
" အို... သရဲဖြစ်ဖြစ်ဘာဖြစ်ဖြစ် မာမီတို့ကြောက်နေစရာ
မလိုဘူး ... တကယ်ကြောက်ရမှာက ဒါတွေ ဒါတွေသက်
နောင်... ဒါကြီးမိသွားလို့ကတော့ ဒုက္ခရောက်ပြီသာမှတ်"
" မာမီဘာလို့ စိတ်လိုက်မာန်ပါလုပ်ရတာလဲ.. သားဖြေ
ရှင်းနေတာကို ဘာလို့သတ်ပစ်ရတာလဲ ... ခုဘယ်လို
လုပ်ရတော့မလဲမာမီ ... မာမီကြောင့် သားထောင်ထဲဝင်
ရတော့မယ် "
" တိတ်စမ်း သက်နောင် ... မာမီလုပ်တာသားအတွက်
ချည်းပဲ... ဒီအောက်တန်းစားဟာမနဲ့ဘာလို့သွားပတ်
သက်လဲ... မျိုးရိုးမတူ.. အဆင့်မတူ ... အုတ်ကြားမြက်
ပေါက်တွေ "
" သူ့ကိုယူမှာမှမဟုတ်တာမာမီရာ ... သူ့ကိုဖျောင်းဖျပြီး
ဖျက်ချခိုင်းမယ့်ဟာ ခုမာမီကြောင့်အကုန်ပျက်ကုန်ပြီ "
" သား မာမီပြောတာနားထောင် ... သားဘာမှမဖြစ်စေရ
ဘူး ... တစ်ခုခုဖြစ်ရင် အားလုံးမာမီလုပ်တာ ဟုတ်ပြီ
နော်... မာမီရှိတယ်... ဘာမှမကြောက်နဲ့... "
ဒေါ်သိမ့်သိမ့်ခိုင်သည် သားဖြစ်သူအတွက် မည်သည့်
အရာပင်ဖြစ်စေ လုပ်သင့်သည်၊ မလုပ်သင့်သည်ကို
တွေးဆမနေဘဲ ဇွတ်လုပ်မည့်သူပင်။ သားသမီးကို ချစ်
ရာမရောက်ဘဲ သူမကိုယ်တိုင်နစ်ပစ်နေမှန်း မသိခဲ့။
သူမ၏ သားသမီးအပေါ်ထားသောမေတ္တာက အလွန်နက်
ရှိုင်းနေပြီး ရောင်စဉ်ခုနှစ်သွယ်မက အလင်းရောင်ပေး
နေခြင်းသာဖြစ်သည်ဟု သူမကိုယ်သူမထင်မြင်နေ၏။
သို့သော် သူမပေးလိုက်သည့်အရာကား ရောင်စဉ်ခုနှစ်
သွယ်မဟုတ်ဘဲ ချောက်ကမ်းပါးသို့တွန်းပို့နေမှန်း မသိ
ချေ။ ထိုသို့ငြင်းနေစဉ်မှာပင် မည်းနက်နက်ကလေးငယ်
က မြေပုံပေါ်ထိုင်ကာ တခိခိရယ်ရင်း ၎င်းတို့နှစ်ယောက်
အားကြည့်နေလေ၏။
" အား ဟိုမှာ သရဲတစ်ကောင် မာမီ လုပ်ပါဦး "
ဒေါ်သိမ့်သိမ့်ခိုင်သည် သူမကိုယ်တိုင်ကြောက်ရွံ့နေ
သော်လည်း မြေဂေါ်ကြီးဖြင့် ရိုက်ချလိုက်၏။ ထိုအခါ
ထိုကလေးသရဲလည်းလှစ်ခနဲပျောက်သွားတော့သည်။
" တူးရအောင် သက်နောင် ... အချိန်လင့်သွားမယ် "
သားအမိနှစ်ယောက်မှာ ကြောက်လန့်ကာ ချွေးများ
စိုရွှဲနေ၏။ သို့သော် သရဲထက် အလောင်းဖျောက်ရန်က
ပို၍အရေးကြီးနေသဖြင့် အမြန်တူးကြတော့သည်။
ထိုအချိန်ကား မနက် ၂ နာရီပင်ရောက်နေခဲ့ပြီ။ ရွှေဘုံ
ပေါ်စံနေကြသူများဖြစ်သဖြင့် ယခုကဲ့သို့မြေကျင်းတူး
ရသည်ကို အလွန်ပင်ပန်းကာ ခြေကုန်လက်ပန်းကျနေကြ
ပြီ။
လက်မောင်းအရင်းမှနေပြီးကိုက်ခဲနေ၏။ လက်ဖဝါး
နှစ်ဖက်တွင် အရေခွံများစုတ်ပြဲကုန်သည်။ ခြေထောက်
နှစ်ဖက်လည်းသေချာစွာမရပ်ချင်လာတော့ပေ။ ၎င်းတို့
