အိမ်အကူမထွေး ( ပရလောကသားတို့အကြောင်း )
lotaya.mpt.com.mm
|
2019-12-17

ကျွန်မအလုပ်သွားဖို့ပြင်ဆင်နေချိန်တွင် မွှေးပျံ့လာသောပေါင်မုန့်နံ့

သင်းသင်းကြောင့် ဆာလောင်နေမှုကိုသတိရလာတော့သည်။ အိမ်

အောက်ထပ်မီးဖိုချောင်ဆီမှတက်လာသော အနံ့က ကော်ဖီပူပူလေး

တစ်ခွက်ကိုပင်တောင့်တမိလာ၏။ လိုအပ်သည်များကိုယူပြီး မီးဖို

ခန်းသို့အမြန်အရောက်လှမ်းလိုက်သည့်အခါ ကျွန်မသမီးနှစ်ယောက်

ပင် ပေါင်မုန့်မီးကင်ယိုသုတ်နှင့်ကော်ဖီပူပူလေးကိုစားသောက်နှင့်

နေချေပြီ။ စားပွဲတွင်ဝင်ထိုင်လိုက်သည်နှင့် ကျွန်မရှေ့သို့ကော်ဖီနံ့

သင်းသင်းလေးတစ်ခွက်အရင်လာချပေးသော အိမ်အကူမထွေးကို

သဘောကျစွာတစ်ချက်လှမ်းကြည့်လိုက်မိသည်။

မထွေးကို ကျွန်မ၏အိမ်သို့ခေါ်ထားသည်မှာ ရှစ်နှစ် ကိုးနှစ်ခန့်ပင်ရှိ

လာပြီ။ သမီးကြီးတစ်နှစ်အရွယ်ကတည်းက ကျွန်မ၏အိမ်သို့မထွေး

ရောက်လာခြင်းဖြစ်သည်။ ထိုအချိန်ကသူမ၏အသက်မှာ ၄၀ဝန်းကျင်

ခန့်သာရှိသေးသည်။ အသားမဖြူမညို၊ အရပ်မနိမ့်မမြင့်၊ မျက်နှာဝိုင်း

ဝိုင်းနှင့်မထွေးသည် အလုပ်လုပ်ရာတွင်သွက်လက်ချက်ချာလွန်း၏။

ကျွန်မတို့အိမ်သားများ၏အလိုက်ကိုသိတတ်လွန်းသူ၊ ရိုးလည်းရိုး

သည်။ အိမ်တွင်းစကားအပြင်သို့မသယ်တတ်သူလည်းဖြစ်၍ ကျွန်မ

သူ့ကိုလက်မလွတ်တော့ပေ။

အချက်အပြုတ်လည်းကောင်းပြီး မထွေးရှိနေလျှင် ကျွန်မ၏အိမ်က

သပ်ရပ်သန့်ရှင်းနေစမြဲ။ မထွေး၏အားနည်းချက်က ပစ္စည်းအဆန်း

များအသုံးမပြုတတ်သည်ကလွှဲ၍ ကျန်တာအကုန်လှည့်ကြည့်စရာ

မလိုပေ။ ထိုအရာသည်လည်းအခက်ကြီးတော့မဟုတ်။ သူမကို

တစ်ပတ်ခန့်အချိန်ပေးပြီး အသုံးပြုနည်းများပြသထားလိုက်ရာ ယခု

ဆိုလျှင် အဝတ်လျှော်စက်၊ ဂတ်စ်မီးဖို၊ အသားပေါင်းအိုး စသဖြင့်

အသုံးပြုတတ်သွားလေပြီ။

အမှန်တကယ်ဆိုလျှင် မထွေးကတစ်ကိုယ်ရည်သမားတော့မဟုတ်

ချေ။ သူမ၌သားသမီးသုံးယောက်ရှိလေသည်။ သားနှစ်ယောက်က

ပန်းရံကျဘန်းလုပ်ကိုင်သော်လည်း ညနေချိန်ဆိုလျှင် မူးနေပြီ။သမီး

