
အပိုင်း ( ၇ )
လူတိုးမပေါက်သော ဆူးခြုံတို့သည် တစ်ပင်မှတစ်ပင်သို့
ယှက်ကာ တောထနေလေသည်။ မြဖူးငုံက အတင်းဇွတ်
တိုးသော်လည်း တိုးမရဘဲ ဆူးကိုင်းများစူးရှကုန်သည်။
" ဆက်မသွားနဲ့တော့သမီး ... "
သူမအနောက်မှ ဖခင်၏စကားကြောင့် တုံ့ခနဲ ရပ်တန့်
လိုက်သည်။
" ဆူးတွေစူးကုန်ပြီမလား ... လာ ... ပြန်ထွက်ရအောင် "
ဖခင်ကိုတစ်လှည့် ဆူးခြုံကြီးကိုတစ်လှည့် ကြည့်ရင်း
မဆုံးဖြတ်နိုင်ဘဲဖြစ်နေသည်။
" ဖေဖေ ပြောတာ နားထောင်စမ်းပါ သမီးရယ် ...
လာ ... လာ "
ဦးအောင်စိုးက မြဖူးငုံကို အတင်းဆွဲခေါ်လိုက်မှ မလှည့်
ချင်လှည့်ချင်ဖြင့် ပြန်လှည့်လာခဲ့သည်။
" သစ်ပင်ကြီးတွေ့ခဲ့လား မမဖူး "
" ဆူးတွေစူးလို့ ရှေ့ဆက်သွားမရဘူး ... သစ်ပင်က ရှိ
မှာပဲ "
" ဖိုးထူးတို့လာရင် ခြုံရှင်းခိုင်းရင်း ဝင်ကြည့်မယ်လေ "
" အဲ့လိုပဲလုပ်ရမှာပေါ့ "
မြဖူးငုံက ပြောရင်း အုတ်ဂူဘက်သို့ စောင်းငဲ့ကြည့်နေ
သည်။ သက်မဲ့အလောင်းကြီးမှာ အိပ်စက်နေသည့်အလား
မပုပ်မသိုးဘဲရှိနေသည်ကို ဘဝင်မကျနေချေ။
" သစ်မြစ်ကြောင့် မပုပ်တာထင်တယ်နော် "
" မဆိုင်ပါဘူးသမီးရယ် ... သက်မဲ့ပစ္စည်းတောင် နှစ်ကြာ
ရင် ယိုယွင်းသေးတာပဲ ... အသွေးနဲ့ကိုယ် အသားနဲ့ကိုယ်
ရုပ်ခန္ဓာကြီးက မပုပ်မပွတာ တခြားအကြောင်းရှိလိမ့်
မယ် ... မပုပ်သိုးစေအောင်စီမံထားသလား ... ဒါမှမဟုတ်
အုတ်ဂူတည်တုန်းက တစ်ခုခုနဲ့ဓါတ်ပြုမိသလား ... အဲ့
ဒါပဲရှိတယ် "
" ဒါဆိုဘာလို့ သူ့ကျောဖက်မှာ သစ်မြစ်ကြီး တွယ်နေတာ
လဲ ... ဘာပဲဖြစ်ဖြစ် အမြစ်ဖောက်သွားတာနဲ့ ပုပ်ကိုပုပ်
ရမှာ "
ထိုစဉ် မြေတူးရန်၊ သစ်မြစ်ဖြတ်ရန် လိုအပ်သည်များ
သွားယူကြသော ဖိုးထူးတို့နှစ်ယောက်နှင့်အတူ ဆိုက်
ထဲမှ အလုပ်သမား သုံးယောက်ပါ အတူရောက်လာကြ
သည်။
" လူခေါ်လာတာကောင်းတယ်ကွာ ... ငါမှာဖို့မေ့နေတာ
အတော်ပဲ "
" လူအုပ်များတော့ သိပ်မကြောက်တော့ဘူးပေါ့ ဆရာ
ဟဲ ... ဟဲ "
ဉီးအောင်စိုးအား ဖိုးထူးကရယ်ကျဲကျဲနှင့် ပြန်လည်ဖြေ
နေသည်။
" ကဲ ... ကဲ ... အလောင်းအောက်ကအမြစ်ကြီးကို လွှနဲ့
တိုက်ရအောင် ... လုပ်ကြတော့ "
လူလေးငါးယောက်က အုတ်ဂူအတွင်းခုန်ဆင်းချလိုက်
ပြီး လေးယောက်က အလောင်းကို မ ထားသည်။ ကျန်တစ်ယောက်မှာ လွှနှင့် သစ်မြစ်ကြီးကို တိုက်ဖြတ်လိုက်
၏။
" ရလား ဟေ့ရောင် "
" ရတယ် ... မ ထားအုံး "
လွှနှင့်တိုက်သူက အလောင်းအောက် ကျောပြင်ဘက်ဆီ
ငုံ့ကြည့်ကာ တတိတိတိုက်ချရင်း ပြန်ဖြေသည်။
" ဟေ့ရောင် ... အလောင်းကလေးလာသလိုပဲ "
" ဟုတ်ပါ့ ... တော်တော်လေးလာတယ် ... ဒီမှာလာ မ ကူ
ပေးအုံး "
အုတ်ဂူထဲမှခေါ်သံကြောင့် ဖိုးထူးတို့နှစ်ယောက် လိုက်
ဆင်းသွားပြီး မ ကူလိုက်သည်။
" လေးလှချည်လား "
" နှစ်လောင်းစာလောက်ရှိတယ်ဟ "
" ကျောချမ်းလာပြီ မင်းတို့ကလဲ "
အလောင်းကို မ နေသူများမှာ တဖြည်းဖြည်း ထိတ်လန့်
လာနေပြီး မျက်နှာဇီးရွက်ခန့်သာ ကျန်ရှိလာကြတော့
သည်။
" ဟေ့ရောင် မြန်မြန်ဖြတ်စမ်းပါဟ "
" ဖြတ်နေတယ်လေဗျာ ... ခင်ဗျားတို့က သေချာ မကိုင်
ထားကြဘဲနဲ့ လွတ်လွတ်သွားတာပေါ့ "
" ဘာလို့မကိုင်ရမှာလဲ ... ဒီမှာလက်အံသေနေပြီ ... "
" အပေါ်ကိုမြင့်မြင့်မြှောက်ပေးထားမှ ဖြတ်လို့ရမှာ ...
ဘာလို့အောက်ကို ချချလာတာလဲ "
" ဟ ... မင်းပဲအောက်ကနေဆွဲနေပြီးတော့ "
" မဆွဲပါဘူး ... အလောင်းကို လက်နဲ့တောင်မထိဘူး ...
လက်နှစ်ဖက်လုံး လွှကိုင်ထားတာမတွေ့ဘူးလား "
ထိုသူစကားကြောင့် အလောင်း မ ထားသူများမှာ ထိတ်
လန့်ပြီး အလောင်းကို ပစ်ချပစ်သည်။
" ဘယ်လိုလုပ်နေတာလဲ ... ပြန် မ "
" မင်းမဆွဲရင် ဘယ်သူဆွဲနေတာလဲ "
" ခင်ဗျားတို့ကလဲ ဦးနှောက်ပဲ ... သစ်မြစ်ကြီးကို ဆွဲနေ
သလိုဖြစ်မှတော့ အမြစ်က ပြန်ပြန်ဆွဲမှာပေါ့ ... ကြောက်
ကြတာလည်း လွန်ရော ... ပြန် မ ကြအုံး ... လွှကအောက်
မှာကျန်နေပြီ "
ထိုအခါမှ ကြောက်စိတ်အနည်းငယ်ပြေကာ အလောင်း
ကို ပြန် မ လိုက်ကြသည်။
ငါးမိနစ်ခန့် တတိတိတိုက်ချရင်း သစ်မြစ်ကြီး ပြတ်ထွက်
သွား၏။ ထိုအခါ အားနှင့်ဝိုင်းမကြသူများမှာ ပေါ့သွား
သလိုဖြစ်ပေါ်သွားကြသည်။
" ရပြီလား "
" ရပြီဆရာ "
" ဒီကို သယ်လာကြ "
အလောင်းကို မနိုင်တနိုင် မ ထုတ်ယူလာကြပြီး မြေ
ကွက်လပ်ပေါ်ချလိုက်ကြသည်။
ပြင်ပအလင်းရောင်နှင့် ထိလျှင်ထိချင်း အလောင်းကြီး
မှာ အသားအရည်ခြောက်ကပ်လာကာ တဖြည်းဖြည်း
မည်းလာသလိုရှိသည်။
" လေနဲ့ထိလို့များလား "
" အဲ့လိုပဲဖြစ်မယ် ... ပြောရင်းဆိုရင်း ကြည့်အုံး "
ကြည့်နေရင်း အလောင်းပေါ်ရှိ အရည်ပြားများသည်
တွန့်ကြေလာပြီး ခြောက်သထက်ခြောက်လာခဲ့သည်။
ပြီးနောက် မိန်းကလေးအလောင်းမှာ တဖြည်းဖြည်းရုပ်
ပျက်လာ၏။
အုတ်ဂူတွင်းရှိစဉ်က ယခုမှသေဆုံးသွားသူလို ပုံစံမပျက်
ရှိနေသေးသော်လည်း ယခုအခါတွင်မူ အသုဘရုပ်ရည်
အတိုင်း ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။
" ရုပ်ကြီးပျက်သွားတယ်နော် "
" တရားရစရာကြီးဗျာ ... ခုနကြတော့ ငယ်ငယ်ရွယ်ရွယ်
မိန်းကလေးအလောင်း ... ခုကြတော့ ရုပ်တွေပျက်လို့ ...
အပုပ်နံ့လည်းထွက်လာပြီ ... "
" ဒီမှာကြာကြာမထားနဲ့ ... တခြားသယ်သွားပြီး မီး
သဂြိုလ်ပေးလိုက်ကြတော့ ... "
" အမြစ်နောက်လိုက်အုံးမယ်ဆိုဆရာ "
" အေးလေ ... မင်းတို့ ဒီအလောင်းသယ်ပြီး ရှို့တာ သုံး
ယောက်ဆို ရပြီမလား ... ငါတို့သစ်ပင်ရှာဖို့ နေခဲ့ကြ
မှာ "
" ဗျာ ... ဆရာကလဲ ... သုံးယောက်ထဲတော့ မလုပ်ပါနဲ့ ...
ဆရာရော လိုက်ခဲ့ပါဆရာရယ် ... ဆရာပါတော့ အားရှိ
လို့ပါ "
" သတ္တိနည်းလိုက်ကြတာဟာ ... "
" ဒီမှာပဲ ရှို့လိုက်ပါလားဆရာ ... သယ်နေရင် ပိုအလုပ်
ရှုပ်တယ် "
" အို မရှို့ချင်ပါဘူး ... တခြားကိုသာ သယ်သွားပေး "
မြဖူးငုံက ပျာပျာသလဲ ငြင်းဆိုလိုက်၏။
" ဒါဆိုလည်း နောက်နှစ်ယောက်လောက်အဖော်ထည့်
ပေး ... အလောင်းကြီးနဲ့ ကျွန်တော်တို့သုံးယောက်ထဲ
ကျောချမ်းစရာကြီး မမဖူးကလဲ "
" ကဲ ... လိုက်ကူလိုက် ... ပြီးရင် ဒီကိုပဲပြန်လာခဲ့ ...
