
မြစ်ရေပြင်ကြီးမှ ရေလှိုင်းကြက်ခွပ်များသည် လှေကလေးကို မကြာခဏဆိုသလို ရိုက်ပုတ်လျက်ရှိသော်
လည်း မကောင်းဆိုးရွားတစ်ကောင်တစ်လေမျှ အနား
မသီကြပေ။
" သူတို့စောင့်နေကြပြီ ... ဘယ်သူ့ကိုမှမယုံကြနဲ့ ...
သတိနဲ့နေကြ "
အဘိုးကြီး၏စကားကြောင့် မြစ်ကမ်းတစ်ဘက်ကိုလှမ်း
ကြည့်လိုက်ကြလေသည်။ သို့သော် မည်သည့်အရာမှ
မရှိချေ။
" ဘယ်သူရောက်တာလဲအဘိုး "
" လောဘသားတွေပေါ့ကွယ် "
ထိန်ဝင်းအောင်တို့က နားမလည်ကြပေ။ မြစ်တစ်ဖက်
ကမ်းကို လှမ်းမြင်လာရသဖြင့် ဝမ်းသာနေကြသည်။
လှေကလေးက ကမ်းဘက်သို့ကပ်လာချေပြီ။ သို့သော်
လည်း ပတ်ဝန်းကျင်အနေအထားမှာမူ ပြောင်းလဲမသွား
သေးချေ။
" အဘိုး ... ကျွန်တော်တို့လာတဲ့နေရာက ဒီနေရာမဟုတ်
ဘူးဗျ ... နေရာမှားနေတယ် "
" ဒီနေရာပါပဲ "
အဘိုးကြီးစကားကြောင့် ဘေးပတ်ဝန်းကျင်ကို တလှည့်
ပြန်လှည့်ကြည့်လိုက်ကြ၏။
" မြစ်ကမပျောက်သွားသေးဘူးလေအဘိုးရ "
" လှေကိုကမ်းပေါ်တင်မှ ပျောက်သွားမှာ ... အလာခရီး
တုန်းက လှေကိုရေထဲချမှ မြစ်ကိုတွေ့ရတယ်မဟုတ်
လား "
" အော် ... အဲ့လိုကိုး ... "
" ဒါဆို ကမ်းပေါ်တင်ပြီးရင် ... အဘိုးတစ်ယောက်ထဲ
လှေချလို့ ရပါ့မလား ... ကျွန်တော်တို့ကူပေးရင်လည်း
ဟိုဘက်လောကပြန်မရောက်ဘဲ နေမှာလားလို့ပါ "
ထိန်ဝင်းအောင်အမေးကို အဘိုးကြီးက တည်တည်ငြိမ်
ငြိမ်ပြန်ဖြေလာသည်။
" ရပါတယ် ... "
" အဘိုးကတစ်ယောက်ထဲလေ ... "
" တစ်ယောက်ထဲပေမယ့် လူသားမှမဟုတ်တာကွယ် "
" ဟုတ်သားပဲဗျ ... ဒါဆို ကမ်းရောက်ပြီးရင် အဘိုး
ပြန်ရတော့မှာပေါ့ ... ကျွန်တော်တို့ကို ကူညီပေးခဲ့တာ
တစ်သက်လုံးမမေ့ပါဘူးဗျာ ... ကတိအတိုင်း အလှူအ
ဒါန်းလုပ်တိုင်း အမျှပေးပါ့မယ် ... အဘိုးကိုရည်စူးပြီး
လည်း ကုသိုလ်ကောင်းမှုတွေ လုပ်ပေးပါ့မယ်ဗျာ "
အဘိုးကြီးက မည်သည်မှပြန်မပြောပေ။ ခေါင်းသာ
ညိမ့်ပြနေလေသည်။
လှေကလေးသည် ကမ်းစပ်သို့ဆိုက်ရောက်လာခဲ့ချေပြီ။
ထိန်ဝင်းအောင်နှင့် ဉာဏ်လင်းတို့မှာ လှေပေါ်မှဆင်းပြီး
ကမ်းဆီသို့ လှေကိုဆွဲလာကြသည်။
လှေကလေးက ကမ်းပေါ်ရောက်သည်နှင့် ရာသီဥတုက
ချက်ချင်း ပြောင်းလဲသွားလေတော့သည်။
စူးရှနေသောနေရောင်ခြည်ကြောင့် မျက်လုံးများကျိန်း
စပ်သွားကြရသည်။ အဘိုးကြီးမှာ နေရောင်ခြည်ဒဏ်ကို
ခံနိုင်ရည်မရှိချေ။
လှေပေါ်ရှိ တဘက်အဟောင်းလေးကို ခေါင်းပေါ်တင်
ပြီး ခြုံထားလေသည်။
" အဘိုးရေ ... မထင်မှတ်ဘဲဆုံကြရပေမယ့် အမြဲသတိ
တရရှိနေမှာဗျ ... ကျွန်တော်တို့ ဒီကနေပဲကန်တော့လိုက်
ပါရစေနော်အဘိုး "
ထိန်ဝင်းအောင်နှင့်ဉာဏ်လင်းတို့က မြေပေါ်ထိုင်ချပြီး
ကန်တော့လိုက်ကြစဉ် ခြေသံများကြားလိုက်သဖြင့် လှည့်
ကြည့်လိုက်ကြသည်။
ဗလတောင့်တောင့် လူလေးငါးယောက်မှာ ၎င်းတို့နောက်
ကျောဘက်တွင် ရပ်နေကြ၏။ ထိုသူတို့၏အနောက်တွင်
ကိုအေးမင်း၏အသံကို ကြားလိုက်ရလေသည်။
" သေတ္တာရလာပြီလား "
ထိုအသံကြောင့် ထိန်ဝင်းအောင်ရော ဉာဏ်လင်းရော
ထိတ်လန့်သွားမိလေသည်။ လှေကိုတလှည့်၊ ကိုအေးမင်း
ကိုတလှည့်ကြည့်ပြီး ဆွံ့အနေကြ၏။
ထို့အတူကိုအေးမင်း၏ခပ်လှမ်းလှမ်းတွင်မူ တစ္ဆေကြီးရပ်နေသည်ကိုလည်း တွေ့မြင်လိုက်ရလေသည်။
ကိုအေးမင်းမှာ ထိန်ဝင်းအောင်တို့ကို စူးစမ်းသလိုကြည့်
နေပြီး လှေပေါ်သို့အကြည့်ရောက်သွားခဲ့သည်။
" ဟိုမှာ သေတ္တာ "
ကိုအေးမင်းစကားဆုံးသည်နှင့် ဉာဏ်လင်းက ထိုင်ရာမှ
အမြန်ထကာ လှေပေါ်ပြေးတက်ပြီး သေတ္တာကို လုလိုက်
လေတော့သည်။
" ဟာ ... ဟေ့ရောင် ... ဘာလုပ်တာလဲဟ "
ဉာဏ်လင်းမှာ ထိန်ဝင်းအောင်၏စကားကို နားမထောင်
ချေ။ သေတ္တာလေးအား ကိုအေးမင်းထံ ကမ်းပေးလိုက်
လေသည်။
လုံးဝထင်မှတ်မထားသော ဉာဏ်လင်း၏အပြုအမူ
ကြောင့် ထိန်ဝင်းအောင်တစ်ယောက် ဒေါသထောင်းခနဲ
ထွက်သွားရ၏။
" မင်းဘယ်လိုလုပ်လိုက်တာလဲ ဟေ့ရောင် "
ဉာဏ်လင်းက ထိန်ဝင်းအောင်အမေးကိုပြန်မဖြေသေး
ဘဲ ကိုအေးမင်းကိုပြောနေသည်။
" ကျွန်တော်တို့ကတိအတိုင်း ယူလာနိုင်ခဲ့ပြီဆရာ ...
