နတ်ကြီးလွန်းတဲ့ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ဖူးတဲ့ နိုင်ငံတွေ…
mmload.com
|
2022-11-30

ကာတာနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာဆိုရင် ကမ္ဘာမှာအာရုံအစိုက်ခံရဆုံး ပွဲကြီးဖြစ်နေပါတယ်။ အစဥ်အလာကြီးမားပြီး ၄ နှစ်တစ်ကြိမ်ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ပါဝင်ယှဥ်ပြိုင်ကစားနိုင်ဖို့ဟာ နိုင်ငံတိုင်းရဲ့အိပ်မက်ဖြစ်သလို ဘောလုံးကစားသမားတိုင်းရဲ့ စိတ်ကူးလည်းဖြစ်ကြပါတယ်။


1930 ခုနှစ်ကတည်းကစတင်ကျင်းပပြုလုပ်လာတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာပါဝင်ခွင့်ရဖို့ဆိုရင် ကမ္ဘာ့နိုင်ငံတွေဟာခြေစစ်ပွဲတွေအဆင့်ဆင့်ကန်ခဲ့ရပြီး ခက်ခက်ခဲခဲကြိုးစားကြရလေ့ရှိပါတယ်။ ခြေစစ်ပွဲအောင်မြင်ပြီး နောက်ဆုံးနိုင်ငံ ၃၂ နိုင်ငံသာကန်ခွင့်ရရှိတာဖြစ်ပြီး အဲ့ဒီထဲကတစ်နိုင်ငံသာ ချန်ပီယံဖြစ်ပြီး ကမ္ဘာ့ဖလားကြီးကိုရရှိတာ ဖြစ်ပါတယ်။


၁၉၃၀ကနေစပြီးကျင်းပလာတဲ့ကမ္ဘာ့ဖလားမှာဆိုရင်ဒီကနေ့အထိနိုင်ငံပေါင်း၈ နိုင်ငံသာဖလားရရှိ သေးပါတယ်။ အဲ့ဒီနိုင်ငံ ၈ နိုင်ငံထဲမှာ ဘရာဇီးလ်က ၁၉၅၈, ၁၉၆၂, ၁၉၇၀, ၁၉၉၄ နဲ့ ၂၀၀၂ ခုနှစ်တွေမှာချန်ပီယံဖြစ်ကာ စုစုပေါင်း ၅ ကြိမ်ရရှိခဲ့ပါတယ်။ သူ့နောက်မှာတော့ ဂျာမနီနဲ့ အီတလီတို့က လေးကြိမ်စီနဲ့ ကမ္ဘာ့ဖလားကိုရရှိထားပါတယ်။ နာမည်ကြီးတဲ့ အာဂျင်တီးနားအသင်းကတော့ ဥရုဂွေး, ပြင်သစ်တို့နဲ့အတူ ၂ ကြိမ်ရရှိထားပါတယ်။ စပိန်နဲ့ အင်္ဂလန်အသင်းတို့ကတော့ တစ်ကြိမ်စီရရှိထားတာဖြစ်ပါတယ်။


အဲ့ဒီထဲကပြင်သစ်ကတော့ပြီးခဲ့တဲ့၂၀၁၈ ရုရှားကမ္ဘာ့ဖလားရဲ့ ချန်ပီယံဖြစ်ပါတယ်။ ဒါကြောင့်ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၉၀ ကျော်ရှိတဲ့အထဲ ၈ နိုင်ငံသာ ကမ္ဘာ့ဖလားရရှိထားပြီး ကမ္ဘာ့ဖလားဟာလွယ်လွယ်နဲ့ ရယူနိုင်တဲ့ ဖလားမျိုးမဟုတ်ကြောင်း သက်သေပြလို့ နေပါတယ်။


#အင်္ဂလန်
#အာဂျင်တီးနား
#ပြင်သစ်
#ချန်ပီယံ
#ကမ္ဘာ့ဖလား

Some text some message..