အငယ်ဆုံးမှာ အသက် (၁၆)နှစ်နှင့်အိမ်ထောင်ပြုသွားပြီးသူ့အိမ်

ထောင်နှင့်သူနေသည်။ ညဖက်မူးမူးလာသည့်သားနှစ်ယောက်မှာ

မူးလာလျှင်ပြဿနာပေါင်းစုံရှာတတ်သည်။ အော်ဟစ်ဆဲဆိုရန်ဖြစ်

ခြင်းများကညတိုင်းလိုလိုပင်။ မထွေးကရပ်တကာလှည့်ခဝါသည်။

ရသမျှရှာသမျှပိုက်ဆံသူမ သုံးရသည်ဟူ၍မရှိ။

သားဆိုးအမေတပေပေ၊ လင်ဆိုးမယားတဖားဖား ဆိုသည့်အတိုင်း

သားနှစ်ယောက်အမြည်းဖိုး၊ ကျန်းမာရေးချူချာလျှင်ဆေးဖိုးဖြစ်ဖြစ်

သွားသည်။ မထွေးကမုဆိုးမ။ သမီးအငယ်မအသက် ၁၄နှစ်အရွယ်

တွင် ခင်ပွန်းဖြစ်သူလည်းအရက်ကြောင့်အသည်းခြောက်ကာဆုံးပါး

သွားခဲ့သည်။ ဆုံးသွားသည်ပင် မထွေးအတွက်ကောင်းသေးသည်ဟု

အရပ်ကပြောကြ၏။ ယောကျာ်းဖြစ်သူမှာလည်းမထွေးရှာစာအခန့်

သားထိုင်စားကာ အမြဲမူးရူးနေသူဖြစ်၍ ပတ်ဝန်းကျင်က မထွေးကို

စေတနာရှိသော်ငြား ယောကျာ်းဖြစ်သူကိုနှာခေါင်းရှုံ့ကြသည်။

မုဆိုးမအဖြစ်ရောက်လာသောမထွေးမှာအရပ်တကာလှည့်အဝတ်

လျှော်သော်လည်း အဆင်ပြေတလှည့် မပြေတလှည့်။ ငွေအနည်းငယ်

ရလာသည့်ရက်ဆိုလျှင် သားတွေက '' အမေ...အမေ '' နှင့်ပါးစပ်ဖျား

ကမချသော်လည်း ငွေမကပ်ချိန်ဆိုလျှင် မထွေးကိုရှိသည်ဟုပင်မထင်

ချေ။ ထို့ကြောင့် ခဝါသည်လုပ်ရင်း သားနှစ်ယောက်ကြောင့် အိမ်မှာ

မပျော်ပိုက်တော့သောမထွေးကို ကျွန်မအိမ်၌ခေါ်ထားခဲ့ခြင်းဖြစ်သည်။

ဤသည်ကိုပင် မထွေးမှာ လစာရသည့်ရက်များဆိုလျှင် သူ၏သား

တွေအတွက် လိုအပ်သည်များဝယ်ခြမ်းသွားတတ်ပြန်၏။ တစ်ညတန်

သည် နှစ်ညတန်သည် အိမ်ပြန်သွားတတ်သည်။

ထိုရက်များဆို ကျွန်မလက်ကျိုးသောနေ့ပင်။ အပြင်ထွက်အလုပ်လုပ်

နေရသောကျွန်မမှာ သမီးနှစ်ယောက်ဝေယျာဝစ္စကို မလှစ်ဟင်းစေရန်

ဂရုပြုရသဖြင့် ယားလို့ကုတ်ချိန်ပင်မရှိလှချေ။ သမီးတွေကငယ်ရွယ်

သေးသဖြင့်လည်း ဗျာပါများလှ၏။ မထွေးပြန်လာချိန်ဆိုလျှင် နောက်

ပိုင်းအိမ်ကိစ္စလှည့်ကြည့်စရာမလိုသဖြင့် စိတ်ဖြောင့်ဖြောင့်အလုပ်လုပ်

နိုင်ခဲ့သည်။ ကျွန်မမှာမထွေးအကြောင်းတစ်ချက်တွေးရင်း ကော်ဖီ

ကိုအမြန်မော့သောက်ကာ သမီးတွေကျောင်းအမှီပို့ရန်ထွက်လာခဲ့

တော့သည်။ မထွေးမှာတော့ မီးဖိုပေါ်တင်ထားသော ကြက်သားဟင်း

အိုးကိုမွေကာ ကျန်ရစ်ခဲ့ချေပြီ။

တစ်ရက်တွင် မထွေးကကျွန်မကိုခွင့်တောင်းသည်။ သူမ၏ယောင်းမ

များက ရွာတွင်အလှူလုပ်ရင်း ဆုံးပါးသွားသည့်မထွေးယောကျာ်း

အတွက်ပါ ရေစက်ချတရားနာပေးမည်ဖြစ်၍ ယောကျာ်းဖြစ်သူဇာတိ

ဖြစ်သော ရွှေပင်ဆင့်ရွာသို့သွားရမည်ဖြစ်ကြောင်းပြောလာသည်။

မထွေးစကားကြောင့်ကျွန်မမှာအားအင်ကုန်ခမ်းသွားသလိုဖြစ်ပေါ်မိ

၏။ မထွေးမရှိလျှင်ကျွန်မပင်ပန်းရပေမည်။ သို့သော်လည်း ကျွန်မ

ကိုယ့်ကိုယ်သတိပြန်ပေးမိသည်။ ကျွန်မလုပ်ရမည့်အလုပ်ကို ကျွန်မ

အလျှင်မှီအောင်ကြိုးစားလုပ်မည်။ ဤသည်ကကျွန်မတာဝန်ပင်မဟုတ်

လား။

မထွေးရွာပြန်သွားပြီး ကျွန်မတစ်ယောက်တည်း အိမ်အလုပ် ကုမ္ပဏီ

အလုပ်များနှင့် ချာလပတ်ရမ်းနေခဲ့ရပြီ။ ခင်ပွန်းသည်ကလည်း ကုမ္ပဏီ

အလုပ်ဖြင့် ခရီးထွက်သွားရသဖြင့် ပို၍ကသီခဲ့ရလေသည်။ သမီးတွေ

ကိုမနက်စာအပြင်ဆိုင်မှာကျွေးပြီးကျောင်းပို့၊ အလုပ်သွား။ နေ့လည်

ရုံးမှအနည်းငယ်စောစောတောင်းပြန်ကာ ကလေးထမင်းပို့ရန် ဆိုင်

တွင်ချိုင့်ဆွဲ။ နေ့လည်စာကိုတော့ကြုံသည့်ဆိုင်မှာဝင်စားပြီးရုံးပြန်

တက်။ ညနေတွင်တော့ သမီးနှစ်ယောက်ကို ကျွန်မအမေကသွား

ကြိုပေးထားသဖြင့်သာတော်သေး၏။ ရုံးဆင်းလျှင် စူပါမားကတ်

တစ်ခုခုတွင်လိုအပ်သည်များဝယ်ခြမ်းပြီး အမေတို့အိမ်တွင် သမီးတွေ

ကိုဝင်ခေါ်ကာအိမ်ပြန်ရသည်။

အိမ်ရောက်သည်နှင့် မနားရသေးချေ။ တစ်နေကုန်အပြင်စာစားရ

သဖြင့် ညစာလေးတော့ဖွယ်ဖွယ်ရာရာချက်ကျွေးချင်သည်။ ချက်

ပြုတ်ဆေးကြောပြီး ညစာစား။ သမီးလေးတွေစာကျက်သည်ကို

ဘေးမှထိုင်စောင့်ရင်း အဝတ်အစားများမီးပူထိုင်တိုက်ကာ ငိုက်ရ

သည်။ မထွေးရှိလျှင် ကျွန်မအတွက်အလွန်သက်သာလှသဖြင့်

မထွေးမြန်မြန်ပြန်လာပါစေဟု စိတ်ထဲတောင့်တမိသည်ကအခါခါပင်။

အနေကြာ၍လည်း သံယောဇဉ်ကတွယ်တာနေခဲ့ပြီ။ ဆွေမတော်၊

မျိုးမတော်သော်ငြား ကျွန်မအိမ်တွင် မထွေးသည် မိသားစုကဲ့သို့

နေနိုင်သည်။

ကျွန်မတို့စားသလိုသာကျွေးသည်။ အိမ်အကူဆိုပြီး ခွဲခြားထားခြင်း

မရှိချေ။ ထို့ကြောင့်လည်း မထွေးက ကျွန်မထံနေရသည်ကိုပျော်သည်

စိတ်ချမ်းသာသည်ဟု မကြာခဏဆိုသလိုပြောတတ်သည်။ မီးပူတိုက်

ကာ ငိုက်နေရင်း ကျွန်မအမြင်အာရုံထဲတွင် မထွေးကိုဝိုးတဝါးမြင်

ယောင်လာခဲ့၏။ အမှန်တကယ်အပြင်တွင် မြင်တွေ့နေရသကဲ့သို့

မြင်လိုက်မိသဖြင့် မထွေးများပြန်လာလေသည်လားဟု ဝမ်းသာသွား

မိသေးသည်။ ပြီးမှ '' သြော်...ငါစိတ်စွဲပြီးမျက်စိရှာနေတာပဲ " ဟု ကိုယ့်

ကိုယ်ပြန်သိလိုက်သည်အထိ မထွေးကိုမျှော်နေမိခဲ့လေသည်။

မထွေးရွာပြန်သွားသည်က ဒီနေ့နှင့်ဆို ၆ ရက်ရှိပြီ။ ထိုရက်များအ

တွင်း ကျွန်မမှာ နေ့တိုင်းလိုလို မထွေးကိုသာမျှော်နေမိသည်တော့

အမှန်ပင်။ ကျွန်မဆွေမျိုးသားချင်းများက အားမကိုးရပေ။ ရလျှင်သာ

ယူမည့်သူချည်း။ ကျွန်မလိုလျှင် အကူအညီမပေးချင်ကြချေ။ အိမ်လေး

တစ်ညလောက်လာစောင့်ခိုင်းလျှင် ပေးရကမ်းရသည်ထက်

" ငါတို့ကူညီပေးရတာ " ဟူသောစကားမျိုးထပ်ခါတလဲလဲအသုံးပြု

ကြသည်။ ထို့ကြောင့်လည်း ကျွန်မနိုင်သလောက်သာလုပ်ပြီး အကူ

အညီမတောင်းချင်ခဲ့။ မထွေးရှိတော့ ၎င်းတို့၏အကူအညီလည်း ကျွန်မ

မလိုအပ်ခဲ့ပေ။ ကျွန်မမှာ အတွေးများဟိုတစ်စ ဒီတစ်စဖြင့် မီးပူတိုက်

ပြီးသား အဝတ်အထည်များကို ခြင်းထဲသို့စီထည့်နေမိသည်။ သမီး

နှစ်ယောက်က စာကျက်နေရင်း ကျွန်မကိုလှမ်းလှမ်းကြည့်နေသည်

ကို သတိထားမိလိုက်၏။ သွားရည်စာမုန့်တစ်ခုခုစားချင်နေသည်ကို

ကျွန်မသိသည်။ ကျွန်မအလုပ်ပင်ပန်းနေသည်ကိုလည်းသိသဖြင့်

သမီးနှစ်ယောက်မှာမတောင်းရဲကြချေ။ မထွေးသာရှိလျှင် သမီးလေး

တွေစာကျက်ရင်းစားဖို့ သွားရည်စာတစ်ခုခုတော့ လုပ်ပေးနေလောက်

ချေပြီ။

" ဂလုန်း ''

ရုတ်တရက်မီးဖိုခန်းထဲမှ တစုံတခုကျသံကို ကြားမိလိုက်သည်။ ကျွန်မ

၏အိမ်တွင် ကြွက်မရှိသလို မည်သည့်အိမ်မွေး တိရိစ္ဆာန်မှမရှိပေ။ ကျွန်

မလည်း သားအမိသုံးယောက်တည်းရှိ၍ စိတ်ချရအောင် မီးဖိုခန်းဆီ

လျှောက်ကြည့်လိုက်၏။ မီးဖိုခန်းသည်တိတ်ဆိတ်နေပြီး ငြိမ်သက်နေ

သည်။ ကျွန်မမှောက်တင်ထားသည့်ပန်းကန်စင်ပေါ်မှ ပန်းကန်ကျသံ

သာဖြစ်မည်ဟုတွေးရင်း ပြန်လှည့်ရန်အထွက် ကြောင်အိမ်တံခါးက

ပွင့်လာလေတော့သည်။ ကျွန်မလည်း အံ့သြစွာကြောင်အိမ်ကိုငေး

ကြည့်နေမိသည်။ အဘယ်ကြောင့်သူ့အလိုလိုပွင့်လာသည်ကိုစဉ်းစား

မရချေ။

ကြောင်အိမ်သေချာမပိတ်မိသည်သာဖြစ်မည်ဟုပြန်တွေးရင်း တံခါး

ပိတ်ရန်လျှောက်လာခဲ့တော့သည်။ ကြောင်အိမ်ထဲသို့ကြည့်လိုက်

သည့်အခါ သွားရည်စာပြုလုပ်ရန် ပစ္စည်းများစုံစုံလင်လင်ကိုတွေ့

လိုက်ရသည်။ သမီးနှစ်ယောက်ကိုသတိရသွားပြီး ကြောင်အိမ်ထဲမှ

ခေါက်ဆွဲတစ်စီးကို ထုတ်ယူလိုက်သည်။ ရေနွေးဆူဆူတင်ပြီး ခေါက်

ဆွဲထည့်ပြုတ်ကာ ငံပြာရည် ဆီကျက်များထည့်လိုက်သည်။ ရေခဲ

သေတ္တာထဲမှ နံနံပင်နှင့် သံပရာသီးလေးနဲနဲစီထည့်ကာ ဆီကျက်

ခေါက်ဆွဲလေးပြင်ဆင်ပေးပြီး ယူလာခဲ့လိုက်၏။

သမီးတွေကတော့သူတို့စားနေကြအချိန်ဖြစ်၍ ဆာနေပုံရသည်။

ကျွန်မပြင်ဆင်ပေးသောခေါက်ဆွဲကို နှစ်ယောက်သားစားနေရင်း

" အန်တီထွေး ကိုမလုပ်ခိုင်းဘူးလားမေမေ... "

" အန်တီထွေးမှမပြန်လာသေးတာ... မေမေလုပ်ထားတာစားလို့

ကောင်းလား "

" ပြန်လာပြီလေ... ခုနကပဲအခန်းထဲဝင်သွားတယ် ''

သမီးအငယ်၏စကားကြောင့် ကျွန်မနှုတ်ဆိတ်သွားမိသည်။ ဇဝေဇဝါ

ဖြင့် အိမ်တံခါးဖက်သို့လှမ်းကြည့်လိုက်သည့်အခါ အိမ်တံခါးကအထဲ

မှ ဂျက်ချထားမြဲ။ အပြင်ဖက်မှသော့ဖြင့်ဖွင့်ဝင်သော်ငြား အိမ်ထဲမှ

တံခါးဂျက်ကိုမဖွင့်လျှင် မည်သို့မျှအိမ်ထဲဝင်မရနိုင်ပေ။

" မီးမီး... မဟုတ်တာတွေလျှောက်စနေ... စားစရာရှိတာစား ပြီးရင်

အိမ်စာလုပ်တော့ "

" ဟုတ်တယ်...အန်တီထွေးပြန်လာတာ... သမီးတို့ကိုတောင်ရယ်

ပြသွားသေးတယ်... ဘာမှလည်းမပြောဘူး "

ယခုအခါ အသက် ( ၁၁ )နှစ်အရွယ်သမီးကြီးကဝင်ရောက်ထောက်ခံ

သည့်အခါ ကျွန်မ မနေနိုင်တော့ချေ။ မထွေးအခန်းဖက်သို့သွားကြည့်

မိလိုက်တော့သည်။ မထွေးအခန်းက သူမရွာပြန်သွားစဉ်ကအတိုင်း

စေ့ရုံစေ့ထား၏။ အခန်းတံခါးကိုဆွဲဖွင့်လိုက်စဉ် ကြွက်သေပုပ်နံ့လိုလို

ပုပ်အဲအဲအနံ့အသက်တစ်ခုကို ရူရှိုက်မိလိုက်တော့သည်။ အခန်းမီး

ခလုတ်အား လှမ်းဖွင့်ရင်း မျက်လုံးဝေ့ကြည့်လိုက်သည့်အခါ မည်သည့်

အရာမျှမရှိ။ မထွေးလည်းပြန်မလာပေ။ သမီးနှစ်ယောက်မှာ သတိရ

နေသဖြင့် ထင်ယောင်ထင်မှားမြင်မိဟန်တူ၏။

" ကဲ... သမီးတို့အန်တီထွေးပြန်မလာသေးဘူး...မြင်လား...ဘယ်သူ

မှမရှိဘူး... ''

ကျွန်မစကားကြောင့် သမီးနှစ်ယောက်မှာ စားနေရင်းအခန်းထဲသို့

ပြေးလာကာ ပတ်ရှာကြည့်နေသည်။

" ခုနကတကယ်တွေ့တာ မေမေ... အန်တီထွေးပြန်လာတာလေ "

" မီးမီး မစပါဘူး... အန်တီထွေးပုန်းနေတာလားမသိဘူး "

သမီးနှစ်ယောက်ကတော့ တပ်အပ်သေချာမြင်သည့်အလားပြောပြ

နေကြသည်။ ကျွန်မလည်း ဘာမှရှင်းပြမနေတော့ဘဲ အခန်းတံခါး

ကို ပြန်စေ့ထားလိုက်၏။ အခန်းမီးတော့မပိတ်ခဲ့ချေ။ သမီးတွေစာ

ကျက်နေသည့်နေရာနှင့် မထွေးအခန်းကမျက်စောင်းထိုးဖြစ်သည်။

ကျွန်မလည်း သမီးတွေဖက်မျက်နှာမူရင်း အခန်းကိုကျောပေးကာ

ထိုင်နေ၏။ ဆယ့်ငါးမိနစ်ခန့်ကြာသောအခါ မထွေးအခန်းမှ မီးခလုတ်

ပိတ်လိုက်သံကိုနားဖြင့်ဆတ်ဆတ်ကြားလိုက်မိတော့သည်။ အခန်း

ဖက်သို့ ကိုယ်တစောင်းလှည့်ကြည့်လိုက်သည့်အခါ မထွေးအခန်းမီး

က ပိတ်နေလေသည်။

ကျွန်မမှာ ညကြီးမီးပူတိုက်နေသဖြင့် မီးအားမနိုင်ခြင်းများလားဟု

တွေးကာ မီးပူကိုပိတ်လိုက်မိသည်။ ထို့နောက် မီးပူတိုက်သည့်ခုံကို

သိမ်းဆည်းရန်ကုန်းရုန်းထလိုက်စဉ်တွင် မထွေးအခန်းတံခါးကြီးမှာ

သူ့အလိုလိုပွင့်လာလေတော့သည်။ ထိုအခါ ကျွန်မမှာခေါင်းနဘန်း

ကြီးလာသလိုခံစားရတော့၏။ တစ္ဆေသရဲများလားဟူသောအသိက

ဝင်လာမိသည်။ တစေ ္ဆသရဲဆိုလျှင်လည်း မည်ကဲ့သို့အိမ်ထဲရောက်

နေသနည်းကိုမူ စဉ်းစားမရပေ။ သမီးနှစ်ယောက်ကတော့သိဟန်

မတူ။ စာကိုမြန်မြန်လက်စသတ်နေ၏။ ကျွန်မလည်း ထိတ်ထိတ်လန့်

လန့်ဖြင့် အခန်းတံခါးကိုပြန်ဆွဲအပိတ် ' ချောက်ကနဲ ' အသံနှင့်အတူ

အခန်းမီးပြန်လင်းသွားလေတော့သည်။

ထိုအချိန်သည် ရင်တစ်ခုလုံးဗြောင်းဆန်အောင် တုန်လှုပ်မိသည်က

အမှန်ပင်။ ခြေဖျားလက်ဖျားများပင်အေးစက်လာသည်။ ကြောက်

ကြောက်လန့်လန့်နှင့်အခန်းတံခါးကို ပြန်ဆွဲဖွင့်ကာ အခန်းထဲသို့သာ

စိုက်ကြည့်နေမိတော့သည်။ မထွေးအခန်းထဲသို့အာရုံစိုက်နေစဉ်

သမီးအငယ်မလေးက

" အန်တီထွေးဟိုမှာလေမေမေ ''

ဟုဆိုကာ မီးဖိုခန်းဖက်သို့ညွှန်ပြလာသည်။ ကျွန်မသည်လည်း အလျှင်

အမြန်လှည့်ကြည့်လိုက်သည့်အခါ မထွေး၏နောက်ကျောဖက်ကို လျှပ်

တပြက်မြင်တွေ့လိုက်ရတော့သည်။

" မထွေး... မထွေး "

ကျွန်မမှာ အံ့အားသင့်မှုနှင့်အတူ အော်ခေါ်ရင်း မီးဖိုခန်းသို့ပြေးသွား

ကြည့်လိုက်၏။ သို့သော် မီးဖိုခန်းတွင် မထွေးရှိမနေချေ။ ယခုအခါ

တွင်တော့ ကျွန်မမျက်စိဖြင့်သေချာစွာမြင်တွေ့လိုက်ရပြီဖြစ်၍ စိုးရိမ်

စိတ်ကမြင့်တက်လာလေတော့သည်။ ပိုက်ဆံအိတ်ထဲမှ ဖုန်းကိုထုတ်

ယူကာ ဖုန်းနံပါတ်ကိုအသဲအသန်ရှာဖွေမိသည်။ မထွေးက မိုဘိုင်းဖုန်း

မသုံးတတ်သဖြင့် ဖုန်းမရှိပေ။ မထွေး၏သားဖြစ်သူဖုန်းကိုကျွန်မဆက်

လိုက်သည့်အခါ ဖုန်းမကိုင်ကြ။ ကျွန်မမှာ မည်သူ့ကိုဆက်မေးရမှန်း

မတွေးတတ်အောင်ပင်ဖြစ်ပေါ်နေရသည်။

သမီးနှစ်ယောက်စာကျက်ပြီး အခန်းထဲသို့လိုက်ပို့ကာ အိပ်ရာပြင်

ပေးချိန်တွင် မထွေးအခန်းဆီမှ တံခါးပိတ်သံကိုကြားလိုက်ရပြန်လေ

သည်။ ကျွန်မအလွန်ပင်ထိတ်လန့်နေမိပြီ။ အခန်းထဲသို့ပင်သွားမအိပ်

နိုင်တော့သဖြင့် သမီးနှစ်ယောက်အခန်းမှာပင် ဝင်နေနေမိသည်။

လက်ထဲမှဖုန်းမြည်လာသဖြင့် ကြည့်လိုက်သည့်အခါ မထွေး၏သား

ဖြစ်သူဖုန်းပြန်ခေါ်ဆိုလာသည်အားတွေ့ရ၍ ဝမ်းသာသွားရ၏။

" ဟဲလို... သားရေ... အန်တီလင်းပါ "

" ဟုတ်ကဲ့... အန်တီ... ကျွန်တော်လည်းဖုန်းဆက်ပြောမလို့ပဲ...

အခုလမ်းတစ်ဝက်မှာရောက်နေလို့မဆက်ဖြစ်တာ "

" ဟမ်... ဘာဖြစ်လို့လဲ... အမေကော...အမေဘယ်နေ့ပြန်လာမှာ

တဲ့လဲ ''

" အမေဆုံးပြီတဲ့အန်တီလင်းရယ်... ကျွန်တော်တို့ညနေကပဲ ရွာကို

လိုက်မလို့ထွက်လာကြတာ... "

မထွေး၏သားဖြစ်သူစကားကြောင့် ကျွန်မတစ်ကိုယ်လုံးအေးစက်

တောင့်တင်းသွားရသည်။

" ဟယ်...ဘယ်...ဘယ်လို...ဖြစ်တာလဲ ''

" မနေ့ညကအလှူပြီးတော့ ဒီမနက် အမျိုးတွေဆီသွားလည်မယ်ဆိုပြီး

ဟိုက်ဂျက်ကားနဲ့ရွာကထွက်လာကြတာ... ဟိုင်းဝေးလမ်းပေါ်မှာပဲ

နွားကိုရှောင်လိုက်တာဗျာ... မျက်နှာချင်းဆိုင်ဖက်ကလည်းကားက

လာနေတော့ ကားကိုထပ်ရှောင်ရင်းနဲ့ ကားမှောက်သွားတာတဲ့အန်တီ

အမေရောအပါ အားလုံးလေးယောက်အဲ့နေရာမှာတင်ပွဲချင်းပြီးတဲ့

ဗျာ... ဟီး...အီး...အီး.... ကျွန်တော်တို့လည်းကြားကြားချင်းအား

ချင်းထွက်လာတာအန်တီလင်း... ခုမှလမ်းပေါ်မှာပဲရှိသေးတယ်...

အဟင့်...ဟီး...အမေ့အလောင်းမတွေ့ရသေးဘူးဗျ... အီး...ဟီး..."

" ဘုရား...ဘုရား..."

မထွေးသားမှာလည်း မိခင်ကြောင့်ပူပန်ကာ ရှိုက်ကြီးတငင်ငိုကြွေး

နေရှာပြီ။ စကားလုံးများပင်မသဲကွဲတော့။ ကျွန်မလည်းဆက်မမေး

တော့ဘဲ ရောက်လျှင်ဖုန်းပြန်ဆက်ရန်သာ မှာပြီးဖုန်းချလိုက်ရသည်။

ထိုသို့ဆိုလျှင် မထွေး၏ဝိဉာဉ်သည် ကျွန်မ၏အိမ်ထဲသို့ရောက်နေ

သည်မှာသေချာသလောက်ရှိနေချေပြီ။ ကျွန်မသည်လည်း မထွေး

အတွက်ရည်စူးကုသိုလ်ပြုလုပ်ပေးရမည်။ ကြားရသည့်သတင်း

ကြောင့် မျက်ရည်ဝဲတက်လာမိ၏။

ခင်တွယ်ရသည့်သံယောဇဉ်ကြောင့် ရင်ထဲပူလောင်နေမိသည်။

မထွေးမှာ ကျွန်မအပေါ်သံယောဇဉ်ရှိရှာသည်ထင်သည်။ အိမ်သို့

ရောက်လာကာ လာနှုတ်ဆက်သည်ဆိုရမည်လား။ ကျွန်မ ကို

လာကူညီချင်စိတ်ကပိုခဲ့သည်လားမပြောတတ်ပေ။ သေချာသည်က

တော့ မနက်ဖြန်မထွေးအတွက်ရည်စူးကာ အလှူပြုလုပ်ပေးရမည်။

သူမ ကောင်းရာမွန်ရာဘဝသို့ ရောက်ရှိသွားပါစေဟု အကြိမ်ကြိမ်

ဆုတောင်းမိနေ၏။ ကျွန်မ အခန်းထဲမှထွက်ကာ မထွေးအခန်းဖက်

သို့ကြည့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။

" မထွေးရေ... သမီးလေးတွေနဲ့ ကျွန်မကိုမခြောက်ပါနဲ့နော်...

မနက်ကြရင် အလှူရေစက်ချပေးပါ့မယ်... အမျှလာယူလှည့်ပါ

မထွေးရေ... ''

ထိုသို့ပြောပြီး အခန်းထဲပြန်ဝင်ခဲ့၏။ ကျွန်မရင်ထဲနေလို့မကောင်းချေ။

ငိုချင်သလိုလိုဖြစ်နေသော်လည်း မျက်ရည်ဝဲရုံသာ။ မျက်ရည်ကမကျ။

ရင်ထဲဆို့နစ်နေရသည်။ သမီးလေးတွေဘေးငုတ်တုတ်ထိုင်ရင်း မထွေးအသံကိုနားစွင့်မိနေသည်။ မည်သည့်အသံမှထပ်မကြားသော်လည်း

မထွေးရှိနေသည်ဟု ကျွန်မ စိတ်ထဲခံစားမိနေပါတော့သည်။

နောင်ဘဝများရှိခဲ့လျှင် ယခုလိုအဖြစ်ဆိုးမျိုးမှကင်းဝေးပါစေကြောင်း

အထပ်ထပ်အခါခါဆုတောင်းပေးနေရုံမှအပ။

သော်တာလမင်းစန္ဒာ

အိမ်အကူမထွေး

၏အိမ်တွင် ကြွက်မရှိသလို မည်သည့်အိမ်မွေးတိရိစ ္ဆာန်မှမရှိပေ။ ကျွန်

ကြီးလာသလိုခံစားရတော့၏။ တစေ ္ဆသရဲများလားဟူသောအသိက

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#သမီး
#အခန်း
#တံခါး
#မီးဖို
#မီးပူ

Some text some message..