ကျွန်တော်တို့ရသင့်တာလေးလည်း ချီးမြှင့်ပေးပါအုံး
ခင်ဗျ "
ကိုအေးမင်းက ဉာဏ်လင်းကို သဘောကျသလိုကြည့်
ပြီး ခေါင်းတညိမ့်ညိမ့် ညိမ့်ပြနေသည်။ ကိုအေးမင်းတို့မှာ အဘိုးကြီးကို တွေ့မြင်ပုံမရကြချေ။
အခြေအနေ မကောင်းတော့မှန်းရိပ်မိသည့် ထိန်ဝင်း
အောင်က တိုးလျှိုးသောအသံဖြင့် တောင်းပန်ပြောဆို
လိုက်သည်။
" မယူပါနဲ့ဗျာ ... ယူလို့မဖြစ်လို့ပါဆရာ ... ကျွန်တော်တို့
စရံငွေလည်းပြန်ပေးပါ့မယ် ... "
ထိန်ဝင်းအောင်က သေတ္တာကို လိုက်လုရင်း တားလိုက်
လေ၏။ သို့သော် မထင်မှတ်ထားသောအဖြစ်သည် ရုတ်
တရက်ဖြစ်ပေါ်လာခဲ့သည်။
ကိုအေးမင်း၏တပည့်မှာ ထိန်ဝင်းအောင်ကို ခြေထောက်
နှင့် ကန်ကျောက်ထုတ်လိုက်ပစ်လိုက်သည်။
" ခင်ဗျားတို့ဘာလုပ်တာလဲ ... ဒီသေတ္တာကိုယူလို့မဖြစ်
ဘူးလို့ပြောနေတယ်လေဗျာ ... ကျွန်တော်တို့ယူလာတာ
ကျွန်တော်တို့ပစ္စည်းပဲ ... အတင်းလုပိုင်ခွင့်မရှိဘူးဆိုတာ
နားမလည်ဘူးလား "
" မင်းတို့နှစ်ယောက်က တစ်ဖွဲ့ထဲ မဟုတ်ဘူးလား "
ကိုအေးမင်းက ထိန်ဝင်းအောင်နှင့် ဉာဏ်လင်းကို လက်
ညိုးတစ်ချက်စီထိုးကာ မေးလာသည်။ ထိန်ဝင်းအောင်
မှာ ဉာဏ်လင်းကို မကျေနပ်သဖြင့် ပေစောင်းစောင်း
ကြည့်လိုက်တော့သည်။
" တစ်ဖွဲ့ထဲပါဆရာ ... သူကဟိုဘက်ကမ်းမှာ မကြုံဖူး
တာတွေကြုံရလို့ သွေးပျက်နေလို့ပါ ... သူ့အစားကျွန်
တော်ကပဲ တောင်းပန်ပါတယ်ခင်ဗျ "
" မင်းဘာတွေလျှောက်ပြောနေတာလဲကွ ... ငါတို့ဒီ
ကိစ္စကို သဘောတူထားတာ သပ်သပ်နော် ... အဘိုးကို
လည်း ငဲ့ပါအုံး "
ထိန်ဝင်းအောင်ပြောမှ လူအားလုံး၏အကြည့်ကလှေပေါ်
ရောက်သွားကြသည်။ သို့သော် ဉာဏ်လင်းနှင့် ထိန်ဝင်း
အောင်ကလွဲပြီး အဘိုးကြီးကို မည်သူမှ မြင်တွေ့ကြမည်
မဟုတ်ချေ။
ဉာဏ်လင်းက အဘိုးကြီးကို မျက်နှာလေးငယ်ကာ
တောင်းပန်စကားဆိုနေလေသည်။
" ကျွန်တော့်မှာ လက်တစ်ဖက်မရှိတော့ အလုပ်ထွက်ရ
တော့မယ်အဘိုး... စုထားဆောင်းထားတာလည်း မရှိ
ဘူး ... ဒါကြောင့်ကျွန်တော်လိမ်ခေါ်လာခဲ့မိတာ တောင်း
ပန်ပါတယ်ဗျာ ... အမိုက်အမဲကို ခွင့်လွတ်ပေးလို့ရရင်
ခွင့်လွတ်ပေးပါဗျာ "
အဘိုးကြီးက ဉာဏ်လင်းကို စိမ်းစိမ်းကြီးကြည့်နေလေ
သည်။ အင်းအဲ ပင်ပြန်မပြောချေ။
ထိန်ဝင်းအောင်မှာမူ ဒေါသအလွန်ထွက်နေပြီဖြစ်၍
ဉာဏ်လင်းကို တစ်ချက်ဆွဲထိုးလိုက်တော့သည်။
" ခွေးကောင် ... "
ဉာဏ်လင်းနှင့် ထိန်ဝင်းအောင်တို့ ထိုးကြကြိတ်ကြရန်
ဖြစ်နေသည်ကို ကျန်လူများက ဝင်မတား၊ ဝင်မဆွဲဘဲ
ရပ်ကြည့်နေကြလေ၏။
" ငါအဲ့နေရာမှာ မသေနိုင်ဘူး ... လွတ်ဖို့ဘယ်နည်းလမ်း
မဆို လုပ်မှာပဲ "
" မင်းကို အသက်နှစ်ခါကယ်ခဲ့တဲ့ကျေးဇူးမှမထောက်
ကွာ ... ကယ်မိတာ ငါ့အမှား "
" ကဲ ... ပြီးကြပြီလား "
ကိုအေးမင်း၏အသံက ဟိန်းထွက်လာခဲ့သည်။ ထိန်ဝင်း