တွင် အလောင်းဖျောက်နိုင်ရေးတစ်ခုသာ အလွန်အရေး
ကြီးနေသည့်အရာဖြစ်သည်နှင့်အမျှ အတော်အားတင်း
နေကြရသည်။
" တူ တူ တူ "
ကားပေါ်၌ကျန်နေသော ဒေါ်သိမ့်သိမ့်ခိုင်၏ဖုန်းကအ
ဆက်မပြတ်မြည်နေသည်။ ဦးမျိုးမင်းမှာ အဆက်အ
သွယ်မရသဖြင့် ဆက်တိုက်ဖုန်းခေါ်နေသည်။ ဖုန်းကိုင်
မည့်သူကမရှိ။
တူးရင်းတူးရင်းနှင့် အလောင်းပေါ်လာချေပြီ။ ထိုအခါ
မှ အလုပ်တစ်ခုပြီးစီးတော့မည်ဟု သက်ပြင်းချကာ
အလောင်းကို ' မ ' ယူလိုက်ကြ၏။
" ဘယ်ကားနဲ့သွားမှာလဲမာမီ "
" ကျော်စိုးလင်းမောင်းလာတဲ့တစ်စီးနဲ့သွားမယ် "
သားအမိနှစ်ယောက်သား ထက်ဝတီရှိန်၏အလောင်းကို
မနိုင်မနင်းသယ်လာကြသည်။ မနိုင်တော့လျှင်မြေပေါ်
ခဏပြန်ချလိုက်၊ ပြန်သယ်လိုက်နှင့် ခြံဝသို့ရောက်ရန်
အတော်ကြိုးစားနေကြရလေသည်။ သယ်လာရင်းနှင့်
ခြံတံခါးအနီးသို့အရောက်တွင် ရုတ်တရက်ဆိုသလိုခြံ
တံခါးက သူ့အလိုလိုပိတ်သွားသည်။ သားအမိနှစ်ယောက်လုံးမျက်စိမျက်နှာပျက်ယွင်းသွားကြ၏။
" ပေးမသွားဘူးမာမီ ... သားတို့ပိတ်မိနေပြီထင်တယ်"
ဒေါ်သိမ့်သိမ့်ခိုင်လည်း အကြောက်လွန်ကာ ဒေါသက
တဖန်ပြန်ဖြစ်လာချေပြီ။
" ဟဲ့ အနုပ်စုတ်ဂုတ်စုတ်မ ... နင့်ကိုလူ့ပြည်ကနေငါ့လက်
နဲ့ ထုတ်ထားတာနော်... ငါ့ကိုလာမစမ်းနဲ့ ... နင့်အလောင်း
ကိုနုပ်နုပ်စင်းပြီးခွေးစာကျွေးပစ်ရမလား ... "
" အား "
ဒေါ်သိမ့်သိမ့်ခိုင်စကားမဆုံးခင်မှာပင် ကလေးငယ်က
သူမ၏ဂုတ်ပိုးပေါ်ခုန်တက်လာပြီး ချွန်ထက်သောသွား
များဖြင့် ကုန်းကိုက်လာလေ၏။
" အား သားရေ သားရေ ... ဒီအကောင်ကိုဆွဲစမ်း "
" သားကြောက်တယ်မာမီ ... မကိုင်ရဲဘူး "
" မာမီ နာနေပြီ ဆွဲကူပါဦး "
မင်းသက်နောင်ခိုင်လည်း ကလေးငယ်အား ဆွဲရန်လက်
လှမ်းလိုက်၏။ ထိုအခါ ထိုကလေးငယ်သည် မင်းသက်
နောင်ခိုင်ဖက်လှည့်လာပြီး ပါးစပ်ကြီးကို အကျယ်ကြီး
ဟဖြဲပြလာတော့သည်။
" အား "
မင်းသက်နောင်ခိုင်လည်း ငယ်သံပါအောင်အော်ရင်း
အနောက်သို့ဆုတ်ပြေး၏။ ကလေးသရဲမှာ ဆတ်ခနဲပြန်
လှည့်ပြီး ဒေါ်သိမ့်သိမ့်ခိုင်၏ဂုတ်ပိုးကိုထပ်ကိုက်ပြန်
သည်။ ဒေါ်သိမ့်သိမ့်ခိုင်မှာ ကြံရာမရသည့်အဆုံး တစ်ထပ်
အိမ်ထဲသို့ဝင်ပြေးပြီး အုတ်နံရံနှင့်ဆောင့်ပစ်လေ၏။
နံရံနှင့်လေးချက် ငါးချက်ခန့်ဆောင့်လိုက်မှ ကလေးသရဲ
လည်းလှစ်ခနဲခုန်ဆင်းသွားပြီး နံရံပေါ်သို့တွယ်တက်သွား
လေတော့သည်။
နာကျင်နေသောဂုတ်သားများကိုလက်ဖြင့်ဖိကာ ကလေး
သရဲတွယ်တက်သွားရာသို့ မော့ကြည့်လိုက်လေသည်။
