One Championship ရဲ့ MMA ချံပီယံရွှေခါးပတ် နှစ်ခုပိုင်ရှင် မြန်မာတို့ရဲ့အသည်းကျော် မြန်မာ့ဂုဏ်ဆောင်အောင်လအန်ဆန်း(မြန်မာ့စပါးအုံး) ကို စိန်ခေါ်ထိုးသတ်မယ့် ပြိုင်ဘက်ကောင်းတစ်ယောက် ပေါ်ထွက်လာခဲ့ပြန်ပါပြီ။ “အောင်လအန်ဆန်း” ကို စိန်ခေါ်သူ လက်ဘနွန်နိုင်ငံသား “မိုဟာမက်ကရာကီ” က စက်တင်ဘာလ (၇)ရက်နေ့မှာ One Championship နဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ “မိုဟာမက်ကရာကီ” ဟာ လက်ဘနွန်နဲ့အာရေးဘီးယန်း နံပါတ် ၁ ထိပ်တန်း Light Heavy Weight ချံပီယံတစ်ဦးလည်းဖြစ်ပြီး Phoenix Fighting Championship ခါးပတ်များ ရရှိထားတဲ့ MMA ဖိုက်တာ တစ်ယောက်လည်းဖြစ်ပါတယ်။ “ကရာကီ” ထိုးသတ်ခဲ့တဲ့ MMA ပွဲစဉ်တစ်လျှောက်လုံး ရှုံးပွဲတစ်ပွဲမှ မရှိသေးပဲ (၉)ပွဲဆက်တိုက်အနိုင်ရရှိထားသူဖြစ်ပါတယ်။အနိုင်ရခဲ့တဲ့ (၉)ပွဲမှာ (၃)ပွဲ နောက်ကောက်၊ (၅)ပွဲ ပြိုင်ဘက်အရှုံးပေး နဲ့ ဒိုင်အဆုံးအဖြတ် (၁)ပွဲ တို့ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ နောက်ဆုံးပွဲစဉ်အဖြစ် ၂၀၁၈ ဧပြီလ ၅ ရက်နေ့ကအဘူဒါဘီမှာ ပြုလုပ်ခဲ့တဲ့ Phoenix Fighting Championship ပွဲကို “ရှာလာဒက်ခီစီ” နဲ့ ယှဉ်ပြိုင်ခဲ့ပြီး ပြိင်ဘက်ရဲ့အရှုံးပေးမှုနဲ့အနိုင်ယူခဲ့ပါတယ်။ “ကရာကီ” ဟာ “အောင်လအန်ဆန်း” ကဲ့သို့ပင် မြေပြင်ပေါ်မှာ ပြိုင်ဘက်ကို ချုပ်ပြီး ကစားတဲ့ပုံစံကိုအားသာသူဖြစ်သလို ရှုံးပွဲမရှိသေးတဲ့ ကစားမားတစ်ယောက်ဖြစ်တာကြောင့် “အောင်လအန်ဆန်း”အတွက် သတိထားရမယ့် ပြိုင်ဘက်တစ်ဦးလည်း ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်ဖွားတဲ့ “ကရာကီ”အသက် ၂၇ နှစ်ရှိပြီး ကိုယ်အလေးချိန် ၁၈၅ ပေါင်ရှိပါတယ်။ မြန်မာ့စပါးအုံး “အောင်လအန်ဆန်း” က ၁၉၈၅ ခုနှစ်ဖွားဖြစ်ပြီးအသက် ၃၃ နှစ်၊ ကိုယ်အလေးချိန် ၁၈၅ ပေါင် ရှိပါတယ်။ MMA ပွဲစဉ် (၃၃)ပွဲ ယှဉ်ပြိုင်ခဲ့ပြီး (၁၀)ပွဲရှုံး (၂၃)ပွဲနိုင်နဲ့ One Championship ချံပီယံခါးပါတ်နှစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ဒီတစ်ခါ “မိုဟာမက်ကရာကီ” နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲဟာ “အောင်လအန်ဆန်း”အတွက် ဒုတိယအကြိမ်မြောက် မစ်ဒယ်ဝိတ် ချံပီယံခါးပတ်ကာကွယ်ပွဲလည်း ဖြစ်ပါတယ်။ ပထမအကြိမ် ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့မှာ ဂျပန်ကစားသမား “ကန်ဟာဆီဂါဝါ” နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး (၅)ချီအပြည့်ထိုးသတ်ကာ နောက်ကောက်နဲ့အနိုင်ယူပြီး ချံပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ “အောင်လအန်ဆန်း” နဲ့ “မိုဟာမက်ကရာကီ” တို့ရဲ့ One Champion ပွဲစဉ် “Pursuit Of Greatness” ကို လာမည့် ၂၀၁၈ ခုနှစ်အောက်တိုဘာ (၂၆) ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားခန်းမကြီးတွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ “” ပွဲစဉ် လက်မှတ်များကို စတင်ရောင်းချပေးနေပြီးအစောဆုံး လာရောက်ဝယ်ယူသူများအတွက် ၂၀% ကနေ ၅၀%အထူးနှုန်းများနဲ့ ရောင်းချနေပြီဖြစ်သည်။ CAT 1: ၂၀၀,၀၀၀ ကျပ် CAT 2: ၅၀,၀၀၀ ကျပ် CAT 3: ၂၅,၀၀၀ ကျပ် CAT 4 : ၁၀,၀၀၀ ကျပ်အမျိုးအစား Catagories (၄) မျိုးခွဲထားပါတယ်။ စက်တင်ဘာလ (၁၀)ရက် နေ့မှအောက်တိုဘာလ (၇) ရက်အတွင်း လာရောက်ဝယ်ယူသူများအတွက် “CAT 2, CAT 3, CAT 4” လက်မှတ်များကို ၂၀%အထူးနှုန်းဖြင့် ရောင်းချနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ My AsiaTicket (ရုံးချုပ်)အခန်း (၇၀၃)၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊အေးရိပ်သာ(၁)လမ်း၊ ရွှေသံလွင်ကွန်ဒိုတွင် နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်း လာရောက်ဝယ်ယူနိုင်ပါပြီ။ ဖုန်း ၀၁ ၅၄၉ ၂၉၇ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Pursuit Of Greatness
လက်မှတ်ခဈေးနှုန်းများ
Discount (အထူးနှုန်း)
ဝယ်ယူရန်နေရာ
အသေးစိတ်သိရှိလိုပါက
www.mm.myasiaticket.com