အောင်က ကိုအေးမင်းကို တောင်းပန်လိုက်၏။
" သေတ္တာကို ပြန်ပေးပါဆရာ ... အဲ့ဒါယူလိုက်ရင် ဟို
ဘက်ကမ်းက မကောင်းဆိုးရွားမိစ္ဆာတွေ ဒီကိုရောက်
လာကြလိမ့်မယ် ... လူအများကြီး ဒုက္ခရောက်ရလိမ့်
မယ် ... တောင်းပန်ပါတယ်ဆရာ ... ပြန်ပေးပါခင်ဗျ "
ကိုအေးမင်းက သူ့တပည့်တစ်ယောက်ကို ထိုင်းဘာသာ
ဖြင့် စေခိုင်းနေသည်။ ထိုသူက ခေါင်းညိမ့်ပြပြီး ကိုအေး
မင်းလက်ထဲမှ သေတ္တာကိုယူကာ ထိန်ဝင်းအောင်ကို လှမ်း
ပေးလာ၏။
ထိန်ဝင်းအောင်မှာ ဝမ်းသာလွန်းသဖြင့် ကျေးဇူးအခါခါ
တင်လိုက်မိသည်။
" ကျေးဇူးတင်တယ်ဗျာ ... တကယ်ကျေးဇူးတင်တာပါ ...
ခုလို ဆရာကိုယ်တိုင် ကယ်တင်ပေးလိုက်တာပါပဲ ... "
ထိန်ဝင်းအောင်စကားမဆုံးခင်မှာပင် ကိုအေးမင်းတပည့်
က ထိန်ဝင်းအောင်ကို ပစ္စတိုသေနတ်ဖြင့် ပစ်လိုက်တော့
သည်။
ပစ္စတိုဖြင့်အနီးကပ်ချိန်ပစ်လိုက်သော်လည်း ကျည်ဆံ
ကထွက်မလာချေ။ ထိုသူက သုံးလေးချက်ဆင့်ကာပစ်
သည်၊ အချည်းနှီးပင်။
" ပစ္စည်းကအစစ်ပဲ "
ကိုအေးမင်းက ကျေနပ်စွာပြောရင်း သဘောကျနေလေ
သည်။
" ဘာ ... ဘာလုပ်တာလဲ "
ကျည်လွဲစစ်မစစ်ကို သူ၏အသက်နှင့်ရင်းကာ စမ်းသပ်
နေပြီမှန်း ထိန်ဝင်းအောင်သဘောပေါက်လိုက်သဖြင့် လှေပေါ် သေတ္တာပစ်တင်လိုက်သည်။ ပြီးနောက် လှေကိုအားကုန်ဆွဲပြေးသည်။
" အဘိုး ... မြန်မြန်သွားတော့ ... "
ထိုစဉ်မှာပင် ပစ္စတိုမှ ကျည်ဆံက ထိန်ဝင်းအောင်၏
နောက်ကျောဘက်သို့ ထိုးဖောက်ဝင်ရောက်သွားတော့
သည်။
ထိန်ဝင်းအောင်မှာ ချောင်းစပ်မှာပင် မှောက်ရက်လဲကျ
သွားလေသည်။
" သူ့ကို ရှင်းလိုက်တော့ "
ကိုအေးမင်းက ထိုသို့ပြောလိုက်သည့်အခါ သူ၏တပည့်
များက လှေပေါ်မှ သေတ္တာကိုယူကာ ကိုအေးမင်းထံ
ပြန်ပေးလိုက်ကြသည်။
" ဝေစုခွဲရမယ့်သူမရှိတော့ ... မင်းပိုရတာပေါ့ ... မဟုတ်
လား ... ဟား ... ဟား ... ဟား "
ကိုအေးမင်းက ထိုသို့ပြောရင်း သဘောကျကာ ရယ်
မောနေတော့သည်။ ဉာဏ်လင်းမှာမူ ထိန်ဝင်းအောင်
ကို စိတ်မကောင်းစွာကြည့်ကာ ကိုယ့်ကိုကိုယ် မလုံမလဲ
ဖြစ်နေမိ၏။
ကိုအေးမင်းက သူ၏ကားနှင့်အတူလိုက်ခဲ့ရန် ဉာဏ်လင်း
ကို ဖိတ်ခေါ်လေသည်။ ဉာဏ်လင်းတစ်ယောက် သူငယ်
ချင်းဖြစ်သူ၏အဖြစ်ကိုကြည့်ပြီး သူ့အလှည့်ရောက်လာ
မည်ကို စိုးသည့်အလား ရို ့ကျိုးစွာခေါင်းလေးငုံ့ပြီးလိုက်
ပါသွားလေတော့သည်။
ကိုအေးမင်းတပည့်များက ထိန်ဝင်းအောင်ခြေထောက်
၌ ကျောက်ခဲများထည့်ထားသော အိတ်ကြီးတွဲချည်လိုက်
ကာ ရေချောင်းထဲသို့ ပစ်ချလိုက်ကြသည်။
ထို့နောက် ၎င်းတို့၏ လှေသယ်သည့်ကား ရောက်လာ
သည်နှင့် လှေကို ပြန်သယ်သွားကြလေသည်။
ရေချောင်းထဲနစ်ကျသွားသော ထိန်ဝင်းအောင်မှာ သတိ
ရတစ်ချက်၊ မရတစ်ချက်ဖြစ်နေပြီး အသက်ရှုမရလာ
တော့ချေ။