ဒေါ်သိမ့်သိမ့်ခိုင်၏အပေါ်တည့်တည့်၌ ဇောက်ထိုးအနေ
အထားဖြင့်တွဲလောင်းကြီးကြည့်နေသော ထက်ဝတီရှိန်
ကိုတွေ့မြင်သည်နှင့် ကြောက်အားလန့်အားအော်ရင်း
အပြင်သို့ပြေးထွက်သွားတော့၏။
" မာမီ ... သားအရမ်းကြောက်နေပြီ ... ဒယ်ဒီ့ကိုဖုန်းဆက်
ခေါ်လိုက်မလား ... သားကိုဆက်ထားတာ ဒီမှာ missed callတွေအများကြီးပဲ ... ပြန်ခေါ်လိုက်ရမလားမာမီ "
ဒေါ်သိမ့်သိမ့်ခိုင်က မောဟိုက်နေရင်းပြန်ဖြေသည်။
" မခေါ်နဲ့ ... ခေါ်လို့မဖြစ်ဘူး "
" မခေါ်ရင်ဘယ်လိုလုပ်ကြမှာလဲ မာမီရ "
မင်းသက်နောင်ခိုင်က ငိုသံပင်ပါနေချေပြီ။
" တူ တူ တူ "
ရုတ်တရက်ဖုန်းမြည်သံ။ ဒေါ်သိမ့်သိမ့်ခိုင်မှာ လည်ပင်းမှ
ဒဏ်ရာအားလက်ဖြင့်ဖိရင်း မင်းသက်နောင်ခိုင်ကိုကြည့်
နေသည်။ မင်းသက်နောင်ခိုင်ကလည်း ဖုန်းကိုလိုက်ရှာနေ
၏။
" ဖုန်းလာနေတယ်... ဘယ်သူ့ဖုန်းလဲ "
လိုက်ရှာရင်းနှင့် မြေကျင်းနားပြန်ရောက်လာကြသည်။
ထိုအခါမှ အပင်ခွကြားတွင်တင်ထားသည့် ကျော်စိုးလင်း
၏ဖုန်းကိုတွေ့သွားကြလေသည်။ မင်းသက်နောင်ခိုင်
လည်း တုန်ယင်စွာနှင့်ဖုန်းကိုလှမ်းယူကြည့်လိုက်၏။
" Battery တောင်ကုန်နေပြီ ... 3%တဲ့ "
" သား မကိုင်နဲ့ ... ဘယ်သူဆက်တာလဲ သူ့မိန်းမလား "
" ဟုတ်တယ်မာမီ "
" မာမီ့ကိုပေး "
ထိုစဉ် ကျော်စိုးလင်းအလောင်းကောင်ကြီးကရုတ်တ
ရက်ထခုန်လာပြီး မင်းသက်နောင်ခိုင်နှင့် ဒေါ်သိမ့်သိမ့်
ခိုင်တို့ကြားမှ ဖုန်းကိုလုသွားလေတော့သည်။ သားအမိ
နှစ်ယောက်သားပါးစပ်အဟောင်းသားနှင့်ကြောင်ပြီး
ကြည့်နေစဉ် ကျော်စိုးလင်းအလောင်းကောင်ကြီးကဖုန်း
ကိုကောက်ယူဖြေလိုက်၏။
" မိန်းမ ... ဟီ ဟီ ... "
အလောင်းကြီးမှာမျက်တောင်မခတ်ချေ။
" အန်တီနဲ့ သက်နောင်လည်းအတူရှိနေတယ် ... သက်နောင်
သူငယ်ချင်း မြတ်စိုးလင်းရဲ့အိမ်မှာ ဟီ ဟီ "
ဟုဆိုပြီးဘုံးခနဲ ပစ်လဲကျသွားလေ၏။ ဒေါ်သိမ့်သိမ့်ခိုင်
တို့လည်း ခေါင်းနဘမ်းကြီးသွားကြသည်မှာ မိမိတို့၏
ဦးခေါင်းကြီးက အရွယ်အစားအကြီးကြီးဖြစ်သွားလိုက်၊
သေးသေးလေးဖြစ်သွားလိုက်နှင့် အချိန်ခဏလေးအတွင်း
ဗြောင်းဆန်နေသကဲ့သို့ခံစားနေမိတော့သည်။
" ဟဲလို ယောကျာ်း ... ယောကျာ်း ... အန်တီ့ကိုဖုန်းပေး
လိုက် မိန်းမပြောချင်လို့ "
ဖုန်းစပီကာဆီမှကြားနေရသည့်အသံကြောင့် ဒေါ်သိမ့်
သိမ့်ခိုင်လည်း မျက်လုံးပြူး မျက်ဆံပြူးဖြစ်ကာ ကျ
နေသောဖုန်းအား အလျှင်အမြန်ကောက်ကိုင်လိုက်ပြီး
ပိတ်ချလိုက်တော့သည်။
