
ရာသီဥတုက မှိုင်းအုံ့နေသလိုလို၊ မိုးပြိုတော့မလိုလို၊
အဖြူအမည်းရောင်ခပ်များများ လွမ်းမိုးနေသော ပတ်
ဝန်းကျင်တစ်ခုသို့ အောင်သူရ ရောက်ရှိနေခဲ့သည်။
ခပ်ရေးရေးမြင်နေရသော လူသွားလမ်းအတိုင်း လျှောက်
နေမိရင်း နားမလည်နိုင်စွာဖြစ်နေခဲ့ရ၏။ ယခုနေရာသည်
မည်သည့်နေရာနည်း။ သူတခါမှ စိတ်ပင်မကူးမိသော နေရာဒေသတစ်ခုပင်။
" ကိုကြီး "
သူ့အနောက်ဘက်ဆီမှ လေသံတိုးတိုးနှင့် ခေါ်လိုက်သံကို
ကြားလိုက်သဖြင့် ကမန်းကတန်း အမြန်လှည့်ကြည့်လိုက်
မိသည်။
အောင်သူရမှာ မိမိမျက်လုံးများကို မယုံနိုင်သလို ဖြစ်သွား
ရ၏။ ရင်ထဲ၌လည်း လွန်စွာပင် ထိတ်လန့် တုန်လှုပ်နေမိ
သည်။
သူ့ကို ခေါ်လိုက်သူကား သူကိုယ်တိုင်ဖြစ်နေသောကြောင့်
ပင်။ တဆက်တည်းတွေးမိလိုက်သည်မှာ သူရောက်နေ
သောနေရာသည် parallel universe များပင်လော။
သူနှင့်ချွပ်စွပ်တူနေသောသူက သူ၏ပုံစံအတိုင်းတော့
မဟုတ်။ ဆံပင်ပုံမတူ၊ ဝတ်ပုံစားပုံမတူချေ။ ထိုသူက
သူ့ထက် ဆံပင်ရှည်ပြီး အဝတ်အစားများက ပို၍ စတိုင်လ် ကျသည်။
" မေမေ့ကို သွားကြည့်ပေးပါအုံး ကိုကြီးရာ ... မေမေ
အရမ်းဝမ်းနည်းနေတယ်ဗျ ... "
အောင်သူရမှာ နားမလည်စွာငေးကြည့်နေစဉ်မှာပင် ဇော
ချွေးများပျံပြီး လန့်နိုးလာခဲ့တော့သည်။ မျက်လုံးဖွင့်
ကြည့်လိုက်သည့်အခါ သူ၏အိပ်ခန်းထဲ၌ ရှိနေကြောင်း
သိရသဖြင့် စိတ်အေးသွားသလို ဖြစ်သွားမိ၏။
သို့သော်လည်း ထင်ထင်ရှားရှားမြင်မက်ခဲ့သော အိပ်
မက်လိုလို၊ တကယ်လိုလို အရာကြီးအား မေ့ပျောက်ပစ်
ရန်မလွယ်နေပေ။
ဖုန်းကိုကောက်ကိုင်ရင်း အချိန်ကြည့်လိုက်ရာ မနက်လေး
နာရီအတိ။ အပေါ့အပါးသွားဖို့ ထရင်း မိခင်ဖြစ်သူအိပ်
စက်ရာ အိပ်ခန်းသို့ တစ်ချက်စောင်းငဲ့ကြည့်လိုက်လေ
သည်။
ချိတုံချတုံနှင့် ခပ်ဟဟပွင့်နေသည့် အခန်းတံခါးအား
အသာလှပ်ကြည့်လိုက်၏။ မိခင်ဖြစ်သူ ဒေါ်မြသွေးမှာ
ဖခင်အားကျောပေးကာ အိပ်မောကျနေသည်ကို တွေ့
မြင်ရသဖြင့် ပြန်လှည့်ထွက်လာခဲ့သည်။
အိပ်မရတော့သဖြင့် မျက်နှာသစ်ပြီး စာကြည့်စားပွဲရှေ့
ဝင်ထိုင်လိုက်သည်။ အောင်သူရက ကိုရီးယားဘာသာ
စကားကိုသင်ယူနေသူဖြစ်ပြီး ကိုရီးယားနိုင်ငံ၌ အလုပ်
အကိုင်ရရန် ကြိုးစားနေသူတစ်ယောက်ပင်။
သူ့ဘဝတက်လမ်းအတွက်ဆိုသော်ငြား စင်စစ်မှာမူ အိမ်
အတွက် ပုခုံးပြောင်းတာဝန်ထမ်းချင်၍ဖြစ်၏။ ကုမ္ပဏီ
၌ အလုပ်ဝင်ရောက်နေသော်လည်း ရသည့်လစာမှာ စား
လောက်ရုံ၊ သုံးလောက်ရုံသာရသည်။
မိဘနှစ်ပါးအား များများစားစား မထောက်ပံ့ပေးနိုင်ခဲ့။
၎င်းတို့မိသားစုက ကြွယ်ဝသူများလည်းမဟုတ်ကြ။ သာ
မာန်လူလတ်တန်းစားသာဖြစ်သည်။
ဦးအောင်မင်းရှိန်နှင့်ဒေါ်မြသွေးတို့မှာသားသမီးများများစားစားမထွန်းကားဘဲ အောင်သူရ တစ်ယောက်သာရှိ
လေသည်။ ထို့ကြောင့်လည်း တစ်ဦးတည်းသော သားလေးကို အချစ်ပိုကြသည်။
Super Lan သို့သွားရန်နှိပ်ပါ
သူကလည်း မိခင်နှင့်ဖခင်ကို ကောင်းကောင်းမွန်မွန်ပြည့်
ပြည့်စုံစုံထားချင်လှသည်။ အိမ်ပိုင်ယာပိုင်လည်းမရှိကြသေး။ လုံးချင်းအိမ်လေးကိုငှားနေနေရဆဲသာ။ အထူးသ
ဖြင့် မိခင်ဒေါ်မြသွေးကို အိမ်ကောင်းကောင်းဝယ်ပေးချင်သည်။
ဖခင်ဖြစ်သူက အိမ်ပွဲစား၊ ကားပွဲစား လုပ်သည်။ ပွဲစားအလုပ်ဖြစ်၍ ရသည့်အခါလည်းရ၊ မရသည့်အခါကများ၏။
မိခင်ဒေါ်မြသွေး၏ ဈေးဆိုင်လေးရှိ၍သာတော်သေးသည်။ ဒေါ်မြသွေးက ဈေးထဲ၌ ကုန်ခြောက်ဆိုင်လေးဖွင့်ထားသဖြင့် ပုံမှန်ဝင်ငွေတော့ရှိသည်ဆိုရမည်။
ကိုယ်ပိုင်အိမ်မရှိသဖြင့် အိမ်အလီလီပြောင်းရတိုင်း ဒေါ်
မြသွေးခမျာ အတော်ပင်ပန်းရလေသည်။ သူမကကုန်
ခြောက်ဆိုင်မှ ကုန်ပစ္စည်းပေါင်းများစွာတို့အား ကတ်ဖာများ၊ ထင်းရှုးသေတ္တာများနှင့် လှောင်ထားတတ်သည်။
အိမ်ပြောင်းပြီဆိုလျှင် ထိုကုန်များကိုသယ်ရသည်က
ဝန်ထုပ်ကြီးတစ်ခုပင်။ အလုပ်သမားများ သယ်ယူရွေ့
စဉ် ပျက်စီးရသည်ကအခါခါ။ ထိုအခါမျိုး၌ ဒေါ်မြသွေးက အလွန်ညည်းတတ်သည်။
" ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့ ဘယ်တော့များမှနေရပါ့မလဲ
... အိမ်ပိုင်ရှိတဲ့သူတွေကို အားကျလိုက်တာ ... ငါတို့မှာ
တော့ အိမ်ရှင်ကလခတိုးရင်...မကြည်ရင် ... ပြောင်းပေး
ရတာနဲ့ ဖားရတာနဲ့ ... ဘဝအကျိုးပေးမကောင်းပါဘူး
ဟယ် "
ထိုသို့ညည်းတိုင်း အောင်သူရမှာ စိတ်မကောင်းချေ။
တနေ့ မိခင်အတွက် အိမ်ကောင်းကောင်းတစ်လုံး ဝယ်
ပေးနိုင်ရန် ကြိုးစားမည်ဟု တေးမှတ်ထားေတာ့သည်။
ထို့သို့ရည်မှန်းချက်များကြောင့် ရည်းစားသညှာလည်းမထားချင်ခဲ့။ အောင်သူရက သူများသားသမီးကိုပြည့်
ပြည့်စုံစုံမထားနိုင်ဘဲ မယူဟု တွေးသော်လည်း စင်စစ်မူ
သူ့ကိုယ်၌က နက်နက်ရှိုင်းရှိုင်းချစ်ရမည့်သူ မတွေ့သေး
ခြင်းက ပိုမှန်ပေမည်။
ထို့ကြာင့်လည်း အချစ်ရေးထက် မိသားစုအရေးကိုသာ
ဦးစားပေးခဲ့သည်။ နောင်တချိန် ချစ်ရမည့်သူတွေ့လျှင်
လည်းတွေ့၊ မတွေ့လည်း တစ်ကိုယ်တည်းဘဝဖြင့်သာ
အရိုးထုတ်တော့မည်ဟု ဆုံးဖြတ်ထားသူလည်းဖြစ်၏။
အတွေးများနှင့်ငေးငိုင်မိနေစဉ် အခန်းထဲမှ မိခင်ဖြစ်သူ
ထွက်လာသံကိုကြားလိုက်ရသည်။ ဒေါ်မြသွေးက မနက်
ငါးနာရီပုံမှန်ထနေကြဖြစ်၏။
မျက်နှာသစ်ပြီး ထမင်းအိုးတည်ကာ၊ မနက်စာအတွက်
ညကထမင်းကြမ်းကျန်လျှင် ကြော်ပြီး၊ မကျန်ပါက လမ်း
ထိပ်ဆိုင်မှ အကြော်စုံကောက်ညင်းပေါင်း ထွက်ဝယ်တတ်
စမြဲ။
" သားရေ ... ထမင်းကြော်လေး ပူတုန်းလာစားလိုက် "
သူ၏အခန်းဝ၌ အော်ခဲ့ပြီး ဘုရားဝတ်ပြုရန် ပြန်ထွက်
သွားလေသည်။ အောင်သူရလည်း စာကြည့်နေရာမှထကာ
ဆာလောင်နေပြီဖြစ်သော ဝမ်းမီးကိုဖြည့်ရန်အတွက် ထ
မင်းစားခန်းဆီသို့ ထွက်လာခဲ့တော့သည်။
စားပွဲပေါ်တွင် အငွေ့တထောင်းထောင်းထနေသော ကော်
ဖီပူပူတစ်ခွက်နှင့် ပဲပြုတ်ထမင်းကြော်တစ်ပန်းကန်၊ ဘာ
လချောင်ကြော်တစ်ခွက်ကို တွေ့လိုက်သဖြင့် အားရပါးရ
စားလိုက်လေသည်။
စားပြီးသောက်ပြီးပန်းကန်ဆေးနေစဉ် မိခင်ဖြစ်သူကလည်း ဘုရားဝတ်ပြုပြီး၍ ရောက်လာခဲ့သည်။
" သားရေ ... မေမေပြောဖို့မေ့နေတာ ... မနေ့က မကြီးသီ
တာနဲ့ စကားစပ်ရင်း သူတို့အိမ်နားက ကောင်လေးတစ်
ယောက်ကလည်း ကိုရီးယားမှာအလုပ်လုပ်တဲ့အကြောင်း
ပြောပြလာတယ် ... ပင်ပန်းလိုက်တာတဲ့သားရယ် ... ပိုက်
ဆံကတော့အတော်ရတယ်ဆိုပဲ ... ဝမ်ဆိုလား ... ယမ်ဆို
လား "
" ဝမ်ငွေပါမေမေရ ... "
" အေ ... အေ ... အဲ့ဒါသိန်းနဲ့ချီရသတဲ့နော် ... ဒါပေမယ့်
ကွယ် သူဌေးကမကောင်းလှဘူးပြောတယ် ... ငါ့သားလေး
ကို အဲ့လိုနဲ့ကြုံမှာ စိတ်ပူတယ် ... သားကသွားချင်လှချည်
ရဲ့ဆိုလို့သာ ခွင့်ပေးရတာ ... မေမေတော့ သားပင်ပန်းမှာ
ကြည့်ကိုမကြည့်ချင်ဘူး "
ဒေါ်မြသွေး၏ စိုးရိမ်တကြီးပြောဆိုနေပုံကိုကြည့်ကာ
အောင်သူရက ပြုံးနေလိုက်သည်။
" မေမေကလဲဗျာ ... အလုပ်လုပ်ပါတယ်ဆိုမှ သက်သက်
သာသာရှိမလား ... မေမေတောင် ခုသက်သာလို့လား ...
ဈေးနှုန်းတွေက တနေ့တမျိုးပြောင်းနေလို့ ဈေးတောင်
မရောင်းတတ်တော့ဘူးဆို ... "
" ဈေးရောင်းတာက ခေါင်းပူရပေမယ့် ကိုယ့်စီးပွားရေး
မဟုတ်လားသားရဲ့ ... မရောင်းချင် ပိတ်ထားလို့ရသေး
တယ် ... သူများအလုပ်ဆို ဘယ်ရပါ့မလဲ ... နောက်ပြီး
ကိုယ့်လူမျိုးလည်းမဟုတ် "
" စိတ်မပူပါနဲ့မေမေရာ ... သားအဆင်ပြေမှာပါ ... မေမေကသားအတွက် အမြဲတမ်း ကုသိုလ်လုပ် မေတ္တာပို့နေတာ
မဟုတ်လား ... မေမေ့မေတ္တာနဲ့ အလုပ်ကောင်းတာလေး
ရမှာ စိတ်ချ "
ဒေါ်မြသွေးကမူ မည်သည်မှမပြောဘဲ သက်ပြင်းသာချ
နေမိသည်။ သားဖြစ်သူအား ရေခြားမြေခြားသို့ ပို့ရမည်
ကို စိတ်မသက်သာနေပေ။
ခုချိန်ထိ အောင်သူရအပေါ် လသားကလေးငယ်အရွယ်
သာမြင်နေမိသည်။
" သားအမိနှစ်ယောက် ဘာတွေ အတင်းတုပ်နေကြတာ
တုန်း ... "
ဦးအောင်မင်းရှိန်ရောက်လာသဖြင့် ဒေါ်မြသွေးက မျက်
စောင်းခဲကာ ထမင်းကြော်ခူးပြီး ချပေးလိုက်၏။
" မေမေက ကိုရီးယားရောက်လို့ အလုပ်ရှင်ဆိုးနဲ့တွေ့မှာ
စိတ်ပူနေတာဖေဖေရေ ... အဆင်ပြေမှာပါပြောလည်း
နေ့တိုင်းဒါပဲပြောနေတယ် "
" မြရယ် ... သားကလူကြီးဖြစ်နေပါပြီကွ ... သူလုပ်နိုင်
မှာပါ ... သိပ်လည်းပူမနေစမ်းပါနဲ့ကွာ ... ဒီကောင်မရှိ
တော့ တို့လင်မယားနှစ်ယောက် ပျော်ပျော်ပါးပါး လည်
လို့တောင် ပိုကောင်းသေး ... အဟေး "
ဦးအောင်မင်းရှိန်က အရွှန်းဖောက်လိုက်သဖြင့် အောင်
သူရ မျက်နှာမဲ့သွားလေသည်။
" သားတစ်ယောက်လုံးရှေ့မှာတောင် ကလူကျီစယ်နေ
တာ ... တော်ပါပြီ နားရှက်စရာကြီး ... သွားတော့မယ် "