မိမိသေရတော့မည်ဟု သိမြင်သွားသည့်အခါ ဘုရားကို
သာ အာရုံပြုထားမိတော့သည်။ ထိုစဉ်မှာပင် သူ၏ခြေ
ထောက်၌ချည်ထားသော ကြိုးက ရုတ်တရက် ပြေသွား
ခဲ့သည်။
သူ့အား တစ်စုံတစ်ယောက်က တွန်းကာတိုက်ကာ ကမ်း
စပ်သို့ကူးနေကြောင်း ခံစားသိရှိနေခဲ့သည်။ ထိုအချိန်
တွင် မြေပြင်ပေါ်မှအသံများက ရေအောက်ထဲထိတိုင်
ပျံ့လွင့်လာသည်။
မြစ်တစ်ဘက်ကမ်း၌ အသံများဆူညံနေသည်ကိုကြား
နေရသလိုလိုရှိသော်လည်း အိပ်မက်လိုသာဖြစ်နေပြီး သတိမေ့မျောသွားတော့သည်။
မြစ်တစ်ဘက်ကမ်း၌မူ ကြောက်ခမန်းလိလိအသံများ
ထွက်ပေါ်ေနပြီး ကောင်းကင်တစ်ခုလုံးမည်းမှောင်
၍ နေလေသည်။
ထိုအချင်းအရာအား သာမာန်လူတို့ သိရှိလိမ့်မည်မဟုတ်
ချေ။ လူတို့၏အမြင်တွင် မိုးကြီးကြီးရွာတော့မည်ဟုသာ
ထင်မြင်နေပေလိမ့်မည်။
" ဘုရားမရှိတော့ သူတို့တွေပျော်နေကြပြီ "
အဘိုးကြီးက တစ်ဖက်ကမ်းသို့ငေးကြည့်ရင်း ဝမ်းနည်း
စကားရေရွတ်နေ၏။ ပုံသဏ္ဍာန်အရွယ်အစားမျိုးစုံနှင့်
ကြောက်မက်ဖွယ် မကောင်းဆိုးရွားများမှာ လူ့ဘုံသို့
ဝမ်းသာအားရကူးလာကြချေပြီ။
ထိုမြင်ကွင်းအား စိတ်မသက်သာစွာကြည့်ပြီး အဘိုးကြီး
လည်း ထိုနေရာမှ ပျောက်ကွယ်သွားလေတော့၏။
ထိန်ဝင်းအောင်သတိရလာသည့်အခါ ထိုင်းလူမျိုးတို့
နေထိုင်သော ရွာလေးတစ်ရွာ၌ ဖြစ်နေသည်။ သတိရ
လာသည်နှင့် လူးလဲထလိုက်သည့်အခါ နောက်ကျော
ဘက်မှ စူးခနဲ တစ်ချက် နာကျင်သွားသဖြင့် မျက်နှာ
ရှုံ့မဲ့သွားမိတော့သည်။
သူ၏ဘေးတွင် အမျိုးသမီးကြီးတစ်ဦးက ထိုင်းဘာသာ
စကားဖြင့် ပြောနေသည့်အတွက် နားမလည်ဘဲဖြစ်နေ
ရလေသည်။
ထိုအမျိုးသမီးက စကားနားမလည်မှန်းသိရှိသည့်အခါ
ပြန်ထွက်သွားခဲ့သည်။ သိပ်မကြာခင်မှာပင် လူတစ်
ယောက်ကို ခေါ်လာလေ၏။
ထိုသူမှာမူ မြန်မာစကားကို ပြောတတ်သော်လည်း လုံးစေ့
ပတ်စေ့တော့ မဟုတ်ပေ။ ပြောဆို၍တော့ ရသည်။
" နာလား "
" ခင်ဗျာ "
ထိုသူက သူ၏ကျောဘက်ကို လက်နောက်ပြန် ပုတ်ပြ
ကာ ထပ်မေး၏။
" နာလား "
" အော် ... ဟုတ်ကဲ့ ... နာသေးတယ် ... "
ထိန်ဝင်းအောင်၏အဖြေကို နားထောင်ပြီး စဉ်းစားနေ
ဟန်တူသဖြင့် သဘောပေါက်သွားတော့သည်။
" သက်သာလားလို့မေးတာထင်ရဲ့ ... သက်သာလာပါ
ပြီဗျ "
ထိုအခါမှ ထိုသူလည်း ပြုံးပြပြီး ခေါင်းညိမ့်ပြလာသည်။
" ဟို ... ကျွန်တော်ဒီကို ဘယ်လိုရောက်လာတာလဲမသိ
ဘူး ... အစ်ကိုကယ်လိုက်တာလား "
" အင်း ... ရေထဲကျလို့ လာခေါ်တာ ... သူတို့ပစ်တယ်...
ဆိုးတယ် ... "
ထိုသူ၏စကားများကို နားလည်သလိုလို၊ နားမလည်
သလိုလို ဖြစ်နေ၍ ဆက်စပ်ကြည့်ရင်း အဓိပ္ပါယ်ဖော်
နေရသည်။
" ဟုတ် ... အစ်ကို ကယ်လိုက်လို့ တော်သေးတယ်ဗျာ ...
မဟုတ်ရင် ကျွန်တော်အသက်မရှင်နိုင်တော့ဘူး "
" ခွန်ကော် ခေါ်လာလို့ပြောတယ် ... စောင့်နေတာ ...