" ဟာ မာမီ သွေးတွေအများကြီးထွက်နေပြီ "
အလွန်ချောက်ချားနေသဖြင့်ဒေါ်သိမ့်သိမ့်ခိုင်အနီးတိုး
ကပ်လာသောမင်းသက်နောင်ခိုင်လည်း သွေးများစီးကျ
နေသည်ကိုတွေ့မြင်သဖြင့် သူ၏အပေါ်ဝတ်ရှပ်အင်္ကျီကို
ချွတ်ပေးပြီး ဂုတ်ပိုးမှသွေးများကိုသုတ်ပေးလိုက်၏။
ဒေါ်သိမ့်သိမ့်ခိုင်မှာ သူမ၏မျက်လုံးအစုံအား ခေတ္တမှိတ်
ချလိုက်ပြီး အေးစက်စက်အသံဖြင့်တည်တည်ငြိမ်ငြိမ်
ပြောလာသည်။
" ကျော်စိုးလင်းကို ' မ ' ရအောင် "
" ခြံတံခါးမှ ဖွင့်မရတာမာမီရာ... ဟိုရွေ့ ဒီရွေ့နဲ့ ဒီမှာပဲမြုပ်လိုက်တာမကောင်းဘူးလား "
" မကြားဘူးလားသက်နောင်... အောက်တန်းစားသရဲမက
နေရာပြောပြလိုက်ပြီ ... အချိန်မရတော့ဘူး... သူတို့လိုက်
မလာခင် မြန်မြန်နေရာပြောင်းမှဖြစ်တော့မှာ "
" ဒုက္ခပါပဲဗျာ ... ဘယ်လိုဂြိုလ်ဆိုးတွေဝင်ပြီးဘာတွေ
ဖြစ်ကုန်ပြီလဲမသိတော့ဘူး "
" အေ့ အေ့ အေ့ ကျွတ် ကျွတ် ကျွတ် "
၎င်းတို့အနီး၌ ထက်ဝတီရှိန်သည် ကလေးကိုချီကာ ချော့
သိပ်ရင်း ဖြတ်လျှောက်သွား၏။
" အား "
မင်းသက်နောင်ခိုင်အတော်အကြောက်လွန်လာပြီး တစ်
ကိုယ်လုံးတုန်ယင်နေ၏။ မိခင်ဖြစ်သူကိုအတင်းဖက်
ကာ အော်ဟစ်နေသည်။ ဒေါ်သိမ့်သိမ့်ခိုင်မှာ ကြောက်
မက်ဖွယ်အကြည့်ဖြင့် ထက်ဝတီရှိန်အားလိုက်ကြည့်နေ
သော်ငြား သူမသည်လည်း တုန်ယင်နေပေသည်။
" နင့်စိတ်တိုင်းကျဘယ်တော့မှမဖြစ်စေရဘူး "
အံကိုကြိတ်ကာ ကြုံးဝါးလိုက်သည်။
" သက်နောင် "
ဒေါ်သိမ့်သိမ့်ခိုင်၏အသံမှာ ခက်ထန်မာကျောနေသည်။
" ကျော်စိုးလင်းကို အခု ' မ ' မယ် "
" ခြံတံခါးပိတ်နေပါတယ်ဆို မာမီကလဲ "
" ကားနှစ်စီးပါလာတာ ဘာလုပ်ဖို့လဲ ... ခြံတံခါးပေါ်
ကျော်တက်ပြီး တံခါးကိုတိုက်ပစ် "
" ဗျာ "
" မြန်မြန် "
မင်းသက်နောင်ခိုင်မှာ မည်သည့်အရာမှ စဉ်းစားဆုံး
ဖြတ်နိုင်စွမ်းမရှိတော့ချေ။ အလောင်းကို ' မ ' ယူလာ
ပြီး ထက်ဝတီရှိန်အလောင်းနဘေး၌ ချထားလိုက်ကြ
သည်။
" ဘယ်လိုလုပ်မှာလဲ မာမီ "
" ခြံတံခါးကိုကျော်ထွက်လိုက် ... မာမီဒီမှာစောင့်မယ်
တံခါးကိုကားနဲ့တိုက်ဖွင့် "
" ရပါ့မလားမာမီရ ..."
" ဒါဆိုမာမီသွားရမှာလား ... သားနေခဲ့မှာလား "
" မနေဘူးမာမီ ... သွား သွားမယ် "
မင်းသက်နောင်ခိုင် ခြံတံခါးကိုခွကျော်နေစဉ်မှာပင်
ခြံတံခါးကြီးကသူ့အလိုလိုပြန်ပွင့်လာလေတော့၏။
" မာမီ "
မင်းသက်နောင်ခိုင်မှာ ခြံတံခါးပေါ်ကားယားကြီးဖြစ်
ကာ ကြောက်လန့်တကြားအော်ဟစ်နေလေသည်။
" အဲ့လိုပဲနေ ... မခုန်ချနဲ့ ..."
ဒေါ်သိမ့်သိမ့်ခိုင်က အော်ပြောနေသည်။ မင်းသက်နောင်
ခိုင်လည်း တစ်ချက်မျှမလှုပ်ရဲချေ။ ကျောက်ရုပ်ကဲ့သို့
အတောင့်လိုက်ကုတ်တွယ်ထားလေသည်။ တံခါးကြီး
ငြိမ်ကျသွားမှ တုန်တုန်ယင်ယင်ဖြင့်ဆင်းလာတော့သည်။
" ဘာလို့ပြန်ပွင့်သွားတာလဲမသိဘူး "
" ကားနဲ့တိုက်မယ်ဆိုလို့နေမှာပေါ့ ... ဘယ်သရဲဖြစ်ဖြစ်
သူတို့ထက်ကြမ်းရင်ငြိမ်ရတာချည်းပဲ .... ခုမြင်ပြီလား...
ကြောက်စရာမလိုဘူး ... ကဲ့ ကားထဲထည့် "
သားအမိနှစ်ယောက်မှာ ထက်ဝတီရှိန်၏အလောင်းအား
အရင်ဦးဆုံး ' မ ' လိုက်ပြီးကားနောက်ဖုံးထဲထည့်ကြ
လေသည်။ သို့သော် အေးခဲနေသည့်အလောင်းကကွေး
ထည့်၍မရဘဲဖြစ်နေသည်။ ထို့ကြောင့် ကားနောက်
ခန်းသို့ပြန်ရွေ့ရပြန်သည်။
ကျော်စိုးလင်း၏အလောင်းကိုတဖန်ထပ်သယ်ရပြန်
သည်။
" နေဦး သူ့ဆီကားသော့ရှာဦး "
ကျော်စိုးလင်းကိုယ်ပေါ်မှကားသော့ကိုရှာပြီးယူထား
လိုက်ကြ၏။ ထိုအလောင်းမှာတော့ ကွေးဆန့်၍ရနေ
သေးသဖြင့် ကားနောက်ဖုံးထဲထည့်လိုက်ကြသည်။
" ဘာကျန်သေးလဲ သေချာစဉ်းစားသက်နောင် "
" ကျော်စိုးလင်းပစ္စည်းတွေကျန်နေမလားမသိဘူး "
" အကုန်သွားယူရမယ် "
သားအမိနှစ်ယောက်မှာ ခပ်သုတ်သုတ်ဖြင့် ခြံထဲသို့
တဖန်ပြန်ဝင်လာရပြန်သည်။
" ဟိုဟာမ ပစ္စည်းတွေရောအကုန်သယ် "
" မာမီလိုက်ခဲ့ "
မင်းသက်နောင်ခိုင်က ဒေါ်သိမ့်သိမ့်ခိုင်မပါဘဲ အိမ်ထဲ
ဝင်ရဲပုံမရချေ။ အိမ်ထဲအတူဝင်ပြီး ထက်ဝတီရှိန်နှင့်ပတ်
သက်သမျှအကုန်သယ်ချလာတော့သည်။ ထို့နောက်
မြေကျင်းရှိရာသို့အမြန်ပြန်သွားပြီး သက်သေခံပစ္စည်း
ဖြစ်နိုင်ချေရှိမည့်အရာမှန်သမျှယူလာသည်။
" ဟင်း ဟင်း ဟင်း ဟင်း "
ထက်ဝတီရှိန်ကတော့ ၎င်းတို့အနီး၌ ဖျတ်ခနဲ ဖျတ်ခနဲ
ပေါ်လာလိုက်၊ ပျောက်သွားလိုက်လုပ်နေချသည်။
" မာမီပြောတာဟုတ်တယ် ... မာမီကသူ့ထက်ကြမ်းပြ
လိုက်တော့ ငြိမ်ကျသွားတာပဲ "
" ဒါပဲပေါ့ ... ကဲ မြန်မြန်လာ ခြံတံခါးသော့ခတ်ဦး "
" မာမီ ... ဒီကားတစ်စီးကဘယ်လိုလုပ်မှာလဲ ... ကားရပ်
ထားတာတွေ့ရင် အမှုပတ်မှာ "
" သားမောင်းခဲ့လေ "
" သားတစ်ယောက်တည်းမမောင်းရဲဘူးလေမာမီ "
" အော် ဟိုရှေ့နားထိပဲ ... ဒီနားမှာတော့ရပ်ခဲ့လို့မဖြစ်
ဘူး "
" ဘယျနားအထိလဲ "
" မာမီရပ်တဲ့နေရာလိုက်ရပ် ဟုတ်ပြီလား "
ဒေါ်သိမ့်သိမ့်ခိုင်မှာ သူမကကြမ်းရမ်းပြလိုက်သဖြင့် သရဲ
ပင်ငြိမ်ကျရသည်ဟုအတွေးပေါက်ကာ ကြောက်စိတ်များ
