" ဘီလူးနက္ခတ် " ( ပရလောကသားတို့အကြောင်း )
lotaya.mpt.com.mm
|
2019-11-12



" အမေရေ...ကယ်ပါ...ကယ်ပါဦး..."" "" အား...ကျွတ်...ကျွတ်..."" မခင်မြသည် ခါးအောက်ပိုင်းဆီမှ နာကျင်လွန်းသောကြောင့် ခြေဖျား လက်ဖျားများပင်အေးစက်လာနေသည်။ အော်ဟစ်ရလွန်းသဖြင့်လည်း အာခေါင်ပင်ခြောက်ကပ်လာ၏။ သူမ မည်မျှပင်အားထုတ်ကြိုးပမ်းကာ ညှစ်ချပါမူ ကလေးကဝမ်းတွင်းမှအပြင်သို့ထွက်မလာချေ။ လက်သည် ဒေါ်နု မှာလည်းဇောချွေးများပင်ပျံနေလေပြီ။ ဝမ်းဆွဲသည်ဒေါ်နုက မခင်မြ ဗိုက်ကိုဖိကာစမ်းရင်း မျက်စိမျက်နှာပျက်ကာဖြင့် အခန်းအပြင် သို့ထွက်လာခဲ့၏။ "" အခြေအနေထူးပြီလားမနု "" ဒေါ်နုကခေါင်းကိုဘယ်ညာယမ်းပြရင်း "" ဒီပုံအတိုင်းဆိုမလွယ်ဘူး ထွန်းညို... နင့်မှာဓါးရှိတယ်မလား "" ဒေါ်နုစကားကြောင့် ကိုထွန်းညို ထိတ်လန့်သွားသည်။ "" ဘာဓါးတုန်းဗျ... ဗိုက်ခွဲမလို့လား "" "" ဟယ်..နင်ကလဲ...မဟုတ်တာတွေပြောရော့မယ်... နင့်မိန်းမဗိုက် ပေါ် ငှက်ကြီးတောင်ထမ်းပြီး ခုနှစ်လှမ်းကျော်စမ်းပါ... "" "" ဘာ...ဘာ...ဖြစ်လို့လဲ...မနု..."" ဝမ်းဆွဲသည်ကသက်ပြင်းချကာ "" နင့်မိန်းမမီးမဖွားနိုင်လို့ပေါ့ဟာ... ဒါတို့ရွာက နည်းပဲ... ပြောရရင် နင့်ကလေးက ဘီလူးနက္ခတ်နဲ့မွေးတယ်ဆိုရမယ်... နင့်မိန်းမဗိုက်ကသာမာန်ပဲ...ဘာမှမဖြစ်ဘဲ မမွေးနိုင်ဘူးဖြစ်နေတာ '''' "" ဟာဗျာ...မနုကလဲ... ဒါမျိုးတွေကျွန်တော်အယုံအကြည်မရှိဘူး ဗျ... ဘာဆိုင်လဲဗျ... ကလေးမီးမဖွားနိုင်တာနဲ့ ဓါးထမ်းရမယ်လို့ "" "" ယုံတာ မယုံတာနောက်ထား...လောလောဆည်နင့်မိန်းမအသက် မမှီမှာတောင်စိုးတယ်...လုပ်မှာသာလုပ်စမ်းပါဟယ် "" အခန်းထဲမှ မခင်မြ၏ မောဟိုက်ကာအော်ဟစ်နေသံက တဖြည်း ဖြည်း အားလျော့လာနေသလိုလိုခံစားမိလာသဖြင့် ကိုထွန်းညို စိတ်အပူကြီးပူကာ ပျာယာခတ်သွားတော့သည်။ ဝမ်းဆွဲသည်ဒေါ်နု ပြောသည့်စကားအတိုင်း ဓါးထမ်းရန် ငှက်ကြီးတောင်ကို အပြေး အလွှားသွားယူလိုက်၏။ ယုံသည်မယုံသည်ထက် သေရေးရှင်ရေး အချိန်တွင် ရေနစ်နေသူပင် မြက်ပင်တောင်ကယ်တင်နိုင်မည်ဟုတွေးတောတတ်သည်မဟုတ်ပါလော။ မခင်မြထံ ငှက်ကြီးတောင်ကိုင်ပြီးဝင်လာသော ကိုထွန်းညိုကို ဒေါ်နု က မျက်ရိပ်ပြလိုက်လေသည်။ ကိုထွန်းညိုက မခင်မြကိုတစ်ချက် ကြည့်ပြီး သူပါ ရောယောင်ပြီး အသက်အောင့်ထားမိနေ၏။ ငှက်ကြီး တောင်ဓါးပုခုံးပေါ်ထမ်းကာ မခင်မြဗိုက်ပေါ် ကျော်ခွလိုက်သည်။ စိတ် ထဲမှ ခြေလှမ်းအရေအတွက်ကို မှတ်ထားလိုက်၏။ ထိုအချင်းအရာ သည် တိုက်ဆိုင်မှုပင်လော မဆိုသာပေ။ ခြေလှမ်းခုနှစ်လှမ်းပြည့်သည် နှင့် မခင်မြ မီးဖွားတော့သည်။ "" အဲ....အဲ...ဝဲ... "" "" မိန်းခလေးတော်... ထွန်းညိုရေ... "" မခင်မြမှာ ပင်ပန်းကြီးစွာဖြင့် မီးဖွားရသဖြင့် မလှုပ်မယှက်ငြိမ်သက်နေ၏။

"" ခင်မြ... ငါအချင်းချတော့မယ်... အားလေးနဲနဲထည့်ညှစ်... "" ဒေါ်နုက မခင်မြဗိုက်ကို လက်ဖြင့်ရစ်ဝဲပြီး ပွတ်သပ်ကာ အပေါ်မှဖြည်း ညှင်းစွာတွန်းချလိုက်သည်။ ကိုထွန်းညိုနှင့် မခင်မြတို့၏ သမီးဦးအမည်က ကြည်ကြည်လွင်။ အရပ်ထဲမှာတော့ ဘီလူးနက္ခတ်ကြောင့် ဓါးထမ်း၍မွေးရသည့်သူဟု နောက်ကွယ်တွင်အတင်းရောသတင်းပါဆိုကြသည်။ ကြည်ကြည်လွင် ၏ အဆင်းသဏ္ဍာန်ကလည်း ထိုသို့ပြောချင်စရာပင်။ နဖူးမောက်ကာ အသားနီစပ်စပ်နှင့် ခြေဖနှောင့်ကလည်းအနည်းငယ် တိုနေသလိုလို ရှိသည်။ ငယ်စဉ်ကတည်းက ဗီဇကလည်းဆိုးရွားသည်။ ကိုထွန်းညို နှင့် မခင်မြက သူမပြီးလျှင် နောက်ထပ် ကလေးသုံးယောက်ထပ်မံရရှိ ပြီး သားသမီးလေးယောက်ဖြစ်သည်။ သို့သော်ကြည်ကြည်လွင်ကို တော့ ဆိုဆုံးမ၍မနိုင်သဖြင့် လက်လွှတ်ထားရကြရှာ၏။ ကြည်ကြည်လွင်ငယ်စဉ်က ရွယ်တူကလေးများနှင့်ဆော့ကစားလျှင် လက်ပါတတ်စမြဲ။ မိန်းကလေးဖြစ်လင့်ကစား စိတ်မကျေနပ်လျှင် နီးရာပစ္စည်းဖြင့် ကောက်ရိုက်တတ်သည်။ ထို့ကြောင့် ကလေးမိဘ များက ၎င်းတို့၏သားသမီးများကို ကြည်ကြည်လွင်နှင့် မဆော့ခိုင်း ကြတော့။ ကြည်ကြည်လွင်ကလည်း ဂရုမစိုက်ချေ။ ကစားဖော်မရှိ လည်း တစ်ယောက်ထဲတောလည်သည်။ လောက်လေးခွတစ်လက် ဖြင့် ငှက်ပစ်ထွက်၏။ တခါတရံ ချောင်းထဲသွားကာ ဖားရှာ ငါးရှာ သည်။ လယ်ပုဇွန်လုံးနှိုက်သည်။ ရပ်တကာတွင်လည်းအော်ကြောလန်သူဖြစ်၏။ လူကြီးသူမ ဆို၍ ကြည်ကြည်လွင်ကို ဆိုဆုံးမရန်စကားမဟလိုက်နှင့်။ သူမကအရင် ဦးအောင်ကတ်ကတ်လန်ပြန်ရန်တွေ့သည်။ မောင်နှမသားချင်းများ အပေါ်တွင်လည်း အနိုင်ယူပြန်သည်။ မိခင်ဖြစ်သူက အချိုးကျဝယ် ပေးသော