" ရှင့်မလဲနော် ... မပြောချင်ဘူး ... ဟွန့် "
" ဒီနေ့ အာရကေရမှာမြရ ... ပွဲတစ်ခုတိုက်ထားတာ
တည့်တော့မယ် "
" ပြောတာပါပဲရှင် ... ရလာမှ ရတယ်မှတ်မယ် ... ကဲ
ရော့ ... ကော်ဖီ "
အောင်သူရ သင်တန်းမှပြန်လာရင်း ဈေးသို့ဝင်လိုက်၏။မိခင်၏ဈေးဆိုင်လေးကို ပိတ်လျက်သားတွေ့လိုက်ရ
သဖြင့် အံ့ဩသွားမိသည်။
" ဘာဖြစ်လို့ပါလိမ့် ... အလှူသွားတာများလား "
မိခင်၏ဖုန်းဆက်ကြည့်သော်လည်း ဖုန်းမကိုင်ချေ။ ထို့
ကြောင့်ဖခင်၏ဖုန်းကိုဆက်လိုက်သည်။ ဖခင်ဖြစ်သူက
လည်း မကိုင်ပြန်။
" ဟင် ... ''
စိတ်ရှုပ်ထွေးစွာဖြင့် အိမ်သို့ပြန်လာခဲ့လိုက်တော့သည်။
အိမ်ရှေ့သို့အရောက် တောက်ပသစ်လွင်သော ကားတစ်
စီးရပ်ထားသည်ကို လှမ်းမြင်လိုက်ရ၏။
" ဧည့်သည်ရောက်နေတာကိုး "
အောင်သူရလည်း ထိုကားကို စူးစမ်းသလိုကြည့်ရင်း
အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်။ အိမ်ပေါက်ဝသို့ ရောက်
ရောက်ချင်း အိမ်ထဲမှ ငြင်းခုန်နေသံများအား ကြားလိုက်
ရသဖြင့် သူ၏ခြေလှမ်းများမှာ တုံ့ခနဲ ရပ်တန့်သွားမိလေ
သည်။
ခေါင်းနဘမ်းကြီးလာပြီး ရင်တစ်ခုလုံးမွှန်းကြပ်လာခဲ့ရ
၏။ မည်သို့မှမထင်မှတ်ထားသော စကားများက သူ၏
ရင်ကို ဗလောင်ဆူသွားစေသည်။
" လုံးဝလက်မခံနိုင်ဘူးလို့ပြောပြီးပြီလေ ... ရှင့်မျက်နှာ
ကိုမမြင်ချင်ဘူး ... ပြန်ပါတော့ "
မိခင်ထံမှ ထိုသို့ရင့်သီးကာ ဒေါသစွက်ဖက်နေသောစကား
သံများအား တခါမှ မကြားဖူးခဲ့ချေ။
" ခုချိန်ရောက်မှ အဟောင်းကအသစ်မဖြစ်ချင်ပါနဲ့တော့
မကြည်ပြာ ... သူတို့သားအမိကို ခွဲဖို့ကိစ္စက ဒီတစ်သက်
လုံးဝမဖြစ်နိုင်တော့ဘူးသာမှတ်ပါ "
ဖခင်ကလည်း အလွန်ဒေါသထွက်နေဟန်ရှိ၏။ ထိုအချိန်
မှာပင် ငိုသံစွက်နေသော တိုးလျလျအသံလေးကို ကြား
လိုက်ရပြီး ထိုအသံပိုင်ရှင်ကြောင့် အောင်သူရမှာ ရင်တစ်ခုလုံး နင့်နေအောင်နာကျင်သွားသကဲ့သို့ ဖြစ်ပေါ်သွားမိ
လေသည်။
MPT IPTV သို့သွားရန်နှိပ်ပါ
" ခုချိန်မှ လာရတဲ့အတွက်လည်း တောင်းပန်ပါတယ် ...
ကျွန်မကို သားလေးနဲ့ တစ်ခါလောက်ပဲ တွေ့ခွင့်ပေးပါ
ရှင် ... ရှိကြီးခိုးပါတယ် "
ထိုအသံပိုင်ရှင်၏စကားဆုံးသည်နှင့် ခွမ်းခနဲ ဖန်ခွက်
ရိုက်ခွဲသံနှင့်အတူ ဖခင်၏ ကျယ်လောင်ပေါက်ကွဲစွာ
ပြောဆိုသံများက ဟိန်းထွက်လာခဲ့၏။
" ဒီမှာ မကြည်ပြာ ... ကျုပ်ဘဝကို ခင်ဗျားလုပ်ချင်သလို
လုပ်လို့ရမယ်များထင်နေသလား ... ဟင် ... ကျုပ်ဘဝ
လေး ခုချိန်မှ အဆင်ပြေပြေနဲ့ သာယာစပြုလာတာပါ ...
ခင်ဗျားဖျက်လိုဖျက်ဆီးမလုပ်ချင်ပါနဲ့ ... ပြန်ပါ ... ခုပြန်
ပါ ... ခင်ဗျားကို နောက်ထပ်ဘယ်တော့မှ မတွေ့ချင်တော့
ဘူး ... "
" ကျွန်မကို ကြိုက်သလောက်မုန်းပါရှင် ... မုန်းစမ်းပါ ...
ဒါပေမယ့် ဘာမှအပြစ်မရှိရှာတဲ့ သားတွေကိုတော့ မမုန်း
လိုက်ပါနဲ့ရှင် ... "
" ရှင်စကားပြောဆင်ခြင်ပါရှင့် ... ရှင်ပြောနေပုံက ကျွန်မ
တို့ကပဲ ကလေးတွေကို မုန်းတီးပြီး အနိုင်ကျင့်နှိပ်စက်နေ
သလိုလိုဖြစ်နေပြီ "
" အဲ့လိုသဘောမျိုးမဟုတ်ရပါဘူးရှင် ... နောက်ကြောင်း
တွေကိုလည်း ထပ်မပြောချင်တော့ပါဘူး ... ကျွန်မကို
ကျွန်မသားလေးနဲ့သာ တစ်ခါလောက်ပေးတွေ့ပါလို့
တောင်းပန်ပါတယ် ... တောင်းဆိုပါတယ် ... သားတစ်
ယောက်ဆုံးရှုံးသွားတဲ့မိခင်အတွက် နည်းနည်းလေးဖြစ်
ဖြစ် ငဲ့ညာပေးကြပါ ... အဟင့် ... ဟီး "
ပြောရင်းချုံးပွဲကျငိုချနေသည့် အမျိုးသမီးအသံကြောင့်
အောင်သူရမှာ မျက်ရည်ဝဲတက်လာခဲ့သည်။ ထိုစကားများက အဘယ်အဓိပ္ပါယ်နည်း။
' ကျွန်မသားလေးနဲ့ ပေးတွေ့ပါ ' ဆိုသည်က မည်သည်
ကိုဆိုလိုခြင်းဖြစ်သနည်း။ အောင်သူရမှာ အိမ်ထဲအမြန်
ဝင်ကြည့်ရန် ပြင်ပြီးမှ တုံ့ခနဲ ခြေလှမ်းရပ်သွားရသည်။
မိခင်ဖြစ်သူဒေါ်မြသွေး၏ စကားသံကြောင့် အိမ်အကွယ်
သို့ပြေးထွက်ခဲ့မိ၏။
" ကျွန်မမှာ အမိမဲ့နေရှာလို့ အဟာရပြတ်နေတဲ့ လသားကလေးကို ချေးသေးကအစ သုတ်ပေးပြီး ကိုယ့်ဝမ်းနဲ့
လွယ်မွေးထားသလို ချစ်ခဲ့ရတာ ... စောင့်ရှောက်ခဲ့ရတာ ...
ပျိုးထောင်ခဲ့ရတာ ... ခုချိန်ရောက်မှ ကျွန်မသားပါ လာ
လုပ်နေတော့ ကျွန်မကိုသာ သတ်သွားပါတော့ရှင် ...သတ်
သွားကြပါတော့ ... အီး ...ဟီး ... ဟီး "
အောင်သူရနားထဲ ကြားခဲ့မိသောစကားများက ပဲ့တင်
ထပ်နေလေသည်။ ရင်တစ်ခုလုံးပွင့်ထွက်သွားသလိုခံ
စားနေရုံသာမက ခေါင်းတစ်ခုလုံးလည်း ချာချာလည်
နေခဲ့၏။
စိတ်ကိုတင်းထားသော်လည်း ဘယ်ဘက်ရင်အုံ၌ မီးစ
နှင့်အထိုးခံရသူပမာ ပူစပ်ပူလောင် ဖြစ်ပေါ်နေရပြီး မျက်
ရည်များကတားမရ ဆီးမရ စီးကျလာသည်။
အဖြစ်သနစ်အလုံးစုံကို သေချာစွာမသိသော်လည်း သေ
ချာသည်က သူသည် သားအရင်းမဟုတ်မှန်းဟူသော
အကြောင်းတရားပင်။
" မဖြစ်နိုင်တာ ... ဖေဖေနဲ့ငါနဲ့က သွေးအုပ်စုလည်းတူ
တယ် ... ရုပ်လည်းဆင်တာပဲ ... ငါက သားအရင်းသေ
ချာပါတယ် "
သူ့ကိုယ်သူအားပေးရင်း ဖြေသိမ့်နေမိသည်။ သို့သော်
ဇဝေဇဝါသာ။
အိမ်ထဲမှ ဆူဆူညံညံအသံများတိတ်ဆိတ်သွားပြီး ကား
စက်နှိုးသံကြားလိုက်မှ သတိပြန်ဝင်လာခဲ့သည်။ အသံ
ခပ်တိုးတိုးနှင့် နွမ်းလျလျပြောနေသော အမျိုးသမီး ပြန်
သွားပြီဖြစ်၏။
သူသည် ချက်ချင်းအိမ်ထဲမဝင်နိုင်သေးပေ။ ငိုထားသ
ဖြင့် မျက်လုံးများနီရဲနေမည်ကို သတိထားမိ၍ဖြစ်၏။
ထို့ကြောင့် အချိန်တစ်ခုကြာအောင် ငြိမ်သက်နေရသည်။
အိမ်ထဲ၌မူ ငိုသံသဲ့သဲ့နှင့်အတူ ပစ္စည်းရွေ့သံများကြား
နေရလေသည်။ ထိုစဉ် သူ၏ဖုန်းကမြည်လာသဖြင့်
ကမန်းကတန်း အသံပိတ်လိုက်ရသည်။
ဖခင်ထံမှ ပြန်ခေါ်လာသောသောဖုန်းဖြစ်၍ မည်သို့ပြန်ဖြေရ
မှန်း မစဉ်းစားတတ်တော့ချေ။ ဖုန်းကိုပြန်မဖြေဘဲ ထား
ထားရ၏။ နာရီဝက်ခန့်ကြာသောအခါမှ အောင်သူရ
လည်း ပုန်းအောင်းနေရာမှထွက်ကာ ယခုမှ အိမ်သို့ပြန်
ရောက်လေဟန် ပြုမူရတော့သည်။
အိမ်ထဲသို့ဝင်လျှင်ဝင်ချင်း သူ့မျက်လုံးက အထုပ်အပိုး
ဆီသို့ အကြည့်ရောက်သွားခဲ့၏။
" သားလေး ... မေမေ့သားလေး ... "
ဒေါ်မြသွေးမှာ ထိန်းထားသည့်ကြားက မျက်ရည်တစ်
ပေါက်ကျဆင်းလာခဲ့လေသည်။ အောင်သူရမမြင်စေရန်
တဘက်သို့အမြန်လှည့်ကာ သုတ်နေရှာသည်။ အောင်သူရကလည်း မသိချင်ဟန်ဆောင်နေပေးလိုက်၏။
" ဘာလုပ်နေကြတာလဲ မေမေ ... ဆိုင်ကိုသွားကြည့်သေး
တယ် ... ပိတ်ထားတာရော "
" အင်း ... မင်းအမေက အိမ်ပြောင်းမလို့တဲ့ကွာ "
" ဗျာ ... ဘာဖြစ်လို့လဲ "
" မေမေဒီအိမ်မှာ ဆက်မနေချင်လို့ပါသားရယ် "
" ပြောတော့အဆင်ပြေတယ်ဆို ... ဘာလို့ပြောင်းမှာလဲ
မေမေရ "
ဒေါ်မြသွေးမှာ ယခုအိမ်ကို အလွန်သဘောကျသူဖြစ်
သည်။ ဈေးနှင့်လည်းနီး၊ အိမ်လခကလည်း ဈေးသင့်
သည့်အပြင် ရေလည်းပေါ၊ လုံးချင်းလည်းဖြစ် ယခုအိမ်
ကို ငှားခွင့်ရခြင်းကို ဝမ်းသာနေသူပင်။
" အော် ... အိမ်ရှင်နဲ့အဆင်မပြေလို့ပါသားရယ် ... သား
ပစ္စည်းတွေသိမ်းတော့ ... ဒီညပဲ မေမေတို့ ပြောင်းကြ
မယ် "
" ဒီညကိုလား "
" ဟုတ်တယ် ... ဘာမှမေးမနေနဲ့ ... သိမ်းမှာသာသိမ်း
တော့ "
ဒေါ်မြသွေးအတွက် ယခုကဲ့သို့ ကသိုက်ကရိုက်ပြောင်းရ
ခြင်းမှာ အဆင်ပြေမည်မဟုတ်ချေ။ ကုန်ပစ္စည်းများသယ်ရပြုရသည်ပင် နေ့ဝက်ကြာရသည်။
" ဖေဖေ "
အောင်သူရက ဖခင်ကို ခေါ်လိုက်၏။ ဖခင်မှာမူ မျက်နှာ
မကြည်သာစွာနှင့် သူ့အားပြန်ကြည့်နေသည်။
" ဘာတွေဖြစ်ကြတာလဲ "
" မင်းအမေစကားနားထောင်ကွာ ... သူသိမ်းဆိုသိမ်း
လိုက် ... ငါအပြင်ခဏသွားအုံးမယ် ... "
ပြောပြောဆိုဆိုထွက်သွားသော ဖခင်၏ကျောပြင်ကို
ကြည့်ကာ အောင်သူရမှာ စိတ်မောလာခဲ့သည်။ ယခုပုံအတိုင်းဆို သူကြားခဲ့သည်များက သေချာသည်ထက်သေ
ချာလွန်းပြီမဟုတ်လော။
မိခင်ဖြစ်သူကိုကြည့်လိုက်ရာ ရင်ထဲမှနာကျင်မှုကိုအတော်
မြိုသိပ်ထားရဟန်ရနေသည်။ မည်မျှစိတ်ထိခိုက်နေသည်
မသိ၊ ပစ္စည်းများကို အယောင်ယောင်အမှားမှားသိမ်းနေ
ခဲ့သည်။အောင်သူရမှာ မိခင်ကိုကြည့်ရင်း ရင်ထဲမွှန်းကြပ်လာသဖြင့် အသက်ရှုမဝသလို ခံစားနေရ၏။
" မေမေ "
မိခင်၏လက်ကိုဆွဲကာ ထိုင်ခုံဆီသို့ ခေါ်လာခဲ့သည်။
ဒေါ်မြသွေးက မျက်လုံးလေးဝိုင်းကာ နားမလည်သလို
ကြည့်လာသည်။
" သားမေမေ့ကိုပြောစရာရှိတယ် ... "
" ဘာပြောမလို့လဲသားရဲ့ "
" သားမှာ အမေတစ်ယောက်ပဲရှိတယ် ... အဲ့ဒီအမေက
လည်း မေမေကလွဲပြီး ဘယ်သူ့မှမဖြစ်စေရပါဘူး ...
သားကတိပေးတယ် ... မေမေစိတ်ချပါ ... "
အောင်သူရစကားကြောင့် ဒေါ်မြသွေးမှာ တုန်လှုပ်သွား
ပြီး ထရပ်လိုက်၏။
" သား အားလုံးကြားပါတယ် ... ခုနကတည်းက သားဝင်
မလာတာဟာ မေမေ့စကားကြားလို့ပါ ... မေမေ့ကိုသား
ဘယ်တော့ခွဲမသွားဘူး ... စိတ်ချပါမေမေ "
" အဟင့် ... ဟီး ... ဟီး "
ထိုအခါ ဒေါ်မြသွေးနှလုံးသားမှ ခံနိုင်ရည်မရှိတော့ချေ။
တင်းထားသမျှ ဒုံးဒုံးချကာ ငိုချလာတော့သည်။ အောင်
သူရကလည်း မိခင်ဖြစ်သူကို ပွေ့ဖက်ကာ ငိုလိုက်မိလေသည်။
သားအမိနှစ်ယောက်ငိုယိုနေကြစဉ် ဦးအောင်မင်းရှိန်က
ကားကြီးတစ်စီးနှင့် ရောက်ချလာလေတော့သည်။ ၎င်း
တို့သားအမိနှစ်ယောက်ကိုမြင်သည်နှင့် သဘောပေါက်
သွားဟန်လည်းရ၏။
" ကားသွားခေါ်လာတာ ... အလုပ်သမားတွေလည်းပါ
တယ် ... ပစ္စည်းတွေ တင်မယ် ... လုပ်ကြ "
" မပြောင်းလို့ရပါတယ်ဖေဖေရာ ... သားဘယ်မှ မသွား
ပါဘူး ... ဒီကနေထပ်ပြောင်းရင် မေမေ့ဆိုင်လေး ဘယ်
လိုလုပ်မလဲ "
" ဒီမှာသား ... ဖေဖေနဲ့မေမေက ကောင်းမယ်ထင်လို့
စီစဉ်တာ ကန့်လန့်မတိုက်ပါနဲ့ကွာ ... "
ဦးအောင်မင်းရှိန်သည် ဒေါ်မြသွေး၏မျက်နှာကို လှမ်း
ကြည့်ရင်း ပြောလိုက်၏။ ဒေါ်မြသွေးကလည်း မျက်ရည်
များသုတ်ရင်း ...
" သားလေး ... မေမေ့ကိုစိတ်ချမ်းသာစေချင်ရင် ဘာမှ
မပြောပါနဲ့ကွယ် ... မေမေသွားတဲ့နေရာကိုသာ လိုက်ခဲ့
ပါသားရယ် "
အောင်သူရမှာ ဆက်မပြောရက်တော့ချေ။ နှုတ်ဆိတ်
ကာနေလိုက်ပြီး ပစ္စည်းများကိုသာ သိမ်းဆည်းနေလိုက်
လေသည်။ ဖခင်နှင့်မိခင်တို့ တီးတိုးတီးတိုးပြောနေကြသံကိုတော့ကြားလိုက်မိ၏။
" သိသွားပြီလား ... မြပြောလိုက်တာလား "
" ခုနက ကြည်ပြာပြောတာတွေကြားတယ်လို့ ပြော
တယ် ... "
" ဟင်း "
ဦးအောင်မင်းရှိန်က သက်ပြင်းကိုချရင်း တုန်ယင်နေသော
အသံဖြင့် ဝမ်းနည်းစကားဆိုလာသည်။
" သားငယ်လေးကို ဘယ်တော့မှ တွေ့ခွင့်မရတော့ဘူး
တဲ့ မြရယ် "
ထိုစကားကြားသည့်အခါ အောင်သူရသည် ညကအိပ်
မက်ကို သတိရသွားမိသည်။ သူနှင့်ချွပ်စွပ်တူသောသူ။
" ဘာတွေလဲ ... ထူးတော့ထူးဆန်းတယ် "
သို့သော်လည်း ထိုအိပ်မက်ကို သူကြာကြာမတွေးနိုင်ချေ။
ကားပေါ်သို့ ပစ္စည်းများတင်နေရသောကြောင့် စိတ်မော
လူမောနှင့် မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့သည်။
" ဘယ်ကိုပြောင်းမှာလဲမေမေ "
" မန္တလေးကို "
အောင်သူရက မျက်လုံးပြူးကျယ်သွား၏။
" အဝေးကြီးပဲ "
" အင်း ... "
" ဟိုမှာဘယ်လိုနေကြမှာလဲ ... သားသင်တန်းရှိသေးတယ်
လေမေမေရာ "
" ဟိုမှာလည်း သင်တန်းတွေအများကြီးပါသားရယ် ...
ဒီမှာထက်တောင် များသေး ... သားကြိုက်ရာ တက်လို့
ရတာပဲ "
" ဒါပေမယ့် တစ်ပိုင်းလက်စနဲ့လေ ... သင်တန်းကြေးလည်းသွင်းပြီးပြီ ... နှမြောစရာကြီးမေမေရာ "
" အို ... နှမြောမနေနဲ့ ... ကဲ သွား ... သွား ... ဟိုရောက်ရင်
မေမေ့ကိုဖုန်းဆက် ... ကြားလား "
" ဟင် ... သားတစ်ယောက်ထဲသွားရမှာလား "
" သားဖေဖေနဲ့လေ ... "
" မေမေကရော "
" မေမေက ဆိုင်က ပစ္စည်းတွေသိမ်းရအုံးမယ် ... ဆိုင်
ရှင်နဲ့ အိမ်ရှင်ကို ပြောရအုံးမယ်လေ ... နောက် ၂ ရက်
လောက်မှ လိုက်ခဲ့မယ် ... "
" ဟာ ... မေမေပါ တခါတည်းလိုက်ခဲ့ပါဗျာ ... ဒါမှမဟုတ်
လည်း အားလုံးပြီးမှ တူတူသွားမယ် "
" မေမေပြောတာနားထောင်စမ်း ... ဂျီမကျနဲ့ "
ဒေါ်မြသွေး၏ ခပ်မာမာစကားကြောင့် အောင်သူရမှာ
အလိုမကျသော်လည်း ထပ်မပြောရဲတော့ချေ။
ဖခင်နှင့်အတူ ညတွင်းချင်းပင် မန္တလေးရွှေမြို့တော်ဆီ
သို့ ထွက်လာခဲ့ရတော့သည်။
တမျိုးလည်း ကောင်းသည်။ လမ်းခရီးတွင် ဖခင်ထံ သိချင်သမျှ မေးမြန်းရမည်ဟု တေးထား၏။
" ဖေဖေ ... သားအခုဆို အသက် ( ၂၅ ) ထဲမှာ ... "
" အင်း "
" သိသင့်ပြီလို့ မထင်ဘူးလားဖေဖေ "
ဦးအောင်မင်းရှိန်က မည်သည်မှမပြောဘဲ ကားတံခါးအပြင်ဖက်မှ ရှုခင်းများကို ငေးကြည့်နေသည်။
" ဖေဖေ ... သားကိုပြောပြပါဖေဖေရာ ... မေမေ့ရှေ့မှာ
မမေးချင်လို့ ... ပြောပြပါဗျာ "
" သားသိသင့်တာမှန်ပေမယ့် ... ဖေဖေကပြောဖို့ အဆင်
သင့်မဖြစ်သေးဘူး "
" ဒီလောက်နှစ်ကြာနေပြီ ... ဘာကိုအဆင်သင့်မဖြစ်တာ
လဲ "
" ဟုတ်ပါတယ်သားရာ ... သားသိသင့်တဲ့အရွယ်ရောက်
နေပါပြီ ... အရင်ဦးဆုံးသားဘာတွေသိထားလဲ ပြော "
" သားသိတာက သားက ဖေဖေတို့ရဲ့သားအရင်းမဟုတ်
ဘူးဆိုတာရယ် ... သားမှာ ညီလေးတစ်ယောက်ရှိသေး
တယ်ဆိုတာရယ် ... နေ့လည်က အိမ်ရှေ့မှာရပ်ထားတဲ့
ကားက သားအမေအရင်းရဲ့ကားဆိုတာရယ် ... သားအမေ
အရင်းဆိုတဲ့ အန်တီကြီးက သားနဲ့တွေ့ခွင့်ပေးဖို့ ပြော
နေတာရယ် ... အဲ့ဒါတွေသားသိတယ် "
ဦးအောင်မင်းရှိန်သည် ခေါင်းညိမ့်ရင်း ပြောလာ၏။
" သားညီလေး ဆုံးသွားပြီဆိုတာရော သိလား "
" ဟင် ... "
" ဖေဖေ အဆင်မပြေဘူးသားရာ ... သားတစ်ယောက်
ဆုံးရှုံးရတာ ရင်ထဲဘယ်လောက်နာကျင်နေရမှန်း ပြော
မပြတတ်အောင်ပဲ "
" ဘယ်တုန်းကဆုံးတာလဲ ... ဖေဖေမသွားဘူးလား "
ဦးအောင်မင်းရှိန်က ခေါင်းခါရမ်းပြလာသည်။
" ဖေဖေသိတဲ့အချိန် နာရေးက ပြီးသွားပြီသားရဲ့ ...
ဖေဖေမမီလိုက်ဘူး "
အောင်သူရ ရင်ထဲ ဗြောင်းဆန်နေခဲ့သည်။ သူတစ်ခါမျှ
စိတ်ပင်မကူးခဲ့ဖူးသော အကြောင်းအရာများက ဆက်
တိုက်ဆိုသလို ဖြစ်ပျက်နေသည်မဟုတ်လော။
" သူက ... သားရဲ့ညီလေးဆိုတာ သားနဲ့ ရုပ် ... ရုပ်ခပ်
ဆင် ... ဆင် ... တူလားဖေဖေ "
ဦးအောင်မင်းရှိန်သည် သူ၏မျက်လုံးနှစ်ဖက်ကို လက်
နှင့်ပွတ်သပ်ကာ ဖြေလာ၏။
" သားနဲ့တူတာပေါ့သားရယ် ... ၂မိနစ်ပဲကွာတဲ့ အမွှာ
တွေပဲဟာ ... "
ပြန်ဖြေနေရင်းအသံတိမ်ဝင်သွားသလို အောင်သူရ မှာ
လည်း ချောက်ကမ်းပါးအနက်ကြီးသို့ ပြုတ်ကျသွားသ
လို ခံစားလိုက်ရလေသည်။
" ဘာကြောင့်လဲ ... ဘာဖြစ်လို့လဲ ... သားတို့က ဘာလို့
တစ်ခါမှ မဆုံခဲ့ဖူးတာလဲ "
ဦးအောင်မင်းရှိန်မှာ ပြန်ဖြေစရာစကားမရှိသေး။ နာကျင်
မှုကြောင့် စကားသံမထွက်နိုင်အောင်ဖြစ်နေရလေသည်။
အတိတ်ဆီသို့ တဖန်ပြန်မျှော်ကြည့်ရင်း အဟောင်းက အသစ်ဖြစ်ပေါ်လာခဲ့တော့၏။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory