
မေစက်နိုင်သည် သူမ ဘာတွေ လုပ်နိုင်စွမ်းရှိသည်ကို ရိပ်စားမိသွားသည်။ သူမသည် စိတ္တရဒေ၀ီ၏ တန်ခိုးအစွမ်းများကို မျိုးပွားတက်တူး၏ အကူအညီနှင့် စုပ်ယူလိုက်နိုင်လေပြီ။ သူမသည် ထို အသက်ငါးထောင်ရှည် စုန်းမကြီး တတ်စွမ်းသော တန်ခိုးများအားလုံးကို ပိုင်ဆိုင်သွားလေပြီ။
‘လာစမ်းလင်းလက်’
သူမသည် လေထဲတွင် ယက်ကန်ယက်ကန် မြောက်တက်နေသော လင်းလက်၏ လက်မောင်းကို ဖမ်းကိုင်လိုက်သည်နှင့် သူမတို့နှစ်ဦးစလုံးသည် ဇင်ကို၏ တိုက်ခန်းတံခါးရှေ့သို့ ဟုတ်ကနဲ ချက်ချင်းရောက်ရှိသွားကြသည်။
‘နင့်လင်ကို ခေါ်စမ်း စနိုက်မ’
‘ဟင့်အင်း… မခေါ်ဘူး။ နင်… နင် မေစက်နိုင်။ မကောင်းဆိုး၀ါးမ… အား...ကယ်..’
လင်းလက် အော်ဟစ်အကူအညီတောင်းမည်ကြံစဥ် မေစက်နိုင်သည် သူမ၏ ပါးစပ်ကို တန်ခိုးနှင့်ပိတ်လိုက်သည်။ လင်းလက်၏ မျက်နှာပေါ်တွင် ပါးစပ်ပေါက်ပျောက်သွားပြီး ပါးစပ်နေရာတွင် အရေပြား ပြောင်ချောကြီးသာ ကျန်ရစ်လေသည်။ လင်းလက် မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ကာ ရုန်းကန်သော်လည်း သူမ၏ ခန္ဓာကိုယ်သည် ထိုနေရာမှ ရွှေ့မရဘဲ ရှိနေတော့သည်။ မေစက်နိုင်သည် တံခါးကို အသာခေါက်လိုက်၏။
‘ဒေါက် ဒေါက် ဒေါက်...’
‘ဘယ်သူလဲ’
အထဲမှ ယောကျ်ားအသံတစ်သံက ပြန်ထူးလိုက်သည်။
‘ငါပါ.. လင်းလက်ပါ...’
မေစက်နိုင်၏ ပါးစပ်မှ လင်းလက်၏ အသံထွက်လာသည်။ လင်းလက်သည် အံ့သြသည်ထက် ပိုအံ့သြသွားတော့သည်။ မေစက်နိုင် မလုပ်နိုင်သည့်အရာဟူ၍ ဤလောကတွင် ရှိပါသေးသလား။
‘ဟာ လင်းလက်။ နင်က အခုပဲ ထွက်သွားပြီး ဘာပြန်လာ… ဟင်…’
ဇင်ကိုသည် တံခါးကို ဆွဲဖွင့်လိုက်လျှင် တွေ့လိုက်ရသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူ့လက်ထဲတွင် ကိုင်ထားသော ကော်ဖီခွက်ပင် လွတ်ကျသွား၏။
‘ခွမ်း’
‘လာစမ်း လင်းလက်’
မေစက်နိုင်သည် လင်းလက်ကို အခန်းထဲသို့ ဆွဲခေါ်သွင်းပြီး တံခါးကို ပိတ်ချလိုက်၏။ ယခုအခါ လင်းလက်၏ ပါးစပ်ပေါက် မျက်နှာပေါ်တွင် ပြန်ရောက်ရှိနေပြီဖြစ်သည်။ လင်းလက် အော်ရန် ပြင်လိုက်စဥ် -
‘ဟင့်အင်းနော်။ ငါထပ်လုပ်လိုက်မှာ’
မေစက်နိုင်က လက်ညှိုးထောင်၍ ခြိမ်းခြောက်လိုက်သဖြင့် လင်းလက် ပါးစပ်ပြန်ပိတ်သွားသည်။ မေစက်နိုင်သည် ဇင်ကို ကိုယ် မျက်နှာမူပြီး တည့်တည့်ရင်ဆိုင်လိုက်လေသည်။
‘မေစက်… ဘာတွေဖြစ်နေတာလဲ။ နင် စိတ်ထိန်းပါဦး’ ဇင်ကို အကြောက်ကြောက်အလန့်လန့် ပြောသည်။ သူသည် မေစက်ကို တလျှောက်လုံး အနိုင်ယူခဲ့သော်လည်း ယခုအခါ ဘာကြောင့်မှန်းမသိဘဲ သူ့ရည်းစားဟောင်းကို ကြောက်လန့်မိနေသည်။ သူသည် မနက်တုန်းကလိုပင် အပေါ်ပိုင်းဗလာနှင့်ဖြစ်ပြီး အောက်ခံဘောင်းဘီတိုကိုသာ ၀တ်ထားသည်။
‘လင်းလက်… နင်ကြည့်ထား။ ကိုယ်ချစ်တဲ့လူ သူများနဲ့ ဖောက်ပြန်ရင် ဘယ်လိုခံစားရသလဲဆိုတာ။ နင်သာ တကယ်ချစ်တတ်ရင်ပေါ့လေ’
ဟု ပြောရင်းဆိုရင်း မေစက်နိုင်သည် သူမကိုယ်ပေါ်တွင် ၀တ်ဆင်ထားသော စိတ္တရဒေ၀ီ၏ အနီရောင် ကတ္တီပါ ၀တ်ရုံကြီးကို ချွတ်ချလိုက်သည်။
‘ဟင်.. မေစက်။ နေပါဦး..။ အဲ.. နင့်တက်တူးအသစ်က မိုက်လှချည်… အူး.. အွတ်...’