ပုန်းရတယ် ... "
" ဘယ်သူ့ကို ခေါ်တာလဲဗျ ... "
" ခွန်ကော် ... "
" ခွန်ကော် ကဘယ်သူလဲ ... အစ်ကိုလား "
ထိန်ဝင်းအောင်နှင့် ထိုသူမှာ စကားသာပြောနေရသည်
ဆိုလိုချင်သော အဓိပ္ပါယ်ကို နှစ်ယောက်လုံး မနည်း
လိုက်စဉ်းစားနေရလေသည်။
ထိုအချိန်တွင် အသက် ( ၄၅ ) အရွယ်ခန့်ရှိ လူတစ်ယောက်
ဝင်လာတော့သည်။ ထိုသူမှာတော့ မြန်မာစကားကို ပို၍
ပြောနိုင်သဖြင့် ထိန်ဝင်းအောင် ဝမ်းသာသွားမိတော့
သည်။
" ငါ့ နာမည် ခွန်ကော်လို့ခေါ်တယ် ... နင့်နာမည်ဘယ်လို
ခေါ်လဲ "
" ကျွန်တော်က ထိန်ဝင်းအောင်လို့ ခေါ်ပါတယ်ဗျ "
" ထန်ဝမ်းအော် .... "
" ဟုတ်ကဲ့ ထိန်ဝင်းအောင်ပါ "
" မြစ်ဟိုဘက်က သေတ္တာကို မယူဖို့ငါတားတယ် ...
သူတို့ကတားမရဘူး ... ယူမယ်တဲ့ ... ငါလည်း စောင့်
ကြည့်နေရတာ ... လှေထွက်ပြီဆို အဲ့နေရာမှာ သွား
စောင့်တယ် ... ဘယ်သူ့မှ သေတ္တာမယူနိုင်ကြဘူး ...
နင်တို့ပဲ ယူလာနိုင်ခဲ့တာ "
" ဟုတ်ပါတယ် ... ကျွန်တော်မယူတော့ဘဲ နေတာပါ...
ဒါပေမယ့် သူတို့ သေတ္တာရသွားတယ်ဗျ ... အဲ့ဒီသေ
တ္တာကို ပြန်ယူပြီး သူ့နေရာသူပြန်ထားမှဖြစ်မှာ ... အစ်
ကို ကျွန်တော့်ကို ကူညီပေးပါလားဗျာ "
ခွန်ကော်က သက်ပြင်းချနေသည်။
" သူတို့ဆီရောက်သွားရင် ယူဖို့မလွယ်တော့ဘူး ...
သူတို့က ပစ်သတ်မှာ "
ခွန်ကော်ပြောမှ ထိန်ဝင်းအောင်လည်း သူ့နောက်ကျော
မှ စူးခနဲ နာနေသည်ကို သတိရသွားတော့သည်။
" မတတ်နိုင်ဘူးပေါ့ဗျာ ... နည်းလမ်းရှာရမှာပေါ့ ...
ကျွန်တော်ကသေလူပဲ ... "
" ငါတို့အဖွဲ့ဖွဲ့ရမယ် ... "
" အဖွဲ့ ... ဘာလို့လဲဗျ "
" သေတ္တာပြန်ယူဖို့လေ ... နင့်တစ်ယောက်ထဲ မလုပ်နိုင်
ဘူး ... "
" ဟုတ်ကဲ့ ... "
" ဒီညကစပြီး အားလုံးသတိနဲ့နေကြတော့ ... မကောင်း
ဆိုးရွားတွေ ရောက်လာတော့မယ် ... ညမှောင်တာနဲ့ ဘယ်
သူမှ အပြင်မထွက်ကြနဲ့တော့ "
" ဒါတွေဘယ်လိုသိတာလဲဗျ ... နောက်ပြီးဘယ်လောက်
အထိသိထားတာလဲ "
ခွန်ကော်က ထိန်ဝင်းအောင်ကိုကြည့်လိုက်ပြီး
" ငါနဲ့လိုက်ခဲ့ " ဟု ခေါ်သွားလေသည်။
ခွန်ကော်ခေါ်ရာနောက်သို့ လိုက်ရန်အားတင်းပြီး ထရပ်
ကြည့်သည်။ နောက်ကျောဘက်က စူးနေသော်လည်း
လမ်းလျှောက်၍ ရနေသဖြင့် လိုက်ပါသွားတော့၏။
ထိုင်းရွာလေးက အတော်တိတ်ဆိတ်အေးချမ်းလှသည်။
ကလေးငယ်အချို့မှာ သစ်ပင်ရိပ်ကြီးတစ်ပင်အောက်
၌ မြူးတူးခုန်ပေါက်နေကြသလို၊ အချို့ကလေးများက
ထိန်ဝင်းအောင်ကို လိုက်ကြည့်နေကြသည်။
အတော်အတန်လျှောက်လာပြီးသည့်အခါ အိမ်တစ်အိမ်
ရှေ့တွင် ခွန်ကော်ကရပ်လိုက်ပြီး အိမ်ထဲဝင်ရန်ခေါ်လေ
သည်။
ထိုအိမ်၏အပြင်အဆင်ကိုမြင်သည်နှင့် ခွန်ကော်မှာ
ထိုင်းလူမျိုးတို့၏ အထက်လမ်းဆရာတစ်ယောက်ဖြစ်
ကြောင်းကို ခန့်မှန်းသိရှိလိုက်သည်။
" အစ်ကိုက မကောင်းဆိုးရွားတွေနှင်တာလား "
ခွန်ကော်က တည်ငြိမ်စွာပြုံးပြနေသည်။ အိမ်ထဲသို့
ဝင်လိုက်သည့်အခါ ပက်လက်ကုလားထိုင်လေးပေါ်
၌ ထိုင်နေသော အသက် ( ၄၀ ) ဝန်းကျင်ခန့် လူတစ်
ယောက်ကို ထပ်မံတွေ့လိုက်ရသည်။
ထိုသူကို ထိန်ဝင်းအောင်က ပြုံးပြနှုတ်ဆက်လိုက်သော်
လည်း ပြန်လည်မပြုံးပြ၊ မနှုတ်ဆက်ချေ။ သေချာကြည့်
လိုက်မှ ထိုသူသည် မျက်စိအလင်းကွယ်နေသောသူဖြစ်
ကြောင်း သတိပြုမိတော့သည်။
" ဒါငါ့မောင်လေး ... "
ခွန်ကော်က ယောကျာ်းလေးအသုံးအနှုန်းဖြစ်သော ညီလေးဟုမသုံးဘဲ မောင်လေးဟု သုံးနှုန်းလိုက်၍ ထိန်ဝင်း
အောင်သဘောကျသွားသည်။
" သူမြစ်ကပြန်လာပြီး မျက်လုံးမရှိတော့ဘူး ...စကား
မပြောတာလည်း ၅ နှစ်ကျော်ပြီ ... "
" ဗျာ "
ထိန်ဝင်းအောင်လည်း အတော်ေလးအံ့ဩသွားမိလေသည်။ နောက်မှ မျက်စိမမြင်ကြောင်းပြောခြင်းဖြစ်
မည်ဟု နားလည်မိတော့သည်။
" သူက စာနဲ့ရေးပြတယ် ... "
ထို့နောက် စာရွက်အချို့ကို ထုတ်ပြလာသည်။ စာရွက်
ပေါ်တွင် ထိုင်းစာများက မညီမညာ ပြန့်ကျဲ၍ နေ၏။
ထိုစာများကို ထိန်ဝင်းအောင် မဖတ်တတ်ပေ။
" သူရေးထားတာ မကောင်းဆိုးရွားတွေ ရေထဲကနေ
ပေါ်လာပြီးတော့ ရေအောက်ကိုဆွဲချပစ်တယ်တဲ့ ...
မကောင်းဆိုးရွားက မိန်းမတစ်ယောက်လို့ ရေးထား
တယ် "
" အဲ့ဒါ ရေသရဲမဗျ ... သူကဒိုက်ပေါ်ထိုင်ပြီး သီချင်းဆို
နေတာရော ရေးထားသေးလား "
ခွန်ကော်က ရေးထားကြောင်း ခေါင်းညိမ့်ပြလေသည်။
" သူနဲ့ သူ့သူငယ်ချင်းတွေ သွားကြတာ ... အကုန်သေ
ကုန်ကြတယ် ... သူ့တစ်ယောက်ပဲ လွတ်လာတယ် ...
ပြန်ရောက်တော့ ချိုက်တို့ဆီ ငါသွားပြောတယ်... ငါ့မောင်
လေး မျက်လုံးမရှိတော့ဘူး ... စကားမပြောတော့ဘူး...
သူတို့က ငါ့ကိုမောင်းထုတ်ကြတယ် ... သူတို့ဆီထပ်လာ
ရင် သတ်မယ်လို့ခြိမ်းခြောက်တယ် ... ငါ့မောင်လေးက
စာရေးပေးတယ်... သေတ္တာမယူဖို့တားပေးတဲ့ ... ငါဘယ်
သူ့ကိုတားရမှာလဲ ... နောက်ထပ်သူရေးပြတယ် ... သေ
တ္တာယူလိုက်ရင် သရဲတစ္ဆေတွေ မကောင်းဆိုးရွားတွေက
ဒီကိုရောက်လာကြလိမ့်မယ်တဲ့ ... ငါတို့အကုန် ဒုက္ခဆိုး
တွေ့လိမ့်မယ်တဲ့ ... ဒါကြောင့် ငါဒီပညာကိုသင်ခဲ့တာ...
သူတို့ကတော့ လူအသစ်ရှာပြီး လှေအမြဲထွက်တယ် ...
ငါလည်းရသလောက်တားတယ် ... တားမရဘူး ... ငါသိ
သလောက်ဆို သွားတဲ့လူတွေ ပြန်လာတာ မတွေ့ရဘူး ...
ပြန်လာနိုင်တာ ... နင်နဲ့သူနဲ့ပဲရှိတယ် ... "
" ကျွန်တော့်သူငယ်ချင်းလည်းရှိသေးတယ် ... သူက
မကောင်းဘူးဗျာ ... ကျွန်တော့်ကို သစ္စာဖောက်သွား
ပြီ "
ခွန်ကော်က စိတ်မကောင်းစွာကြည့်ရင်း ထိန်ဝင်းအောင်
ပုခုံးကို ကိုင်ကာ ပြောသည်။
" အိုက်နဲ့ချိုက်က သဘောကောင်းတယ်ထင်လို့လား "
" ခင်ဗျာ ... "
" နင့်သူငယ်ချင်းကို မသတ်ဘဲခေါ်သွားတာ ... သေတ္တာ
ရောင်းရင် ဝယ်တဲ့သူရှေ့ ကျည်စမ်းမလို့ "
ထိန်ဝင်းအောင်မှာ မျက်လုံးများပြူးကျယ်သွားရတော့
သည်။
" ဝယ်တဲ့သူနဲ့မတွေ့ခင်တော့ သူ့ကို ကောင်းကောင်းထား
မှာပါ "
" ဒါဆို ... "
ထိန်ဝင်းအောင်မှာ ဉာဏ်လင်းအတွက် စိတ်ပူသွားမိ
သည်။
" နင့်အပေါ်မှ မကောင်းတာ ... သူဘာဖြစ်ဖြစ် မစဉ်းစား
နဲ့ ... အရေးကြီးတာက သေတ္တာပြန်ထားနိုင်ဖို့ပဲ "
ထိန်ဝင်းအောင်က ရင်ထဲမကောင်းသော်လည်း သူကယ်
နိုင်စဉ်က ကယ်တင်ခဲ့ပြီးပြီ၊ ယခုအခါ မိမိကိုယ်ကိုတိုင်
တောင် အသက်ဘေးမှ ကံသီ၍လွတ်ခဲ့ရသည်ဟု ပြန်
လည်ဖြေသိမ့်နေတော့သည်။
" ခွန်ကော် "
မိန်းမတစ်ယောက်အသံစူးစူးဖြင့် အော်ရင်း ပြေးဝင်
လာသဖြင့် ထိတ်ခနဲဖြစ်သွားကြတော့သည်။
ခွန်ကော်ကို ထိုအမျိုးသမီးက ငိုရင်း ပြောနေသဖြင့်
ထိန်ဝင်းအောင်လည်း ဆိတ်ဆိတ်နေပြီး နားထောင်နေ
လိုက်သည်။
ထိုအမျိုးသမီးက လက်ညိုးလေးညွှန်ကာညွှန်ကာနှင့်
ပြောလိုက် ငိုလိုက်လုပ်နေ၏။ ထို့နောက် ခွန်ကော်ကို
ခေါ်နေဟန်ရသည်။
" သူတို့ရောက်လာကြပြီ "
" ဘယ်သူလဲဗျ "
" မြစ်ကအကောင်တွေ "
ထိန်ဝင်းအောင်မှာ အလန့်တကြား ထရပ်လိုက်မိသည်။
" ဘယ်လိုဖြစ်ကြတာလဲ "
" သူ့သမီးကို မကောင်းဆိုးရွား ဆွဲသွားလို့ ခုလိုက်ရ
မယ် "
" ကျွန်တော်လည်းလိုက်မယ် "
ခွန်ကော်က မလိုက်စေလို။ သူ့ညီကို စိတ်ချဟန်မတူ
ပေ။
" အားနာပေမယ့်... ငါ့မောင်လေးကို ကြည့်ပေးထား
မလား "
" ရပါတယ် ... ဒီမှာစောင့်ပေးပါ့မယ် "
ထိုအခါမှ လာခေါ်သော အမျိုးသမီးနှင့် အတူ သွား
လိုက်ကြတော့သည်။
ထိန်ဝင်းအောင်မှာမူ ရင်တထိတ်ထိတ်နှင့် ကျန်နေရစ်
လေ၏။
" ခွန်ကော် "
" ဘယ်ကိုဆွဲသွားတာလဲ "
" ဟိုဘက် "
ရွာသားအချို့က တောအုပ်ဘက်ကို ညွှန်ပြနေကြသည်။
ခွန်ကော်နှင့်အတူ ရွာသား လေးငါးရှစ်ယောက်က တော
အုပ်သို့ ဝင်သွားကြလေသည်။
ရာသီဥတုမှာ မနေ့ကအထိနေသာနေရာမှ ယခုနေ့တွင်မူ
မှိုင်းအုံ့၍နေ၏။ တိမ်မည်းကြီးများက အာကာတခွင်လုံး
ဖုံးထားသည့်နှယ် အုံ့ဆိုင်းပြီး ချမ်းစိမ့်စိမ့်ဖြစ်နေစေသည်။
ခွန်ကော်တို့မှာ တောစပ်မှ အတွင်းဘက်သို့ ချဉ်းကပ်
လာကြသည်။
အသံတစ်မျိုးကြားလိုက်ရသဖြင့် အသံလာရာဆီသို့ သွားကြသည့်အခါ ကြောက်မက်ဖွယ်အဆင်းရှိသော လူနီကြီးနှင့် သူ့ဘေးတွင် ပြန့်ကျဲနေသော လူ့ခန္ဓာကိုယ်အစိပ်အပိုင်းအချို့ကို တွေ့လိုက်ကြရသဖြင့် ထွက်ပြေးကြတော့သည်။
ထိုနေရာ၌ ခွန်ကော်နှင့် ရွာသား နှစ်ယောက်သာ ကျန်
ရှိခဲ့တော့၏။ ခွန်ကော်မှာ သူ၏ အင်္ကျီတွင်းမှ အင်းပုံ
ဆွဲထားသောစာရွက်များနှင့် လူနီကြီးကို ကပ်လိုက်
သည်။
သို့သော် လူနီကြီးက ထိုစာရွက်ကို လုံးချေလိုက်ပြီး
ခွန်ကော်ကို လိုက်ဖမ်းတော့သည်။
ခွန်ကော်ကလည်း တစ္ဆေသရဲနိုင်သည်ဟု ယူဆထား
သော အင်းများ၊ စာရွက်များနှင့် ပြန်ခုခံခဲ့သည်။ မည်
သည့် အဆောင်မှ မစွမ်းချေ။
ခွန်ကော်၏ လျင်မြန်မှုကြောင့် လူနီကြီးက ဖမ်းမမိဘဲ
ဖြစ်နေသဖြင့် ဒေါသထွက်နေလေသည်။ ထို့နောက် ကျန်
ရွာသားနှစ်ယောက်ဘက်လှည့်ကာ လိုက်ဖမ်းပြန်သည်။
ရွာသားများကလည်း ထွက်ပြေး၏။ လူနီကြီးကအနောက်
ကလိုက်ဖမ်းရင်း တစ်ယောက်ကိုမိသွားတော့သည်။
ထိုသူကို ရင်ဘတ်မှ နှစ်ခြမ်းဆွဲဖြဲပစ်ကာ နှလုံးကို ဆွဲ
ယူထုတ်စားပစ်လိုက်သည်။
ခွန်ကော်လည်း မနိုင်တော့မှန်းသိသဖြင့် ထိုနေရာမှ ပြေး
လာခဲ့ရတော့သည်။
ခွန်ကော်၏အိမ်၌ ကျန်ရစ်သော ထိန်ဝင်းအောင်မှာ
ခွန်ကော်၏ညီအား မေးမြန်းလိုသော်လည်း ဘာသာ
စကားကမကျွမ်း၊ ထိုင်းစာလည်းမဖတ်တတ်၊ ထိုသူကလည်း စကားမပြောနိုင် ဖြစ်နေသဖြင့် ငုတ်တုတ်သာ
ထိုင်နေမိသည်။
ထိုစဉ် ခွန်ကော်၏ညီက ဝူးဝူးဝါးဝါး အော်လာပြီး စာ
ရွက်ကို ညွှန်ပြလာသည်။ ထိန်ဝင်းအောင်လည်း စာရွက်
ယူပေးလိုက်၏။
သူက စာရေးရန်ဘောလ်ပင်ထပ်တောင်းသဖြင့် ထပ်
ယူပေးရသည်။ ဘောလ်ပင်ရသောအခါ စာရွက်ပေါ်
စာများရေးချနေသည်။
စာလုံးများက အစီအစဉ်မကျဘဲ ကြီးလိုက်ငယ်လိုက်
ဖြစ်နေကာ ဟိုနေရာ ဒီနေရာအနှံ့ ရောထွေးကုန်သည်ကို
တွေ့လိုက်ရသည်။
ထို့ကြောင့် စာရေး၍ အဆင်ပြေစေရန် ဘေးမှ နေရာညွှန်
ပေးသည့်အခါ အနည်းငယ်အဆင်ပြေသွားရသည်။
အိမ်တံခါးဆွဲဖွင့်လိုက်သံကြောင့် လန့်ပြီးကြည့်လိုက်မိ
သည်။ ခွန်ကော်မှာ ချွေးများရွှဲနစ်နေပြီး မောဟိုက်နေ
ရှာသည်။
" ဘာတွေဖြစ်ခဲ့တာလဲ "
" လူနီကြီး အကြောင်း သိလား ... သူနဲ့တွေ့ခဲ့လား "
ထိန်ဝင်းအောင်က ခေါင်းခါရမ်းပြရင်း ပြန်ဖြေလိုက်
သည်။
" လူနီကြီးဆိုတာ မရှိပါဘူး ... တွေ့လည်းမတွေ့ခဲ့ဘူး ..."