ကြားလား "
" ဟုတ်ကဲ့ဆရာ "
ဉီးအောင်စိုးကထိုသို့ပြောပြီး ဆိုက်ကို ဖုန်းဆက်ကာ
လူထပ်ခေါ်နေသည်။
" ရှိတဲ့သူအကုန် ဒီဘက်ဆိုက် ဆင်းဖို့လာလိုက်တော့ ...
အကုန်ခေါ်လာခဲ့ "
" လူတွေအများကြီး ဘာလုပ်မလို့လဲဖေဖေ "
" ဒီနေ့ပဲ ခြံကိုအပြီးရှင်းပစ်မယ် ... အလောင်းတွေ့တာ
အဆင်မပြေဘူးသမီး ... သူတို့ရှေ့မှာမပြောချင်လို့ ...
ဒီနေရာကြီးက တစ်ခုခုမှားနေတယ် ... လူအင်အားနဲ့ဆို
ဘယ်အကောင်မှ မတတ်နိုင်ဘူး ... လူအင်အားများများ
သုံးပြီး ဒီရက်ထဲ အပြီးရှင်းထုတ်ပစ်ရမယ် "
ဉီးအောင်စိုးစကားကြောင့် မြဖူးငုံအားတက်သွားမိ၏။
သူမကိုယ်တိုင်လည်း ထိုကဲ့သို့ အပြတ်ရှင်းလင်းပစ်ချင်
သည် မဟုတ်ပါလော။
" သူတို့လာမှ စရှာမလား ... သမီးတို့ရှာနှင့်မလား "
" သူတို့ခုထွက်လာနေပြီဆိုတော့ ... နောက် မိနစ် ၂၀
လောက်ဆို ရောက်လာကြမှာပါ ... ဖေဖေတို့ ရသလောက်
ရှာကြည့်ကြတာပေါ့ ... "
ဦးအောင်စိုးက ကျန်နေခဲ့သော တပည့်နှစ်ယောက်ကို
တဘက်ခြံမှ ဆူးခြုံများအား လူတစ်ကိုယ်ဝင်စာ ခုတ်
ထွင်ခိုင်းလိုက်၏။
မြဖူးငုံက အုတ်ဂူထဲသို့ ဆင်းလိုက်ကာ သစ်မြစ်ထွက်
လာရာဆီ သေချာစွာကြည့်နေသည်။
" ဖေဖေ "
မြဖူးငုံ၏ခေါ်သံကြောင့် ဦးအောင်စိုးလည်း အမြန်ပြေး
သွားသည်။
" ဒီမှာ အမြစ်ထွက်တဲ့နေရာက အပေါက်ကြီး ကျန်နေ
တယ် ... အမြစ်က မြေထဲတိုးဝင်သွားလားမသိဘူး ...
မတွေ့တော့ဘူး "
ဦးအောင်စိုးလည်း ထိုနေရာကို သေချာစွာကြည့်ကာ
တွေးတောနေသည်။
" ဟုတ်မယ် ... အမြစ်အရင်းပိုင်းထိ ဖြတ်လိုက်လို့နေ
မှာပေါ့ ... ကိစ္စမရှိပါဘူးသမီးရယ် ... ခဏနေကြရင်
ဒီဂူနေရာကို မြေလှန်ပစ်တာနဲ့ အမြစ်ပေါ်လာမှာပဲ "
" ဟုတ်ဖေဖေ ... အဲ့ကြမှပဲ သူ့လမ်းအတိုင်း လိုက်ရ
မယ် ... ခုဟိုဘက်ခြံ ဝင်ကြည့်မယ်လေ "
ခြံမှသူများက ရှေ့မှခုတ်ကာ ခြံထဲဝင်သွားကြပြီဖြစ်
သည်။ သူတို့လူသွားလမ်းပြုလုပ်ရှင်းလင်းပေးရာ
အတိုင်း မြဖူးငုံတို့သားအဖကလိုက်ဝင်လိုက်၏။
" ဟေ့ရောင်တွေ ... သစ်ပင်ကြီး မတွေ့သေးဘူးလား "
" မတွေ့ဘူးဆရာ ... ဒါတောင် ၁၅ေပလောက်လှမ်း
နေပြီ ... ဒီမှာဘာအပင်ကြီးမှ မရှိဘူး ... "
ဦးအောင်စိုးသည် သူ၏နဖူးပေါ်မှ ချွေးစေးများကို လက်
ဖြင့်သပ်ချရင်း တွေးတောနေသည်။
" သစ်ပင်ကြီးတွေရဲ့ အမြစ်က ဘယ်လောက်ဝေးဝေး
ထိ သွားနိုင်ကြလဲ "
" အပင်အမျိုးအစားပေါ်မူတည်ပြီး သွားနိုင်ကြတာပဲ
မမဖူးရ ... သစ်ပင်အကြောင်းသေချာမသိလို့ မပြော
တတ်ဘူး "
" ပေ ၂၀ အတွင်းတော့ ရှိကိုရှိလောက်မှာပါ ... ထပ်ရှာ
ကြည့်အုံး "
" ဒီအကွက်က ဘယ်အထိလဲမသိ ... သူ့နယ်နိမိတ်တော့
ငုတ်ရိုက်ထားမှာပဲ ... ရှာကြည့် ဟေ့ရောင်
၎င်းတို့နှစ်ယောက်က ဆူးခြုံများကို ခုတ်ပြီး ဘေး၌
ပုံရင်း ငုတ်ရိုက်ထားမထားပါ ကြည့်နေကြသည်။
ထိုစဉ် အပုပ်နံ့ကြီး လှိုက်ခနဲဝေ့တက်လာသဖြင့်
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြ၏။
" အနံ့ရကြလား "
" ရတယ်မမဖူး ... ဒီနားတဝိုက်ပဲ "
" ရှာကြည့်ကြစမ်းပါ "
" ရှင်းရင်း ရှင်းရင်းနဲ့ တခြံလုံးသာကုန်သွားမယ် ...
အပင်ကတွေ့ပါအုံးမလားမသိဘူး "
" စိတ်ရှည်ကြစမ်းပါဟာ "
၎င်းတို့က အရှေ့တိုးလေ အပုပ်နံ့ကြီးက ပိုဆိုးလေဖြစ်
နေ၏။
" ဆိုးလိုက်တဲ့အနံ့ ... အန်တောင်အန်ချင်တယ် "
" နှာခေါင်းပိတ်ပြီး ခုတ်မှာသာခုတ်ပါဟ "
၎င်းတို့နှစ်ယောက်က မသတီသလို ဖြစ်ပေါ်လာကြ
သော်လည်း သူဌေးပါလာသဖြင့် အလွန်အမင်း မညည်းညူရဲကြဘဲ စိတ်ကိုစုစည်းကာ ဆက်ခုတ်နေကြ
လေသည်။
" တွေ့ပြီ ဆရာ ... မမဖူးရေ ... တွေ့ပြီ ... ဒီမှာ "
ကျယ်ကျယ်လောင်လောင်အော်ဟစ်သံကြားရ၍
မြဖူးငုံ ထိတ်ခနဲ ဖြစ်သွားခဲ့သည်။ ပြီးနောက် အမြန်
ပြေးသွားကြည့်လိုက်၏။
" ဒီအပင်က တအားလည်းမကြီးပါဘူး ... ပုံမှန်ပဲဟာ "
" အပင်အကြီးဆုံးက လောလောဆည် ဒီတစ်ပင်ပဲ
ရှိတာ ... ဒါပဲနေမှာမမဖူး "
ထိုအပင်အနီးသို့ တိုးကပ်လေ အပုပ်နံ့ပြင်းထန်လေ
ဖြစ်ပေါ်နေသဖြင့် ကပ်ကြည့်ရမည်ကို တွန့်ဆုတ်သွား
ကြ၏။
" ဘာနံ့ကြီးလဲ ... "
" အပင်ကိုက အနံ့ထွက်နေတာ "
သစ်ပင်ကြီးကို သေချာစွာကြည့်နေစဉ် တစ်ဘက်ခြံမှ
လူသံများကို ကြားလိုက်ကြရသည်။
" ရောက်လာကြပြီထင်တယ် ... ဖေဖေ သူတို့ဆီ သွား
လိုက်အုံးမယ် ... သမီးဒီမှာနေခဲ့လိုက် ... "
" ဟုတ်ကဲ့ ဖေဖေ "
ဦးအောင်စိုးထွက်သွားပြီး မြဖူးငုံတို့က သစ်ပင်ကြီး
ပတ်ပတ်လည်ရှိ ခြုံများကို ခုတ်ကာ လှည့်ပတ်ကြည့်
နေကြသည်။
" ဒီအကွက်ဝယ်ထားတဲ့သူက ဘာလို့ခြံလာမရှင်းတာ
လဲမသိဘူး "
" ဘယ်သူဝယ်ထားလဲ စုံစမ်းပြီး ဝင်ကြည့်ထားကြောင်း
ပြောပြမှဖြစ်မယ် ... သူများအပိုင်ဆိုတော့ မကောင်း
ဘူးလေ "
မြဖူးငုံတို့ ပြောဆိုနေကြစဉ် မြေကွက်လပ်ဆီမှ ဘက်ဟိုး
သံကို ကြားလိုက်ရပြီး တဝုန်းဝုန်း ဆူညံနေသံပါထွက်
ပေါ်လာခဲ့သည်။
" ဟိုဘက်မှာ ဖြိုနေကြပြီထင်တယ် ... လာသွားကြစို့ "
သုံးယောက်အတူထွက်လာကြပြီး နွားခြံမြေကွက်လပ်
ဆီသို့ ရောက်သည့်အခါ ဦးအောင်စိုးက မြေကော်စက်
ကြီးဖြင့် အုတ်ဂူကြီးကို ထိုးကော်ခိုင်းနေသည်ကို တွေ့
မြင်လိုက်ရသည်။
" အကုန်ထုတ်ပုံမလို့လားဖေဖေ "
" ဒီကမြေကြီးတွေကို မြို့ပြင်ဘက် သွားပို့လိုက်မယ် ...
ပြီးမှ မြေအသစ်ဖို့လိုက် ... မြေမသန့်တာ သိတယ်
မလား "
" သမီးတွေးထားတာအကုန် ဖေဖေက လုပ်နေပြီနော် ... "
မြဖူးငုံက ဖခင်ကို အားကျသည့်အကြည့်နှင့် ကြည့်ကာ
ပြောဆိုလိုက်သည်။
" စီးပွားရေးလုပ်တာပဲ ... လုပ်ရင်အပြတ်သာလုပ် "
" ဟုတ်ဖေဖေ "
မြေကြီးများကို ကုတ်ယူလာပြီး မြေကွက်လပ်နေရာတွင်
ပုံချလိုက်သည်။ အခြားမြေကော်စက်သေးက ထိုမြေ
ကို ပြန်ကုတ်ယူကာ မြေကားပေါ်ကုတ်တင်ပြန်သည်။
ထိုသို့လုပ်နေကြစဉ် ဆိုးဝါးသောအနံ့အသက်ကြီးက
ပိုမိုပြင်းထန်လာလေတော့၏။ အနံ့နံလွန်းသဖြင့် အလုပ်
သမားများမှာ မူးသည်ဟုဆိုကာ လေလာရာ နေရာသို့
သွားနားကြတော့သည်။
" ဘယ်လိုအနံ့ကြီးလဲမသိဘူး ... အပုပ်နံ့ကြီးဆိုးလိုက်
တာ "
ထိုအနံ့ကြောင့်အလုပ်မတွင်ဘဲဖြစ်နေရသည်။
" ဟေ့ ... ကောင်လေးတစ်ယောက်လောက် လာခဲ့အုံး "
ဦးအောင်စိုးက လက်ယက်ခေါ်လိုက်ပြီး ရှုဆေးဗူးများ
ဝေငှပေးရန် ဝယ်ယူခိုင်းလိုက်သည်။
" အားလုံးကို ပြောရအုံးမယ် ... သဘက်ခါမနက် ၇ နာရီ
ကြရင် ဒီမှာတရားနာမယ် ... ပြီးရင် ရွှေရည် ငွေရည် လောင်းမယ် ... ပြီးတာနဲ့ ပိုက်ဆံ ဆယ်သိန်း ကျဲမယ် ... "
" ဟေး "
အလုပ်သမားများက ပျော်ရွှင်သွားကြပြီး ဆူညံသွား၏။
" အလုပ်မပျက်ကြနဲ့နော် ... "
" မပျက်ဘူးဆရာ ... မပျက်စေရဘူး "
" အေ ... ဒီဆိုက်ဆင်းတဲ့သူအကုန်လုံးကို ဆိုက်ပြီးတာနဲ့
ဆုချအုံးမှာ "
" ဟေး ... "
မြဖူးငုံက ဦးအောင်စိုးကို နားမလည်သလို ကြည့်နေ
သည်။
" သဘက်ခါဘာနေ့လဲဟ ... ရက်ကောင်းတယ်ထင်တယ် "
" ၉ ရက်နေ့လေ "
" ၉ ရက်နေ့က ဘာနေ့ကျလဲ "
" စနေနေ့ "
" ၉ လပိုင်း ၉ ရက်နေ့ ... မနက် ၇ နာရီ ဆိုတော့
ဆရာ ယတြာချေတာပဲဖြစ်မယ် "
" ဘာဖြစ်ဖြစ်ကွာ ... လာကိုလာမှာ "
အလုပ်သမားများက ဝမ်းသာပျော်ရွှင်စွာနှင့် ပြောဆို
နေကြလေသည်။
ထိုသို့ပြောပြီးသည်နှင့် အပုပ်နံ့ကြီးလည်း ပျောက်ချင်း
မလှ ပျောက်ကွယ်သွားခဲ့ပြီး ထိုသို့ အနံ့မရတော့ခြင်းကို
မည်သူမှ သတိမထားမိကြချေ။
ညနေစောင်း၍ အလုပ်သိမ်းကြသည့်အခါ ဦးအောင်စိုး
ကမြဖူးငုံကို အိမ်သို့ပြန်အိပ်ရန် ခေါ်လာသည်။
" ကိုဥက္ကာကို ခဏသွားကြည့်ချင်တယ်ဖေဖေ "
ဦးအောင်စိုးမှာ သမီးဖြစ်သူစကားကြောင့် စိတ်မကြည်
သော်လည်း ဆေးရုံရှေ့ပို့ပေးပြီး ကားပါကင်တွင် စောင့်
နေရစ်ခဲ့သည်။
မြဖူးငုံက ဆေးရုံထဲဝင်သွားပြီး ဓါတ်လှေကား၌
ရပ်စောင့်နေ၏။ ရိုးရိုးလှေကားမှ မတက်ရဲတော့၍
သည်းခံကာ စောင့်နေလိုက်သည်။
ကိုဥက္ကာအခန်းသို့ရောက်သည့်အခါ ကိုဥက္ကာနှင့်ယခင်က
အလုပ်အတူ လုပ်ကိုင်ခဲ့ကြသော ပန်းရံအဖွဲ့မှ လူတချို့
လာစောင့်ပေးနေကြသည်ကို တွေ့မြင်လိုက်ရသည်။
" မမဖူး "
" အော် "
မြဖူးငုံမှာ ယခင်လူဟောင်းများကို မတွေ့လိုပေ။ ၎င်းတို့ကိုမြင်လျှင် မျက်နှာမထားတတ်အောင် ဖြစ်နေမိ၍လည်း
မတွေ့ချင်ခြင်းဖြစ်သည်။
" ကိုဥက္ကာ ဆေးရုံတက်နေရတယ်ကြားလို့ စုံစမ်းပြီး
လာကြည့်တာ ... လူနာစောင့်မရှိတာနဲ့ ကျွန်တော်တို့
ပဲ အလှည့်ကျစောင့်ပေးလိုက်ကြတာဗျ "
" ခုလိုလာစောင့်ပေးတာ ကျေးဇူးနော် "
" ပြောစရာလူတွေမှမဟုတ်တာ မမဖူးကလဲ ... ကျွန်တော်
တို့ကို ခေါ်လိုက်ရောပေါ့ ... အချိန်မရွေးပြောလို့ရနေတာ
