ရော်နယ်ဒိုနဲ့ မက်ဆီသာ မရှိခဲ့ရင် ပြီးခဲ့တဲ့ ဘောလွန်းဒီအော် ၁၃ ကြိမ်ကို ဘယ်သူတွေရခဲ့မလဲ
ballonestar.com
|
2021-12-01

လွန်ခဲ့တဲ့ ၁၃ နှစ်အတွင်း လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့ နှစ်ယောက်ပေါင်း ရခဲ့တဲ့ ဘောလွန်းဒီအော် စုစုပေါင်းက ၁၂ ဆုထိ ရှိခဲ့ပါတယ်။ ၂၀၁၈ မှာ လူကာမိုဒရစ်တစ်ယောက်ပဲ ဒီနှစ်ယောက်ကို ကျော်ဖြတ်ကာ ဘောလွန်းဒီအော် ရရှိခဲ့ဖူးပြီး မက်ဆီနဲ့ရော်နယ်ဒိုသာ တစ်ယောက်တစ်လှည့်စီ ရယူခဲ့ကြပါတယ်။

မက်ဆီဟာ သူ့ရဲ့ ၇ ခုမြောက်ဘောလွန်းဒီအော်ဆုကို တနင်္လာနေ့ကပဲ ရရှိခဲ့တာကြောင့် ရော်နယ်ဒိုထက် ၂ ခုပိုများသွားခဲ့ပေမယ့် တကယ်လို့ ဒီကမ္ဘာပေါ်မှာသာ ရော်နယ်ဒိုနဲ့ မက်ဆီတို့ ပေါ်ထွက်မလာခဲ့ရင် ဘောလုံးလောကကြီးက ဘယ်လိုမျိုးဖြစ်နေနိုင်မလဲ။ မက်ဆီနဲ့ ရော်နယ်ဒိုအပြင် ဘယ်သူတွေက ဒီဆုကို ဆွတ်ခူးနိုင်မှာလဲ။ ၂၀၀၈ ခုနှစ်မှာ ရော်နယ်ဒိုဟာ သူ့ရဲ့ပထမဆုံး ရွှေဘောလုံးဆုကို မက်ဆီကို အသာစီးရယူပြီး ရရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ဖာနန်ဒိုတောရက်စ်ကလည်း အကောင်းဆုံး ခြေစွမ်းပြသလျက်ရှိပေမယ့် တတိယသာ ရရှိခဲ့တာကြောင့် ဒီဆုနဲ့ လွဲခဲ့ရပါတယ်။

အဲ့ဒီနောက် ၂၀၀၉ ကနေ ၂၀၁၂ ထိ မက်ဆီက ၄ နှစ်ဆက်တိုက် ရရှိခဲ့ပြီး ၂၀၁၃ မှာတော့ ရော်နယ်ဒိုပြန်လည် ရရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနှစ် ၂၀၁၃ မှာ ဖရန့်ရီဘာရီရဲ့ ခြေစွမ်းက တော်တော်လေးကောင်းခဲ့ပြီး ဘိုင်ယန်မြူးနစ်ရဲ့ ဖလား ၃ လုံး ချန်ပီယံဖြစ်ခဲ့တဲ့ ရာသီမှာ အရေးအပါဆုံး ကြယ်ပွင့်ကစားသမား ဖြစ်ခဲ့ပါတယ်။ ၂၀၁၄ မှာလည်း နောက်ထပ်ဘိုင်ယန်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ မန်နျူရယ်နူအာ ဘောလွန်းဒီအော်ရဖို့ နီးစပ်ခဲ့သေးပေမယ့် တတိယသာ ရခဲ့ပြန်ပါတယ်။

၂၀၁၅ မှာ နေမာ၊ ၂၀၁၆ မှာ အန်တွိုင်ဂရစ်ဇ်မန်း၊ ၂၀၁၇ မှာ နေမာ တို့လည်း တတိယသာ ထပ်မံရရှိခဲ့ကြပြီး မက်ဆီနဲ့ ရော်နယ်ဒိုကို မကျော်နိုင်ခဲ့ပြန်ပါဘူး။ တကယ်လို့ GOAT နှစ်ယောက်သာ မပေါ်ထွက်ခဲ့ဘူးဆိုရင် နေမာကလည်း ဘောလွန်းဒီအော် ၂ ကြိမ်ရကြယ်ပွင့် တစ်ဦးဖြစ်နေပါပြီ။ ၂၀၁၈ မှာတော့ ပထမဆုံးအကြိမ်အဖြစ် ဆန်ခါတင် ၃ ယောက်မှာ မက်ဆီမပါဝင်ခဲ့ပဲ လူကာမိုဒရစ်က ရရှိသွားခဲ့ပါတယ်။  ၂၀၁၉ ကတော့ ထူးထူးခြားခြား ကန်နာဗာရိုနောက်ပိုင်း ပထမဆုံးအကြိမ် ဗဟိုခံစစ်ကစားသမားအဖြစ် ဗန်ဒိုက်ကဘောလွန်းဒီအာ် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပြီး မက်ဆီပဲ ရရှိခဲ့ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၀မှာတော့ ကိုဗစ်ကပ်ဘေးကြောင့် ပွဲဖျက်သိမ်းလိုက်ရပေမယ့် ၂၀၂၁ မှာတော့ ဘိုင်ယန်မြူးနစ်အတွက် အထူးခြေစွမ်းပြခဲ့တဲ့ ရောဘတ်လီဝန်ဒေါစကီး ဘောလွန်းဒီအော်ရပြီလို့ ထင်ခဲ့ပေမယ့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပြန်ပါတယ်။ မက်ဆီထက် ၃၃ မှတ်သာ နည်းခဲ့ပေမယ့် ၂၀၂၁ အတွက် တစ်နှစ်တာ အကောင်းဆုံး တိုက်စစ်မှူးဆုကိုတော့ ရရှိခဲ့ပါတယ်။


#ကစားသမား
#ကြယ်ပွင့်
#မက်ဆီ
#ရော်နယ်ဒို
#ခြေစွမ်း

Some text some message..