လူတွေက ကုန်းပေါ်မှာပဲနေကြတယ်ဆိုပေမယ့် ကမ္ဘာကြီးကို ရေထုက လွှမ်းမိုးထားတာပါ။ရေကူးခြင်းဆိုတာက အားကစားတစ်ခုလည်းဖြစ်သလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ဘယ်လိုအချက်တွေကြောင့် ရေကူးသင်ထားသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
— ဘေးကင်စေဖို့အတွက်
ရေနစ်သေဆုံးမှုတွေမှာ အသက်ငယ်ငယ်ကလေးတွေက ဒုတိယအဖြစ်အများဆုံးပါ။ကလေးတွေရဲ့ အနီးနားမှာ ရေကန်တွေရှိနေနိုင်တဲ့ အတွက် ငယ်ငယ်လေးတည်းက ရေကူးသင်ပေးထားတာမျိုး ဒါမှမဟုတ် ကိုယ်ကိုတိုင်ရေကူးသင်ထားတာမျိုးက ဘေးကင်းစေဖို့အတွက် အရေးကြီးတဲ့အရာပဲဖြစ်ပါတယ်။မတော်တဆမှူတွေကြောင့် ရေထဲကို ကားကျသွားတာတွေဆိုရင်လည်း ရေကူးတတ်ထားမှ အသက်ရှင်လွတ်မြောက်နိုင်မှာပဲဖြစ်ပါတယ်။
— သက်လုံကောင်းစေ
ရေကူးတဲ့အားကစားက သက်လုံကောင်းစေဖို့ အကောင်းဆုံးရေထဲက ကစားနည်းပါပဲ။ရေကူးတဲ့အချိန်မှာ ရေထဲမှာ ခန္ဓာကိုယ်ကရောက်ရှိနေတာမလို့ မြေပြင်ပေါ်မှာရှိနေတဲ့ အလေးချိန်နဲ့ကွာခြားနေမှာပါ။ရေကူးတဲ့အလေ့အကျင့်ကို ပုံမှန်လုပ်ပေးနေမယ်ဆိုရင် သက်လုံကောင်းစေမှာအမှန်ပဲဖြစ်ပါတယ်။
— အရပ်ရှည်စေ
အရပ်ရှည်ချင်ရင် ရေကူးပါလို့ပြောကြတာကို ကြားဖူးကြမှာပါ။ရေကူးခြင်းက အမှန်တကယ်ပဲ အရပ်ရှည်ထွက်လာဖို့ အကူအညီပေးနိုင်တဲ့ အားကစားတစ်ခုပါ။ရေထဲမှာ ကြွက်သားတွေကို ဆန့်ထုတ်ပြီး ရေကူးရတာမလို့ အရပ်ရှည်ဖို့ အတွက် အထောက်အကူပေးနိုင်ပါတယ်။
— နာကျင်မှုကိုလျော့ကျစေ
အသက်ကြီးလာတဲ့ လူတွေအနေနဲ့ ကြွက်သားတွေ အရိုးတွေ နာကျင်လာတဲ့ ပြဿနာကိုကြုံတွေ့ရမှာပါ။ရေကူးတဲ့အခါမှာ တင်းနေတဲ့ အကြောတွေ ကြွက်သားတွေကို ပြေလျော့စေတဲ့ အတွက် နာကျင်မှုတွေကို လျော့ချပေးနိုင်ဦးမှာပါ။
ရေကူးသင်ထားမယ်ဆိုရင် ဘေးကင်းဖို့အတွက်လည်းစိတ်ချရသလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေတာမလို့ သင်ထားသင့်တဲ့ အတတ်ပညာတစ်ခုဆိုရင်လည်း မမှားပါဘူး။