ကို "
" အလုပ်များနေတာနဲ့ မေ့သွားလို့မမှာလိုက်ရဘူး "
" နောက်လိုရင် ခေါ်လိုက်ပါဗျာ "
" အင်းပါ ... ကျေးဇူး "
မြဖူးငုံက အလိုက်အထိုက်ပြန်ဖြေရင်း မနေတတ် မထိုင်
တတ်ဖြစ်နေလေသည်။ ယခင်ကဆို သူကသူဌေး၏သမီး၊
သူတို့၏အလုပ်ရှင်။
လိုအပ်သည်များကို အမြဲတစေ ခိုင်းနေကြဖြစ်သည်။
ယခုအခါ ခင်ပွန်းသည်၏ သူငယ်ချင်းအပေါင်းအသင်း
အနေနှင့် ပြောဆိုရမည်လား၊ ယခင်လိုပြောဆိုရမည်
လား ဝေခွဲမရနေပေ။
ထို့ကြောင့်လည်း မျက်နှာချင်းမဆိုင်မိစေရန် မိမိဘက်
မှ ရှောင်နေမိသည်။ မြဖူးငုံကသာ အမ်းတမ်းတမ်းဖြစ်
နေပြီး ၎င်းတို့မှာမူ မြဖူးငုံအပေါ် နဂိုအတိုင်း လေးလေး
စားစားရှိနေကြဆဲပင်။
ကိုဥက္ကာကိုလည်း ခင်မင်ကြရှာသည်။ ထို့ကြောင့် ယခု
ကဲ့သို့ တကူးတက လာရောက်တွေ့ဆုံကြခြင်းပင်။
" မမဖူး ... ကျွန်တော်တို့ တစ်ခုလောက် ပြောလို့ရမလားဗျ"
ပြောလေ ... ရပါတယ် ... ဘာပြောမလို့လဲ "
" ဟိုမြေကွက်ကို ဆက်မလုပ်ပါနဲ့လား "
" ဘာဖြစ်လို့ "
" မြေကွက်ရှင်းတုန်းက ကျွန်တော်တို့အဖွဲ့ သွားရှင်းကြ
တာ အကုန်ဖျားကြတယ် ... အိပ်မက်ဆိုး မက်ကြတာအကုန်လုံးပဲ "
" ခု အဆင်ပြေပါတယ် ... အဲ့လိုမရှိတော့ဘူး ... စိတ်
မပူကြနဲ့နော် "
" အဲ့တုန်းက တူးတူးမာကို လာပြောတာ အစ်မ သိ
တယ်မလား "
" ဘာလာပြောတာလဲ "
" သူအိပ်မက်ထဲမှာ မိန်းမတစ်ယောက်ကလာပြီးတော့
၉ ရက် ၉လ ၉ နာရီလို့ ရေးပြတာတဲ့ ပြီးတော့ သူတို့
သေမယ့်နေ့လို့ပြောတယ်ပေါ့ ... နင်မယုံရင်ခုနာရီထ
ကြည့်လိုက် ၂ နာရီ ၁၅ ရှိပြီလို့ပါ အတိအကျပြော
တာကို မက်တာ မမဖူး "
" ဘယ်တုန်းကမက်တာလဲ "
" အဲ့ခြံရှင်းတဲ့ညကလေ ... ကျွန်တော်တို့လည်း ရက်နီး
နေပြီမလို့ စိတ်ပူပြီး ကိုဥက္ကာကို လာမေးတာ ... ဆေးရုံ
တက်နေရတယ်လို့ဆိုတာနဲ့ လိုက်လာခဲ့တာပဲ "
" ဘယ်လို ... ရက်နီးနေပြီဆိုတော့ ... ၉ ရက်နေ့က ဘယ်
နေ့လဲ "
" သဘက်ခါဗျ ... အဲ့နေ့အထိ ကိုဥက္ကာနားမှာ ကျွန်တော်
တို့ စောင့်ပေးမလို့ မမဖူးဆီ ခွင့်တောင်းတာပါ "
" အော် "
" အင်း ...
ရတယ်လေ ...
စောင့်ပေးလို့ရပါတယ် "
" ဟုတ်ကဲ့ မမဖူး "
မြဖူးငုံက စကားပြောရင်း တွေးနေ၏။ ၎င်းတို့က သူမကိုစိတ်ပူကြခြင်းမဟုတ်၊ သူငယ်ချင်းဖြစ်သူ ကိုဥက္ကာကို စိတ်ပူနေကြခြင်းဖြစ်ကြောင်းလည်း နားလည်ထားသည်။
မြဖူးငုံလည်း သဘက်ခါဆိုမှ ဖခင်ဖြစ်သူပြောသော
ကိစ္စကို သတိရသွားမိသည်။ သဘက်ခါ မနက် ၉ နာရီ
ရွှေရည် ငွေရည် လောင်းကာပိုက်ဆံကျဲမည် မဟုတ်ပါလော။
" ဒါဆို စောင့်ကူကြအုံးနော် ... မမဖူး အိမ်ပြန်နားလိုက်
အုံးမယ် "
" ဟုတ် "
အမြန်နှုတ်ဆက်ခဲ့ပြီး ကားရှိရာဆီ ပြန်လာခဲ့သည်။
" ဖေဖေ "
ဖခင်ကို ၉ ရက်နေ့မနက် ၉ နာရီအကြောင်း ပြောပြ
လိုက်၏။
" ရက်ပြောင်းလိုက်ပါလား ... သဘက်ခါမလုပ်ဘဲ
မနက်ဖြန် လုပ်ရင် ကောင်းမယ် ... တရားနာ ပရိတ်ရွတ်
စည်းချ လိုက်ရင် ၉ ရက်နေ့ကြတော့ သူဘာမှ လုပ်
မရတော့ဘူးပေါ့ "
ဦးအောင်စိုးက မည်သည်မှ မပြောဘဲ ကားကိုသာ
အာရုံစိုက်မောင်းနှင်နေသည်။
" သမီးပြောတာကြားရဲ့လားဖေဖေရဲ့ "
" ကြားပါတယ် သမီးကလဲ ... ဖေဖေ့မှာ အစီအစဥ္ရွိပါ
တယ် ... အဲ့နေ့ကြရင် ဘယ်သူ့မှ မနှောင့်ယှက်စေရဘူး ...