" သူဘာရေးထားတာလဲ "
ခွန်ကော်က သူ့ညီ၏လက်ထဲမှစာရွက်ကိုယူကာ ဖတ်
ကြည့်နေသည်။
" သူတို့ပေါင်းသွားကြတာ ... "
" ဘယ်လိုကြီး "
" အင်အားနည်းတဲ့ မကောင်းဆိုးရွားတွေက တစ်ကောင်
နဲ့တစ်ကောင်ပေါင်းလိုက်တာ ... အဲ့လိုပေါင်းလို့ မကောင်း
ဆိုးရွားအသစ်တွေဖြစ်လာတာပဲ "
" ဗျာ ... အကောင်ကြီးတွေရောလား "
" သူတို့ကတော့ မပေါင်းဘူး ... အားနည်းတဲ့ မကောင်း
ဆိုးရွားတွေပဲပေါင်းတာ ... ဒါကြောင့် ငါဘယ်ဟာနဲ့မှ
မနိုင်တာပဲ "
" အစ်ကို မနိုင်ဘူးဆို ဘယ်လိုလုပ်ကြမလဲ "
" သေတ္တာပြန်ထားမှ ရမှာ "
" ကျွန်တော်သွားယူမယ် "
" ခုသွားလို့မရဘူး ... အသတ်ခံရလိမ့်မယ် "
" ဘယ်လိုလုပ်ရမလဲမသိတော့ဘူးဗျာ "
" သေတ္တာက အိုက်ဆီမှာပဲရှိမယ် ... "
" အိုက်ကဘယ်သူလဲဗျ "
" နင့်ကိုသတ်ခိုင်းတဲ့လူလေ "
" အော် သူက အိုက်လား ... မြန်မာနာမည် ကိုအေးမင်း
ဆိုတော့ မသိဘူးဖြစ်သွားတာ "
ခွန်ကော်က ထိန်ဝင်းအောင်ကို ထိုင်စေပြီး
" နင်မြစ်မှာတုန်းက အဘိုးတစ်ယောက်ကို တွေ့ခဲ့လား "
" တွေ့တယ် "
" သူ့ကိုအကူအညီတောင်းရမယ် "
" ဘယ်လိုရှာမှာလဲဗျ "
" ရှာဖို့ကငါ့တာဝန်ထား ... သူ့အကူအညီနဲ့ အိုက်အိမ်ကို
ဝင် ... သူ့တပည့်တွေကို လမ်းလွဲဖို့ တခြားသူတွေလုပ်
လိမ့်မယ် "
" ကျွန်တော်ဝင်ရမှာလား "
" နင်ဝင်မှရမယ် ... ချိုက်မွေးထားတဲ့အကောင်ကို တခြား
သူမမြင်ရဘူး ... သူက အိုက်ကို စောင့်ရှောက်ပေးနေမှာ..."
" ချိုက်မွေးထားတဲ့အကောင် "
ထိန်ဝင်းအောင်မှာ တစ္ဆေကြီးကို သတိရသွားတော့သည်။
" သူက အဲ့လောက်မဆိုးပါဘူး "
" နင့်ကိုဘာမှမလုပ်တာ ... သေတ္တာသွားယူနေလို့ ...
အခုပြန်တွေ့ရင် ပြောင်းလဲနေလိမ့်မယ် ... "
" ထားပါတော့ ... ဘာပဲဖြစ်ဖြစ် သေတ္တာကို ရအောင်ယူ
ရမှာပဲ "
" အမြဲမှတ်ထားဖို့က ... အိုက်အိမ်မှာ မကောင်းဆိုးရွား
တွေလိုဆိုးတဲ့ လူတွေရှိတယ်ဆိုတာပဲ "
" အဲ့ဒါတော့ သတိထားရမယ်ဗျ ... ကျွန်တော် သူတို့ကို
နိုင်တော့နိုင်မှာမဟုတ်ဘူး "
" အဘိုးက နင်ဝင်လာတာ သူတို့မမြင်အောင် ကာကွယ်
ပေးနိုင်တယ် ... ချိုက်မွေးထားတဲ့အကောင်ကတော့
မြင်မှာပဲ ... အဲ့ဒါကြောင့်နင်ဝင်မှရတာ ... "
" ဟုတ် ... သူတို့ကလူဘယ်လောက်လောက်ရှိနိုင်လဲ "
" အများကြီးပဲ ... အိုက်အိမ်မှာ လျှို့ဝှက်အခန်းရှိ
တယ် ... အဲ့အခန်းမှာ ရှေးဟောင်းဘုရားတွေအများ
ကြီး... နိုင်ငံပေါင်းစုံကဘုရားတွေရှိတယ် ... နင်တို့ဆီ
က ဘုရားကအများဆုံးပေါ့ "
" သူတို့ကဘာလုပ်တာလဲဗျာ "
" သူတို့အဓိက ရောင်းဝယ်တာ ရှေးဟောင်းဘုရားတွေပဲ...
နင်နားလည်အောင်ပြောရရင် ဘုရားခိုးဂိုဏ်းပေါ့ ... "
" ဗျာ "
ထိန်ဝင်းအောင်မှာ ယခုမှ မျက်လုံးပြူးကျယ်ပြီး ထိတ်
လန့်သွားတော့သည်။
သူကြားသိထားသလောက် ထိုဂိုဏ်းများထဲ အဝင်သာ
ရှိပြီး အထွက်မရှိဟု သိထားသည်မဟုတ်လော။
ဘုရားခိုးဂိုဏ်းသားများနှင့် ထိပ်တိုက်တွေ့ရမည့်အပြင် မကောင်းဆိုးရွားရန်ကလည်း ရှိသေးသည်။ တွံထွေးကိုသာ မြိုချလိုက်မိလေတော့၏။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory