"" ဆင်မြီးလက်စွပ်လေး ""
lotaya.mpt.com.mm
|
2021-11-02

မြောက်ပြန်လေခပ်ပြင်းပြင်းတိုက်ခတ်တာကိုမမှုဘဲကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းတစ်စုဂစ်တာလေးပိုက်လို့င်တွေဘက်ထွက်လာခဲ့ကြတယ်။ည၉နာရီအချိန်ဆိုတာလူလူသူသူလည်းရှင်းနေပြီ၊တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်လည်းရှိပြီ၊ပလက်ဖောင်းတီးဝိုင်းလေးလုပ်ဖို့အသင့်လျော်ဆုံးအချိန်ပဲ။

'မြမာလာ'အဆောင်ဘေးကအုတ်ခုံလေးပေါ်ထိုင်ပြီးမျိုးကြီးရဲ့'အဆိပ်ခွက်'သီချင်းကိုစဆိုလိုက်ကြတယ်။

ပြီးတော့အငဲရဲ့'နယ်မြေသစ်များစွာ'ကိုဆက်ဆိုကြတာပေါ့ဗျာ။အဆောင်မီးလေးတွေမပိတ်သေးခင်တစ်ပုဒ်ပြီးတစ်ပုဒ်တီးကြဆိုကြရင်း၁၁နာရီခွဲသွားရော။အဆောင်အခန်းလေးတွေလည်းမီးပိတ်ကုန်ပြီ၊ကိုယ်ချစ်ရတဲ့စော်လေးလည်းသီချင်းသံကြားလောက်ပြီမလို့နောက်ဆုံးပိတ်အနေနဲ့စိုးပိုင်ရဲ့သီချင်းလေးဆိုပြီးလက်စသိမ်းလိုက်တော့တယ်။

"ကြယ်လေးတွေကို...ရှက်ရင်...ထွေးပွေ့လို့ထားမယ်...အိုမေရယ်...အိပ်တော့ကွယ်...ရင်ခွင်မှာနွဲ့ကာ...အားကိုးတဲ့သူရယ်...နွေးနွေးထွေးထွေးရင်ခုန်တယ်....မှေးစက်နော်...အသည်းဝယ်...မောပန်းလို့နွမ်းရင်...မောင်လေချော့ကာသိပ်ပါ့မယ်...အေ့အေ့အေအို...အိုမေရယ်အိပ်...အိပ်တော့ကွယ်"

ကျွန်တော်တို့ပြန်လာခဲ့ကြတယ်။အသီးသီးလမ်းခွဲပြီးချိန်ပိုင်စိုးသူနဲ့ကျွန်တော်ပဲကျန်တော့တယ်။ကျွန်တော်နဲ့သူကတစ်လမ်းပဲခြားလို့လမ်းကြုံတယ်ဆိုပါတော့။သူကကျွန်တော့်ကိုပို့ခဲ့ပြီးပြန်မှာ။

လမ်းထိပ်ရောက်ဖို့ဝါးတစ်ပြန်လောက်အကျော်မှာဆိုင်ကယ်မကွေ့ခင်လမ်းမီးရောင်နဲ့လှုပ်ပဲ့လှုပ်ပဲ့လျှောက်လာနေတဲ့လူတစ်ယောက်ကိုလှမ်းမြင်လိုက်တယ်ဗျ။သူကလည်းကျွန်တော်တို့ကိုမြင်ပြီးပလက်ဖောင်းပေါ်ကဆင်းချလာ‌ပါရော။ပြီးတော့ယိုင်နဲ့ကျတော့မယ့်ခြေထောက်နှစ်ဖက်ကိုအားယူရပ်နေပြီးလက်လှမ်းတားနေတယ်။

ကျွန်တော်တို့လည်းသွားကြည့်မယ်၊မကြည့်ဘူးငြင်းလိုက်သေးတာပေါ့။နောက်ဆုံးဆိုင်ကယ်ကိုတလှိမ့်ချင်းလှိမ့်ပြီးအနားတိုးလိုက်တော့ဆိုင်ကယ်မီးရောင်နဲ့သူ့မျက်နှာကိုထင်ထင်ရှားရှားတွေ့လိုက်ရတော့တယ်။အသားညိုညိုနဲ့အသက်(၃၀)ကျော်အရွယ်လူလတ်ပိုင်းတစ်ယောက်ပဲဗျ။

သူ့မျက်နှာကသွေးမရှိသလိုဖြူလျော့နေတယ်။ဖြူလျော့မှာပေါ့ဗျာသူ့ညာဖက်ဝမ်းဗိုက်မှာဓါးထိုးခံထား

ရတဲ့ဒဏ်ရာနဲ့ကိုး။သူကစကားများများမပြောနိုင်ရှာတော့ဘူး။"ကယ်ပါဦး"ဆိုတာကိုလေသံလောက်ပဲ

မပီမပြင်ထွက်တော့တယ်။

အနားတိုးကပ်လိုက်တာနဲ့အရက်နံ့ကထောင်းခနဲထွက်လာတာလည်းသတိထားမိလိုက်တယ်။အရက်မူးပြီးရန်ဖြစ်ကြတယ်ထင်တယ်ဗျ။ကျွန်တော်တို့လည်းခေါင်းနဘမ်းကြီးသွားတာပေါ့။မတော်လူသတ်တရားခံဖြစ်မှာလည်းစိုးရသေးတယ်မလား။ပတ်ဝန်းကျင်တစ်ခုလုံးကလည်းကျွန်တော်တို့နှစ်ယောက်နဲ့အဲ့လူတစ်ယောက်ပဲရှိသလားမှတ်ရတယ်၊ရှင်းလို့လင်းလို့။

ဒါနဲ့ပဲနောင်လာနောင်ရှင်းဆိုပြီးအဲ့လူကိုဆိုင်ကယ်အလယ်မှာတင်ခေါ်လာခဲ့ရော။ကျွန်တော်တို့နားမနီး

မဝေးနေရာမှာ၂၄နာရီဆေးခန်းလေးတစ်ခုရှိတာသတိရမိ‌တော့အဲ့နေရာဆီခေါ်ပြေးရတာပေါ့။

ဆေးခန်းရောက်တော့လူနာကသတိမေ့နေပြီ။ဆေးခန်းကမှုခင်းဖြစ်လို့မကုရဲဘူးလို့ပြောတယ်။အစိုးရဆေးရုံကိုခေါ်သွားပါတဲ့။အဲ့ဆေးရုံသွားနေရင်လူနာကသေလိမ့်မယ်။ကျွန်တော်တို့လည်းတောင်းတောင်းပန်ပန်နဲ့အရေးပေါ်အခြေအနေကပဲကယ်ပေးပါဆေးရုံပြောင်းပါ့မယ်ပြောရတာပေါ့။

ပြောရဆိုရနဲ့၁၀မိနစ်လောက်ကြာသွားသေးတာ။နောက်ဆုံးဂျူတီချိန်းလို့ရောက်လာတဲ့ဆရာဝန်လေးကသဘောကောင်းလို့ကယ်ပေးလိုက်တာပဲ။လူနာရဲ့နာမည်မေးတော့ရုတ်တရက်ခေါင်းထဲပေါ်လာတဲ့နာမည်‌ပြောပေးလိုက်ရတယ်ဗျာ။

ကယ်မယ်လို့ဆုံးဖြတ်ထားပြီးမှတော့အဆုံးထိကယ်ပေးလိုက်‌တော့မယ်လေ။မဟုတ်လား။ဆရာဝန်လေးကသွေးထွက်မလွန်အောင်လုပ်ပေးပြီးကျွန်တော်တို့ကိုဆေးရုံကိုအမြန်ခေါ်သွားခိုင်းတယ်။

ကျွန်တော်နဲ့ပိုင်စိုးသူကဆရာဝန်ကိုအသနားခံတာပေါ့။ဒီကောင်ပိုင်စိုးသူကစိတ်များညို့တတ်လားမပြောတတ်ဘူး၊ဆရာဝန်လေးကိုဘယ်လိုတွေပြောလိုက်လဲဆိုတာကျွန်တော်တောင်လိုက်မမှတ်လိုက်နိုင်ဘူးရယ်။ဆရာဝန်လေးကစိတ်ကောင်းစေတနာကောင်းတွေပေါ်လာပြီးဆေးရုံအထိလိုက်ပို့မယ်ဖြစ်လာတာပဲ။

ဒီတစ်ချက်တော့ကျွန်တော့်ထက်ပိုင်စိုးသူကသာတယ်ဗျ။ဟဲဟဲ။အဲ့ဒါနဲ့ဆရာဝန်လေးကသူ့ကားနဲ့ဆေးရုံကိုလိုက်ပို့တယ်။ဆေးရုံမှာတော့မေးသမျှဖြေရတာပေါ့။

လူနာရှင်နေရာမှာကျွန်တော်ပဲလက်မှတ်ထိုးပေးလိုက်တယ်။အရေးပေါ်ခွဲစိပ်ရမယ်ဆိုလို့ကျွန်တော်တို့နှစ်ယောက်လည်းခွဲစိပ်ခန်းရှေ့အထိဆရာဝန်လေးနဲ့အတူလိုက်သွားခဲ့တာ‌ပေါ့။ခွဲစိတ်ခန်းထဲဝင်ပြီးခွဲစိပ်တာပြီးတဲ့အထိကျွန်တော်တို့စောင့်ပေးလိုက်ကြတယ်။ဆရာဝန်လေးကတော့အလုပ်ချိန်ဖြစ်နေလို့ပို့ပြီးပြန်သွားလေရဲ့။

မနက်မိုးလင်းတဲ့အထိလူနာသတိမရလာသေးတာနဲ့ကျွန်တော်တို့လည်းအိမ်ကိုပြန်လာခဲ့လိုက်တယ်။ညပြန်မအိပ်လို့အဆူခံရတာကတော့ထုံးစံလိုဖြစ်နေတဲ့ကျွန်တော့်အတွက်အထူးအဆန်းမဟုတ်တော့ပါဘူး။ဒါပေမယ့်အိမ်ကိုနားလည်အောင်တော့ရှင်းပြရတာပေါ့။

ကျွန်တော့်မှာအဖေမရှိတော့ဘူး၊ဆုံးသွားတာ(၃)နှစ်ရှိပြီ။အမေပဲကျွန်တော့်ရဲ့အုပ်ထိန်းသူ၊အဖေ့နေရာလည်းအမေပဲယူခဲ့တာလေ။အမေကစိုးရိမ်စိတ်တအားများတတ်တဲ့သူမလို့လွယ်လွယ်လက်မခံဘူးဗျ။တော်တော်ရှင်းပြယူလိုက်ရတယ်။

ဒီလိုအချိန်မှာအဖေ့ကိုလွမ်းတယ်ဗျာ။အဖေသာရှိရင်ကျွန်တော့်ကိုဘယ်လိုလုပ်ဆိုပြီးပြောပြမှာပဲ။အခက်အခဲတစ်ခုခုကြုံတိုင်းအမေ့ထက်အဖေ့ကိုပိုအားကိုးတတ်တဲ့ကျွန်တော်ဟာအဖေ့ရဲ့အငွေ့အသက်တွေကိုတောင့်တမိနေမိတယ်။မရမကပြောဆိုပြီးအိမ်ကလက်ခံတော့မှလိုအပ်တဲ့ပစ္စည်းတွေယူလာပြီးဆေးရုံကိုပြန်ထွက်လာခဲ့ရတယ်။

ဟိုရောက်တော့လူနာကသတိပြန်ရလာနေပါပြီ။သူ့ဘေးနားမှာညကဆေးကုပေးလိုက်တဲ့ဆရာဝန်လေးကိုတွေ့လိုက်တယ်ဗျ။ကြည့်ရတာဂျူတီထွက်တဲ့အချိန်လူနာကိုလာကြည့်တဲ့ပုံစံပါပဲ။ကျွန်တော့်ကိုလဲကောင်းကောင်းမွန်မွန်ပဲနှုတ်ဆက်လာတယ်။

"ညီလေးရောက်လာတာနဲ့အတော်ပဲကွာအကိုလဲပြန်တော့မယ်..ဒီလူနာအတွက်ကတော့စိတ်ချရပါပြီဓါးဒဏ်ရာကအတွင်းကလီစာတွေကိုမထိတော့ကံကောင်းတယ်ပြောရမှာပဲညီရ.."

"ဟုတ်ကဲ့ဒေါက်တာ...ကျွန်တော်လည်းအိမ်ကို..အကျိုးအကြောင်းပြောပြပြီးပြန်ထွက်လာခဲ့တာပါ..ဒါနဲ့ဒီအစ်ကိုအတွက်ဆေးဖိုးနဲ့..ကုန်ကျစာရိတ်အကြမ်းဖျင်းတွက်ပေးလို့ရမလား..ကျွန်တော်ငွေပြန်ရှာရဦးမှာမို့လို့ပါ...ဒေါက်တာ"

ပြောသာပြောရတယ်၊ကျွန်တော့်မှာရင်ပူနေမိတာတော့အမှန်။ဆေးရုံစရိတ်အရမ်းများရင်ကျွန်တော်တော့ဒုက္ခပဲဗျာ။

"အစ်ကိုရှင်းလိုက်ပါပြီ...ငွေအတွက်စိတ်သိပ်မပူပါနဲ့တော့...ညီရေ"

"ဗျာ...ဟုတ် ..ဒေါက်တာ...ကျေးဇူးပါပဲဗျာ...ကျွန်တော်လည်း...ဘယ်သူမှန်းမသိဘဲကယ်ခဲ့ပြီး...ဒေါက်တာကလည်း...ဘယ်ကမှန်းမသိဘဲကယ်ခဲ့ပြီ...ကျွန်တော်တို့ရဲ့အကြောင်းကံရေစက်များလားမပြောနိုင်ဘူးဗျ"

ကျွန်တော်နဲ့ဆရာဝန်လေးစကားပြောနေတုန်းမှာပဲဓါးထိုးခံရတဲ့လူကကြားကနေဖြတ်ပြောလာတယ်ဗျ။"လက်စွပ်ရောင်းရတဲ့ငွေနဲ့..ရှင်းလိုက်တယ်ဆိုတာလဲ..ထည့်ပြောဦးလေ..မသိရင်ငါကပဲအလကားကုခိုင်းသလိုဖြစ်နေပြီဟ..."

လူနာရဲ့စကားကြောင့်ကျွန်တော်တော်တော်ကြောင်သွားမိတယ်။"ဟုတ်ပါတယ်..ဟတ်ပါတယ်..ဆေးဖိုးနဲ့ဆေးရုံစရိတ်တွေအကုန်လုံးအတွက်..ဒီကအစ်ကိုကလက်စွပ်ရောင်းပြီးရှင်းသွားတာပါ..အစ်ကိုစိုက်တာမဟုတ်ပါဘူး..ဒါတောင်လက်စွပ်ဖိုးကိုဈေးလျော့ပေးထားတာညီရ..ပုံမှန်ရောင်းဈေးဆိုရင်ဒီထက်မကဘူး...တန်ပါတယ်"

ဆရာဝန်လေးကကျွန်တော့်ကိုမျက်စိတစ်ချက်မှိတ်ပြပြီးရှင်းပြတော့တယ်။ကျွန်တော်လဲအခြေအနေကိုသေသေချာချာမသိတာနဲ့အသာငြိမ်နေပြီးဆရာဝန်လေးပြန်တော့မှအနောက်ကနေလိုက်သွားပြီးတော့မေးရတော့တာပေါ့။"ဒေါက်တာကျွန်တော့်ကိုခုနကပြောတဲ့စကားလေးနည်းနည်းရှင်းပြပါဦး...ကျွန်တော်မရှင်းလို့ပါဗျ"ဆရာဝန်လေးကဘယ်ဘက်လက်ကိုထောင်ပြပြီး..."ဒီမှာလေဆင်မြှီးလက်စွပ်..ဒီလက်စွပ်ကိုသူကရောင်းပြီးဆေးဖိုးအနေနဲ့သုံးပါဆိုလို့..အစ်ကိုဝယ်လိုက်တာပါ"ကျွန်တော်လဲဆရာဝန်လေးလက်ကဆင်မြှီးလက်စွပ်လေးကိုယူကြည့်ပြီးအံဩသွားရတော့တယ်။

"ဒေါက်တာနောက်နေတာလား..ဒီလိုဆင်မြီးလက်စွပ်တွေကပွဲဈေးမှာဆိုရင်တစ်ကွင်းကိုငါးရာလောက်ပဲပေးရတာလေ..အခုကဆေးဖိုးတွေရော..ခွဲစိတ်ခတွေရော..ဆေးရုံတက်ရမယ့်စရိတ်တွေပါအကုန်လုံးပေါင်းဆိုမနည်းဘူးကုန်မှာဗျ"

"ရပါတယ်ညီလေးရာ..အစ်ကို့မင်္ဂလာဦးအလှူလို့..သဘောထားလိုက်ပါတယ်..ကြည့်ရတာအဲ့ဒီလူနာကအရက်ကြောင်နေပုံရတယ်..အရမ်းကြီးဆိုးနေတာတော့မဟုတ်လောက်ဘူး..မသိမသာကြောင်နေသလိုပေါ့..သူ့ရဲ့လက်စွပ်ကိုမရောင်းခင်..ပုံပြင်တစ်ပုဒ်လိုမျိုး..ဖြစ်ရပ်တစ်ခု..အကြာကြီးပြောသွားသေးတယ်ကွ..ဒါပေမယ့်အစ်ကိုကသူစိတ်ချမ်းသာအောင်နားထောင်ပြီးသူပြောတဲ့အတိုင်းလက်စွပ်ကိုဝယ်လိုက်တဲ့သဘောပါပဲ..တန်ဖိုးမရှိတာတော့မှန်တယ်..ဒါပေမယ့်သူလဲစိတ်ကျေနပ်မယ်အစ်ကိုလည်းကုသိုလ်ရတာပေါ့..ငါ့ညီရာ..မဟုတ်ဘူးလား"

ဆရာဝန်လေးနဲ့ကျွန်တော်စကားတွေပြောနေတုန်းကျွန်တော့်သူငယ်ချင်းပိုင်စိုးသူရောက်လာခဲ့တယ်။ဆရာဝန်လေးပြန်သွားတော့မှကျွန်တော်တို့နှစ်ယောက်ဆေးရုံပေါ်ပြန်တက်လာခဲ့ပြီးအိပ်ပျော်နေတဲ့ဟိုလူဘေးမှာထိုင်နေရင်းပိုင်စိုးသူကိုစိတ်ထားကောင်းတဲ့ဆရာဝန်လေးအကြောင်းခပ်တိုးတိုးပြောပြနေတာပေါ့။အဲ့ဒီဆရာဝန်ကိုငါသိတယ်လေ..ငါတို့နေတဲ့လမ်းရဲ့နောက်တစ်လမ်းကနှစ်ထိပ်တိုက်ကြီးမှာနေတာ..စာလဲတော်တယ်..သဘောလဲကောင်းတယ်..ဟိုတလောလေးကမှအိမ်ထောင်ကျထားတာကွ..မြို့ထဲမှာကိုယ်ပိုင်ဆေးခန်းလဲဖွင့်ထားတယ်..ငါတို့ရပ်ကွက်ထဲကဆေးခန်းလေးမှာလည်းဆေးဖိုးပဲယူပြီးလူနာတွေကိုကုပေးနေတာကွ..တချို့မတက်နိုင်တဲ့လူတွေကိုဆိုရင်သူကတောင်ပြန်ပြီးထောက်ပံ့ပေးသေးတယ်..စိတ်ထားအရမ်းကောင်းတဲ့ဆရာဝန်ပါကွာ"

"ဪ...ငါကတော့ညကထင်နေတာ...ဒီကောင်ပိုင်လှချည်လား...အပြောကောင်းလှချည်လားဆို...ဘယ်ဟုတ်မလဲ...မင်းကကြိုသိထားတာကိုး"

ပိုင်စိုးသူဆီကခပ်တိုးတိုးရယ်သံထွက်လာတဲ့အခါလူနာကနိုးလာတော့တယ်။ပြီးတာနဲ့ကျွန်တော်တို့နှစ်

ယောက်ကိုသေချာကြည့်ရင်းပြောလာတယ်။

"ဒီကညီလေးတို့...အစ်ကို့ကိုကယ်ပေးတာကျေးဇူးမမေ့ပါဘူးကွာ..."

"ဟာ...ရပါတယ်အစ်ကိုရာ...အစ်ကိုသက်သာရဲ့လား...ဘယ်လိုနေသေးလဲ''

"သက်သာပါတယ်...မနက်ကရဲတွေစစ်ချက်လာယူသွားသေးတယ်...ငါ့ညီတို့ကိုမေးဖို့ထပ်လာဦးမယ်ပြောတယ်ကွ...အ့...အား"

လူနာအစ်ကိုကသူ့ဗိုက်ကို Dripချိတ်ထားတဲ့လက်နဲ့တစ်ချက်ကိုင်ရင်းညည်းနေတယ်။

"အစ်ကိုဘာစားပြီးပြီလဲ...ကြက်ပေါင်းစားမလား...ကျွန်တော်သွားဝယ်ပေးမယ်"

အဲ့ဒီအစ်ကိုခေါင်းခါပြတယ်။

"မစားတော့ပါဘူးငါ့ညီရာ...ဘာမှစားချင်စိတ်မရှိနေလို့ပါ"

"ဒါနဲ့အစ်ကိုကဘယ်ကလဲ...မိသားစုတွေကိုရောအကြောင်းကြားထားပြီးပြီးလားဗျ"

လူနာအစ်ကိုကခေါင်းထပ်ခါပြလာပြန်တယ်။

"အစ်ကိုကတကိုယ်တည်းသမားပါ...မိသားစုမရှိပါဘူး"

ကျွန်တော်တို့လည်းစိတ်မကောင်းဖြစ်သွားခဲ့ရတယ်။

"အစ်ကို့ကိုဘယ်သူလုပ်သွားတာလဲ...အစ်ကိုမှတ်မိလား"

"ဟိုကောင်...အောင်ဒင်ပေါ့ကွာ...ဒီကောင်ကလက်စွပ်လိုချင်နေတာကြာပြီ...ဒင်းလက်ထဲတော့မထည့်နိုင်ဘူး...ခုတော့စိတ်အေးရပါပြီကွာ"

အဲ့ဒီအစ်ကိုကိုကြည့်ရတာဆင်မြီးလက်စွပ်အကြောင်းကလွဲရင်စိတ်ကပုံမှန်အတိုင်းပဲလို့ကျွန်တော်တွေးနေမိတယ်။ဆရာဝန်လေးကတော့စိတ်ဝေဒနာခံစားနေရရှာတယ်လို့ပြောသွားတယ်မဟုတ်လား။ဆရာဝန်လေးကကျွန်တော်တို့ထက်ပိုသိမှာပဲလေ။

"ဒါနဲ့မိတ်ဆက်ရဦးမယ်...ကျွန်တော့်နာမည်ကသန့်စင်ဦးပါ...သူကတော့ပိုင်စိုးသူ...အစ်ကို့နာမည်ကရော‌ဗျာ"

"ဖိုးချို"

"ဟုတ်အစ်ကိုဖိုးချို...ခုနကအစ်ကိုပြောတာကျွန်တော်တို့ကိုစစ်ချက်ယူဖို့လာမယ်ဆို...ဘယ်တော့လာ

မှာလဲ...နောက်ပြီးကျွန်တော်တို့ဘာဖြေပေးရမလဲ"

"အမှန်အတိုင်းဖြေလိုက်ပေါ့ကွာ...ငါ့ညီတို့ကအစ်ကို့အသက်ကိုကယ်ခဲ့တာပဲ...အမှုနဲ့မဆိုင်ပါဘူး"

"ဟုတ်ကဲ့..."

ကိုဖိုးချိုကခွဲထားတဲ့နေရာမှာနာနေပုံရတယ်။တစ်ချက်ချက်အံ့ကိုကြိတ်ကြိတ်လိုက်တာတွေ့နေရတယ်ဗျ။ဒါပေမယ့်သူကျွန်တော်တို့ကိုအားတင်းပြီးပြောပြနေရှာတယ်။သူ့ဘဝဇာတ်ကြောင်းတဲ့လေ။စစ်ချက်လာယူမှာကိုထိုင်စောင့်ရင်းကိုဖိုးချိုပြောတာနားထောင်လိုက်ကြတာပေါ့ဗျာ။

"အစ်ကိုကအုတ်ကျင်းရွာဇာတိ၊မွေးချင်း၆ယောက်မှာအလတ်ကောင်ပေါ့၊အဖေကလယ်သမား၊အမေကကြုံရာလုပ်တယ်၊ကောက်စိုက်ပျိုးနုတ်ပေါင်းသင်အစုံပဲပေါ့ကွာ၊အစ်ကို့အသက်၁၄နှစ်အရွယ်မှာရွာကအသိအကူအညီနဲ့မြို့ပေါ်ရောက်လာရတယ်၊ပန်းရံလုပ်ရတာ၊အစ်ကိုနဲ့အတူရွာကသူငယ်ချင်း၂ယောက်လည်းအတူလိုက်လုပ်ကြတယ်၊ပန်းရံ‌အလုပ်ကပင်ပန်းပေမယ့်ရွာမှာထက်တော့ပိုက်ဆံပိုရတယ်ကွ၊အဲ့လိုနဲ့မြို့မှာကျင်လည်ရင်းရွာမပြန်ချင်တော့ဘူး၊အသက်၂၂နှစ်ရောက်

တော့ပန်းရံအဖွဲ့ထဲကအိအိလွင်ဆိုတဲ့ကောင်မလေးနဲ့အိမ်ထောင်ကျတယ်၊သမီးတစ်ယောက်မွေးတယ်၊သမီးမွေးပြီး၃နှစ်ကျော်လောက်မှာသမီးကမွေးရာပါအဆုတ်ရောဂါနဲ့ဆုံးသွားရှာတယ်"

ကိုဖိုးချိုကသူ့ဘဝဇာတ်ကြောင်းပြောပြရင်းအတိတ်ကိုသတိရသွားတဲ့အခါမျက်နှာအမူအရာကလွမ်းလွမ်းဆွေးဆွေးဖြစ်သွားရှာတယ်။သူ့သမီးကိုချစ်တဲ့ပုံပါပဲ။

"သမီးဆုံးသွားပြီးအစ်ကိုတို့အိမ်ထောင်ရေးလည်းအဆင်မပြေလာတော့ဘူး၊အမြဲတကျတ်ကျတ်ဖြစ်လာတယ်၊အစ်ကိုလည်းအိမ်မှာမပျော်တော့ဘူးကွာ၊အဲ့ဒါနဲ့ပန်းရံခေါင်းဆောင်ကိုကျော်ကအလုပ်အသစ်ရတယ်ပြောလာတော့အလုပ်ထဲပဲစိတ်နှစ်ပြီးလုပ်မယ်လို့တွေးထားတုန်းရတဲ့အလုပ်ကစေတီပျက်တစ်ဆူကိုပြင်ပေးရမှာလို့သိလိုက်ရတယ်။အလှူရှင်ကအဲ့ဒီ‌စေတီကိုပြန်ပြင်ချင်တာ၊အစ်ကိုလည်းသမီးလေးအတွက်ကုသိုလ်ယူချင်တဲ့စိတ်ကတားမရလာတော့ဘူး။ဆိုတော့ချကွာလို့၊လုပ်အားခမယူဘူး၊လှူမယ်ဆိုပြီးလက်ခံလိုက်တယ်။ဘယ်နေရာကဘယ်‌စေတီဆိုတာလည်းမမေးမိဘူး၊လက်ခံလိုက်ပြီးမှဒီမြို့မှာမဟုတ်ဘူးတဲ့ငါ့ညီရာ။ရွာသစ်ရွာလမ်းမပေါ်မှာတဲ့။ဒီနဲ့ဆိုလေးငါးနာရီလောက်ကားစီးရမှာ။သွားလိုက်ပြန်လိုက်ဘယ်ရတော့မလဲ။အဲ့ရွာမှာနေမှအဆင်ပြေတော့မှာ။ကိုကျော်ကလည်းပြောတယ်၊သူ့မိတ်ဆွေကသူ့ကိုယုံကြည်လို့အကူအညီတောင်းတာပေါ့၊နောက်ပြီးဘုရားဌာပနာလည်းထပ်ထည့်ချင်

သေးတယ်ဆိုတာကိုး။ကိုကျော်ရယ်လို့ကျုပ်ကလိုက်လို့ရပါတယ်ပေါ့၊ဒါပေမယ့်နေဖို့စားဖို့တော့အစ်ကိုတာဝန်ယူရမယ်ဆိုတော့'ရတယ်ဖိုးချို'တဲ့။အဲ့လိုနဲ့စရိတ်စကကိုသူတို့ကကျခံမယ်၊အစ်ကိုကလုပ်အားပေးကုသိုလ်ယူနဲ့သွားဖြစ်ကြရော၊အဟွတ်ဟွတ်"

ကိုဖိုးချိုကစကားတွေတရစပ်ပြောရင်းသီးသွားလို့လည်ချောင်းရှင်းနေတယ်။ပြီးတော့ခဏနားပြီးဆက်ပြောပြတယ်။

"ရွာသစ်ကိုရောက်တော့စေတီကရွာသစ်ရွာမှာမဟုတ်ဘူး၊အဲ့ရွာကနေ၄ဖာလုံ၅ဖာလုံလောက်နီးနီးသွားရတဲ့တောင်ကုန်းပေါ်မှာ။အိပ်တာတော့ရွာပြန်အိပ်ကြရတယ်။မနက်သွား၊ညပြန်ပေါ့လေ။အလုပ်သွားရင်ရွာကထော်လာဂျီနဲ့သွားကြရတာ။ကိုကျော်နဲ့အတူအစ်ကိုတို့အဖွဲ့ကအားလုံး၈ယောက်။ကျန်တာကရွာနားနီးစပ်ကလုပ်အားပေးတွေချည်း။အဲ့မှာအောင်ဒင်နဲ့စသိတာ။အောင်ဒင်ကရွာသစ်နားကပုလောရွာသား။သူကတော့နေ့စားခနဲ့လိုက်တာ။လုပ်ရင်းကိုင်ရင်းသူနဲ့တော်တော်ရင်းနှီးလာတော့ကိုယ့်ဘဝအကြောင်း၊သူ့ဘဝအကြောင်းတွေရင်ဖွင့်ဖြစ်ကြတယ်။အဲ့မှာ‌စကားစပ်မိရင်းအောင်ဒင်ကထူးဆန်းတဲ့ကိစ္စတစ်ခုပြောပြလာ‌တာပဲကွာ။ဒီစေတီကိုရှေးဘုရင်တစ်ပါးကတည်ထားခဲ့တာ၊အရင်တုန်းကတော့စက္ကောမပညာဆိုလားအဲ့ဒါတွေနဲ့တည်ထားသတဲ့။ကမ္ဘာစစ်ဖြစ်တာရယ်၊ငလျှင်ဒဏ်တွေရယ်

ကြောင့်စေတီကတဖြည်းဖြည်းယိုယွင်းလာပြီးခုလိုစေတီပျက်ကြီးဖြစ်လာရတာပေါ့။ဒါပေမယ့်ပါးစပ်

ရာဇဝင်လိုပုံပြင်ကတော့ခုချိန်ထိပြောနေကြတုန်းပဲတဲ့။ဘုရားရဲ့ထောင့်လေးထောင့်ထဲကတစ်နေရာမှာဆင်မြှီးလက်စွပ်လေးတစ်ကွင်းမြုပ်ထားတယ်။အဲ့ဒီလက်စွပ်လေးကအစွမ်းရှိတယ်ပေါ့၊ဘယ်လိုအစွမ်းလဲဆိုသေသွားတဲ့သူကိုပြန်ခေါ်လို့ရသတဲ့။"

ကျွန်တော့်မှာကိုဖိုးချိုရဲ့ဘဝဇာတ်ကြောင်းတလျှောက်လုံးစိတ်မပါဘဲနားထောင်နေရပေမယ့်သေသွားပြီးသားလူကိုပြန်ခေါ်လို့ရတယ်ဆိုတာနဲ့တင်သိချင်စိတ်တွေတဖွားဖွားပေါ်လာခဲ့တော့တယ်။

"အစ်ကိုလည်းမယုံတယုံပါပဲကွာ။အောင်ဒင်ကတော့သေချာအတပ်ကိုပြောနေတာ။သူကအဲ့ဒီလက်စွပ်ရရင်သူ့အစ်ကိုကိုပြန်ခေါ်မယ်တဲ့။သူ့အစ်ကိုကနာမည်ကြီးလူဆိုး။ရွာချဉ်ဖတ်။အစ်ကိုကြားမိသလောက်တော့အောင်ဒင်ရဲ့အစ်ကိုအောင်ခင်ဆိုတာအတော့်ကိုဆိုးသွမ်းရိုင်းစိုင်းတဲ့လူဆိုတာပဲ။လူသတ်ဖို့လက်မရွံ့ဘူး။သူများသားပျိုသမီးပျိုကိုဖျက်ဆီးဖို့လက်မရွံ့ဘူး။အဲ့လိုကောင်စောစောသေတာအဲ့နားကရွာတွေအတွက်မင်္ဂလာပဲ။ဒါကိုဒီကောင်ကသူ့အစ်ကိုကိုပြန်ခေါ်ဦးမလို့တဲ့။အစ်ကိုကတော့ဆင်မြှီးလက်စွပ်ကိုဒီကောင်မရပါစေနဲ့ပဲဆုတောင်းမိတာပေါ့။တစ်ညကြတော့ထူးဆန်းတဲ့အိပ်မက်တစ်ခုမက်တယ်။ဝတ်ဖြူစင်ကြယ်နဲ့အဘိုးကြီးတစ်ယောက်ကအိပ်မက်ထဲမှာ'ဖိုးချိုနင့်သမီးကိုပြန်တွေ့ချင်ရင်ဘုရားဇောင်းတန်းအဆုံးကနေခြေလှမ်းပေါင်း၂၁လှမ်းလှမ်းလိုက်၊အဲ့နေရာကိုတူး'ဆိုပြီးမက်ပါရော။နောက်နေ့ချက်ချင်းသွားတူးကြည့်တာမြွေအရေခွံနဲ့ထုတ်ထားတဲ့ဆင်မြှီးလက်စွပ်လေးကိုတွေ့လိုက်ရတာပဲငါ့ညီ၊အင့်ကျွတ်ကျွတ်"

ပြောနေရင်းကိုဖိုးချိုကညောင်းလာလို့ဘေးတစောင်းလှည့်လိုက်တယ်။ကျွန်တော်ကတော့စိတ်ဝင်တစားနဲ့နားထောင်နေပေမယ့်ပိုင်စိုးသူကပျင်းလာပုံရတယ်။ဆေးလိပ်သွားသောက်ဦးမယ်ဆိုပြီးထွက်သွားလေရဲ့။ဒီကောင်ထွက်သွားပြီးကိုဖိုးချိုစကားကိုစိတ်ဝင်တစားနားစွင့်နေမိတာပေါ့ဗျာ။

"သူလည်းပျင်းလာတယ်ထင်တယ်...ငါ့ညီရောလိုက်သွားချင်လိုက်သွားလေ"

"ဟာရပါတယ်အစ်ကိုဖိုးချို...ခုနကအကြောင်းဆက်ပါဦးဗျ"

စိတ်အားထက်သန်နေတဲ့ကျွန်တော့်ကြောင့်ကိုဖိုးချိုလည်းပြောပြရတာအားတက်လာပုံရတယ်။အဲ့ဒါနဲ့

ဆက်ပြောပြတယ်။

"အေးငါ့ညီ...အဲ့ဒီလက်စွပ်ရတာကိုအောင်ဒင်ကိုမပြောပြရဲဘူး။သိရင်သူယူမှာလေ။အစ်ကိုကလည်း

ဘယ်လိုသုံးရလဲမသိတဲ့အခါညကြတော့အိပ်မက်ထပ်တောင်းကြည့်တယ်။အသုံးပြုနည်းပေးသနားပါပေါ့။အိပ်မက်ထဲဝတ်ဖြူစင်ကြယ်နဲ့အဘိုးကြီးထပ်ရောက်လာတယ်။ဒီစေတီပြုပြင်ဖို့ကုသိုလ်ပါဝင်တာသိပါတယ်တဲ့။ကျန်တဲ့လူတွေအကုန်လုပ်အားခယူပြီးလုပ်ကြပေမယ့်အစ်ကိုကြတော့သမီးအတွက်ရည်စူးပြီးကုသိုလ်ပြုတဲ့အတွက်ဆင်မြှီးလက်စွပ်ကိုပေးတာလို့ပြောတယ်။သမီးဆုံးသွားတဲ့နေရာမှာဒီလက်စွပ်ကိုဝတ်ပြီးလိုလိုချင်ချင်နဲ့ဆုတောင်းပါတဲ့သမီးလေးကိုပြန်မြင်ရမယ်လို့မက်ခဲ့တာပဲငါ့ညီရာ။ဒီလိုဆိုအိမ်ပြန်ရောက်မှလုပ်လို့ရမှာ၊စေတီပြင်တာကမပြီးသေးဘူး။အဲ့လိုနဲ့လက်စွပ်ကိုသေချာဖွက်ပြီးလုပ်စရာရှိတာဆက်လုပ်နေတာပေါ့။ဒါပေမယ့်အောင်ဒင်ကတော်တော်လျှင်တဲ့ကောင်၊သူကအစ်ကို့အရိပ်အခြေကိုအမြဲလိုက်ကြည့်နေတာ။အစ်ကိုလည်းဟန်မပျက်ပြောဆိုနေခဲ့တယ်။နောက်တစ်ပတ်လောက်နေတော့စေတီလည်းပြီးသွားတာနဲ့အိမ်ကိုအရင်ပြန်ခဲ့မိတာပဲကွ။သမီးလေးကိုမြင်ချင်ဇောနဲ့လေ။အောင်

ဒင်ကိုသတိမထားမိခဲ့လိုက်ဘူး။အစ်ကိုအလောတကြီးပြန်သွားလို့အောင်ဒင်ကသင်္ကာမကင်းဖြစ်သွားတာပဲ။အနောက်ကနေတိတ်တိတ်လိုက်လာမှန်းမသိခဲ့လိုက်ဘူး။

အိမ်ရောက်တော့အရင်ကငှားနေခဲ့တဲ့အခန်းကိုရအောင်ပြန်သွားငှားခဲ့တယ်။အိလွင်ကဘာမှမသိတဲ့အခါရန်ဖြစ်ရတာပေါ့ကွာ။ပိုက်ဆံမချောင်လည်ရတဲ့ကြားထဲအခန်းပြောင်းလို့ဆိုပြီးဆူလိုက်ဆောင့်လိုက်ပေါ့။အရင်နေခဲ့တဲ့အခန်းကိုပြန်ရဖို့၆လလောက်စောင့်လိုက်ရတယ်။အဲ့ဒီကာလအတွင်းအောင်ဒင်ပေါ်မလာသေးဘူး။ဒီကောင်အနီးတဝိုက်မှာပုန်းပြီးစောင့်ကြည့်နေတာပဲဖြစ်မှာ။အခန်းရတာနဲ့ပြောင်းကြရွေ့ကြပေါ့။အိမ်ပြောင်းရတာလည်းမလွယ်ဘူးငါ့ညီရာ။အဲ့အခန်းမှာပြောင်းနေတဲ့ညမှာပဲသမီးလေးဆုံးသွားတဲ့နေရာမှာအိပ်မက်ထဲကအဘိုးကြီးပြောသလိုလုပ်ကြည့်လိုက်တယ်။လက်စွပ်ဝတ်လိုက်တာနဲ့မျက်လုံးထဲလင်းထိန်သွားပြီးသမီးလေးကိုတွေ့လိုက်ရတယ်ငါ့ညီ။အစ်ကိုလည်းတော်တော်အံ့ဩမိသွားတယ်။သမီးလေးကအစ်ကို့ရှေ့လက်တစ်ကမ်းမှာရပ်ပြီးရယ်ပြနေတယ်ကွ။အစ်ကိုလည်းဝမ်းသာလွန်းလို့သမီးဆီပြေးသွားတော့မရှိတော့ဘူး။ပျောက်သွားတယ်။အဲ့ဒါနဲ့လက်စွပ်ပြန်ချွတ်ပြီးပြန်ဝတ်

တော့ထပ်တွေ့ရတယ်။အနားတိုးသွားရင်ပျောက်သွားပြန်ရော။တစ်ခုခုတော့မှားနေပြီပေါ့။ပြန်စဉ်းစားမိမှသတိရသွားတယ်။အစ်ကိုကဆုမှမတောင်းရသေးပဲကိုး။

အဲ့ဒါနဲ့သမီးလေးပြန်လာပါစေလို့ဆုတောင်းလိုက်မှထပ်မပျောက်သွားတော့တာပဲ။ဒါပေမယ့်ငါ့ညီရေဆုတောင်းပြည့်တယ်ဆိုပေမယ့်အစစ်အမှန်တော့မဟုတ်ဘူးကွ။သမီးလေးပြန်လာတာတော့ဟုတ်တယ်၊ဘယ်လိုပြန်လာလဲဆိုသမီးကိုအစ်ကိုတစ်ယောက်ပဲမြင်ရတာပါကွာ။လက်စွပ်ဝတ်ထားမှမြင်ရတာ။လက်စွပ်ချွတ်လိုက်ရင်မမြင်ရတော့ဘူး။သမီးကိုအငွေ့ပဲမြင်ရတာမျိုးပေါ့။အကောင်အထည်မရှိဘူး။အိလွင်ကလုံးဝမမြင်ရဘူးလေ။သူကအစ်ကို့ကိုအရူးတဲ့။အိလွင်ကိုလက်စွပ်ပေးဝတ်ကြည့်ပေမယ့်အိလွင်ကမယုံဘူး၊မဝတ်ဘူးတဲ့ကွ။သူကပွဲဈေးကလက်စွပ်အစုတ်လို့ပြောတယ်။သူမယုံလည်းနေပေါ့ကွာ။အဲ့လိုနဲ့သမီးလေးကိုမြင်ရတဲ့အခါအစ်ကိုပျော်လာတယ်။အရင်လိုစိတ်ချမ်းသာမှုမျိုးပြန်ရလာတယ်။တခါတခါလည်းဝမ်းနည်းမိတယ်။အကောင်အထည်မပြနိုင်တဲ့အဖြစ်မဟုတ်လား။အိလွင်တောင်

မယုံတာတခြားဘယ်သူကယုံပါဦးမလဲ။

အစ်ကိုတစ်ယောက်တည်းစကားပြောနေတယ်၊ရူးနေပြီဆိုပြီးအိလွင်ကအစ်ကို့ကိုထားခဲ့တော့တာပဲ။သူ့အမေရွာကိုပြန်သွားတယ်တဲ့။ပြန်လိုက်ခေါ်လည်းမလိုက်လာတော့ဘူး။အဲ့ကတည်းကလင်ခန်းမယားခန်းပြတ်သွားတာပေါ့။အစ်ကိုလည်းရွာကထွက်လာကတည်းကမိန်းမယူ၊ကလေးရလည်းတခါမှမပြန်ဖြစ်ခဲ့ဘူး။ရွာမှာကျန်နေတဲ့မိဘဆွေမျိုးမောင်နှမတွေနဲ့ဆွေမျိုးဖြတ်ထားသလိုဖြစ်သွားတာကွာ။အစ်ကိုတစ်ယောက်တည်းနေမှပြဿနာကစလာတာ။အိမ်နားနီးချင်းတွေကဖိုးချိုရူးသွားပြီ၊တစ်ယောက်တည်းစကားပြောနေတယ်ချည်းပြောကြတာပေါ့။အဲ့ဒါကိုအောင်ဒင်ကသိသွားတယ်။အစ်ကို့ဆီရောက်လာရော။သူ့ကိုမြင်တာနဲ့လက်စွပ်အမြန်ဖွက်ထားရတယ်။အစ်ကိုလိမ်ပြောလိုက်ပေမယ့်သူကမယုံဘူး။လက်စွပ်ရထားတယ်မဟုတ်လားချည်းဇွတ်မေးတော့တယ်။

နောက်ဆုံးငြင်းရင်းနဲ့သူကအခန်းထဲအတင်းလိုက်ရှာတော့တာ။သူ့ကိုပေးလိုက်ရင်အစ်ကို့သမီးကိုဘယ်မြင်ရတော့မလဲ။ပေးလို့မဖြစ်ဘူး။နောက်ပြီးလက်စွပ်နဲ့သမီးကိုပြန်ခေါ်တော့ဘာတွေ့ရလဲဆိုသမီးကသုံးနှစ်ကလေးဖြစ်ပေမယ့်လူကြီးတစ်ယောက်လိုပဲအစ်ကိုလိုတဲ့အကြံတွေဆိုသူကပြောပြတတ်တယ်။ဘာလုပ်ရမှန်းမသိရင်သမီးကပြောပြတာကွ။မထူးဆန်းဘူးလား။အဲ့လိုဆိုတော့အောင်ခင်ကိုသာပြန်ခေါ်ရင်အောင်ဒင်ကိုလမ်းညွှန်တော့မှာ။အောင်ဒင်လည်းသူ့အစ်ကိုခြေရာ

အတိုင်းလူမိုက်ဖြစ်သွားလိမ့်မယ်။အဲ့ဒါတွေးမိတဲ့အခါအောင်ဒင်လက်ထဲလက်စွပ်ကိုလုံးဝမထည့်နိုင်တော့ဘူး။ဒီကောင်ကလည်တယ်။အစ်ကို့ကိုသောက်ရအောင်ဆိုပြီးချိန်းတယ်။

သောက်ကြစားကြလို့မူးနေတဲ့အချိန်စကားအစ်မေးတော့တာပဲ။အစ်ကိုလည်းနည်းနည်းပါးပါးပြောပြမိ

သွားတယ်ကွာ။မှားသွားတာ။အမှန်အဲ့ကောင်နဲ့အတူမသောက်ဘဲနေရမှာ။တောက်။ထားပါတော့..အဲ့ဒါနဲ့သူကလက်စွပ်ကိုအတင်းအကြပ်တောင်းတော့တာ..အစ်ကိုကလည်းမပေးတော့ရန်ဖြစ်ထိုးကြိတ်ကြတယ်..ဟိုညကငါ့ညီတို့နဲ့တွေ့တာအဲ့ကောင်ဓါးနဲ့ထိုးပြီးလက်စွပ်လုတာလေ..ကံကောင်းတာကသူနဲ့အတူသောက်တော့လက်စွပ်ကိုအင်္ကျီကော်လံအောက်ထဲထည့်ထားမိတာပဲ"

ကိုဖိုးချိုကပြောရင်းသူ့ရှပ်အင်္ကျီကော်လံအောက်ကိုလှန်ပြတယ်။အဲ့မှာအပေါက်လေးဖောက်ထားတာကိုတွေ့လိုက်တယ်ဗျ။သူကဆင်မြှီးလက်စွပ်ကိုအဲ့ထဲထည့်ထားလို့တော်ရုံရှာမတွေ့ခဲ့တာဖြစ်နိုင်တယ်။

"သောက်ပြီးအိမ်အပြန်မှာဒီကောင်ကဓါးနဲ့ထိုးပြီးအစ်ကိုမှောက်သွားတော့တကိုယ်လုံးအနှံ့လက်စွပ်လိုက်ရှာတယ်..မတွေ့တဲ့အခါသူလုပ်တာသိမှာစိုးလို့လစ်ပြေးသွားတာ..အစ်ကိုလည်းကုန်းရုန်းထရင်းငါ့ညီတို့နဲ့တွေ့တာပါပဲကွာ"

"ဒါနဲ့အစ်ကိုဖိုးချို...ဆင်မြှီးလက်စွပ်ကိုဟိုဆရာဝန်လေးကိုရောင်းလိုက်တယ်မဟုတ်လားဗျ"

ကိုဖိုးချိုကမျက်နှာညိုးငယ်ကျသွားတယ်။

"အစ်ကို့မှာစုမိဆောင်းမိထားတာလည်းမရှိဘူး...ဆေးရုံစရိတ်မတတ်နိုင်ပါဘူးကွာဘယ်ပိုက်ဆံနဲ့ပေးနိုင်ပါ့မလဲ...သူများဆီချေးငှားဖို့ကလည်းအဲ့လောက်ပိုက်ဆံများများရှိတဲ့သူအသိထဲတစ်ယောက်မှမရှိဘူကွ...သိတဲ့ခင်တဲ့သူတွေကပန်းရံတို့လက်သမားတို့လုပ်ကြတာ...တနေ့လုပ်တနေ့စားတွေချည်း...တော်ရုံလူကဒီလက်စွပ်ကိုဘယ်ဝယ်ပါ့မလဲ...အရူးလို့ပြောပြီးရိုက်မလွှတ်ရင်ကံကောင်း...ဆရာဝန်လေးကရိုးပုံရတယ်...ငါ့ညီကိုပြောပြသလိုသူ့ကိုပြောပြပေမယ့်ယုံပုံမရပါဘူးကွာ...သူကအစ်ကို့ကိုသနားပြီးကူညီလိုက်တာအစ်ကိုသိပါတယ်... အစ်ကိုပိုက်ဆံစုပြီးအဲ့ဒီလက်စွပ်ပြန်သွားယူမှာပါ...လောလောဆည်တော့အစ်ကို့လက်ထဲလက်စွပ်မရှိတာလည်းခပ်ကောင်းကောင်းပဲ...မဟုတ်ရင်...အောင်ဒင်ရန်ရှိသေးတယ်"

"အစ်ကို့ကိုစစ်တော့ကိုအောင်ဒင်လုပ်တာဖြေလိုက်တယ်မလား..."

"အင်း...ပြောတော့ပြောပြလိုက်တာပဲ...ဘယ်လိုလာမယ်မသိဘူးလေ"

"ဒါဆိုအဖမ်းတော့ခံရမှာပဲဗျ"

ကျွန်တော်တို့ပြောနေတုန်းမှာပဲရဲတချို့ရောက်လာကြတယ်။ကျွန်တော်လည်းပိုင်စိုးသူကိုဖုန်းဆက်ခေါ်လိုက်တယ်။ကျွန်တော်တို့နှစ်ယောက်အဲ့ညကအဖြစ်အပျက်တွေအကုန်အစစ်ခံပေးလိုက်တာပေါ့။ညကလာကူညီပေးတဲ့ဆရာဝန်လေးကလည်းစစ်ချက်ပေးသွားပြီလို့သိရတယ်။အမှုကိစ္စလုပ်ရမှာတွေတော့ဘာတွေမှန်းမသိရှုပ်နေတာပဲဗျာ။ကျွန်တော်တို့ကိုခေါ်ရင်လာပေးဖို့နဲ့လိပ်စာတွေကိုယ်ရေးအကျဉ်းတွေတောင်းသွားလေရဲ့။ပြီးတာနဲ့ကိုဖိုးချိုသုံးဖို့စွဲဖို့ပိုက်ဆံ၃၀၀၀၀ပေးခဲ့ပြီးကျွန်တော်တို့ပြန်လာခဲ့ကြတာပေါ့။

ပိုင်စိုးသူကကျွန်တော့်အိမ်ပို့ခဲ့ပြီးပြန်သွားတာနဲ့ကျွန်တော်ဆိုင်ကယ်ယူပြီးပြန်ထွက်လာခဲ့တယ်။အိမ်နားက၂၄နာရီဆေးခန်းဆီကိုပေါ့ဗျာ။ဟိုရောက်တဲ့အခါဆရာဝန်လေးကိုမေးကြည့်ရှာကြည့်ပေမယ့်သူ့ဂျူတီချိန်မဟုတ်လို့မတွေ့ခဲ့ရဘူး။ဒါပေမယ့်အိမ်လိပ်စာတော့ရလာခဲ့တယ်။

ဆရာဝန်လေးကသူ့အိမ်မှာလည်းဆေးခန်းဖွင့်ထားတယ်တဲ့ဗျ။အဲ့ကိုလိုက်သွားကြည့်တဲ့အခါဆရာဝန်

လေးနဲ့တွေ့ခွင့်ရခဲ့ပါတယ်။ကျွန်တော်လည်းကိုဖိုးချိုအကြောင်းနည်းနည်းပါးပါးပြောပြီးဆင်မြှီးလက်စွပ်အကြောင်းကိုတီးခေါက်ကြည့်လိုက်တာပေါ့။

ဆရာဝန်လေးကဆင်မြှီးလက်စွပ်ကိစ္စကိုယုံတဲ့ပုံမရဘူး။အဲ့ဒါနဲ့ကျွန်တော့်ကိုပေးပါလားလို့တောင်းကြည့်တော့လက်စွပ်ကသူ့ရုံးခန်းမှာကျန်ခဲ့သတဲ့ဗျ။မနက်ဖြန်မှလာယူလို့ဆိုတယ်။ကျွန်တော်လည်းမတတ်နိုင်ဘူးပေါ့၊စောင့်ရတော့မယ်လေ။ကိုယ်ကရချင်တဲ့သူကိုး။

နောက်နေ့ရောက်တော့ဆရာဝန်လေးနဲ့ချိန်းထားတဲ့အချိန်ကိုအရောက်သွားခဲ့တယ်။ဆရာဝန်လေးကိုတွေ့တဲ့အခါသတင်းတစ်ခုပါသိလိုက်ရတယ်ဗျာ။ကိုဖိုးချိုဆေးရုံမှာမရှိတော့ဘူးတဲ့။အိမ်ခိုးပြန်သွားတယ်ထင်တယ်တဲ့။ဆရာဝန်လေးဆီဆေးရုံကဖုန်းဆက်လာတယ်လို့ပြောတယ်။

အဲ့ဒါနဲ့ဆေးရုံအမြန်လိုက်သွားရပြန်ရော။ရဲစခန်းအထိတစ်ခါထပ်သွားရနဲ့၊ဆင်မြှီးလက်စွပ်လေးကကျွန်တော့်လက်ထဲမရောက်လာသေးပါဘူး။ရဲကကိုဖိုးချိုငှားနေတဲ့အိမ်ကိုလိုက်သွားတော့လည်းကိုဖိုးချိုကိုရှာမတွေ့ခဲ့ဘူး။ဒဏ်ရာကြီးနဲ့ဘာလို့ခြေရာဖျောက်သွားသလဲမသိဘူးဗျ။

သူပြောတဲ့ကိုအောင်ဒင်များလိုက်လာလို့လားလို့တွေးလိုက်မိသေးတယ်။ကိုအောင်ဒင်ကိုလည်းရဲက

ဖမ်းမမိခဲ့ဘူး။ကိုဖိုးချိုရော၊ကိုအောင်ဒင်ရောပျောက်နေတာပဲဗျ။အဲ့လိုနဲ့၁ပတ်လောက်ကြာသွားပြန်ရောလား။

နောက်တော့ဆရာဝန်လေးဆီထပ်သွားပြီးလက်စွပ်လေးကိုသွားတောင်းကြည့်တယ်။ဆရာဝန်ကလည်းအဲ့ကြမှသတိရသွားတော့တယ်။သူ့ရုံးခန်းစားပွဲအံဆွဲထဲကနေထုတ်ပေးလာတယ်ဗျ။ကျွန်တော်လည်းအလာပသလာပနည်းနည်းပါးပါးပြောပြီးတာနဲ့အိမ်အမြန်ပြန်လာခဲ့လိုက်တယ်။

ဟုတ်မဟုတ်လက်တွေ့သိချင်နေမိပြီလေဗျာ။အိမ်ရောက်တာနဲ့အခန်းတံခါးပိတ်ပြီးလက်စွပ်ကိုသေချာထုတ်ကြည့်လိုက်တယ်။လက်စွပ်ကပွဲဈေးတန်းမှာရောင်းတာထက်တောင်စုတ်သေးတယ်ဗျာ။ကျစ်ထားတဲ့ကြိုးတွေကြားမှာလည်းချေးတွေအထပ်ထပ်နဲ့၊အစွမ်းရှိတယ်လို့ဘယ်လိုမှခံစားလို့မရနေဘူး။

ကျွန်တော်လည်းသိပ်မယုံလာတော့ဘူး။ဒါပေမယ့်လက်ထဲရောက်နေပြီပဲလေ။စမ်းတော့စမ်းကြည့်လိုက်မယ်ဆိုပြီးလက်ချောင်းထဲစွပ်ကြည့်မိတယ်။ရုတ်တရက်ကျွန်တော့်မျက်လုံးထဲအလင်းတန်းကြီး၊တော်တော်လင်းလင်းပဲဗျ။စူးရှနေတာပဲ။မျက်လုံးကိုမှေးပြီးဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တဲ့အခါလူတစ်ယောက်ရပ်ကြည့်ပြီးပြုံးပြနေတာကိုတွေ့လိုက်ရတယ်‌။

ကျွန်တော့်ဘဝမှာဒီလိုဆန်းကြယ်တဲ့အဖြစ်မျိုးကိုစိတ်တောင်မကူးခဲ့ဖူးဘူး။အဲ့ဒီရပ်ကြည့်နေတဲ့သူက

ဘယ်သူလဲသိလား။ကျွန်တော့်ရင်ထဲသုံးနှစ်သုံးမိုးလုံးနှစ်နှစ်ကာကာတောင့်တနေမိတဲ့လူတစ်ယောက်ပေါ့ဗျာ။

ချေးအထပ်ထပ်နဲ့ဆင်မြှီးလက်စွပ်အဟောင်းလေးကြောင့်ကျွန်တော့်ဆုတောင်းတွေပြည့်ရတော့မှာလားလို့တွေးမိလိုက်တဲ့အခါကျွန်တော့်မျက်လုံးတွေဝေဝါးလာခဲ့တယ်။ဟုတ်တယ်ဗျ။ကျွန်တော့်ပါးပြင်ထက်မှာမျက်ရည်စတွေရယ်လေ။

သော်တာလမင်းစန္ဒာ

""ဆင်မြီးလက်စွပ်လေး""

#lotaya_shortstory

#ဘ၀
#ဝတ္ထုတိုများ
#သူငယ်ချင်း
#ဒဏ်ရာ
#အရက်

Some text some message..