သေမယ်ဆိုတာပိုလို့တောင် မဖြစ်နိုင်ဘူး "
" သူ့အိပ်မက်ထဲမှာ ဘယ်သူသေမယ်လို့ မပါတော့
ခက်တယ် ... ကိုဥက္ကာ တစ်ခုခုမဖြစ်လောက်ပါဘူး
နော် ... သူ့ကို စိတ်ပူလိုက်တာ ... ခုထိသတိလည်း
မရလာသေးဘူး "
မြဖူးငုံက ပြောရင်း ဝမ်းနည်းသံပါလာသည်။ မျက်ရည်
လည်း ဝဲနေ၏။
ဖခင်ကိုလည်း ဖွင့်မပြောရဲ၊ ရင်ဖွင့်ပြောပြရမည့် သူငယ်
ချင်းမိတ်ဆွေကလည်းမရှိ၊ တစ်ယောက်တည်း ကြိတ်
မှိတ်နေနေရသဖြင့် ပိုပူလောင်နေရရှာလေသည်။
တစ်ညလုံးလည်း အိပ်မပျော်ဘဲ ဟိုဒီလူးလှိမ့်နေမိသည်။
မည်သို့အိပ်အိပ် အိပ်မရဘဲဖြစ်နေသဖြင့် ဝရံတာတွင်
ထိုင်ကာ ကောင်းကင်ကို မော့ကြည့်ရင်း အတွေးပေါင်း
စုံဝင်နေမိတော့၏။
လေညင်းသွဲ့သွဲ့တိုက်ခတ်နေပြီး တစ်ခြမ်းပဲ့လမင်း၏
အလင်းရောင်က ဖြာကျနေသည်။
" အဲ့မိန်းမက ဘယ်ကလာတာများလဲ ... တကယ်ပဲအစွမ်း
ရှိတာဆိုရင် ဘယ်လိုလုပ်ရမလဲ ... ဒါပေမယ့် သေခြင်း
ရှင်ခြင်းကို ဘယ်သူမှ ဆုံးဖြတ်ပေးလို့ရတာမှ မဟုတ်
တာ ... အတိတ်ကံရယ် အကျိုးအကြောင်းရယ်ဆုံမှ
ဖြစ်နိုင်မှာ ... ဒါတွေ တကယ်မဖြစ်နိုင်ပါဘူး ... "
" အဲ့လိုဆိုတော့လည်း ဟိုကောင်မလေးက ဘာလို့
သေရတာလဲ ... ကိုဖိုးထူးတို့အလောင်းရှို့ပြီးပြီလားမသိ
... ဖေဖေ့ကို သွားမေးကြည့်ရင်ကောင်းမလား "
မြဖူးငုံက ဖုန်းထဲမှအချိန်ကိုကြည့်လိုက်ရာ အေတာ္ဥာဥ့္
နက်နေပြီဖြစ်၍ ဖခင်အိပ်နေလောက်ပြီဆိုကာ သွားမမေး
ဖြစ်တော့ပေ။
" အဆင်ပြေသွားလို့ ဘာမှမပြောတာနေမှာပါ ... တစ်ခုခု
ဆို ဖေဖေပြောမှာပဲ "
ထိုသို့ပြန်တွေးလိုက်သည့်အခါ စိတ်အနည်းငယ်အေး
သွားသလို ရှိလာသည်။
" သူ့ဂူကိုဖြိုလို့ ငါ့ကို လည်ပင်းလာညစ်နေမလားမသိ "
ထိုသို့တဖန် တွေးမိပြန်တော့ မအိပ်ရဲသလို ဖြစ်လာရ
သည်။ ငယ်စဉ်ကတည်းကနေခဲ့သော အခန်းကြီးက
ချောက်ချားဖွယ်နေရာတစ်ခုလို ခံစားနေရ၏။
" ဒီအိမ်ထိတော့ မလိုက်လာလောက်ပါဘူးလေ ... မဟုတ်
သေးဘူး ... ဆေးရုံလှေကားမှာတုန်းက "
မြဖူးငုံမှာ အတွေးများစွာတွေးရင်း တစ်ကိုယ်တည်း
ချောက်ချားလာသည်။ မကြောက်လန့်တတ်ဟူသော
စိတ်က ယခုအခါ ပြောင်းလဲနေသည်။
မျက်လုံးထဲတွင် အုတ်ဂူထဲ လဲလျောင်းနေသော အင်္ကျီ
အနီနှင့် မိန်းကလေးအလောင်းက ပေါ်လာပြီး ဖျောက်
ဖျက်မရဘဲဖြစ်ရ၏။
စိတ်ပြေပျောက်စေရန် သီချင်းထဖွင့်ပြီး နားထောင်ရင်း
ဇွတ်မှိတ်အိပ်ကြည့်နေသည်။
" အဓိပတိလမ်းမထက် အတိတ်ကတို့ခြေရာများ ...... "
သီချင်းသံထဲ မျောလွင့်သွားသည့်အခါ အနည်းငယ်စိတ်
ငြိမ်သွားသလို ခံစားသွားရသည်။
" ငါ့ အိမ်က ထွက် သွား "
သီချင်းသံကြားမှ ထိုအသံကြီး ပျံ့လွင့်လာသည့်အခါ
ဆတ်ခနဲ ငုတ်တုတ်ထထိုင်မိလိုက်တော့သည်။
ထိုအသံသည် ဖုန်းထဲမှလာသောအသံ၊ သီချင်းသံများ
ကြား ထွက်ပေါ်လာသောအသံ သေချာသည်။
မြဖူးငုံက ဖုန်းကို မကိုင်ရဲသဖြင့် ခပ်လှမ်းလှမ်းမှ ရပ်
ပြီး သေချာစွာကြည့်ကာ နားထောင်ကြည့်သည်။
" တိမ်တိုက်လိုဝေးလွင့်လို့ ခုတော့ အားလုံးပျောက်ကွယ်
လေပြီ ... "
သီချင်းသံသာ ပေါ်ထွက်နေသဖြင့် အနီးသို့တိုးကပ်လိုက်
ပြီး ဖုန်းကို ကောက်ယူလိုက်၏။
" ငါ့ အိမ်က ထွက်သွား "
ထိုမိန်းမ၏ အေးစက်စက်အသံကြီးကြားလိုက်ရသဖြင့်
ဖုန်းကို လွှတ်ချပစ်လိုက်တော့သည်။
ပါကေးပေါ် သို့ ဖုန်းက ထောက်ခနဲ ပြုတ်ကျသွားပြီး
သီချင်းသံသည်သာ ဆက်လက် ထွက်ပေါ်လာနေသည်။
ထိုနေရာ၌ မနေရဲတော့သလို ဖြစ်ပေါ်လာပြီး မိဘနှစ်ပါး
ရှိရာအခန်းဆီသို့ သွားရန် တွေးလိုက်သည်နှင့် အိပ်ခန်း
တံခါးကြီးက သူ့အလိုလိုပွင့်လာကာ ဝုန်းခနဲ ဆောင့်
ပိတ်သွားလေတော့သည်။
" အား "
ငယ်သံပါအောင်အော်ရင်း မျက်နှာကို လက်ဖဝါးနှစ်ဘက်
နှင့် ကာဆီးထားမိ၏။
" မလာနဲ့ ... ဒါငါ့အဖေအိမ် ... "
တုန်တုန်ရီရီ ပြောနေဆဲမှာပင် ဖခင်နှင့်မိခင်၏ အခန်း
ဆီမှ အော်သံသဲ့သဲ့ကိုကြားလိုက်ရသဖြင့် အလွန်ပင်
ထိတ်လန့် တုန်လှုပ်သွားရတော့သည်။
အော်သံကြောင့် ကြောက်လန့်နေသောစိတ်လည်း ပျောက်
ဆုံးကာ ဖခင်နှင့်မိခင်ကို စိုးရိမ်စိတ်များက လွှမ်းမိုးလာ
ခဲ့၏။
" မေမေ "
" ဖေဖေ "
အမြန်ပြေးထွက်သွားပြီး အခန်းတံခါးကို ဆွဲဖွင့်လိုက်
သည့်အခါ ဖခင်ဖြစ်သူမှာ ပါကင်းကြမ်းခင်းပေါ်လဲ
ကျနေပြီး မိခင်ဖြစ်သူက အခန်းထောင့်၌ တုန်လှုပ်
ချောက်ချားပြီး ရပ်ကြည့်နေသည်ကို တွေ့မြင်လိုက်
ရသည်။
" ဖေဖေဘာဖြစ်တာလဲ မေမေ "
မိခင်ဖြစ်သူက စကားပြန်မဖြေနိုင်သေးဘဲ ပြတင်းပေါက်
ဆီကို တုန်ယင်စွာညွှန်ပြနေလေသည်။
မြဖူးငုံလည်း ထိုနေရာသို့ ကြည့်လိုက်သည့်အခါ အင်္ကျီ
အနီနှင့် မိန်းမတစ်ယောက်သည် ပြတင်းပေါက်မှ ဖျပ်ခနဲ
ခုန်ချသွားသည်ကို မြင်လိုက်ရသည်။
ကပျာကယာလိုက်ကြည့်သည့်အခါ အိမ်အောက်ဘက်
တွင် မည်သူတဦးတလေမှ မရှိ။ မီးရောင်ကြောင့် အိမ်
အောက်ဘက်ကို အထင်းသားတွေ့နေရသည်။
မြဖူးငုံက ပြန်လှည့်လာပြီး ဦးအောင်စိုးကို ထူမ လိုက်
၏။
" ဖေဖေ "
" ဖေဖေ "
ဦးအောင်စိုးမှာ သတိမရဘဲ မေ့မျောနေပြီဖြစ်သည်။
" ဒေါ်ကြီးစန်းကြည် ... မာလာရေ ...
လာကြပါအုံး "
မြဖူးငုံအော်သံကြောင့် အိမ်အကူနှစ်ယောက်လည်း
ပျာယာပျာယာနှင့် ပြေးတက်လာကြလေတော့၏။
ဆက်လက်ဖော်ပြပါမည်။
#lotaya_shortstory
#LTY_သော်တာလမင်းစန္ဒာ
သော်တာလမင်းစန္ဒာ