ဤတစ်ကြိမ်တွင်လည်း ဇင်ကို စကားအဆုံးမသတ်နိုင်လိုက်။ မေစက်နိုင်သည် ကျားသစ်ပေါက်မ တစ်ကောင်ပမာ ဇင်ကိုအား ခုန်အုပ်လိုက်ပြီး လူငယ်၏ ခေါင်းကို လက်နှစ်ဘက်နှင့် ကိုင်ကာ သူ၏ ပါးစပ်အား ကြမ်းတမ်းခက်ထန်စွာ နမ်းရှုပ်လိုက်လေသည်။ ထို့နောက်တွင်တော့ မေစက်နိုင်သည် ဇင်ကိုကို ဆိုဖာခုံပေါ်သို့ တွန်းလှဲချကာ လင်းလက်၏ ရှေ့တွင်ပင် အရှက်အကြောက်ကင်းမဲ့စွာ ကာမဆက်ဆံလေတော့သည်။ လင်းလက်သည် မကြည့်လို၍ မျက်နှာလွှဲထားလျှင် မေစက်နိုင်၏ လက်တစ်ဘက်သည် လင်းလက်ရှိရာဘက်သို့ ဆန့်တန်းလာပြီး သူမ၏ တန်ခိုးဖြင့် လင်းလက်၏ မျက်နှာကို သူမတို့ နှစ်ဦးရှိရာဆီသို့ အတင်းလှည့်လိုက်ပြီး မျက်ခွံနှစ်ဘက်ကိုလည်း ပိတ်မရအောင် တန်ခိုးနှင့် ဆွဲဖွင့်ထားလိုက်လေသည်။ လင်းလက်သည် ဇင်ကိုနှင့် မေစက်နိုင်တို့ သူမရှေ့တွင် ဖြစ်ချင်တိုင်း ဖြစ်နေသည်ကို မျက်လုံးအပြူးသားနှင့် ရပ်ကြည့်နေရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ချေ။ လင်းလက်၏ မျက်လုံးမှ မျက်ရည်များ စီးကျလာခဲ့သည်။ သူမ၏ ရင်တစ်ခုလုံး ပူလောင်သည်ထက် ပူလောင်လာလေသည်။ ထိုအခါမှ မေစက်နိုင်သည် ကျေနပ်သွားပြီး ကျယ်လောင်ခက်ထန်လှသော အသံနက်ကြီးနှင့် -
‘နင်အခု နားလည်ပြီမဟုတ်လား။ သူများရည်းစားကို ခိုးတဲ့ဟာမ။ ကြာကူလီမ...’
ဟု အော်လိုက်လျှင် သူမ၏ မျက်လုံးကြီးများသည် မီးခဲများလို နီရဲတက်သွားကြသည်။ ထို့နောက်တွင် မေစက်နိုင်သည် အောက်တွင် ရောက်နေသော ဇင်ကို၏ နှုတ်ခမ်းများကို အသားကုန် စုပ်ယူပစ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ သူမသည် ဇင်ကို့ခန္ဓာကိုယ်ထဲမှ အသက်၀ိညာဥ် နုပျိုမှုများအားလုံးကိုပါ စုပ်ယူလိုက်ခြင်းဖြစ်လေသည်။ ကြည့်နေရင်းမှာပင် ဇင်ကို၏ ကြွက်သားအပြိုင်းပြိုင်းနှင့် ကျစ်လျစ်သန်မာလှသော ခန္ဓာကိုယ်သည် လေလျော့သွားသော ဘောလုံးကြီးပမာ တွန့်လိမ်ရှုံ့တွသွားပြီးလျှင် လူငယ်သည် စက္ကန့်ပိုင်းအတွင်းမှာပင် အသက်ပျောက်သွားတော့သည်။
‘အားးးး.. အမလေး ဇင်ကိုရဲ့၊ သေပါပြီတော့’
မေစက်နိုင်သည် သူ့ကိုယ်ထဲသို့ ရောက်လာသော အသက်ခွန်အားအသစ်များကို အပြည့်အ၀ ခံစားရရှိလိုက်သည်။ သူမသည် ခေါင်းကို အပေါ်သို့မော့ပြီး ကိုယ်ကို မတ်မတ်ဆန့်တန်းကာ အကြောအချဥ်များအားလုံးထဲသို့ ဇင်ကို၏ နုပျိုမှု၊ ကျန်းမာမှု၊ ခွန်အားများကို ပြန့်နှံ့သွားစေလိုက်လေသည်။ သူမ၏ အ၀တ်မပါသော ကိုယ်လုံးသည် ထိုသို့ မတ်မတ်ကြီး ခေါင်းမော့ဆန့်တန်းကာ ရပ်နေစဥ် သူမ၏ ၀မ်းဗိုက်သည် တဖြည်းဖြည်းနှင့် ဖောင်းကားတက်လာသည်ကို လင်းလက်တွေ့လိုက်ရသည်။ ၀မ်းဗိုက်ပေါ်မှ မီးတောက်မီးလျှံ တက်တူးသည်လည်း တလွန့်လွန့်လှုပ်ရှားလာသည်။
‘အမလေး အမလေး။ ဘာတွေလဲ. ဘုရား ဘုရားကယ်တော်မူပါ’
လင်းလက်၏ မျက်စိရှေ့တွင်ပင် မေစက်နိုင်သည် သန္ဓေသားငယ်တစ်ယောက်ကို မတ်တတ်ရပ်နေရင်းကပင် ဖွားမြင်လိုက်လေသည်။ ကလေးငယ်သည် မျိုးပွားတက်တူး၏ တန်ခိုးအတိုင်း စက္ကန့်ပိုင်းအတွင်းမှာပင် လူငယ်ယောကျ်ားလေးတစ်ဦးအဖြစ်သို့ ကြီးထွားလာသည်။ လင်းလက်သည် ခြောက်ခြားမှု တုန်လှုပ်မှုများကို မခံစားနိုင်တော့ပဲ သတိလစ်လဲကျသွားလေတော့သည်။ လုလင်ပျိုသည် မေစက်နိုင်ကို လှည့်ကြည့်လိုက်သည်။ လုလင်ပျို၏ နဖူးသည် ကျယ်၀န်းလှပြီး သူ၏ အသားအရည်သည် နီမြန်းနေသည်။ ထိုယောကျ်ားလေးကို ကြည့်နေရင်း မေစက်နိုင်၏ ခေါင်းထဲတွင် စိတ္တရဒေ၀ီ၏ အသံကို ကြားလိုက်ရပြန်သည်။
‘အနုရှ်ချန်ဒရာ...’
