စပါးအသင်းနှင့် ပွဲ ၃၀၀ မြောက်တွင် ဂိုး ၂၀၀ ပြည့် ဟယ်ရီကိန်းသွင်းယူ၊ ကလပ်၏ တတိယဂိုးသွင်း အများဆုံးအဖြစ် ရပ်တည်နိုင်
mmtimes.com
|
2020-11-06



စပါးအသင်းနှင့် ပွဲ ၃၀၀ မြောက်တွင် ဂိုး ၂၀၀ ပြည့် ဟယ်ရီကိန်းသွင်းယူ၊ ကလပ်၏ တတိယဂိုးသွင်း အများဆုံးအဖြစ် ရပ်တည်နိုင်

အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းသည် လူဒိုဂိုရက်စ်အား သုံးဂိုး တစ်ဂိုးဖြင့်အနိုင်ရခဲ့သော ယူရိုပါလိဂ်အုပ်စုပွဲစဉ်( ၃)တွင် စပါးအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ရာ လန်ဒန်ကလပ် ကိုယ်စားပြု၍ ဂိုး ၂၀၀ ပြည့်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

အသက်( ၂၇) နှစ်အရွယ်ဟယ်ရီကိန်းသည် လူဒိုဂိုရက်စ်နှင့် ပွဲတွင် ၁၃ မိနစ်၌မော်ရာ၏ ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဟယ်ရီကိန်းသည် ပွဲ ၃၀၀ မြောက်အဖြစ် ပါဝင်ကစားခဲ့ခြင်းဖြစ်ပြီး စပါးအသင်း၏ဂိုး ၂၀၀ပြည့်လာသော တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အင်္ဂလန်အသင်း ခေါင်းဆောင်လည်းဖြစ်သူ ဟယ်ရီကိန်းသည် စပါးနှင့်ပြိုင်ပွဲ စုံ ဂိုး ၂၀၀ တွင်ဟက်ထရစ် ၁၂ ကြိမ်သွင်းယူနိုင်ခဲ့သည်။

၎င်းသည် စပါးကိုယ်စားပြု၍ ညာခြေဖြင့် ၁၂၁ ဂိုး ဘယ်ခြေဖြင့် ၄၄ ဂိုး ခေါင်းတိုက်ဂိုး ၃၄ ဂိုးနှင့် ခန္ဓာကိုယ်ဖြင့် တစ်ဂိုးသွင်းယူခဲ့သည်။ ဟယ်ရီကိန်း၏သွင်းဂိုး ၂၀၀ တွင် ပင်နယ်တီဧရိယာအတွင်းမှ ၁၇၇ ဂိုးနှင့် ပင်နယ်တီဧရိယာပြင်ပမှ ၂၃ ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။ ကိန်းသည် ဂိုး ၂၀၀ ဖြင့်စပါးအသင်း၏ တတိယဂိုးသွင်းအများဆုံးဖြစ်လာကာ ၎င်း၏ အထက်တွင် ဟယ်ရီကိန်း၏ သွင်းဂိုးများအနက် အလွတ်တည်ကန်ဘောမှ သွင်းယူခဲ့သည်မှာ တစ်ဂိုးသာပါဝင်ကာ ပင်နယ်တီအကြိမ် ၃၀ ပါဝင်ဟု သိရသည်။ ၎င်းသည် လက်စတာကို ဂိုးအများဆုံးသွင်းယူထားပြီး ၁၃ ပွဲရင်ဆိုင်ခဲ့ရာ ၁၅ ဂိုးသွင်းယူခဲ့သည်။

လန်ဒန်ဒါဘီပွဲများ၌လည်း ဟယ်ရီကိန်း၏ သွင်းဂိုးမှာ ၂၇ ဂိုးထိရှိနေပြီး ဝက်စ်ဟမ်း( ၁၃ပွဲ ၁၁ဂိုး) ချယ်လ်ဆီး ( ၁၅ ပွဲ ခြောက်ဂိုး)နှင့် အာဆင်နယ် ( ၁၃ ပွဲ ၁၀ဂိုး)တို့ကို ဂိုးများသွင်းယူနိုင်ခဲ့သည်။ အင်တာမီလန်သို့ပြောင်းရွှေ့ခဲ့သော ဒိန်းမတ်ကွင်းလယ်လူ အီရစ်ဆန်မှာ ဟယ်ရီကိန်းကိုဂိုးဖန်တီးမှု ၂၆ ကြိမ်ဖြင့်အများဆုံးဖန်တီးပေးနိင်ပြီး အယ်လီက ဂိုး ၂၀ နှင့်ဆွန်ဟောင်မင်က ၁၈ ဂိုးဖန်တီးပေးခဲ့သည်။ ကိန်းသည် ဂိုး ၂၀၀ ဖြင့်စပါး၏ တတိယဂိုးသွင်းအများဆုံးဖြစ်လာကာ ၎င်း၏အထက်တွင် ဘော်ဘီစမစ် ၂၀၈ ဂိုး နှင့် ဂျင်မီဂရီဗက်စ် ၂၆၆ ဂိုး တို့ ရပ်တည်နေသည်။

ကိန်းသည် ၂၀၀၉ ခုနှစ်မှစတင်၍ စပါးတွင် ပါဝင်ကစားခဲ့ပြီး လေတန်အိုရီးယန့် မီဝေါလ် နောဝှစ်ခ်ျနှင့် လက်စတာတို့၌ အငှားကစား ခဲ့ဖူးသည်။ အဂ်လန်အတွက် ၄၉ ပွဲ၌ ၃၂ ဂိုးသွင်း ယူထားသော ဟယ်ရီကိန်းသည် ပရီးမီးယားလိဂ် ၁၄၉ ဂိုးသွင်းယူကာ ကစားသမားဘဝ ၂၁၆ဂိုးသွင်းယူထားသည်။ ၎င်းသည် ယခုနှစ်ရာသီ ပရီးမီးယားလိဂ်ခြောက်ဂိုးသွင်းယူကာ ပြိုင်ပွဲစုံ ၁၂ဂိုးရယူထားကြောင်း သိရသည်။

ပြည့်ဖြိုး ဘာသာပြန်သည်။


#ဟယ်ရီကိန်း
#စပါး
#သွင်းဂိုး
#လက်စတာ
#ပရီးမီးယားလိဂ်

Some text some message..