးဆီသို့
ထိတ်ထိတ်လန့်လန့်ဖြင့် ပြန်လှည့်မောင်းလာခဲ့လေတော့
သည်။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်