‘အနုရှ်...’
မေစက်နိုင်၏ နှုတ်မှ လိုက်ပြီးရေရွတ်လိုက်လျှင် လူငယ်လေးသည် သူ့နာမည်ကို မှတ်မိသည့်အလား ဆတ်ကနဲဖြစ်သွားသည်။ စိတ္တရဒေ၀ီ ပြောပြခဲ့သော အတိတ်ဇာတ်ကြောင်းထဲမှ သူမ၏ အခင်မင်ဆုံး ပုဏ္ဏားမိတ်ဆွေကြီး အနုရှ်ချန်ဒရာ။ ဤကလေးသည် အနုရှ်ချန်ဒရာ ၀င်စားခြင်းပင်လော။ မည်သို့ဆိုစေ မေစက်နိုင်သည် ဤလုလင်ပျိုကို အနုရှ်ဟုသာ ခေါ်ရန် ဆုံးဖြတ်လိုက်သည်။
‘အနုရှ်။ မင်းကို ငါတာ၀န်ပေးမယ်။ ဟောဒီက လဲကျနေတဲ့ မိန်းကလေးကို ပွေ့ချီပြီး ငါ့နောက်ကို လိုက်ခဲ့။’
နောက်ငါးမိနစ်မျှကြာလျှင် သူတို့သုံးဦးသည် ပဲခူးရိုးမ တောနက်ကြီးတစ်နေရာရှိ စိတ္တရဒေ၀ီနှင့် အတူမနက်ပိုင်းကတင် ရောက်ရှိခဲ့သော မျိုးပွားထားသည့် လူသားများ စုဝေးကာ အလုပ်လုပ်နေကြသည့် မြေကွက်လပ်သို့ တန်ခိုးအစွမ်းနှင့် ရောက်ရှိသွားကြသည်။ ထိုလူငယ်များတည်ဆောက်နေကြသော မြင့်မားလှသည့် အရာကြီးသည် ရုပ်လုံးပေါ်စ ပြုနေလေပြီ။ ထိုအရာကြီးသည် ပိရမစ်လည်းမဟုတ်။ စေတီပုထိုး ကျောင်းဆောင်ကြီးလည်းမဟုတ်။ ဒုံးပျံကဲ့သို့သော ယာဥ်ကြီးတစ်စီးဖြစ်နေသည်။ သို့သော် အခြားသော ဒုံးပျံများလို သတ္တုများနှင့် တည်ဆောက်ထားခြင်းမဟုတ်ဘဲ သစ်လုံးများ၊ မြေစေးများ၊ ကျောက်တုံးများနှင့် တည်ဆောက်ထားခြင်း ဖြစ်နေလေသည်။ တောင်တစ်လုံးမျှ မြင့်မားလှသည့် ထိုယာဥ်ပျံကြီးထဲတွင် အခန်းငယ်များကို ကန့်သတ်ပြီး တည်ဆောက်ထားကြသည်။ ထိုအခန်းများထဲတွင် သူတို့ အားလုံး ၀င်ရောက်နေထိုင်နိုင်လောက်အောင် ကျယ်၀န်းလှသည်။ သို့သော် ယခုအခါ ဒုံးယာဥ်ပျံကြီးမှာ ဒေါင်လိုက်အနေအထားရှိသဖြင့် ထိုအခန်းများသည် မြေပြင်ပေါ်တွင် ဘေးတစ်စောင်းအနေအထားရှိနေကြသည်။ မည်သူမျှ ၀င်ရောက်နေထိုင်ရန် မဖြစ်နိုင်သေး။
‘ဟေ့ ကလေးတွေ အားလုံး နားထောင်ကြစမ်း’
မေစက်နိုင်သည် ပုရွက်ဆိတ်များလို တရွရွ လှုပ်ရှားအလုပ်လုပ်နေကြသော လူငယ်များကို ရပ်တန့်သွားစေရန် လှမ်းအော်ပြောလိုက်သည်။ သူတို့ အားလုံးထဲတွင် လင်းလက်တစ်ယောက်သာ အ၀တ်အစား၀တ်ထားပြီး မေစက်နိုင်အပါအ၀င် ကျန်သော လူငယ်များအားလုံးထံတွင် မည်သည့်အ၀တ်အစားမျှမရှိကြချေ။
‘ငါ မင်းတို့အတွက် ဧည့်သည်တစ်ယောက်ခေါ်လာတယ်’
မေစက်နိုင်သည် လင်းလက်ကို အနုရှ်၏ လက်ထဲမှ ပြောင်းယူကာ မြေပြင်ပေါ်သို့ ချပေးလိုက်သည်။ လင်းလက်သည် ထိုအခါမှ သတိလစ်မေ့မျောနေရာမှ နိုးထလာပြီး အရပ်လေးမျက်နှာကို လှည့်ကြည့်ကာ အူကြောင်ကြောင် ဖြစ်သွားတော့သည်။
‘မေစက်.. ငါ့ကို ဘယ်ခေါ်လာတာလဲ...။ သူတို့က .. ဘယ်.. ဘယ်သူတွေလဲ...။ အမလေး ကယ်ကြပါဦးရှင့်။ ကြောက်လိုက်တာ… ဘာတွေလဲရှင့်’
မေစက်နိုင်၏ မျက်နှာတွင် အကြင်နာတရားတစ်စက်မျှ မရှိတော့ချေ။
‘ငါ့ကလေးတွေ၊ ဘာကြည့်နေကြသလဲ။ ဧည့်သည်ကို ကောင်းကောင်း ဧည့်၀တ်ပြုလိုက်ကြစမ်း’
တိရစ္ဆာန်များလိုဖြစ်နေကြသော လူငယ်များသည် မြေပေါ်တွင်လဲနေသော လင်းလက်၏ ဘေးတွင် ပတ်ပြီး ၀ိုင်းရံလိုက်ကြသည်။ ထို့နောက်တွင်မူ သားကောင်ကို ၀ိုင်းခဲကြသော ခွေးအများလို လင်းလက်၏ ခန္ဓာကိုယ်ကို ဘေးပတ်ပတ်လည်မှ ၀င်ဆွဲကြလေတော့သည်။ အစပိုင်းတွင် သူတို့၏ ထိတွေ့မှု ဖမ်းကိုင်မှုများသည် လိင်သဘောဆောင်သော အပြုအမူများဖြစ်နေခဲ့သည်။ ထို့ကြောင့်လည်း လင်းလက်သည် ကြောက်လန့်စွာ အော်ဟစ်နေရင်းမှ ထိတ်လန့်မှုနှင့် လိင်ခံစားမှုများ ရောပြွမ်းပြီး အဆက်မပြတ်ညည်းညူနေခဲ့လေသည်။သို့သော်မိနစ်ပိုင်းမျှကြာလျှင်လူငယ်များ၏အပြုအမူများသည်ပိုမိုကြမ်းတမ်းလာပြီးလိင်ကိစ္စကျေနပ်မှုကိုကျော်လွန်ကာသားရိုင်းတိရစ္ဆာန်များသဖွယ်ပြောင်းလဲ သွားကြတော့သည်။
ယောကျ်ားလေး၊ မိန်းကလေးများ ရောထွေးနေသော လူအုပ်ကြီးသည် နာရီ၀က်မျှကြာအောင် လင်းလက်၏ ခန္ဓာကိုယ်ကို ၀ိုင်း၀န်းအုံခဲနေကြပြီး တဖြည်းဖြည်းနှင့် ထိုနေရာမှ ပြန်လည်ထွက်ခွာသွားကြတော့သည်။ မေစက်နိုင်သည် ကျေနပ်အားရစွာနှင့် သူမရှေ့မှ မြင်ကွင်းကို ကြည့်နေမိသည်။ သူမ ၀မ်းဗိုက်ထဲ စိတ္တရဒေ၀ီ ၀င်ရောက်သွားချိန်မှစပြီး သူမ၏ စိတ်များသည် လုံး၀ကို ပြောင်းလဲသွားခဲ့သည်။ နှစ်ပေါင်းငါးထောင်လုံး စုဆောင်းထားခဲ့သော ကြမ်းတမ်းခက်ထန်ခြင်းများက သူမ၏ စိတ်ထဲတွင် ၀င်ရောက်နေရာယူသွားခဲ့လေပြီ။ ယခုအခါ လင်းလက် လဲလျောင်းနေခဲ့သော နေရာတွင် အရိုးစုတစ်စုံသာ ကျန်ရစ်တော့၏။ ထိုအရိုးစု၏ ဦးခေါင်းပတ်လည်တွင် အပြာရောင်ဆံပင်များရှိနေ၍သာ ထိုအရိုးစုသည် လင်းလက်၏ အရိုးစုဖြစ်မှန်း သိနိုင်ခြင်းဖြစ်လေတော့သည်။
x x x
… စိ.. တ္တ.. ရ … ဒေ.. ၀ီ….
