မန်ယူအသင်းနှင့် ဗန်ဒီဘိခ် ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်း ပဲလေ့စ်နှင့်ပွဲမတိုင်မီ ဗီလာနှင့်ခြေစမ်းပွဲကစားရန် မန်ယူစီစဉ်ထား
အသက် (၂၃)နှစ်အရွယ် နယ်သာလန် ကွင်းလယ်လူ ဗန်ဒီဘိခ်သည် စက်တင်ဘာ ၉ ရက်က ကာရင်တန်ကွင်းသို့လာရောက်ကာ မန်ယူနှင့် ပထမဆုံးအကြိမ် လေ့ကျင့်ခန်း ဆင်းခဲ့ပြီနောက် နည်းပြဆိုးလ်ရှားအပါအဝင် အသင်းခေါင်းဆောင် မက်ဂွိုင်းယားတို့နှင့် တွေ့ဆုံခဲ့ကြောင်း ဒေးလီးမေးလ်က ဖော်ပြ ခဲ့သည်။
မန်ယူသည် အေဂျက်မှ တိုက်စစ်အား သန်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ပြောင်းရွှေ့ ကြေးပေါင် ၃၉ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ် ပြီး ဗန်ဒီဘိခ်မှာ နယ်သာလန်အတွက် နေးရှင်းလိဂ်ပွဲများကစားခဲ့ပြီးနောက် မန်ယူနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ ၎င်းသည် လေ့ ကျင့်ရေးအစီအစဉ်တွင် မန်ယူနည်းပြ ဆိုးလ်ရှားအပါအဝင် အသင်းခေါင်းဆောင် မက်ဂွိုင်းယားတို့နှင့် ရင်းရင်းနှီးနှီးတွေ့ ဆုံကာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြောင်း ဒေးလီးမေးလ်က ဆိုသည်။
မန်ယူသည် ဥရောပပွဲများကစားခဲ့၍ ဘန်လေနှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲကို ရွှေ့ ဆိုင်းခဲ့ရပြီးနောက် လာမည့်စက်တင်ဘာ ၁၉ ရက်တွင် ပဲလေ့စ်အား လက်ခံကစား ရမည်ဖြစ်ရာ နယ်သာလန်ကစားသမားမှာ ပွဲထွက်ကစားဖွယ်ရှိနေကြောင်း သိရသည်။ဗန်ဒီဘိခ်သည် လက်ရှိတွင်၂ဝ၂ဝ မတ်လက ဟီရန်ဗင်းနှင့်ကစားခဲ့သောပွဲနှင့် နေးရှင်း လိဂ်နှစ်ပွဲသာကစားထားပြီး မန်ယူအတွက် ပထမဆုံးကစားရန် ကြံ့ခိုင်မှုပြည့်ဝနေသည်။ ဗန်ဒီဘိခ်သည် အေဂျက်အသင်းအတွက် ၁၇၅ပွဲကစားခဲ့ရာ ၄၁ ဂိုးသွင်းယူပြီး ဂိုးဖန် တီးမှု ၃၄ ကြိမ်ပြုလုပ်ခဲ့သူဖြစ်သည်။
မန်ယူသည် ပဲလေ့စ်နှင့်မကစားမီ ခြေ စမ်းပွဲတစ်ပွဲသာကစားရန် စီစဉ်ထားပြီး စက်တင်ဘာ ၁၂ ရက်တွင် ဗီလာနှင့် ကစား မည်ဖြစ်သည်။ မန်ယူသည် စက်တင်ဘာ ၂၃ ရက်တွင် ကာရာဘောင်းဖလားပွဲအဖြစ် ရက်ဒင်း သို့မဟုတ် လူတန်တောင်းနှင့် ကစားရမည်ဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်၌ ဘရိုက်တန်ကွင်းသို့သွားရောက်ကစားရမည် ဖြစ်သည်။ မန်ယူသည် ၂ဝ၁၉-၂ဝ ရာသီက ယူရိုပါလိဂ်၊ အက်ဖ်အေနှင့် ကာရာဘောင်း ဖလားတို၌ ဆီမီးသို့ တက်ရောက်ခဲ့ပြီး ပရီး မီးယားလိဂ်တွင် တတိယရခဲ့သည်။
ပြည့်ဖြိုး
ဘာသာပြန်သည်။