စိုးစဉ်းမျှပင်မရှိတော့သည့်ပုံဖြစ်နေသည်။ အလောင်း
နှစ်လောင်းထည့်ထားသောကားပေါ်သို့ တည်တည်ငြိမ်ငြိမ်
ပင်တက်သွား၏။
မင်းသက်နောင်ခိုင်လည်း အပြင်၌မရပ်နေရဲသဖြင့်ကား
ပေါ်သို့အမြန်ဝင်ထိုင်လိုက်လေသည်။ သူထိုင်ပြီးကား
စက်နိုးလိုက်သည်တွင် စိတ်မြန်သောဒေါ်သိမ့်သိမ့်ခိုင်က
မောင်းထွက်သွားနှင့်ချေပြီ။ ထိုအချိန် ကားေနာက်ခန်းတံခါးသည် ရုတ်တရက်ပွင့်သွားပြီး သူ့အလိုလိုပြန်ပိတ်သွားခဲ့သည်။
အလွန်ထိတ်လန့်သွားသဖြင့် ဘုရား ' တ ' ကာ အမြန်
လိုက်မောင်းထွက်လာလိုက်၏။ မင်းသက်နောင်ခိုင်မှာ
နောက်ကြည့်မှန်ကို လုံးဝမကြည့်ရဲချေ။ တစ်ကိုယ်လုံး
ကြက်သီးမွှေးညှင်းများထလာပြီး ဆံပင်များသည်လည်း
ထောင်လာသည်ကိုခံစားလိုက်ရ၏။ ထိုသို့ခံစားမိသည်
နှင့်တပြိုင်နက် ကားနောက်ခန်းဆီမှ ကလေးငိုသံထွက်
ပေါ်လာလေသည်။
" အေ့ အေ့ အေ့ "
ထက်ဝတီရှိန်၏ ကလေးချော့သိပ်သံကအတိုင်းသား
ကြားနေရ၏။ ကြောက်အားလန့်အားဖြင့် ဒေါ်သိမ့်သိမ့်
ခိုင် ဆီသို့အမှီလိုက်မောင်းနေရသည်။ နောက်ကျောက
တစ်စက်လေးမျှပင်မလုံချေ။
" ဟင်း ဟင်း ဟင်း "
အေးစက်စက်လေသံဖြင့် ခပ်တိုးတိုးရယ်နေပြီ။ မင်းသက်
နောင်ခိုင်ထိုနေရာမှ အမြန်ဆုံးထွက်ပြေးသွားချင်မိ၏။
မကြည့်ဖို့ဆုံးဖြတ်ထားသော်လည်း မမြင်ရလေ ပို၍
ကြောက်လေဖြစ်နေသောကြောင့် နောက်ကြည့်မှန်အား
မဝံ့မရဲဖြင့် ဖြည်းဖြည်းချင်းကြည့်လိုက်မိတော့လေသည်။
" အား "
အာခေါင်ခြစ်သံကြီးဖြင့် အော်ဟစ်ကာ လီဗာကိုဖိနင်းချ
လိုက်သည်။ သူတွေ့မြင်လိုက်သည်က ထက်ဝတီရှိန်
သည် သူ၏မျက်နှာဘေး၌ မျက်နှာကပ်ထားပြီး သူနှင့်
အတူတူ ေနာက်ကြည့်မှန်အားကြည့်နေခြင်းပင်။
ချွေးစေးများဖြင့်တစ်ကိုယ်လုံးစိုရွှဲကာ လက်များတုန်
ယင်လာသည်။ ကားရပ်ပစ်လိုက်ချင်သော်လည်း မရပ်
ရဲ။ ရပ်လိုက်လျှင် မိခင်နှင့်ဝေးကာ သူတစ်ယောက်တည်း
ကျန်နေရစ်မည်ဖြစ်၍ အမှီလိုက်ဖို့သာဆုံးဖြတ်လိုက်ရ
သည်။
ကံကောင်းချင်သည်လားမပြောနိုင်ပေ၊ ရှေ့တွင် ဒေါ်
သိမ့်သိမ့်ခိုင်က ကားရပ်ကာစောင့်နေသဖြင့် ကျေးဇူး
အခါခါတင်မိနေတော့သည်။ ဒေါ်သိမ့်သိမ့်ခိုင်၏နောက်
တွင်လိုက်ရပ်ပြီးကားပေါ်မှ ပြေးဆင်းတော့သည်။
" မာမီ အီး ဟီး ဟီး "
ရှိုက်ကြီးတငင်ငိုကာ မိခင်အားပြေးဖက်ပစ်သည်။
" ဘာဖြစ်တာလဲ "
" သားအရမ်းကြောက်နေပြီမာမီ .... ကားပေါ်လိုက်လာ
တယ် "
" သားဒီမှာကြည့် မာမီ့ကိုကြည့် စိတ်ကိုထိန်းပါသား
ရဲ့ ... အဲ့တစ်စီးဒီမှာရပ်ခဲ့တော့ ... လော့သေချာချခဲ့ "
ထိုအခါကားထဲ၌ထက်ဝတီရှိန်နှင့်ကလေးသရဲမရှိတော့
ချေ။ ကားလော့ချခဲ့ပြီး သားအမိနှစ်ယောက်တဖန်ပြန်
မောင်းထွက်လာကြတော့သည်။
" ဒီအလောင်းတွေဘယ်မှာသွားမြုပ်မှာလဲမာမီ "
" ပုံးတစ်ရာသင်္ချိုင်း "
" ဘယျနားလဲ "
" သားသိမှာမဟုတ်လို့မာမီမောင်းတာပေါ့ ... မာမီတို့
ငယ်ငယ်တုန်းကလူသေရင်အဲ့မှာမြုပ်ကြတယ်...အဲ့မှာ
မြုပ်တယ်ဆိုတာက အရှေ့ပိုင်းခြမ်းကလူတွေမြုပ်တာ
... ခုစည်နေတဲ့မြို့လည်ခေါင်က အနောက်ခြမ်း "
" အရင်ကတည်းကမြို့ကအကျယ်ကြီးလားမာမီ "
" ဘယ်ဟုတ်မလဲ အရင်က တစ်ဆက်တည်းမဟုတ်ဘူး
... အရှေ့ခြမ်းနဲ့အနောက်ခြမ်းဆိုပြီးရှိတယ်... ကြားထဲမှာ
တောကြီးခြားနေတာလေ... ခုတော့လူတွေလူတွေ ဘယ်
လိုများလာမှန်းမသိတော့ဘူး ... တောကြီးလည်းပျောက်
သွားပြီ "
" ဒုန်း "
ထိုသို့ပြောနေစဉ် ကားကတစုံတခုကိုတိုက်မိသကဲ့သို့
အသံအကျယ်ကြီးမြည်ကာ လှုပ်ရမ်းသွားလေသည်။
" ဘာတိုကျမိတာလဲ မသိဘူး "
" မာမီထပ်မမောင်းနဲ့တော့ တစ်မှုကနေနှစ်မှုဖြစ်ရတဲ့အထဲ
အခု နောက်တစ်မှုထပ်ဖြစ်တော့မှာပဲ စိတ်ပျက်ပါတယ် "
သားအမိနှစ်ယောက်သား ကားပေါ်မှ အမြန်ဆင်းကြည့်
လိုက်ကြသည်။ အပြင်ဖက်တွင်မည်သည်မှမရှိ။ ခွေး
တစ်ကောင် ကြောင်တမြီးပင်မရှိချေ။
" ဘာမှမရှိပါလား "
" ဟိုဟာမပဲနေမှာပေါ့ ... ဘာမှမကြောက်နဲ့ မာမီတစ်
ယောက်လုံးရှိတယ် "
" သားပဲမောင်းတော့မယ်မာမီ "
မင်းသက်နောင်ခိုင်က ပြောရင်း နေရာလဲလိုက်ကြ၏။
၎င်းတို့ကားပေါ်ရောက်သည်နှင့် တစ်ကားလုံးအပုပ်နံ့
များကလှိုက်ခနဲ လှိုက်ခနဲ တက်လာသဖြင့် နှာခေါင်းရှုံ့
မိကြလေသည်။
" ဟိုကောင်မ ... ငါ့ကိုလာမစမ်းနဲ့နော် ... သိမ့်သိမ့်ခိုင်
ဆိုတာ သရဲလည်းကြောက်ဘူး ... လူလည်းမကြောက်
ဘူး ... သရဲဘဝကနေထပ်ပြောင်းသွားမယ် "
ကြောက်ရမ်းရမ်းကာ ပါးစပ်ထဲတွေ့သမျှအဆဲပေါင်းစုံ
အော်ဆဲပစ်၏။ သို့သော်အပုပ်နံ့ကြီးက ပျောက်မသွား
ပေ။
" ဘုတ် ဘုတ် ဘုတ် "
ကားနောက်ဖုံးထဲမှ ထုနေသံကြီးထပ်ထွက်လာပြန်သည်။
မင်းသက်နောင်ခိုင်လည်း ကားအရှိန်လျော့ကာ ကား
နောက်ဖုံးဖက်သို့ ကားထဲမှနေပြီးလှမ်းကြည့်လိုက်ရာ
ကားနောက်ခန်းထဲလှဲထားသည့် ထက်ဝတီရှိန်အလောင်း
ကြီးသည် မျက်လုံးအပွင့်လိုက်ဖြင့် သူ့အားကြည့်နေ
သည်ကိုတွေ့လိုက်ရတော့သည်။