တောအုပ်ကြီးထဲမှ သစ်ပင်များ လှုပ်ရှားပြီး လူသံကြီးတစ်ခုထွက်လာသည်။ မေစက်နိုင်သည် ဟက်ကနဲ ရယ်မောလိုက်၏။
‘စိတ္တရဒေ၀ီ မဟုတ်ဘူးရှင့်။ ဒါက မေစက်နိုင်’
သူမသည် ဂင်္ဂါမြစ်စတင်ရာ ဟိမ၀န္တာတောနက်ကြီးထဲတွင် စိတ္တရဒေ၀ီ ပထမဆုံး အသက်ဇီ၀ဖန်ဆင်းနိုင်သည့် အစွမ်းရခဲ့ရာ နေရာသို့ ပြန်သွားပြီး ထို သဘာ၀တရားကြီးနှင့် ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့လေသည်။ တောအုပ်ကြီးသည် ခေတ္တမျှ အသံတိတ်သွားသည်။ ထို့နောက်မှ
… မင်း… ဘယ်သူလဲ…
‘ကျွန်မနာမည် မေစက်နိုင်။ နောက်ပြီးတော့ စိတ္တရဒေ၀ီဟာ ရှင့်ရဲ့ ရုပ်သေးရုပ်မဟုတ်တော့ဘူး။ သူ့ကို ကျွန်မပိုင်သွားပြီ။ သူ့တန်ခိုးတွေ အားလုံးကို ကျွန်မပိုင်သွားပြီ’
ထိုစကားကို ကြားလျှင် တောအုပ်ကြီးတစ်ခုလုံးသည် တော်လဲသံကြီးများပြုကာ ယိမ်းထိုးလှုပ်ခါသွားလေတော့သည်။
… မင်း… အမှားကို ကျူးလွန်မိပြီ… မင်း… အမှားအကြီးကြီးကို ကျူးလွန်မိပြီ…
‘ဟင်း ဟင်း ဟင်း။ ဘယ်သူက မှားတာလဲရှင့်။ ဒီ တက်တူးကို ရှင်ပဲ စထွင်ခဲ့တာမဟုတ်လား။ အခု ရှင်က ကိုယ်စတဲ့ဇာတ်လမ်းကို မနိုင်တော့ဘူးမဟုတ်လား။ ရှင်ဘယ်သူလဲဆိုတာ ကျွန်မလည်း မသိဘူး။ ဒါပေမဲ့ ရှင်ဟာ ကိုယ့်ရဲ့ မျက်နှာတောင် ထုတ်မပြရဲတဲ့ သရဲဘောနည်းတဲ့ သတ္တ၀ါတစ်မျိုးဆိုတာတော့ ကျွန်မ အသေအချာသိတယ်’
ထိုစဥ်မှာပင် သူမ ရပ်နေရာနေရာသို့ သစ်ပင်ကြီးတစ်ပင်သည် အမြစ်မှ ကျွတ်ထွက်လာပြီး ၀ုန်းကနဲ လဲကျသွားသည်။ မေစက်နိုင်သည် ထိုအပင်ကြီး၏ အောက်တွင် ပြားကပ်သွားတော့သည်။ သူမ ခန္ဓာကိုယ်မှ သွေးများပွက်ကနဲ ပွက်ကနဲ ထွက်လာသည်။ သို့သော် ထိုသွေးများသည် သူမအပေါ် ပိနေသော သစ်ပင်ကြီးထဲသို့ စိမ့်၀င်သွားသည်။ သူမ၏ ခန္ဓာကိုယ်သည် အပင်တစ်ပင်အဖြစ်သို့ တစစပြောင်းလဲသွားကာ ထိုသစ်ပင်ကြီးကို ဖောက်ထွင်းပြီး အပေါ်သို့ တလွန့်လွန့်ကြီးထွားတက်လာသည်။ နောက်ဆုံးတွင် မေစက်နိုင်၏ ကိုယ်လုံးသည် လဲကျနေသော အပင်ကြီးအောက်မှ ပျောက်ကွယ်သွားပြီး အပေါ်တွင် တည့်မတ်စွာ ပေါက်နေသော အပင်အဖြစ်သို့ ပြောင်းလဲသွား၏။ ထိုအပင်အသစ်ကမှ တဖြည်းဖြည်းချင်းနှင့် မေစက်နိုင်အဖြစ်သို့ ပြန်လည်ပြောင်းလဲလာခဲ့လေသည်။
‘ရှင့်ကို ကျွန်မ တစ်ခုပဲ ပြောချင်တယ်။ အဲဒါကတော့ ရှင်ဟာ အသက်ဇီ၀ ဖန်ဆင်းနိုင်စွမ်းကို စိတ္တရဒေ၀ီ လက်ထဲထည့်ခဲ့တယ်။ ရှင်ဘယ်လိုပဲ သူ့ကို ချုပ်ကိုင်ထားထား သူ့ဆီမှာ အသက်ဇီ၀ဖန်ဆင်းနိုင်စွမ်းရှိသွားပြီ။ ရှင့်ဆီမှာ မရှိတော့ဘူး။ အခု စိတ္တရဒေ၀ီဟာ ကျွန်မရဲ့ လက်အောက်ရောက်သွားပြီ။ ဒီစကြ၀ဠာကြီးထဲက သက်ရှိမှန်သမျှ အသက်ဇီ၀မှန်သမျှ ကျွန်မဖန်တီးလို့ရတယ်၊ ဖျက်ဆီးလို့ရတယ်လို့သာ ရှင်မှတ်လိုက်ပါတော့… ဟား ဟား ဟား...’