အရုပ်များကို လူလစ်သည်နှင့်ဖျက်ဆီးပစ်၏။ အငယ်များ က ငိုယိုနေလျှင် ကြိတ်ဝမ်းသာနေတတ်လေသည်။ မိဘများကဆူ သော်လည်း သူမသိသလို မဟုတ်သလို နေပြသည်။ ကြည်ကြည်လွင်မှာ ရွာ၏ချဉ်ဖတ်လိုသာဖြစ်နေရသော်လည်း သူမ တွင် ဉာဉ်ဆိုးတစ်ခုရှိ၏။ ရွာထဲ၌ ဒုက္ခရောက်နေသောသူ သို့မဟုတ် စားစရာမရှိသူများကို တခြားတနေရာမှ အစားအစာများခိုးယူကျွေး မွေးတတ်ပြန်သည်။ ထို့ကြောင့် သူမအား ရွာမှလူအများစုက ချဉ် ဖတ်ဖြစ်နေသော်လည်း ဆင်းရဲသားအချို့ကအလွန်ခင်မင်ကြပြန် လေတော့သည်။ သူမအသက်

( ၁၆ )နှစ်မှာပင် ယောကျာ်းနောက်လိုက်ပြေးပြီး အိမ်မှထွက်သွားခဲ့လေသည်။ လိုက်ပြေးသည့်ယောကျာ်းကလည်း အလုပ်အကိုင်မယ်မယ်ရရမရှိသူဖြစ်၍ မိဘများကသဘောမတူကြ ချေ။ ထို့ကြောင့်လည်းရွာမှအပြီးထွက်သွားတော့သည်။ ယောကျာ်း ဖြစ်သူ ကိုချိုကြီး နှင့်တစ်အိုးတစ်အိမ်ထူထောင်ရန် မြို့တက်ကာ ရရာ အလုပ်ဝင်လုပ်သည်။ သို့သော်လည်းသူမ၏ ပင်ကိုယ်အကျင့်စရိုက် ကြောင့် အလုပ်ထဲဟိုလူနှင့်မတည့် ဒီလူနှင့်မတည့် ဖြစ်ကာ အလုပ် ပြောင်းရသည်ကအခါခါပင်။ ကြည်ကြည်လွင် သားဦးကိုယ်ဝန်ရလာသောအခါမှ ယောကျာ်းဖက် မိဘများက လုပ်ကိုင်စားသောက်ရန်အရင်းအနှီးထုတ်ပေးတော့သည်။ သို့သော် အိမ်သို့ပေးမလာချေ။ သားဦးမွေးပြီးချိန်ရောက်မှ ကြည်ကြည် လွင်မိဘများက အိမ်သို့ပြန်ပေးဝင်ခဲ့သည်။ ကြည်ကြည်လွင်တို့လည်း ထိုအခါမှ မိဘအိမ်သို့ပြန်လာကာ အတူလာနေကြ၏။ ယောကျာ်း ဖက်မှပေးသောအရင်းအနှီးငွေက ကလေးမီးဖွားရသည်ကတကြောင်း၊ အလုပ်မရှိသဖြင့်ထိုင်စားရသည်ကတကြောင်းကြောင့် များများစားစား မကျန်လှတော့ပေ။ ကျန်သည့်ငွေလေးဖြင့် အိမ်ရှေ့တွင်အိမ်ဆိုင်လေးဖွင့်လှစ်လိုက်တော့ သည်။ အရင်းအနှီးမလုံလောက်သဖြင့် အိမ်ဆိုင်လေးကပစ္စည်းအမျိုး အစားမစုံလင်ပေ။ ကလေး လသားအရွယ်နို့ခွဲပြီးချိန်ရောက်တော့ ကြည်ကြည်လွင်လည်း အလုပ်သေချာလုပ်ကိုင်နိုင်လာသဖြင့် အိမ် ဆိုင်လေးက နဂိုထက်စုံစုံလင်လင်ရောင်းချလာနိုင်ခဲ့တော့သည်။ ယောကျာ်းဖြစ်သူကတော့ ကလေးရပြီးသည်အထိအချိုးမပြောင်း။ အလုပ်မလုပ်ချင်။ ဟိုယောင်ယောင်ဒီယောင်ယောင် ယောင်ဆဲ။ ကြည်ကြည်လွင်၏မိဘများကမကြည်သော်လည်း သည်းခံကာ မျက်နှာလွဲထားကြ၏။ အိမ်ထောင်ကျပြီးကလေးရပြီး သူမ၏ဗီဇက ပို၍ဆိုးလာခဲ့တော့သည်။ မိဘအိမ်ရှိပစ္စည်းများ၊ မောင်နှမများ၏ စားကောင်းသောက်ဖွယ်များ ဆိုလျှင် ယောကျာ်းအတွက်၊ ကလေး အတွက် ခိုးယူပြန်သည်။ သူမ ယူမှန်းသိ၍ပြောဆိုလျှင် အကြီး အကျယ်ရန်ပြန်လုပ်လေသည်။ မောင်နှမများကလည်း ရန်မဖြစ်လို သဖြင့် အချို့အရာဆိုလျှင် သိသိလျှက်နှင့်ငြိမ်ခံနေရတော့သည်။ မကျေနပ်လှပေမယ့် ကြည်ကြည်လွင်နှင့်တုပြိုင်ကာ ရန်မဖြစ်လို၊ အချင်းမများလိုကြချေ။ ကြည်ကြည်လွင်က စကားရိုင်းရိုင်းများဆဲ ဆိုတတ်သဖြင့် မျက်စိရှက်၊နားရှက်ကြသည်လည်းပါ၏။ ကြည်ကြည် လွင်၏စရိုက်ကြောင့် အိမ်မှာမနေလိုသဖြင့် ထွက်သွားသူက နှစ် ယောက်ပင်ရှိသွားလေပြီ။ အလတ်မောင်တစ်ယောက်သာ အိမ်တွင် ကျန်ခဲ့၏။ ထိုမောင်တစ်ယောက်ပင် တစ်နေကုန်အပြင်တွင်နေ၍ ညမိုးချုပ်မှပြန်လာတတ်လေသည်။ မောင်နှမများကရှောင်ဖယ်လေသူမ အကြိုက်ဖြစ်လေပင်။ တစ်အိမ် လုံးသူ့လက်သူ့ခြေချည်းသာ။ သူ့အိမ်လိုလိုပုံစံပင်သွင်းလာနေ၏။ ထိုအိမ်တွင် သူမသာ သြဇာသက်ရောက်ချင်ခဲ့သည်။ ရပ်တကာ လှည့်ရန်ဖြစ်ခြင်းကလည်း ရပ်တန့်မသွားခဲ့ပေ။ ကြည်ကြည်လွင်က လူမုန်းသာများသော်လည်း စီးပွားရေးကံကကောင်းလှသည်။ သူမ နှင့်မတည့်သူများသော်ငြား သူမ၏အိမ်ဆိုင်လေးကအရောင်းသွက် လှသည်။ အိမ်ဆိုင်လေးကတစ်နေ့တစ်ခြား ပိုပို၍ပစ္စည်းအမျိုးအစား စုံလာ၏။ နောက်ထပ်ကလေး တစ်ယောက်ထပ်မွေးပြီး ကလေးနှစ် ယောက်ရလာသောအခါ သူမ၏စရိုက်ကပိုကြမ်းတမ်းလာတော့သည်။ ကြည်ကြည်လွင်က သူမ၏သားသမီးများကိုတော့အလွန်ချစ်၏။ သို့သော်လည်းသူမကချစ်ရာမရောက် နစ်ရာရောက်နေမှန်းမသိချေ။ သားသမီးနှစ်ယောက်ကလည်း သူမခြေရာနင်းနိုင်ခဲ့လေသည်။

ကြမ်း ကြမ်းတမ်းတမ်းနှင့် အော်ကြောလန်လေးများဖြစ်ကြသည်။ သူမအသက် ( ၃၀ )တွင် မိဘနှစ်ပါးကရှေ့ဆင့်နောက်ဆင့်ကွယ် လွန်သွားသည့်အခါ ထိုအိမ်သည် သူ၏အိမ်မျိုးဖြစ်လာလေတော့ သည်။ မောင်နှမများကို တစ်ယောက်မှ အိမ်တွင်ပေးမနေတော့ချေ။ အကုန်အိမ်ပေါ်မှ မောင်းချပြီး အိမ်ကိုမောင်ပိုင်စီးထားတော့သည်။ မောင်နှမများလည်းတစ်ယောက်တစ်ကွဲဖြစ်ကာ အဆက်အသွယ် ပြတ်တောက်သွားကြလေပြီ။ သူမကတော့ မိဘအိမ်သူ့အိမ်အဖြစ် အိမ်ကြီးရှင်လုပ်ပစ်၏။ ထိုအိမ်ကြီးကို မောင်ပိုင်စီးပြီး အေးအေးလူလူနေရင်း သူမအသက် ( ၄၃ ) တွင် ဦးနှောက်သွေးကြောပြတ်ကာ ရုတ်တရက်ဆုံးပါးသွား လေတော့သည်။ သူမသေဆုံးပြီဟုကြားလျှင် ဘေးအိမ်မှ အပျိုကြီး မသန်းဌေးကဝမ်းသာကာ အော်ရယ်မိလေသည်။ မသန်းဌေးနှင့် သူမက ရန်ငြိုးအကြီးအကျယ်ရှိဖူး၏။ အိမ်ရှေ့မှ အမှိုက်ပြဿနာ ကြောင့် ရွာလူကြီးဆီရောက်သည်အထိ စကားများရန်ဖြစ်ကြသည်။ အပျိုကြီးကလည်း အလျော့မပေး။ ကြည်ကြည်လွင်ကလည်း အလျော့ ပေးတတ်သူမဟုတ်သဖြင့် ထိုကိစ္စမှာပို၍ဆိုးလာခဲ့သည်။ မသန်းဌေး က အပြင်မှပြန်လာလျှင် သူ၏အိမ်ထဲမဝင်ခင် ခြံတံခါးမှ အပြင်သို့ " ထွီ... ထွီ '' ဟု တံတွေးထွေးတတ်သည်။ ဤသည်ကို ကြည်ကြည် လွင်က အခဲမကျေပေ။ သူမ၏ ဆိုင်ဖက်မှနေ၍ ပန်းကန်ဆေးရေများ ကို မသန်းဌေးတံတွေးထွေးခဲ့သည့်နေရာအားမှန်းကာ လှမ်းပက်ပစ် သည်။ ဤသည်မှစ၍ အိမ်နှစ်အိမ်ကြားတွင် နဘန်းသတ်ကြပြန်လေ သည်။ မသန်းဌေးကလည်း ကြည်ကြည်လွင်ဆိုလျှင်အသံပင်မကြားချင်ပေ။ ကြည်ကြည်လွင်ကလည်း မသန်းဌေးကို အလွန်မုန်းတီးလေသည်။ ယခု ကြည်ကြည်လွင်ဆုံးပါးပြီဆိုသော်အခါ မသန်းဌေးက အသုဘ ဖြစ်လင့်ကစား ဝမ်းမြောက်နေတော့သည်။ မသန်းဌေးကြာကြာဝမ်း မသာနိုင်ရှာ။ ညနေနေဝင်ရီတရောအချိန်ရောက်သည့်အခါ မသန်း ဌေးအပြင်မှပြန်လာစဉ် ခြေထောက်လှမ်းဆွဲခံရတော့သည်။ မည် သူမှအနားတွင်မရှိဘဲ အေးစက်သောလက်တစ်ဖက်ဖြင့် ခြေထောက် ကိုလာဆွဲသဖြင့် မသန်းဌေးကြောက်ရွံ့ကာအိမ်ထဲပြေးဝင်ခဲ့၏။ အပျိုကြီးမှာ အော်ရယ်မိပြီးမှ ယခုကြောက်အားပိုနေတော့သည်။ တူမနှစ်ယောက်ကို မုန့်ဖိုးပေးပြီး အခန်းတွင်ခေါ်အိပ်သည်။ ဉာဉ့်

နှစ်ချက်တီးချိန်လောက်တွင် တူမနှစ်ယောက်ကိုခြံရံလျှက် အလယ် တွင်အိပ်နေသော မသန်းဌေးပေါ်သို့ အေးစက်နေသောကိုယ်ခန္ဓာဖြင့် လာတက်ဖိထားသဖြင့် ထိတ်ထိတ်လန့်လန့်ကြည့်လိုက်သည့်အခါ ကြည်ကြည်လွင်သည် မျက်လုံးသေကြီးဖြင့် သွေးဆုပ်ဖြူလျော့နေ သောမျက်နှာနှင့် ချောက်ချားဖွယ်အသံကြီးဖြင့်ပြောနေသည်။

""အခုရယ်စမ်း... အားရပါးရရယ်စမ်း"" မသန်းဌေးမှာ အလွန်ကြောက်လန့်ပြီး အော်ဟစ်သော်လည်း အသံ ထွက်မလာချေ။ သူမအပေါ်၌ ကြည်ကြည်လွင်က တက်ဖိကာ မျက် လုံးကြီးပြူးကာစိုက်ကြည့်နေသည်။ မသန်းဌေးလည်းအကြောက်လွန်ကာ အိပ်ရာပေါ်၌ရှုးပေါက်ချလိုက်မိတော့သည်။ ကြည်ကြည်လွင် ကတော့ တက်ဖိထားရာမှ မခွာဘဲ အေးစက်ချောက်ချားဖွယ်အသံ ဖြင့် "" ရယ်လေ... ရယ်စမ်း "'' ဟုဆိုနေတုန်းပင်။ မသန်းဌေး ရှုးပေါက်ချသဖြင့် မွေ့ရာနှင့်စောင်များ စိုရွဲသွားသောကြောင့် နံဘေးမှတူမနှစ်ယောက်ကအိပ်ပျော်နေရာမှ လွန့်လူးလာကြသည်။ ထိုအခါမှ ကြည်ကြည်လွင်ကကြက်ပျောက် ငှက်ပျောက် ပျောက်သွားတော့၏။ နောက်ရက်မနက်စောစောတွင် မသန်းဌေးသည် အခြားရွာရှိအမျိုးများအိမ်သို့ခေတ္တပြောင်းနေရ တော့သည်။ ကြည်ကြည်လွင်ကို ကြောက်လန့်သဖြင့် အိမ်ပင်ပြန် မလာရဲတော့ချေ။ ကြည်ကြည်လွင်ထံပေးစရာအကြွေးရှိသူများပင် အသုဘမချမှီ အပြေး လာပေးကြကုန်လေသည်။ ရစရာရှိသူများ၏အိမ်တံခါးကိုထုကာ အပြင်ဖက်မှ "" ငါ့ပိုက်ဆံလာဆပ်ကြဦး "" ဟုနာမည်တပ်ပြီးအော်ခဲ့သဖြင့် ထိတ်လန့်ပြီးမရှိ ရှိရာပေါင်နှံကာ အမြန်လာဆပ်ကြတော့သည်။ အသုဘ သုံးညစံပြီး သဂြိုလ်သည့် ညတွင် ဖဲဝိုင်းစောင့်သူကစောင့်ကြသည်။ အသုဘအိမ်ဖြစ်၍ စောင့် ကူကြရသော်လည်း ကြည်ကြည်လွင်၏ သတင်းကြောင့် တစ်ယောက် ထဲမနေရဲကြချေ။ ကြောက်ကြောက်လန့်လန့်ဖြင့်သာ ကျောချမ်းကာ စောင့်ကြရ၏။ ဖဲဝိုင်းမှလူတချို့ အိမ်ဆိုင်ထဲ လူသံလိုလိုကြားရ သဖြင့် သူခိုးထင်ကာ ထချောင်းကြလေသည်။ အိမ်ဆိုင်တံခါးအားဖွင့်လိုက်သည်နှင့် ဆိုင်ထဲတွင် သနပ်ခါးဘဲကြား ရိုက်ပြီးရပ်ကြည့်နေသောကြည်ကြည်လွင်ကို မြင်ကြသဖြင့် ထွက် ပြေးကြတော့သည်။ ထိုမျှသာမကသေး ရွာဘုရားပွဲအမှီ ဝတ်ရန် ချိတ်ဝမ်းဆက်တစ်စုံကို အပ်ချုပ်ဆိုင်သို့အပ်ထားလေရာ ထိုစက် ဆိုင်သို့လည်း သွားခဲ့သေး၏။ စက်ဆိုင်ရှိ ဗီဒိုထဲမှ သူမအပ်ခဲ့သည့် ချိတ်ဝမ်းဆက်က ရုတ်တရက်ပြုတ်ကျလာလေသည်။ စက်ချုပ်ဆိုင် က မသီခိုင်ကတော့ မရိပ်မိသေးချေ။ မီးရောင်အောက်တွင် တကုတ်ကုတ်ဆက်ချုပ်နေ၏။ ခဏအကြာ သူမ၏နောက်ကျောဖက်မှ တစုံတယောက်ရပ်နေသကဲ့သို့ခံစားလိုက် ရပြီး "" ငါ့ အထည်အရင်ချုပ်ပေး "" ဟု မကြည်လွင်၏အသံကြောင့် မသီခိုင် ကြောက်လန့်တကြားပြေး ထွက်ရသည်။ သို့သော်သူမ၏ လက်ကိုအေးစက်သော လက်တစ် ဖက်ကဆွဲထားခြင်းခံရသဖြင့် ငယ်သံပါအောင်အော်ဟစ်ရင်း စက်ခုံ ဘေးတွင်မေ့လဲသွားတော့သည်။ ကြည်ကြည်လွင်မှာ ရက်လည်ပြီးလည်း မကျွတ်ချေ။ ခြောက်မြဲ ခြောက်ဆဲပင်။ သူမ၏ယောကျာ်းနှင့် သားသမီးများပင် အိမ်တွင် မနေရဲတော့သဖြင့် အိမ်သော့ပိတ်ပြီး မိဘများအိမ်သို့ ပြောင်းသွားကြ လေသည်။ လူမနေသဖြင့်လည်း ကြည်ကြည်လွင်ဝိဉာဉ်ကပို၍ဆိုးလာ ခဲ့သည်။ ထိုအိမ်မှာ မိဘအမွေဆိုင်အိမ်ဖြစ်ပြီး ကြည်ကြည်လွင်မပိုင် ဆိုင်သေးချေ။ မောင်နှမများကိုမောင်းချထားရုံသာတတ်နိုင်သေး သည်။ ထို့ကြောင့် ကျန်မောင်နှမများက အိမ်သို့ပြန်လာနေကြတော့ သည်။ ပထမဆုံးလာနေသည့်ညမှာပင် တစ်အိမ်လုံးဗြောင်းဆန်အောင် ထုရိုက်နေသည့်အသံများကြားကြရလေသည်။ ထို့နောက် ကုတင် ပေါ်မှ ဆွဲချသည်။ ကျန်တစ်ယောက်ကို ကုတင်အောက်မှ '' ဒုန်း '' ကနဲ ထုကာနိုးသည်။ နိုးလာသည့်အခါ ဘေးတွင်ရပ်ကာ ငုံ့ကြည့် ပြီး "" ဒါငါ့အိမ်... ငါ့အိမ် "" ဟုကြောက်မက်ဖွယ်အသံဖြင့် အော်ဟစ်သည်ကိုတွေ့လိုက်ရတော့ သည်။ မောင်နှမများကလည်း ဆက်မနေရဲတော့ချေ။ ဆရာပင့်ဖိတ် ကာ ကြည်ကြည်လွင်ကျွတ်လွတ်စေရန် ကြိုးစားကြတော့၏။ ထိုအခါ ကြည်ကြည်လွင်က သူမကျွတ်ချင်ကြောင်း ဝင်ရောက်ပူးကပ် ပြောဆိုလေသည်။ "" နင်နဲ့ဘဝခြားနေပြီ မကြည်လွင်... ဒီအိမ်နဲ့ နင်မသက်ဆိုင်တော့ ဘူး... ကောင်းရာမွန်ရာရောက်အောင်အလှူလုပ်ပေးမယ်...သာဓု ခေါ်လိုက်ပါ "" မကြည်လွင်ဝင်ရောက်ပူးကပ်နေသော မသင်းလှိုင်က အော်ဟစ် ကာလူးလှိမ့်ရင်းပြောနေသည်။ "" ဒါငါ့အိမ်... ငါပိုင်တာ... ငါဘယ်မှမသွားနိုင်ဘူး... နင်တို့တွေ အကုန်ထွက်သွား... "" မည်သို့ပင်ပြောပြော မကြည်လွင်ကတော့ မကျွတ်လွတ်နိုင်ဟုသာ ပူးကပ်ပြောဆိုနေလေသည်။ ဆရာလည်းမနိုင်တော့ပေ။ သူမအား ကျွတ်လွတ်စေရန်ထပ်မံ ပြောဆိုလုပ်ဆောင်ပါက ဆရာကိုလည်း အလွတ်မပေးဟု ပြန်လည်ပြောဆိုသဖြင့် ဆရာလည်း နှုတ်ဆိတ်ကာ ပြန်သွားရလေသည်။ မောင်နှမများကလည်းလက်မလျှော့ချေ။ သံဃာများပင့်ဖိတ်ပြီး ကမ္မဝါရွတ်ဖတ်ခဲ့သည်။ ကမ္မဝါရွတ်နေစဉ် အိမ်ခေါင်မိုးပေါ်မှ တဒုန်းဒုန်းခုန်ပေါက်နေသံများကြောင့် ကမ္မဝါဖတ် ပြီးသည်နှင့် လူများပြန်ပြေးကြကုန်ပြန်သည်။ နောက်ဆုံးမကြည်လွင်ကို မနိုင်သဖြင့် အိမ်ပိတ်ကာ ထားလိုက်ရ တော့၏။ မကြည်လွင်ကတော့ ထိုအိမ်တွင် နေရင်း ပိုမိုဆိုးရွားသည့် ခြောက်လှန့်မှုများကို ဆက်လုပ်နေတော့သည်။ အိမ်နီးနားချင်းများ ကအိမ်ထဲမှလှမ်းကြည့်လိုက်လျှင် ခြံစည်းရိုးပေါ်ခွထိုင်ပြီး ၎င်းတို့ကို ပြန်ကြည့်နေသည်အားတွေ့ကြရလေသည်။ တခါခါ ညနေစာချက် ပြုတ်ချိန်နောက်ကျလျှင် အိမ်အပြင်ဖက်မှ

"" ငါ့ကိုကျွေးဦး '''' ဟုလာပြောသံကိုကြားရပြန်သည်။ ထိုသို့သော အိမ်အနီးပတ်ဝန်း ကျင်များပါမကျန်ခြောက်လှန့်နေသဖြင့် အိမ်နီးချင်းများပင် မနေရဲ လာကြတော့ချေ။ အချို့ကလည်းပြောင်းရွေ့ပြေးကြသည်။ လူအင် အားတောင့်တင်းသော အိမ်နီးချင်းတချို့သာကျန်ရှိတော့၏။ မကြည် လွင်၏ အိမ်ရှေ့ပင် ညနေခင်းရောက်လျှင်ဖြတ်မလျှောက်ရဲလာကြ တော့ချေ။ ထိုကိစ္စကြောင့် မကြည်လွင်၏မောင်နှမများနှင့် အိမ်နီးချင်းများက တိုင်ပင်ကာ ဆရာထပ်ရှာကြပြန်သည်။ ထိုဆရာက မကြည်လွင် ၏ ကလေးနှစ်ယောက်ကိုခေါ်လာခိုင်းကာ ပြောခိုင်းရသည်။ သူမ ၏ ကလေးနှစ်ယောက်လာပြောသောအခါမှ ရွာဦးစေတီတွင် ထုံး သင်္ကန်းကပ်လှူပေးရန်တောင်းဆိုသည်။ သူမပြောသည့်အတိုင်း ထုံးသင်္ကန်းကပ်လှူပေးပြီး မကြည်လွင်၏ဝိဉာဉ်ကို ထိုစေတီသို့ ခေါ်ဆောင်သွားလေတော့သည်။ မကြည်လွင်မှာ သူမကျွတ်သေးကြောင်း၊ ယခုမကျွတ်လွတ်ခင်ဘဝ တွင်ရွာဦးစေတီ၌ နေမည်ဖြစ်ကြောင်းပူးကပ်ပြောဆိုခဲ့သည်။ သူမ ၏ ကလေးနှစ်ယောက်ကြောင့်သာ အိမ်မှထွက်သွားပေးခြင်းသာ ဖြစ်ကြောင်း ပြောခဲ့ပြီးနောက်ပိုင်း အိမ်ထဲတွင်ခြောက်လှန့်မှုများ မရှိတော့ပေ။ အိမ်ကိုလည်း မောင်နှမများပြန်လည်ပြင်ဆင်ပြီးနေ ထိုင်လိုက်ကြ၏။ သို့သော် ရွာဦးစေတီတွင်တော့ မကြည်လွင်၏ ချောက်ချားစရာပုံရိပ်များကို တွေ့မြင်ကြသေးသည်မှာ ယခုအချိန်ထိ ဆိုလျှင် ဆယ်စုနှစ်ခန့်ရှိလာခဲ့ချေလေပြီ။ ဘီလူးနက္ခတ် နှင့်မွေးဖွားလာသည်ဟုဆိုခြင်းမှာမှန်ကန်သည်လော မမှန်ကန်သည်လော မဆိုသာသော်ငြား ရွာဦးစေတီထုံးဖြူဖြူလေး နားတွင် မကြည်လွင်အကြောင်းက ပါးစပ်ရာဇဝင် တစ်ခုနှယ် ထင် ကျန်နေရစ်ဆဲပင်ဖြစ်ပေတော့သည်။

သော်တာလမင်းစန္ဒာ



Unicode



#ဘီလူးနကျခတြ "








သေျာတာလမငျးစန်ဒာ

နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#funny

Some text some message..