အသွေးအသားထဲမှစိမ့်တက်လာသောအေးခဲမှုမျိုးကို
ခံစားရပြီး လက်နှစ်ဖက်လုံးတုန်ယင်လာ၏။
" အနောက်ကအကောင်လည်းငြိမ်ငြိမ်မနေဘူး ... ငါ့ကို
လာမစမ်းကြနဲ့ပြောထားတယ်နော် "
ဒေါ်သိမ့်သိမ့်ခိုင်ကပြောရင်း ကားရေမွှေးပုလင်းအားလှမ်း
ယူကာ ထက်ဝတီရှိန်အလောင်းမျက်နှာတည့်တည့်ကိုပစ်
ပေါက်ပစ်လိုက်တော့သည်။ အေးခဲနေသောအလောင်း
နှင့် ရေမွှေးပုလင်းရိုက်မိပြီး ' ထောက်ခနဲ ' အသံမြည်သွား
၏။
ထိုစဉ် ' ဂလုန်း ' ဟူသောအသံနှင့်အတူ ကားရှေ့ သို့
ကလေးသရဲကငုတ်တုတ်ထိုင်နေပြီး ကားမှန်ပြင်ကြီး
အား သူ၏လက်သေးသေးလေးမှလက်သည်းများဖြင့်
ကုတ်ခြစ်ပစ်သည်။ ' ဂျီခနဲ ' ထွက်ပေါ်လာသောအသံ
သည် သားအမိနှစ်ယောက်၏ သွားများပင်ကျိန်းသွား
ကြသည်။
ဒေါ်သိမ့်သိမ့်ခိုင်လည်းမှန်ကြီးကို တဘုံးဘုံးထုရိုက်
ကာစိတ်ထင်တိုင်းအော်ဆဲ တော့၏။ ကလေးသရဲက
မဖြုံ။ သူ၏ပါးစပ်ပေါက်အားအကျယ်ကြီးဟကာ
သွားအစွယ်ကြီးများဖြဲပြနေသည်။
" နင်တို့ကိုနိုင်တဲ့နည်းရှိသေးတယ် ... တွေ့ကြသေး
တာပေါ့ "
ဒေါ်သိမ့်သိမ့်ခိုင်ကပြောရင်းဆိုရင်း ကားပေါ်မှ ပရိတ်
တရားခွေ CD ကို volume အဆုံးထိတင်ကာဖွင့်ချလိုက်
လေသည်။ တရားသံအကျယ်ကြီးဖွင့်လိုက်သည်နှင့်
တစ်လမ်းလုံးနံလာသော အပုပ်နံ့ကြီးလည်းပျောက်ချင်း
မလှပျောက်သွားသလို၊ ကလေးသရဲလည်းလှစ်ခနဲပျောက် သွားတော့သည်။
" တွေ့ပြီလား ... ဟား ဟား နင်တို့ငါ့ကိုဘယ်တော့မှ
အာခံလို့မရပါဘူး "
ဒေါ်သိမ့်သိမ့်ခိုင်က အားရဝမ်းသာသောအသံကြီးဖြင့်
ကြုံးဝါးမဆုံးခင် တရားဖွင့်ထားသည့် CD ချပ်မှ ထစ်
လာပြီးရပ်သွား၏။
" ဟဲ့ ဘာဖြစ်တာလဲ ဘာလို့ရပ်သွားတာလဲ "
CD ချပ်ကိုပြန်ထုတ်ပြီး ပြန်ထည့်ကာထပ်ဖွင့်သည်။
မရချေ။ မည်သည့်အသံမှမလာ။ ထို့နှင့်အခြားသီချင်း
ခွေကိုထည့်ပြီးစမ်းကြည့်လိုက်သည်။ သီချင်းသံမှာ
ကြည်ကြည်လင်လင်ထွက်ပေါ်လာလေသည်။
" တောက် ... "
" မာ ..မာမီ ... သူတို့ပြန်စလာပြီထင်တယ် "
" အေ ... လုပ်လေ ... ငါကပါးစပ်မပါဘူးဆိုတော့ ... "
ထို့နောက် ဒေါ်သိမ့်သိမ့်ခိုင်သည် နှုတ်မှနေပြီး ပရိတ်ကြီး
( ၁၁) သုတ်အား စတင်ရွတ်ဆိုလိုက်လေတော့၏။ သူမ
စရွတ်လိုက်သည်တွင် ကားတစ်စီးလုံးလှုပ်ရမ်းသွားကာ
ကားဘေးတစ်ဖက်တစ်ချက်၌ ဝိဉာဉ်များစွာတို့ကလေထဲဝဲပျံကာလိုက်လာကြသည်အားတွေ့မြင်လိုက်ကြရလေ
သည်။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်