မေစက်နိုင်၏ ၀မ်းဗိုက်ပေါ်မှ မီးတောက်မီးလျှံများသည် တဖြည်းဖြည်း ကြီးထွားလာပြီး သူမ ဘေးပတ်ပတ်လည်ရှိ သစ်ပင် ချုံပင်များကို ကူးစွဲကာ ကြီးမားသော တောမီးကြီးကို ဖြစ်ပေါ်သွားစေလေသည်။ မေစက်နိုင်သည် တောအုပ်ကြီးတစ်ခုလုံး ပြာကျသည်အထိ စောင့်မနေတော့ဘဲ ကောင်းကင်သို့ ပျံတက်ကာ ပဲခူးရိုးမရှိ သူမ၏ ရင်သွေးငယ်များ ရှိရာ အရပ်ဆီသို့ လေထဲမှ ပျံသန်းလာခဲ့လေတော့သည်။
x x x
‘အနုရှ်.. ဒီကိုလာဦး’
နောက်တစ်နေ့မနက်တွင် မေစက်နိုင်သည် အနုရှ်ချန်ဒရာ ၀င်စားပုံရသည့် ယောကျ်ားပျိုကို လှမ်းခေါ်လိုက်သည်။ သူမသည် လူငယ်ကို မျက်မှောင်ကုတ်ကာ ကြည့်လိုက်သည်။ အကြောင်းမှာ အနုရှ်သည် ယခင်ကလို ကိုယ်လုံးတီးမဟုတ်တော့ဘဲ သစ်ရွက်သစ်ခက်များနှင့် အရှက်နေရာကို ဖုံးကွယ်၀တ်ဆင်ထားသည့်အပြင် ကိုယ်အပေါ်ပိုင်းကိုပါ ၀တ်စုံသဖွယ်ဆင်ပြင်ထားသည်ကို တွေ့လိုက်ရသောကြောင့်ပင်။ အနုရှ်နှင့် အလားတူ အခြားသော လူငယ်အတော်များများမှာလည်း သစ်ရွက်များ၊ သားရေပိုင်းစများနှင့် သူတို့၏ ကိုယ်လုံးများပေါ်တွင် ဆင်ယင်ထားကြသည်။
‘ဒီအ၀တ်အစားတွေက ဘယ်သူ၀တ်ခိုင်းသလဲ’
‘ကျွန်… ကျွန်တော်.. ကောင်းမယ်ထင်လို့’
လုလင်ပျိုသည် အထစ်ထစ်အငေါ့ငေါ့နှင့် စကားပင် ပြောနိုင်နေလေပြီ။
‘နင်တို့တွေ လုပ်ငန်းပြီးမှ လူလိုနေရမယ် မဟုတ်ဘူးလား။ အခု နင်တို့ ဆောက်နေတဲ့ ဒီဟာကြီးက ပြီးပြီလား’
‘မ.. မပြီးသေးပါဘူး .. မေစက်နိုင်...’
‘ငါ့ကို သခင်မကြီးလို့ခေါ်စမ်း’
‘ဟုတ်.. ဟုတ်ကဲ့ သခင်မကြီး’
‘ဒါနဲ့ နေပါဦး၊ နင်တို့က ဘာဆောက်နေကြတာလဲ’
အနုရှ်သည် သူတို့ဆောက်နေကြသော ယာဥ်ပျံကြီးကို မော့ကြည့်လိုက်သည်။
‘ဟိုး.. ဟိုးအပေါ်ကို ပျံတက်ဖို့’
မေစက်နိုင်သည် ယာဥ်ပျံထိပ်ဖူးဆီမှ ကောင်းကင်ပြင်ကြီးထဲသို့ လှမ်းမျှော်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးသည် အလင်းနှစ်ပေါင်းများစွာကို ကျော်လွန်ကာ မြင်နိုင်စွမ်းရှိနေလေပြီ။ သူမမြင်လိုက်သည်က ယခု သူမ၏ လူသားရင်သွေးငယ်များ တည်ဆောက်နေကြသည်မှာ အခြားနဂါးငွေ့တန်းတစ်ခုထဲမှ ဂြိုလ်တစ်လုံး။ ထိုဂြိုလ်သည် ကမ္ဘာကဲ့သို့ပင် လေထု၊ ရေထုရှိသဖြင့် လူသားများ အသက်ရှင် နေထိုင်နိုင်သော နေရာတစ်ခုဖြစ်လေသည်။
‘နင်တို့က… အဲဒီမှာ ကမ္ဘာသစ် စကြမယ်ပေါ့….’
ထိုအခါမှ မေစက်နိုင်သည် သူမ၏ ရင်သွေးများ ဘာလုပ်နေကြသည်ကို နားလည်သွားမိသည်။ သူတို့သည် ဤကမ္ဘာကြီးပေါ်ရှိ ပြဿနာများကို ဖြေရှင်းရန် မျိုးပွားနေခဲ့ရာမှ ယခုအခါ အခြား ဂြိုလ်ကမ္ဘာများသို့ပါ နယ်မြေသစ်ချဲ့ထွင်ကြပေတော့မည်။
‘ဒါ ဘယ်သူ့အကြံလဲ’
မေစက်နိုင် အော်ဟစ်မေးလိုက်လျှင် အလုပ်နှင့် လက် မပြတ်ရအောင် လုပ်နေကြသော ထောင်ဂဏန်းမျှပင် ရှိတော့မည့် လူငယ်များသည် သူမကို လှည့်ကြည့်လိုက်ကြသည်။ သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် မေးခွန်းကို မည်သူမျှ မဖြေကြဘဲ မိမိတို့ လုပ်စရာရှိသည်များကိုသာ ပုရွက်ဆိတ်များပမာ ဆက်လက် လုပ်နေကြပြန်လေသည်။ အနုရှ်သည် မေစက်နိုင်ကို ဦးညွတ်အရိုအသေပြုကာ ယာဥ်ပျံကြီးဆီသို့ ပြန်လည်ဦးတည်သွားရန် ပြင်လိုက်သည်။ မေစက်နိုင်သည် စိတ်ဆိုးမာန်ဆိုးနှင့် လူငယ်၏ လက်မောင်းကို လှမ်းကိုင်လိုက်၏။
… အို အနုရှ်ချန်ဒရာ…
သူမ၏ ဦးခေါင်းထဲတွင် စိတ္တရဒေ၀ီ၏ ရေရွတ်သံကို ကြားလိုက်ရပြန်သည်။ အနုရှ်သည် သူမကို လှည့်ပြီးကြည့်လိုက်သည်။ လူငယ်၏ မျက်လုံးများသည် မေစက်နိုင်၏ ကိုယ်လုံးကို ဖောက်ထွင်းပြီး သူမ စိတ် အတွင်းတစ်နေရာရှိ စိတ္တရဒေ၀ီကို မြင်သွားသည့်နှယ် ပြူးကျယ်၀ိုင်းစက်သွားကြလေသည်။
… စိ.. တ္တ.. ရ… ဒေ.. ၀ီ….
လူငယ်၏ နှုတ်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။ အသံမှာ တိုးညင်းလှသော်လည်း တန်ခိုးရှင် မေစက်နိုင်သည် စကားလုံး တစ်လုံးချင်းစီကို ပီပီသသ ကြားလိုက်ရသည်။
‘နင် .. နင် ဘာပြောလိုက်တယ်’
လူငယ်သည် မျက်နှာလွှဲပြီး သူ့လမ်းသူဆက်သွားရန် ပြင်လေသည်။
‘သေစမ်းဟယ်’
မေစက်နိုင်သည် သူမကို ကျောပေးပြီး လှည့်ထွက်သွားသော လူငယ်၏ နောက်စေ့ကို သူမ၏ လက်၀ါးနှစ်ဘက်နှင့် ချိန်ရွယ်ပြီး ပေါက်ကွဲအောင် ကျိန်စာတိုက်လိုက်သည်။ သို့သော် လူငယ်မှာ ဘာမှ ဖြစ်မသွား။ မေစက်နိုင်၏ လက်ထဲမှ တန်ခိုးစွမ်းအင်တခုမျှ ထွက်မလာခဲ့။
‘တောက်… သေစမ်းဟယ် သေစမ်း’
သူမ အံကိုကြိတ်ပြီး လူငယ်ကို သေစေရန် ထပ်လုပ်ကြံသော်လည်း လူငယ်၏ ဆံချည်မျှင်မျှကို မလှုပ်ရှားနိုင်ပဲ ရှိလေသည်။ မေစက်နိုင်သည် သူမ၏ အစွမ်းများ ရှိသေးသလား ဟု သိရစေရန် အနုရှ် မဟုတ်သော အခြား လူငယ်တစ်ယောက်၏ ဦးခေါင်းကို ချိန်ရွယ်ပြီး တန်ခိုးနှင့် ဖောက်ခွဲကြည့်လိုက်သည်။
‘ဖောင်း...’
ခပ်လှမ်းလှမ်းတွင် သစ်ခုတ်နေသော ကောင်မလေးတစ်ယောက်၏ ဦးခေါင်းတစ်ခုလုံး လောင်ချာနှင့် အပစ်ခံလိုက်ရသလို ဖောင်းကနဲပွင့်ထွက်ပြီး လဲကျသေဆုံးသွားလေသည်။
‘ငါ့တန်ခိုးတွေ ရှိသေးတာပဲ။ ဒါနဲ့များ ငါ ဘာလို့ ဒီ အနုရှ်ချန်ဒရာ၀င်စားတဲ့ ကောင်လေးကို မသတ်နိုင်ရတာလဲ… အလို မဟုတ်မှလွဲရော၊ စိတ္တရဒေ၀ီကြောင့်များလား’
မေစက်နိုင် ထိတ်လန့်သွားသည်။ စိတ္တရဒေ၀ီသည် သူမ၏ ကြိုးဆွဲရာကရသော ရုပ်သေးတစ်ရုပ်ဖြစ်ရမည်မဟုတ်ပါလား။ သို့သော် မေစက်နိုင်သည် သူမ၏ စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်၏။
… ဒီ ကောင်လေးက အရေးမကြီးဘူး။ ငါ့ တန်ခိုးတွေ ဆက်ရှိနေဖို့ပဲ လိုတယ်…
သူမသည် စိတ္တရဒေ၀ီ၏ ပထမဆုံး မျိုးပွားဖန်ဆင်းသည့် အတွေ့အကြုံကို ပြန်စဥ်းစားနေမိသည်။ ထိုစဥ်တုန်းက လူငယ်များသည် စိတ္တရဒေ၀ီ ဘုရင်မကြီးဖြစ်စေရန် စစ်တပ်ကြီးတစ်တပ်ကို ဖွဲ့စည်းခဲ့ကြသည်။ သို့သော် ယခုမူ သူမ၏ လူငယ်များသည် စစ်တပ်မတည်ဆောက်ပဲ အသုံးမကျသည့် ဒုံးယာဥ်ပျံကြီးကို တည်ဆောက်နေကြလေသည်။ မေစက်နိုင်သည် တခြားကမ္ဘာသို့ မသွားလိုချေ။ ယခုကမ္ဘာတွင်သာ သူမ၏ တန်ခိုးများကို အသုံးပြုပြီး တစ်ကမ္ဘာလုံးကို အုပ်စိုးမည့် ဘုရင်မကြီးတစ်ပါး ဖြစ်လိုလေသည်။
.. ဟုတ်ပြီ။ ငါ ဆက်ပြီး မျိုးပွားတက်တူးတွေ အများကြီး ထိုးပေးရမယ်။
x x x
မေစက်နိုင်သည် နောက်တခဏအတွင်းတွင် ရန်ကုန်မြို့၏ လူပြတ်သော လမ်းကြားတစ်နေရာသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် ညဥ့်ငှက်မလေးတစ်ယောက်သည် ယောကျ်ားသားများကို ဆွဲဆောင်ရန် ဆေးလိပ်သောက်ပြီး စောင့်နေသည်။ မေစက်နိုင် သူမ၏ ကိုယ်လုံးကို ဆတ်ကနဲ ပွေ့ချီပြီး မလှမ်းမကမ်းရှိ ဂိုဒေါင်လွတ်ကြီး တစ်လုံးထဲသို့ ခေါ်သွားလိုက်သည်။ ပြည့်တန်ဆာမိန်းကလေးသည် ကြိုးစားပြီး အော်ဟစ်အကူအညီတောင်းသော်လည်း သူမပါးစပ်မှ အသံတစ်သံမျှ ထွက်မလာခဲ့။
မေစက်နိုင်သည် သူမ ၀တ်ထားသော ၀တ်ရုံအနီကြီးကို ဆွဲချွတ်ပြီး အစိတ်စိတ်အပိုင်းပိုင်း ဆွဲဖြဲကာ အ၀တ်စများကို ဘေးပတ်ပတ်လည်သို့ ကျဲဖြန့်ချလိုက်သည်။ ထိုအ၀တ်စများသည် တဖြည်းဖြည်း အသက်၀င်လာကြပြီးလျှင် အရွယ်အစားများမှာလည်း ကြီးထွားလာကြကာ… မမြင်ရသော လူသားများက အထဲတွင် ၀င်နေကြသည့်နှယ် မေစက်နိုင်တို့ နှစ်ဦးကို ဘေးပတ်ပတ်လည်မှ ၀န်းရံလိုက်ကြလေသည်။
…. ဝေါ .. ဝေါ… ဝေါ….
လွန်ခဲ့သော နှစ်ရက်ခန့်က နိုက်ကလပ်ထဲမှ ပြန်ပေးဆွဲခံရပြီး မီးပုံကြီး၏ ရှေ့တွင် မျိုးပွားတက်တူးကို အထိုးခံခဲ့ရစဥ်က သူမကြားခဲ့ရသော ရွတ်ဆိုသံများအတိုင်း တထေရာတည်းဖြစ်အောင် မေစက်နိုင်သည် ထို၀တ်ရုံကြီးများကို ရွတ်ဆိုခိုင်းထားခဲ့သည်။ သူမသည် ပြည့်တန်ဆာမိန်းကလေး၏ ၀မ်းဗိုက်သားများ ပေါ်အောင် လှန်တင်လိုက်၏။ မေစက်နိုင်၏ လက်သည်းများသည် တန်ခိုးကြောင့် တဖြည်းဖြည်း ရှည်လျားချွန်ထွက်လာကြသည်။
‘… အီး… အီး.. မလုပ်ပါနဲ့ရှင်… ကျွန်မ တောင်းပန်ပါတယ်…’
မိန်းကလေး၏ ပါးစပ်မှ တီးတိုးအသံလေးနှင့် အသနားခံရှာသည်။
‘ဘာမှ မကြောက်နဲ့ မိန်းကလေး။ ဒါဟာ မိန်းမတစ်ယောက်လုပ်ရမဲ့ အလုပ်ပဲ။ ဒီအလုပ်ကို နင် မြန်မြန်လုပ်နိုင်အောင် ငါက ကူညီပေးရုံပဲ မိန်းကလေး … ဟင်း ဟင်း ဟင်း….’
မေစက်နိုင်သည် ပြောပြောဆိုဆို သူမ၏ လက်သည်းချွန်ကြီးများကို မိန်းကလေး၏ ၀မ်းဗိုက်အောက်ပိုင်းသို့ ထိုးသွင်းလိုက်သည်။
‘အား.. အား.. အင်း… အင်း...’
‘ဟင်...’
ပြည့်တန်ဆာမိန်းကလေးသည် နာကျင်မှု ဝေဒနာကြောင့် ညည်းညူရင်း သူမ၏ ခေါင်းမှာ တဘက်သို့ စောင်းကျသွားသည်။ မေစက်နိုင် အောက်သို့ ငုံ့ကြည့်လိုက်လျှင် ပြည့်တန်ဆာမိန်းကလေး၏ ၀မ်းဗိုက်မှ သွေးများသည် ဒလဟော ပန်းထွက်နေကြလေသည်။ မိန်းကလေးမှာ သေဆုံးသွားပြီဖြစ်သည်။ သူမ၏ ၀မ်းဗိုက်ပေါ်တွင် ဘာတက်တူးမှ မရှိ။
…ဝေါ… ဝေါ… ဝေါ….။
‘တိတ်ကြစမ်း’
မေစက်နိုင်သည် ဒေါသကြီးစွာနှင့် သူမနောက်မှာ တဝေါဝေါ အော်နေကြသော လူမဲ့ ၀တ်ရုံကြီးများကို လက်နှင့် ယမ်းထုတ်ပစ်လိုက်သည်။ ၀တ်ရုံများမှာ အ၀တ်စုတ်များအဖြစ် ပြန်ပြောင်းလဲပြီး ဂိုဒေါင်ကြမ်းပြင်ပေါ်သို့ တစချင်း ကြွေလွင့်ကျသွားကြလေသည်။
‘ငါ… ဒီတက်တူးကို ထိုးနိုင်တဲ့အစွမ်းမရှိပါလား။ ဒါဆို ငါ စိတ္တရဒေ၀ီရဲ့ အစွမ်းတွေကို အကုန်မရလိုက်ဘူးပေါ့’
သူမ အမျက်ချောင်းချောင်း ထွက်သွားမိ၏။ သူမ၏ ရှေ့တွင် အသက်မဲ့သွားသော ပြည့်တန်ဆာမိန်းကလေး၏ အလောင်းကောင်ကြီးက မေစက်နိုင်အား လှောင်ပြောင်သရော်နေသလိုပင်။
(ဆက်လက်ဖတ်ရှုပါရန်)
ကိုချမ်း။
#lotaya_shortstory